အသက် ၁၃ နှစ်အောက် ကလေးများအား ခိုင်းစေမှုကို တရားဝင် အရေးယူနိုင်

အသက် ၁၃ နှစ်အောက် ရှိတဲ့ ကလေး တွေကို လုပ်သား အဖြစ် ခိုင်းစေမှုတွေနဲ့ မိသားစု လုပ်ငန်းမျိုး မဟုတ်ဘဲ အလုပ်သမား ခိုင်းစေမှုတွေ ပြုလုပ်မှု အတွက်
တရားဝင် အရေးယူခွင့် ရှိတယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ တာဝန်ရှိသူရဲ့ပြောပြချက် အရ သိရပါတယ်။ ဒီလို အသက်မပြည့်သေးတဲ့ သူတွေကို လုပ်သား အဖြစ် ခိုင်းစေမှုမှာ အချို့ အလုပ်ရုံတွေ အတွင်း အသက် ၁၅ နှစ်၊ ၁၆ နှစ်နဲ့  ၁၇ နှစ်အရွယ် လုပ်သားတွေ ကိုယ်တိုင် အလုပ်လုပ် လိုတဲ့ အတွက် ခိုင်းစေ ရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ လူမှုဖူလုံရေး အဖွဲ့တို့ရဲ့ Save Cetificate ရှိမှသာ အလုပ်လုပ် ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေမှာ အသက်မပြည့် ခိုင်းစေပြီး အဆိုပါ ဆေးစစ်ချက် မရှိရင်တော့ သက်ဆိုင်ရာက ဆေးစစ်မှုကို ချက်ချင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို သက်ဆိုင်ရာက ဆေးစစ်မှု ပြုလုပ်ရင်တော့ အဆိုပါ အသက် ၁၅ နှစ်၊ ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ်တွေ အနေနဲ့ သက်ဆိုင်ရာက သတ်မှတ် ထားတဲ့ ၁၈ နှစ်အရွယ် အလုပ်လုပ် နိုင်မှု စံမှာ မရှိပါက အလုပ်ခန့် ထားတဲ့ မန်နေဂျာမှာ တာဝန် ရှိတယ် လို့လည်း အလုပ်ရုံနှင့် အလုပ်သမား အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးမှု နည်းပါး နေသေးတဲ့ ဒေသ အချို့မှာ အသက်အရွယ် မပြည့်သေးတဲ့ ကလေးငယ်၊ ၁၃ နှစ်အောက် ကလေးငယ် တွေကို အလုပ် ခေါ်ယူ စေခိုင်းမှု ကြေညာ စာတမ်း တွေ့ရှိခဲ့ရင်လည်း သက်ဆိုင်ရာ အလုပ်သမား ရုံးတွေကို ဆက်သွယ် တိုင်ကြား နိုင်တယ်လို့ သတင်း ရရှိပါတယ်။
MRTV-4
အသက် ၁၃ နှစ်အောက် ကလေးများအား ခိုင်းစေမှုကို တရားဝင် အရေးယူနိုင် အသက် ၁၃ နှစ်အောက် ကလေးများအား ခိုင်းစေမှုကို တရားဝင် အရေးယူနိုင် Reviewed by သစ်ထူးလွင် on 04:11 Rating: 5

8 comments:

Unknown said...

ဒီလို အရေးယူမယ်ဆိုရင်တော့ မြန်မာနိုင်ငံတစ်ဝှန်း ၁၀နှစ်ဝန်းကျင် ကလေးငယ်တွေကို စေခိုင်းနေတဲ့ လက်ဖက်ရည်ဆိုင်တွေ အကုန်အရေးယူရလိမ့်မယ်......
ဒီကလေးတွေဟာ လစာ ကျပ်၁၀၀၀၀ ကနေ ၂၀၀၀၀ ကြားရရှိပြီး အများစုဟာ အဲဒီငွေကို မိမိကိုယ်တိုင်သုံးစွဲခွင့်မရှိဘဲ မိဘတွေက လကုန်တာနဲ့ ဆိုင်ရှင်ဆီက လာပြီးတန်းထုတ်သွားကြတာပါ...
ဒီကလေးတွေဟာ မနက်မိုးမလင်းခင် ၅-နာရီဝန်းကျင်မှာထပြီး အလုပ်လုပ်ကြရတယ်....အများစုကတော့ ညဆိုင်ပိတ်ချိန်အထိပါ...... သေချာတာကတော့ ဒီကလေးငယ်တွေရဲ့ အလုပ်ချိန်ဟာ ၁၂-နာရီ အနိမ့်ဆုံးရှိနေပြီး၊ အိပ်ချိန်ဟာ ၅-နာရီခွဲခန့်သာ ပျှမ်းမျှရှိနေပါတယ်(ကလေးတစ်ယောက်အတွက် အများလက်ခံတဲ့ ပုံမှန်အိပ်ချိန်က ၈-နာရီပါ).... အိပ်ရေးမ၀တဲ့ ကလေးဟာ လူပါးချိန် တိုင်မှီပြီး မှိန်းနေတာကို ဆိုင်ရှင်မြင်ရင် နပန်ကျင်းတာ ခံရပါသေးတယ်..... စားတာကတော့ ဖြစ်သလို ဆိုင်က အကြွင်းအကျန် နဲ့ ဟင်းဖြစ်သွားတာပါဘဲ.... တစ်ချို့အလုပ်ရှင်တွေကတော့ သတ်သတ်မှတ်မှတ် ငပိရည် ကို ဟင်းစားပေးတတ်ကြပါတယ်.... အာဟာရမပြည့်ဝ၊ အိပ်ရေးမ၀တဲ့ ကလေးဟာ ပန်းကန်တွေ လွတ်ကျတတ်ပါတယ်...ဒီအခါ ဆိုင်ရှင်စိတ်မကြည်တဲ့အခါ နဲ့ကြုံရင် အရိုက်ခံရပါလေရော.... အခန့်မသင့်ရင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လာဝယ်သောက်တဲ့ customer က ဆိုင်ရှင်ကို မျက်နှာလိုအားရလုပ်ပြီး၊ ဘေးကနေ မီးလောင်ရာလေပင့် လုပ်တာကို ခံရပါသေးတယ်.....

su said...

အသက်မပြည့်ဘဲ အလုပ်ဝင်လုပ်ကြရတယ်ဆိုတာက ငတ်လို့ ဆင်းရဲလို့ လုပ်ကြတာပါ။ အရေးယူမယ်ဆိုတော့ သူတို့ရဲ့ စားဝတ်နေရေး ဘယ်လို ဖြေရှင်းမလဲ။ အရေးယူတဲ့ ရှုထောင့်တစ်ခုတည်းက ကြည့်လို့အဆင်မပြေဘူး။ ဒီကလေးတွေရဲ့ ဘ၀ကို အစိုးရအနေနဲ့ ဘယ်လို တာဝန်ယူ ထိန်းကျောင်း ပြုပြင် ပညာပေးမလဲဆိုတာကလည်း အရေးကြီးပါတယ်။ တဘက်နင်း ရင် တဘက်က ထောင်မှာပဲ။ ဒါဆိုလည်း နင်းလို့ပြီး ထောင်လို့ပြီးမှာ မဟုတ်တော့ဘူး။

ice(myeik) said...

အအေးခန်းစက်ရုံတွေမှာဝင်စစ်ကြည့်ပါလား အဲဒီမှာရှိနေတဲ့ ခလေးမလေးတွေ အသက်မပြည့်သေးတာတွေ အများကြီး ဘယ်စက်ရုံလဲဆိုရင် ကျွန်းစု က ပထော်ပထက်မှာရှိတဲ့ PPT ဦးလှသန်း ပိုင်တာလေ

အိတုတ် said...

ဇတ်လမ်းတစ်ပုဒ်မဟုတ်ဘူးနော် အမှန်ကိုပြောပြတာ ကောင်မလေးတစ်ယောက်ခုတော့ ၁၃နှစ်လောက်ရှိပြီး သူ့အမေကလာပို့တာကျွေးမထားနိုင်လို့ခေါ်ထားပေးပါဆိုပြီး အိမ်ရှင်လည်းကလေးမရှိတာနဲ့ခေါ်ထားပေးပါတယ် လမကုန်ခင်မပြောနဲ့ နှစ်ကုန်ထိကိုပိုက်ဆံကကြိုထုပ်ပေးရတာ ပြီးတော့လည်းကလေးမက ရောက်စမှာ အနာတွေဗလဘွနဲ့မို့ဆေးကုပေးရသေးတယ် လိမ္မာရေးခြားရှိအောင်လည်းသင်ပေးတယ် အ၀တ်အစား အစားအသောက်အနေအထိုင်ကစ လိုလေသေးမရှိအောင်ကိုယ့်ကလေးသဖွယ်ထားတယ် ကလေးက ကလည်းခုတော့ဝလို့လှလို့ သူ့အမေဆီကိုပြန်မသွားချင်တော့ဘူးတဲ့ ပြန်သွားရင် နောက်တစ်အိမ်ထပ်ပို့မှာမို့ မသွားပါရစေနဲ့တဲ့ ခေါ်ထားတဲ့ အန်တီကိုမေမေလို့ခေါ်ပါရစေလို့တောင်းဆိုတယ်
သမီး အမေကို ငါးသိန်းအဖြတ်ပေးပြီး အပြီးအပိုင်ခေါ်ထားပေးပါလို့ပြောတယ်
သူ့အမေကိုပြန်ပြောပြတော့ ဘာပြောတယ်ထင်လည်း အပြတ်ယူလိုက်ရင်တစ်ခါဘဲရမယ်တဲ့ ဒီအတိုင်းထားရင် ကြီးတဲ့ထိခိုင်းစားလို့ရတယ်တဲ့လေ
သူ့အမေက ကလေး၆ယောက်ရှိတယ် အားလုံးကိုအိမ်တွေမှာပို့ထားပြီး ပိုက်ဆံလှည့်ထုပ်နေတာ
ကယ်ဘယ်လိုလုပ်မလည်း ဘယ်လိုအရေးယူမလည်း ဘယ်သူ့ကိုအရေးယူမလည်း ဘာကြောင့်ဒီလိုတွေဖြစ်နေတာလည်း

မောင်ဆင်ကြီး said...

တကယ်လား အဟုတ်လား သူတို့ လေးတွေရဲ့ဝင်ငွေကိုကော ဘယ်သူ က ဖြည့်ပေးမှာလဲ .......အပြောတွေများပြီး လက်တွေ့ မဟုတ်ရင် သူတို့လေးတွေရဲ့ ဘ၀ က ပိုပြီး ဆိုးရွားသွားနိုင်တယ်နော် ...စီမံကိန်းသေချာ ချပြီး လုပ်ကြရင်တော့ကောင်းတာပေါ့.....တစ်နိုင်ငံလုံးမှာ ကလေးအလုပ်သမား တွေက ရှိနေတာ နော့် .... အဲ့ဒီ အတွက် ရံပုံငွေကကောဘယ်က ရမှာလဲ ???????????

မန်းလေးသား said...

တကယ်အရေးယူမှာလား ........ အရေးယူပြီးရင် ကလေးတွေကို ဘယ်လိုစောင့် ရှောက်မှာလဲ....... အများကြီး ရှာစရာမလိုဘူး..... မန္တလေး ၊ ရန်ကုန် ၊ ပျဉ်းမနား(.... ပြည်တော် ) မှာရှိတဲ့ လဘ္ဘရည်ဆိုင်တွေကို အရင်ဆုံးစစ်ကြည့်လိုက်ပါ.... ကျွန်တော်တို့ မန္တလေးက ယူနီဆန် လက္ဘရည်ဆိုင် ကြော်ငြာကိုကြည့်ပါဦး သက်မွေဝမ်းကျောင်း ပညာသင်ဖို့ အတွက် ယူနီဆန်ကို လာခဲ့ပါတဲ့ ...... အဲဒါ စားပွဲထိုး လို လို့ခေါ်တဲ့ ကြော်ငြာနော်..... ၂၀၀၅ -၂၀၀၆ ပါတ်ဝန်းကျင်ကပြောပါတယ်....... ကလေးတစ်ယောက်ကိုမေးကြည့်တာ အလုပ်ဝင်တာ ၃နှစ်ရှိပြီတဲ့ ဘာတတ်ပြီလဲလို့မေးတာ........ ပုဂံဆေးတတ် စားပွဲထိုးတတ်ပြီတဲ့.....

Nay Nwaye said...

မိဘတွေကိုယ်တိုင်ကအပျင်းကြီးပြီး ကလေးတွေကိုခိုင်းစားတာတွေလည်းရှိပါတယ် အသက်မပြည့်တဲ့ကလေးအလုပ်လုပ်နေတာကို ရပ်ကွက်ထဲမှာလည်ပြီး ကြွားလိုက်သေးတယ်။ အဲ့ဒီတော့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ မိဘတွေကိုအရင်ဆုံးအလုပ်ပေးပါ ပြီးလျှင် မိသားစုပြေလည်နိုင်မယ့် လစာပေးလိုက်ပါ ဒါဆိုလုပ်ငန်းခွင်မှာကလေးတွေနည်းသွားပါလိမ့်မယ် ဒါတောင်ရှိနေသေးတယ်ဆိုရင် အဲ့ဒီကလေးရဲ့ မိဘတွေကိုအရေးယူပါ။

tertee said...

ဘာတွေလျှောက်တွေးနေကြပါလိမ်.
အရေးယူမယ်ဆိုတာ က အသက်မပြည်.တဲ.ကလေးတွေ ဖမ်းပြီးစစ်တပ်ထဲ ထည်.မယ်လို. ဆိုလိုတာပါ။
ကျနော်တို.ငယ်ငယ်ကတော. အိမ်ထောင်ဦးစီးတယောက် အလုပ်လုပ်ရင် တအိမ်ထောင်လုံး စားဝတ်နေရေးပြေလည်ရုံမကကလေးတွေလဲကျောင်းထားနိုင်ပါတယ်...အဲဒီလိုသာ ပြန်ဖြစ်ခဲ.ရင်တော. ကလေးအလုပ်သမားပပျောက်သွားမှာပါ...
အရေးကြီးတာ အလုပ်အကိုင်အခွင်.အရေးပါဘဲ

Powered by Blogger.