A.C.E ကုမ္ပဏီ ရုံးပိတ်ရက်မရှိ

A.C.E ကုမ္ပဏီပိုင်ရှင် ၀န်ကြီးဦးတင့်ဆန်း
နေပြည်တော်တွင် ဆောက်လုပ်ရေးကုမ္ပဏီပေါင်းများစွာ ရှိသည့်အနက်  A.C.E ကုမ္ပဏီ ဆိုလျှင်မသိသူ မရှိသလောက်နီးပါးရှိပါသည်။ မြန်မာနိုင်ငံ၏ အထင်အရှားဖြစ်သော လွှတ်တော်စီမံကိန်းကို တည်ဆောက်ခဲ့သောကြောင့် သိကြသည်။ နေပြည်တော် FC ဘော်လုံးအသင်း၏် ပိုင်ရှင်ဖြစ်သောကြောင့် သိကြသည်။ ကုမ္ပဏီ ပိုင်ရှင် ဦးတင့်ဆန်း မှာ အား ။ ကာဝန်ကြီး ဌာနနှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန နှစ်ခုကို တာဝန်ယူ အုပ်ချူပ်ရသော ပြည်ထောင်စု လွှတ်တော်မှ ဝန်ကြီးတစ်ယောက်ဖြစ်သောကြောင့် သိကြပါသည်။

             A.C.E ကုမ္ပဏီတွင်ဝန်ထမ်းတိုင်း ကြုံတွေ့နေရသော ပြသနာတစ်ရပ်မှာ အလုပ်ပိတ်ရက် လုံးဝ မရရှိခြင်းပင်ဖြစ်သည်။ ကျွန်တော်သည်  A.C.E ကုမ္ပဏီမှ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါသည်။ မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ တာဝန်ကျသှောငအန တွင် အလုပ်လုပ်ပါသည်။ လာကြိုသော ဖယ်ရီဖြင့် A.C.E ဝန်ထမ်းအိမ်ယာ သို့ ညနေ ၆ နာရီ မှ ပြန်ရောက်ပါသည်။ ည ၈ နာရီ ထိုးသော အခါ ဝန်ထမ်းအိမ်ယာ အတွင်းရှိ ပင်မရုံးတွင် ညရုံးတက်ရပါသည်။ O.T  ဟုခေါ်သော အချိန်ပို ဆင်းရပါသည်။ ည ၁၁ နာရီမှ ရုံးဆင်းပါသည်။ အလုပ်သမားဥပဒေ အရ ဝန်ထမ်းတစ်ယောက်၏ တစ်နေ့တာ အလုပ် လုပ်ချိန်သည် ၈ နာရီ သတ်မှတ်ထားပါသည်။ O.T အဖြစ်သတ်မှတ်ထားသော ၁ နာရီ၏ လုပ်အားခသည် ပုံမှန် ၁ နာရီလုပ်အား၏နှစ်ဆ နှုန်ထားဖြစ်ပါသည်။ သို့သော်လည်း တစ်ရက် ၁ဝဝဝ နှုန်းထားဖြင့် တစ်လ ၃ဝဝဝဝ ကျပ်သာရပါသည်။ ညရုံးတစ်ရက် ပျက်ကွက်ဖြစ်လျှင် ၂ဝဝဝ ကျပ်ဖြတ်တောက်ပါသည်။ ၇ ရက် ပျက်ကွက်ဖြစ်ပါက ၃ဝဝဝဝ ကျပ်ဖြတ်တောက်ပါသည်။

                  A.C.E ကုမ္ပဏီ သည် ဝန်ထမ်းများကို ကျွန် များသဖွယ် မညှာမတာ ခိုင်းနေသည်။အလုပ်ပိတ်ရက်မှာ စနေနေ့ ညတစ်ညမှ လွဲ၍  လုံးဝ မရှိပါ။ ၁ ရက်တိတိ ပိတ်သည်ဟူ၍မရှိပါ။ လွတ်လပ်ရေးနေ့ ၊ အလုပ်သမားနေ့ စသော စသော နေ့များတွင်လည်းပိတ်မပေးပါ။ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ပိုင်သော  ကုမ္ပဏီမှ MD ဖြစ်သော ဦးဇော်မိုးဝင်း ကလည်းထင်သလို လုပ်နေသည်။ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ကလည်းလက်ပိုက်ကြည့်နေသည်။ ဝန်ထမ်းများကလည်း မပြောရဲကြပါ။ အနားယူချိန် လုံးဝ မရှိပါ။ ယခုမူ ဝန်ထမ်းများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ၊ ဘဝတိုးတက်ရေးများအတွက် A.C.E ကုမ္ပဏီမှ မျက်စိ၊နား များကို သေချာစွာ ပိတ်ထားသည်။

               အချုပ်ဆိုရသော် ရုံးပိတ်ရက် တစ်ရက်မှမရရှိသည့် ပြသနာ နှင့် ညစဉ် ညရုံးတက်ရသောပြသနာမှာ အဆိုးဆုံးပင်ဖြစ်ပါသည်။ ဤသည်ကို သမ္မတကြီး ဦးသိန်းစိန် နှင့်တကွ အလုပ်သမားဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် ပြည်သူလူထု တစ်ရပ်လုံးအား
သိစေချင်ပါသည်။ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ပိုင် MD ဦးဇော်မိုးဝင်းအုပ်ချုပ်နေသော A.C.E ကုမ္ပဏီ တွင်အလုပ် လုပ်လျှက်ရှိသော ဝန်ထမ်းများ၏ ဘဝ ကို သနားသောအားဖြင့် သက်ဆိုင်ရာ စွမ်းဆောင်နိုင်သော အဖွဲ့အစည်း များသို့ ဝေမျှကာ ကျွန်တော်တို့အားကယ်တင်စေလိုပါသည်။

A.C.E ကုမ္ပဏီဝန်ထမ်းများ(နေပြည်တော်)

A.C.E ကုမ္ပဏီ ရုံးပိတ်ရက်မရှိ A.C.E ကုမ္ပဏီ ရုံးပိတ်ရက်မရှိ Reviewed by သစ်ထူးလွင် on 03:43 Rating: 5

59 comments:

ko yeဲ said...

အရင်တုံးတော့ လူကြီးကုမ္ပဏီကွ အခြေအနေကောင်းတယ်ဆိုပီး ဝင်လာပီးတော့၊ ဒီအခြေအနေတွေကိုမလေ့လာဘူးမလား၊ ခ
ဗျားအင်ဂျင်နီယာတစ်ယောက်ပဲ သတ္တိမရှိဘူးလား၊ အလုပ်ထွက်လိုက်ပါ့လား၊ ဘာလဲ နောက်များအခြေအနေကောင်းလာဦးမလားဆိုပီး လွှင့်ပစ်ရမှာလဲ အဆီနဲ့တဝင်းဝင်း ဖြစ်နေလို့လား၊ အလုပ်ထွက်ရင် ခင်ဗျားကို သူတို့က ဒုက္ခပေးမှာစိုးလို့လား၊ မကြောက်ပါနဲ့ အရင်တုန်းက ခင်ဗျားတို့ထင်သလို ခေတ်မဟုတ်တော့ဘူးဗျ

yemin said...

အကိုတို့ဆက်မလုပ်ကြနဲ့တော့ဗျာ... အဲလိုလူ အလုပ်သမားမရှိတော့တဲ့ ပြသာနာနဲ့ ရင်ဆိုင်ခိုင်းရင် ပိုကောင်းမယ်.. သူတစ်ယောက်ထဲနဲ့ ကုမ္ပဏီ တစ်ခု လည်ပက်မလား ကြည့်ရတာပေါ့..... :)

ချစ်ဖူး said...

အင်ဂျင်နီယာက တစ်နေ့တစ်ထောင်ဆိုတာ ဟုတ်ပါ့မလားကွာ။ မကြားဖူးဘူး။ နည်းနည်းလျှော့ပါဦး။ ပိတ်ရက်ကတော့ ပေးသင့်တာ မှန်ပါတယ်

seamanလေး said...

အလုပ်တွက်ခြင်းဖြင့်ခ၇ီုနီများကို၇ှုပ်ချပါ၊ကိုယ့်ဘ၀ကိုယ်ကယ်တင်ပါ။

face said...

အခုလိုမျိုး အများသိအောင် ချပြတာတော့ ကောင်းပါတယ်ကွာ။ အင်ဂျင်နီယာတယောက်ဖြစ်ပြီးတော့ ညီးပြမနေပါနဲ့။ မကြိုက်ရင် ထွက်၊ နောက်တစ်ခု ရှာလုပ်ကွာ။

Ko Nyo Khant ( Mdy university.) said...

၁၉၈၄-ခုနှစ်က မ ဆ လ ခေတ် ကင်းတားဆည်တည်ဆောက်ရေးမှာ..တောင်ကိုရီးယားနိုင်ငံ က HYUNDAI.CO; ကကန်ထရိုက်ရပါတယ်..အဲဒီမှာဝင်အလုပ်လုပ်တော့ တစ်ရက်ကို ၈ နာရီအလုပ်လုပ်ရပါတယ်..၂ပါတ်အလုပ်လုပ် ပြီး၂ရက်နားရပါတယ် နေ့ဆိုင်း၂ပါတ်ပြီးတော့ညဆိုင်း၂ပါတ်ဆက် တိုက် ဆင်းရတယ်..ညအလုပ်ချိန်က ၆နာရီပါ ၂နာရီနားရ ပါတယ်..ညဆိုင်းဆင်းရင်း ၉နာရီမှာဖြည့်စွက် စာကျွေး ပါတယ်...ငှက်ပျောသီးတစ်လုံးနဲ့ ကိတ်မုန့်တစ်ချပ်ပါ..ကဇက်တက်ရုံး ပိတ်ရက်မှာအလုပ်လုပ်ရရင် လုပ်အားခ၂ ဆရပါတယ်...ဒါအဲဒီအချိန်ကအလုပ်သမားဝန်ကြီးဌာန ကသတ်မှတ်ပေးတာပါ...အချိန်ပိုအလုပ်ဆိုတာကလည်းတစ်ရက်မှာနေ့မှာ၂နာရီဆင်းရပြီးညဆိုင်းဆင်းရင်၎နာရီပါ...အလုပ်ချိန်ကိုသတ်သတ်မှတ်မှတ်ရှိပါတယ်..ခုကုမ္ပဏီတွေက..အလုပ်သမားတွေကိုခိုင်းချင်သလိုခိုင်းနေကြပါတယ်..အလုပ်သမားဝန်ကြီးဌာနကလည်း...အလုပ်သမားမှတ်ပုံတင်ဘဲလုပ်ပေးပြီး..အလုပ်သမားအရေးကြတော့လစ်လျူရှု့ထားပါတယ်..နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမလာခင်...အလုပ်သမားပြသနာများကိုဖြေရှင်းထားပြီးအလုပ်သမားများအတွက်..နိုင်ငံတကာစံနှုန်းများနဲ့ကိုက်ညီမဲ့..ဥပဒေများကိုထုတ်ပြန်ထားသင့်ပါတယ်...

ဖိုးသား said...

သူများ အလုပ်ရုံတွေမှာ ဆန္ဒပြတောင်းဆိုနေကြပြီပဲ မင်းတို့လဲ လုပ်ကြပေါ့ အကြောက်တရားလွှမ်းမိုးနေက ဘာမျှဖြစ်မလာနိုင်ပါ .......................

khittayarmaung said...

အဲလို ငရဲသွားမဲ့သူတွေရဲ့ လက်အောက်မှာအလုပ်မလုပ်ချင်လို့ နိုင်ငံခြားထွက် အလုပ်လုပ်တာဗျို့.......

ဥုံဖွ said...

ဒါများ အလုပ်ထွက်လိုက်ပြီးရော

001komgmg222@gmail.com said...

ကောင်းကြသေးရဲ့လားပြည်ထောင်စုဝန်ကြီးပြည်သူလွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့-ဟင်းဟင်း

ANGELA SINGAPORE said...

ဟုတ်ရဲ့ လား? လစာ ၃ သောင်းဆိုတာ .စကာင်္ပူမှာ အင်ဂျင်နီယာတယောက်ရဲ့ ပုံမှန်လစာဟာ ၁၂ သိန်းလောက်ရနေတယ်
တခုခုတော့ မှားနေသလိုပဲ. မြန်မာပြည်မှာအဲလိုဖြစ်နေသလား?

minsoeaung said...

ရုပ်ကကြက်သရေမရှိလိုက်တာကွာ။
ရှေးဘဝကံကောင်းတာကိုအလွဲသုံးစားလုပ်တဲ့လူဘဲ။
မင်းတို့သမိုင်းနိဂုံးမရောက်ခင်နောင်တရကြပါစေ။မြန်မာပြညသူဆွေအတွက်စဉ်းစားဘို့သင့်ပါဘီ။
ကိုတင့်ရေ
အမျှ အမျှ ဆိုတာဘဲမင်းရမှာနော် သတိပြုပါ

kyawswar (ကဝမြေ) said...

(ရုပ်ကိုက သူခိုး၊ ဂျပိုးရုပ်၊ ကြာကူလီရုပ်မျိုး၊)
အကျင့်သီလ၊ အကျင့်ကောင်းတို့နှင့် ပြည်စုံသောသူရဲ့ မျက်နှာဟာ
ဘယ်အချိန်ကြည့်ကြည့် ကြည်လင်ပြီး ပြုံးနေတာ၊
မြင်ရသူ ရဲ့ စိတ်နှလုံးကို အေးချမ်းစေတယ်။
ခုပုံကတော့ ဆန့်ကျင်ဘက်ကြီးပဲ။ မြင်ရသူကို အကုသိုလ်ဖြစ်စေတယ်..
ဘယ်လို ပြောရမလဲ ကျက်သရေ ကိုမရှိတာ..။
ဒီပုဂ္ဂိုလ်ရဲ့လက်အောက်မှာနေတဲ့ သူဟာလဲ စိတ်တူကိုယ်တူဖြစ်နေလို့ပဲ
ဝန်ကြီးတစ်ယောက်ဖြစ်နေပြီ ဒီလောက်မှ နားမလည်ဘူးလား။
ကိုယ်အဆင့်တန်းနဲ့ ညီအောင် စိတ်ဓာတ်လေးတွေထားဖို့ကောင်းတယ်၊
(ဘယ်သူသေသေ ငတေမာ ရင်ပြီးရောဆိုပြီး) လုပ်နေတဲ့ပုံစံမျိုး။
ဒီေ-ာက်ကျင့်တွေ ပြင်ဖို့ကောင်းနေပြီ။ ပြင်ဖို့လဲ အချိန်တန်နေပြီ
ဒါကိုနားမလည်ပဲ အကျင့်ဆိုးကို ဆုပ်ကိုင်းထားတယ်၊ မသေခင် အပုတ်နံ့ထွက်နေတဲ့ကောင်တွေ။ ကြားရ မြင်ရတာ စိတ်မချမ်းသာလိုက်တာ..။

phu wint said...

မှတ်ချက်ပေးတဲ့သူတွေ သေချာမဖတ်တာလားမသိဘူးနော် .. သူဆိုလိုတာက အိုဗာတိုင်အတွက် တနေ့ကို ၁၀၀၀ တလကို တသောင်းပေးတယ်လို့ဆိုလိုတာပါ basice salary ကိုသူမပြောထားပါဘူး ..

ကိုကို said...

တကယ်ဖြစ်နေတာဗျ စင်ကာပူတွေဘာတွေလာမပြောနဲ့ ......ဒါမြန်မာပြည် .....အင်ဂျီနီယာတွေ တောင်လိုပုံနေတာ သိရဲ့လား....BE မပြောနဲ့ MEတွေတောင် အလုပ်မရတာ ....ခင်ဗျားတို့ က လာဂျီကန်နေတယ်....ကိုယ်ချင်းမစာဘဲ အလုပ်ထွက်ခိုင်းနေတယ်....သတ်တိမရှိတာ ခင်ဗျားတို့လေ....
ထွက်ပြီး အလုပ်မရတော့ ကျွေးထားမှာလားခင်ဗျားတို့.....ရေးတော့ရေး ကိုယ်ချင်းစာပြီးရေး.........လေ့လာပြီးမှရေး....

ko thu said...

လူတွေကိုခိုင်းနေတာလား၊တိရိစ္ဆာန်ကိုခိုင်းနေတာလား၊
ဝန်ထမ်းတွေရဲ့ကိုယ်ပိုင်အချိန်တွေကိုခိုင်းမယ်ဆိုရင်လည်း၊
ရပိုင်ခွင့်တွေ၊ခံစားခွင့်တွေကိုလည်းအများကြီးပေးပေါ့ကွာ၊

ကြယ်ပြာ said...

အိုတီကြေး တစ်နေ့တစ်ထောင် တစ်လ သုံးသောင်းဟု ဆိုလိုသည်ထင်ပါတယ်။ Basic Salary တော့ ဘယ်လောက်ရသည်မသိပါ။ ပိတ်ရက်မရှိတာတော့ ဆိုးလွန်းပါတယ်။ ဒါပေမယ့် အခု စာအရ Rules & Regulations တွေပြင်လိုက်ရင်တော့ မဆိုးသည့်သဘော ဆက်လုပ်နိုင်သည့်သဘော သက်ရောက်သည်ဟုထင်ပါတယ်။ အင်း ... မြန်မာပြည်မှာဆိုတော့လဲ အလုပ်တခုကို လွယ်လွယ်ထွက်လို့တော့မလွယ်ဘူးဆိုတာသိပါတယ်။ ဒါပေမယ့် ဘယ်လိုဆက်နေလို့ မရတော့ဘူးထင်ရင် ထွက်လိုက်တာက အကောင်းဆုံးပါပဲ။

G Tone: said...

ကျွန်တော်ကိုယ်တိုင်လည်း ACE Company မှာ site supervisor လုပ်လာတာပါ သူပြောထားတာတွေကို ထောက်ခံပါတယ် အဲ့မှာမလုပ်ဖူးဘူးပဲ သုံးသောင်းပဲ၇တာ ဟုတ်ရဲ့ လားလို့ မေးထားတဲ့ကောင်တွေ ဘာမှနားမလည်ပဲ မမေးကြနဲ့ ။သူပြောထားတာ overtime ကိုပြောထားတာ။ကျွန်တော်ဆို overtime ကြေးတောင်မ၇ခဲ့ဘူး။ဒါကြောင့် အဲ့ကနေအလုပ်ထွက်ခဲ့တာ ပိုက်ဆံမ၇ဘူးမဟုတ်ဘူး ၇ပါတယ်။ဒါပေမယ့် စောက်၇မ်းခိုင်းတာ အားမနာဘူး မသနားဘူး။ကျွန်တော့်တုန်းကဆို မနက် 7 နာ၇ီ ကနေ ည 10,11 အထိ လုပ်ပေးခဲ့၇တာ လုံးဝသနားညှာတာမှုမရှိသော company ဖြစ်ပါသည်။

sainyi said...

သိကြပြီးလားကွ လွတ်တော်ထဲက ကြံ့ဖွတ်အမတ်ယုတ်တွေရဲ့ အကြောင်းကို
ပြည်ထောင်စုဝန်ကြီးယုတ်တွေအကြောင်းကိုပြောလို့ ကုန်နိုင်မယ်မထင်ပါဘူး
အစိုး၇အဖွဲ့ အစည်းကြီးတစ်ခုလုံးကိုပြောပြန်လှန်မှ၇မယ်ဆိုတာ ပြည်သူတွေသိ
သင့်တယ်ဗျာ

ကိုမြိတ်မောင် said...

ညီလေး၊ အလုပ်သမားဆိုတာ အလုပ်ရှင်ကိုရွေးချယ်ရတယ် ငွေရရင်ပြီးရော့ဆိုပြီး နီးရာအလုပ်ရှင်ဆီမှာဝင်မလုပ်ရဘူး အလုပ်ရှင်ကိုမကြိုက်ရင် အလုပ်ကထွက်ခွင့်ရှိတယ်၊ အလုပ်သမားအားလုံးညီညွတ်ရင် ညီလေးဖြစ်ချင်တာဖြစ်ခွင့်ရမယ် ညီးမနေဘဲ ဖြစ်ချင်တာကိုဦးတည်ချက်ထားပြီးအခုဘဲ့ဆောင်ရွက်လိုက်ပါ

shanlay said...

သြော် ၀န်ကြီ ၀န်ကြီး ...............( -- နေပြည်တော် FC ဘော်လုံးအသင်း၏ ပိုင်ရှင်၊ ACE ကုမ္ပဏီ ပိုင်ရှင် ၊ အား/ ကာဝန်ကြီး ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု လွှတ်တော်မှ ဝန်ကြီး ----- ) နောက်ထပ် ရာထူးတစ်ခုပေးရင် ထပ်လုပ်မယ်ဆိုတဲ့ ၀န်ကြီး ''' ဦးတင့်ဆန်း သာ အမိ ဦးတင့်ဆန်းသာ အဖ''' ပြည်သူတွေရဲ့ ဘ၀ နောက်ကောက်ကျ

aungkhantmaw said...

ဒီပို့စ် ရေးတဲ့သူက တော်တော်ဦးနှောက်နည်းတာဘဲ... အင်ဂျင်နီယာ ဆိုတာ ပညာရှင်ဘဲ.. ကျွန်တော်သိသလောက် ပညာရှင်ဆိုတာ ပညာရှင်မာနရှိတယ်.. ဒီလိုပုံစံမျိုး ခိုင်းပြီး ၀န်ထမ်းကို စာမတတ်တဲ့ အိမ်ဖော်လစာလောက်ဘဲပေးတယ်ဆိုရင် အင်ဂျင်နီယာကဘဲ အသုံးမကျလို့လုပ်နေတာလားcompany ကိုဘဲ တိုက်ခိုက်တာလား စဉ်းစားစရာဘဲ..အလုပ်မရှိလို့ လုပ်နေရတယ်မပြောနဲ့.. နေပြည်တော်က ဟိုတယ်တွေမှာ vacancies တွေလိုနေတယ်.. Cleaner တစ်ယောက်ကို (ဘာအတွေ့ အကြုံမှမလိုဘူး) ထမင်း ၃ နပ်ကျွေး ၄၀၀၀၀ ကျပ်ပေးတယ်.. Hotel ဇုံက ဘယ်ဟိုတယ်ဝင်ပြီးလျှောက်လျှောက် ၂ ပတ်လောက်ကြာရင် interview ခေါ်တယ်.... ကိုသစ်ထူးလွင်ရေ ကျွန်တော်က ဒီ website ကို အမြဲ စာလာဖတ်တဲ့ လူတစ်ယောက်ပါ.. လေးစားယုံကြည်စွာဖြင့် စာလာဖတ်တဲ့ ပရိတ်သတ်ကို ပြန်လည်လေးစားသောအားဖြင့် ရောက်ရှိလာသော စာများကို တစ်ခါတည်း မတင်ဘဲ တည်းဖြတ်ပြီးမှသာတင်စေချင်ပါသည်.. ( ကျွန်တော်သည် ACE ၀န်ထမ်းမဟုတ်သလို ပတ်သက်သောသူလည်းမဟုတ်ပါ)

Ma Ma Hnin ze said...

ဒါလေးများအလုပ်ထွက်လိုက်ပါလား။ယောကျာင်္းတစ်ယောက်ဖြစ်ပြီးတော့ ဘာကိုများကြောက်နေသေးလဲမသိဘူး။ခင်ဗျားလို အင်ဂျင်နီယာတွေက အလုပ်တွေများပေါပေါပဲ။ ဘာတွေ ကိုမျှော် လင့်နေသေး တာလဲမသိဘူး။လခ ကမက်မောစရာတွေများ ဖြစ်နေလို့လား။ခင်းဗျားကိုတိုင်ကိုယ်က ယူပါကယ်ပါဆိုပြီးပြောသာပြောနေတာ ထွက်ချင်တဲ့ပုံလဲမပေါ်ဘူး၊ခင်းဗျားနေရာမှာကျွန်မသာဆိုရင်ဒီအပေါ်တောင်တင်မနေတောဘူး။ထွက်တာကြာပေါ့။ခင်ဗျားမထွက်ချင်ရင်လာပြောစရာအကြောင်းမ၇ှိတာ

tapaungthi said...

ညီလေး၊ အလုပ်သမားဆိုတာ အလုပ်ရှင်ကိုရွေးချယ်ရတယ် ငွေရရင်ပြီးရော့ဆိုပြီး နီးရာအလုပ်ရှင်ဆီမှာဝင်မလုပ်ရဘူး အလုပ်ရှင်ကိုမကြိုက်ရင် အလုပ်ကထွက်ခွင့်ရှိတယ်၊ အလုပ်သမားအားလုံးညီညွတ်ရင် ညီလေးဖြစ်ချင်တာဖြစ်ခွင့်ရမယ် ညီးမနေဘဲ ဖြစ်ချင်တာကိုဦးတည်ချက်ထားပြီးအခုဘဲ့ဆောင်ရွက်လိုက်ပါ
မှန်ပါတယ် အဲဒီ့အတိုင်းသာလုပ်လိုက်ပါ..

moe said...

ရတဲ့လစာလေးနဲ့သည်းခံပြီးနေ၊ တစ်ချိန်ချိန်မှာအဆင်ပြေနိုင် ကောင်းရဲ့ဆိုပြီးသည်းခံ၊ အပြင်ထွက်မယ်ဆိုတော့လည်းသတ်တိမရှိ၊ငွေမရှိ၊ ရတဲ့ပိုက်ဆံနဲ့ကြိုးစားပြီးရုန်းကန်၊အိမ်ကိုပို့၊အဲဒီလိုနေနေရတာပါ။ မလုပ်ချင်ဘဲလုပ်နေရတဲ့ဘ၀တွေပါ။ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးမချိုးဖောက်တဲ့လူတွေနဲ့ဆုံချင်ပါတယ်။ တရားဥပဒေစိုးမိုးမှုရချင်ပါတယ်။လူသားချင်းစာနာထောက်ထားတဲ့ အခွင့်အရေးတွေရချင်ပါတယ်

ဖိုးဖိုးကြီး said...

A.C.E ဆောက်လုပ်ရေးပိုင်ရှင်လည်းဖြစ်၊FC ဘော်လုံးအသင်း၏ပိုင်ရှင်ဖြစ်
သူ- အား/ကာနှင့်ဟော်တယ်ခရီးပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း ရေ-၀န်
ထမ်းတွေအပေါ်လည်းအစဉ်ပြေအောင် ဆောင်ရွက်ပေးလိုက်ပါဦးနော်။ နိုင်ငံ့
တာဝန်ထမ်းနေရတာနဲ့ကိုယ့်လက်အောက်က၀န်ထမ်းတွေကိုလည်းလှမ်း
ကြည့်ပါဦး။မိမိကုမ္ပဏီဝန်ထမ်းရော-မိမိအုပ်ချုပ်နေရတဲ့ဌာနဆိုင်ရာဝန်ကြီးဌာ
နမှဝန်ထမ်းတွေရော-အားလုံးအစဉ်ပြေအောင်စီမံညွှန်ကြားချက်တွေပေးပါဦး။
အားလုံးအစဉ်ပြေပါစေ။

ဆုမွန် said...

အံမယ်လေး မြန်မာပြည်အကြောင်းမသိဘူးလား ဘွဲ့ရအလုပ်လက်မဲ့တွေတပုံကြီးရယ် ရတဲ့အလုပ်ဝင်လုပ်ရတာ ကိုယ်တတ်ထားတဲ့ပညာနဲ့ အဆင်ပြေမယ့်အလုပ်ကို ရဖို့လွယ်တာမှတ်လို့ လစာကို နှိမ်ပြီးပေးထားလဲ သည်းခံပြီးလုပ်နေရတာ ထမင်းအိုးမပျောက်ချင်လို့ ဒါတွေကို ကိုယ်ချင်းမစာပဲ မပြောကြပါနဲ့

PwaG said...

ဟုတ်တယ်နော် မ ဆ လ ခေတ်ကကောင်းသေးတယ်။ လွမ်းစရာကြီး၊အ ဟီး

Justice lover said...

ဦးတင့်ဆန်းဆိုတာကတော့ ဦးသန်းရွှေရဲ့ pet ပါ။ လွှတ်တော်ကြီးဆောက်တာ လူအမြင်ကောင်းသည့်အရာတွေမှာသာ ကောင်းအောင်လုပ်ထားပြီး အတွင်းလျှပ်စစ်အပိုင်းကို သူ့လူတွေနှင့်သူ တတ်သမျှမှတ်သမျှ တတ်ယောင်ကားတွေ၊ သောက်တလွဲတွေ လုပ်ထားတယ်။ အမှန်ဆို စီမံကိန်းက ကြီးသောကြောင့် ကျွမ်းကျင်သည့် Electrical contractor တစ်ဖွဲ့ကို sub-contract ပေးပြီးလုပ်ရမှာ ဖြစ်ပါတယ်။ အခုတော့ စွတ်လုပ်ထားတာဗျာ တတ်သိတဲ့ အင်ဂျင်နီယာတွေ မြင်ရယင် တော်တော်စိတ်ညစ်သွားကြမယ်။
အဲဒါပါပဲ ဦးတင့်ဆန်းရဲ့ Attitude။ ဒီစာရေးတဲ့ အင်ဂျင်နီယာလေးကို အကြံပေးရယင်ဖြင့် ထွက်လိုက်ဖို့ပဲရှိပါတယ်။ အလုပ်တစ်ခုမှာ စေတနာနဲ့ တကယ်ကြိုးစားပြီး လုပ်လိုက်ယင် နောက်အလုပ်တွေ၊ ဒိထက်ကောင်းတဲ့ အလုပ်တွေအတွက် အဆင်သင့်ဖြစ်အောင် လုပ်မိသလို ဖြစ်တယ်ဆိုတာ သိထားဖို့လိုတယ်။

shingyi said...

တစ်၇က်ထမင်း ၃ နပ်ကျွေး၇တဲ့စားပွဲထိုးတောင်တစ်လ
၃၀၀၀၀ိနဲ့မလုပ်ဘူး။နင်အတာလားဟေ။

Maunglusoe said...

အေးကွာညီညွတ်ညွတ်ညွတ်နဲ့ လုပ်ရင်ဖြစ်ပါတယ်
မင်းတို့ အင်ဂျင်နီယာတွေဘဲ
အထည်ချုပ်ကအလုပ်သမတွေကိုနမူနာယူပေါ့
ဥိးတင့်ဆန်းကတော့အရင်ကတည်းကနတလ၀န်ကြိးနဲ့ ပေါင်းစားနေတာ
သူတို့ အတွက်တော့ငရဲတခါးကဖွင့်ပြိးသာပါ

youthmedia said...

လူ့အခွင့် အေ၇းအကြောင်းနားမလည်ပဲ လွှတ်တော်ထဲေ၇ာက်နေတဲ့  ၀န်ကြီးတယောက်ကြောင့်  မြန့် မာ့ လွှတ်တော် ကို ကမ္ဘာက အထင်သေးသွားနိုင်ပါတယ် လွှတ်တော်၇ဲ့  ဂုဏ်ေ၇ာင်လည်း မှေးမှိန်စေနိုင်ပါတယ်

U Chit said...

လွှတ်တော်တက်တဲ့  ၀န်ကြီးတယောက် လူ့ အခွင့် အေ၇းချိုးဖောက်တယ်ဆိုတော့  သူတစ်ယောက်ထဲ ဒီလို လုပ်တတ်တာလား ကျန်တဲ့ လွှတ်တော်တက်နေတဲ့ အထဲက ဘယ်သူတွေများ၇ှိနေဦးမလဲ တယောက်ထဲ ဆို၇င် သိပ်မသိသာဘူး သိပ်များ၇င် တော့  ဦးေ၇ွှမန်းမျက်နာ ကို အိုးမဲ သုတ်သလို ဖြစ်နေတော့ မယ်

taungpaigyi said...

ဒသဂီရိ မျက်နှာနဲ့ လူကြီး ဟီးဟီး....

chochoaung said...

လွှတ်တော်တက်နေတဲ့ အမတ်တွေ အများကြီးထဲမှာ ဒီတစ်ယောက်ထဲပါ တယောက်တလေ လောက်တော့  ဖြစ်တတ်ပါတယ် ဒါ ကို အ၇မ်းချဲ့ ပြောနေလိုက်ကြတာ

chinese girl said...

အလုပ်ပြောင်းလိုက်ပေါ့
ဘာကို ခင်တွယ်နေတာလဲ

မျိုးချစ်လူငယ် said...

အဲလို ငရဲသွားမဲ့သူတွေရဲ့ လက်အောက်မှာအလုပ်မလုပ်ချင်လို့ နိုင်ငံခြားထွက် အလုပ်လုပ်ကြ တာ အခုဆိုရင်တိုင်းပြည်မှာ
ကလေး
၊ခွေး(တိရိစ္ဆာန်များ)နှင့် ၊
လူကြီးနဲ့ (လူကြီးဆိုသည်မှာ လူကသာသေခါနီးအရွယ် လူမျိုးရော၊ဘာသာအတွက်ပါ ဘာဆိုဘာမှ ကုန်းကောက်စရာမရှိလောက်အောင် သိက္ခ မရှိသော၊ လုပ်ချင်ရာလုပ်၊ ထင်ရာဆိုင်းတတ်တဲ့၊ စာမတတ်ပေမတတ် ကုလားထိုင်မှာ ငုတ်တုတ်ထိုင်နေသောသူများ)လူကြီး မိသားစု အပေါင်းအပါများ၊
မွေးရပ်မြေမှာပဲ ပြန်လည်ပြီး သေချင်သော(ခေါင်းချ ချင်ကြသော တချို့သော လူများ) လူကြီးလူအိုများ၊
အသက်မပြည့်သေးပါသဖြင့် ပက်စပို့ မရနိုင်သေးသောကြောင့် ထွက်မလာ
ကြသေးတဲ့သူများသာ မြန်မာပြည်မှာ နေနေကြတာပါ။
အခု A.C.E ကုမ္ပဏီမှ အင်ဂျင်နီယာ ကလည်း မကြေနပ် ထွက်ရုံ ပဲရှိပါတယ်။

Apollo said...

အလုပ် သမားတွေ ဒီလောက်ပြဿနာတွေ တစ်ခုပြီးတစ်ခုပေါ်နေတာတောင်
ဦးသိန်းစိန် ကြီးက ပြန်လာကြပါလို့ ၂ ခါတောင်ခေါ်တယ်ဗျာ...
ကိုယ့်ဟာကို အေးအေးဆေးဆေး အခွန်ဆောင်ပြီး စိတ်ချမ်းသာတဲ့ နေ၇ာမှာ
နေတာ ဘာမှမဖြစ်ဘူး...ပြန်လာမှပဲ မီးပျက်လို့ စိတ်ညစ်၇
ကားကျပ်လို့စိတ်ညစ်၇ လစာ မလောက်လို့စိတ်ညစ်၇...
ကုန်ဈေးနှုန်းကြီးလို့ စိတ်ညစ်၇....စိတ်ညစ်၇...စိတ်ညစ်စ၇ာတွေကြီးပါပဲ
ဘယ်နှဲ့ပြန်လာ ချင်မလည်း သမ္မတကြီး၇ယ်...အလုပ်လေးနဲ့ သတ်သေပြကြပါလား...တော်ကြာ ကချင် တွေ ပစ်တဲ့ဗုံး မိပြီး မသာပေါနေပါ့မယ်...

MINDSTORM said...

ဒီပြသနာဟာ ဒီမိုကရေစီနိုင်ငံတွေမှာ မရှိတော့တဲ့ပြသနာပါ။ ဆိုလိုချင်တာက သာမာန်အရပ်သားကုမ္ပဏီများမှာတောင် တရားစွဲလို့ရတဲ့ကိစ္စပါ၊ အဲဒါကို ဒီမိုကရေစီစနစ် ဖော်ဆောင်နေပါတယ်လို့ ကြွေးကြော်ထားတဲ့ မြန်မာနိုင်ငံက ဝန်ကြီးလည်းဖြစ် လွှတ်တော်အမတ်လည်းဖြစ်တဲ့ လူပုဂ္ဂိုလ်ကပိုင်ဆိုင်တဲ့ ကုမ္ပဏီ မှာဖြစ်တယ်ဆိုတော့ အတော့်ကို အရုပ်ဆိုးစေတဲ့ ဖြစ်ရပ်ပါ။ မျက်နှာသနပ်ခါး ပေါင်သေးချောင်း ဆိုတဲ့ စကားပုံအတိုင်းပေါ့။ ဒီမိုကရေစီနိုင်ငံမှာ ဝန်ကြီးတစ်ယောက်က ဒီလိုလုပ်ရပ်မျိုးလုပ်ဖို့မပြောနဲ့ လွှတ်တော်မှာ စကားလုံးအသုံးအနှုန်းလေး မှားခဲ့ရင်တောင် အတိုင်းအတာအလျှောက် ကိုယ့်တာဝန်ကိုယ်ယူပြီး ရာထူးကနုတ်ထွက်ပေးခြင်းဖြင့် နိုင်ငံတော်လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ပြန်၍ဆယ်ပေးရပါတယ်။ အခုက ဝန်ကြီးရဲ့ စီပွါးရေးလုပ်ငန်းမှာ ဆိုတော့ ပိုဆိုးပါတယ်။ နိုင်ငံတော်ရဲ့ တည်ဆဲ အလုပ်သမားဥပဒေကို လွှတ်တော်အမတ် ဝန်ကြီးကိုယ်တိုင်က ချိုးဖောက်နေတာပါ။
နောက်ပြီး မြန်မာနိုင်ငံမှာ ခရိုနီ မိသားစုဝင်တွေရဲ့လက်အောက်မှာ သူတို့လို ရေပေါ်ဆီအခွင့်အရေးတွေကိုအားကျပြီး ကိုယ့်ရဲ့မက်လုံးကြောင့် ကိုယ်ကိုတိုင်အခွင့်အရေးပြန်ယူခံနေရတဲ့ မဖြစ်ညစ်ကျယ်ဝန်ထမ်းတွေ အများအပြားရှိနေပါတယ်။ ဆိုလိုချင်တာက ကိုယ့်ရဲ့တကယ့်အရည်အချင်းနဲ့ ကိုယ့်လောကကို ကိုယ်တိုင်အလှဆင်ပါ။ လောကနိယာမက 'မှန်' တစ်ချပ်လိုပါပဲ။ အမြဲတမ်း ကိုယ်ပြုသမျှ ပုံရိပ်က ဆင်ဆာမရှိ special effect မရှိပဲ ပုံရိပ်နဂိုအတိုင်းပဲ လောကရဲ့မှန်သားပြင်ပေါ်မှာ ပေါ်နေတယ်ဆိုတာ သတိကပ်မိစေချင်တယ်။

aungdin said...

အဲဒါပေါ့ဗျ..ဗမာတွေအော်နေတာ...သူ့ကျွန်မခံပြီ သူ့ကျွန်မခံပြီနဲ့....သူ့ကျွန်မခံဘူးဆိုတော့ ကိုယ့်ကျွံခံနေရတာပေါ့။ အော်ပါဦးလားသူ့ကျွန်မခံပြီဆိုတာလေ။

ဆန္ဒမွန် said...

တရက် ၁၀၀၀ ကျပ်ရတာမဆိုးပါဘူး ပါးတစ်ချက်ရိုက်လို့ရပါတယ်။ မကျေနပ်ဘူးဆိုရင် မကျေနပ်တဲ့ သူပါးတစ်ချက်ရိုက် ၁၀၀၀ ပေးပြီးထွက်ခဲ့ပေါ့ကွာ..အင်္ဂျင်နီယာလုပ်နေပြီးတော့ ဒီလောက်ပဲ ဦးနှောက်မရှိတဲ့ နွားလိုခိုင်းသမျှလုပ်နေရမလား။ သင်ထားတဲ့ပညာတွေဘာလုပ်ဖို့လည်း။ ခွီး အင်္ဂျင်နီယာသိက္ခာကျပါတယ်။

တန`င်္လာကိုကို said...

ဟိတ်ဘာမှမပူနဲ.နဲနဲတောင်.ထား။ ကိုယ်တို.အလုပ်သမားတွေတွက်အလုပ်
အကိုင်အခွင်.အလမ်းတွေပေါ်လာတော.မှာ။ အဲဒီတော.မှအလုပ်သမား
တွေကိုခြေသလုံးဖက်တောင်းပန်မှမသနားနဲ.ထားခဲ.။ အဲလိုစိတ်ဓါတ်မျိုး
ရှိတဲ.အလုပ်ရှင်အခွင်.အရေးရတာနဲ.လက်တွဲဖြုတ်။
ဒီလိုစိတ်ယုတ်ကြီးကိုဘယ်ပြည်သူလူထုကများရွေးချယ်တင်မြှောက်ပြီး
လွတ်တော်ထဲပို.လိုက်တာပါလိမ်.။
နောက် 2015 ရောက်လျှင်လည်းလုပ်ကြဦးမယ်ယောက်ျားကြီးတွေ
တန်မယ်.လူကြီးတွေတန်မယ်.။ လူကြီးတွေပီပီတည်ကြည်သိက္ခာသမာဓိ
ရှိစေချင်တယ်။ ခုတော.ပေါပေါကြီးတွေ။

bear said...

တစ်လကို လစာ 30000 လို့ပြောတာမဟုတ်ပါဘူး Ot ဆင်းလို့ ရတဲ့ငွေလို့ပြောတာပါ ပိတ်ရက်မရှိတာတော့ မကောင်း ပါဘူး ACE ကလစာကောင်းတယ်လို့ ကြား ဖူးပါတယ် ဟုတ်တယ်မလုပ်ချင်ရင်တော့ထွက်တာဘဲကောင်းပါတယ်

kay kay said...

အခုလို တိုင်တောနေလို့လဲ ဘယ်သူမှ လုပ်ပေးမှာမဟုတ်ဘူး
လွတ်တော်ထဲကလူတွေက လွတ်တော်ထဲက လူရဲ့ မျက်နှာပဲ ကြည့်မှာပေါ့ ကိုယ်ချင်းစာတရားမှ မရှိတာ ပြောနေလဲအပိုပဲ
ငါတို့ကတော့ ၀န်ထမ်းချင်းစာနာပါတယ် အဲဒိတော့ စာချုပ်တွေဘာတွေ ချူပ်မထားဘူးဆိုရင် ထွက်သာထွက်လိုက်တော့ တခြားလူတွေပါ တိုက်တွန်းပေါ့
ဝန်ထမ်းမမြဲတဲ့ ကုမဏီ က ရေရှည်မှာ ကျဆုံးမှာပဲ

သြတ္တပ္ပ said...

အိမ်မွေးတိရစ္ဆန် ခွေးဘီးလူးနဲ့ တူတယ်.........ဟားဟား

လရောင်မင်း said...

မင်းတို့ တွေကလဲကွာ...မင်းတို့ A.C.E မှာလုပ်နေတာ ဘယ်နှနှစ်ရှိသေးလို့ လဲ...ငါ့အဖေဆို A.C.E Company စတည်ထောင်ကတည်းကလုပ်လာတာ နှစ်ပေါင်း ၂၀ ကျော်နေပြီ...ဘာမှမဖြစ်
ဘူး....သိပ်စောဒကတွေတက်မနေကြပါနဲ့ ....

သားငယ်လေး said...

A.C.E company တစ်ခုထဲ မဟုတ်ပါ။ မြန်မာနိုင်ငံတွင် ရှိသော ဆောက်လုပ်ရေးcompany တိုင်း ပိတ်ရက်မပေးပါ။ father land တွင် သွားလျှောက်ဖူးပါသည်။ လစာ တစ်သိန်းပေးပါတယ်။ ဒါပေမယ့် OT မရှီပါ။ တစ်လတစ်ရက် ပိတ်ရက်ပေးပါသည်။ ခွင့်ယူချင်လျှင် သုံးရက်ကြိုအကြောင်းကြားရမည်ဟု ပြောပါသည်။ ကျန်သည့် ဆောက်လုပ်ေ၇းcompany များလည်း အလားတူဖြစ်ပါသည်။ လုပ်ခ လစာမှာ ပန်းရံဆရာထက်ပင်နဲနေပါသေးသည်။ ပန်းရံဆ၇ာတစ်ယောက် တစ်နေ့ ငါးထောင်ရပါသည်။ တစ်လစာ တွက်လျှင် ကျွန်တော်တို့ မှာ ပန်းရံဆရာထက်ပင်နဲနေပါသည်။

thuzar said...

သူရေးထားတာ OT ကြေးကိုပြောတာပါ.basic salary မဟုတ်ပါဘူး.မြန်မာဖြစ်ပြီး မြန်မာစာ ကောင်းကောင်းနားမလည်ရင်လည်း comment ဝင်မရေးသင့်ပါဘူး.

မြရေလျဉ် said...

ထွက်လိုက်ပါလားဆိုတဲ့ စကားကိုပြောတဲ့သူတွေကိုတော့ပြောချင်ပါတယ်။
ဒါဆို လူမသိသူမသိ အဆင်မပြေတာကို အံကြီတ်ပြီးတခြားကုမ္ပဏီကိုပြောင်းလိုက်ရုံပဲလား.။
ခုလိုသူဖွင့်ပြောပြတာက တခြားသူတွေအတွက် အကျိုးမရှိဘူးလို့ ယူဆလို့လား..။ ထွက်တာမထွက်တာက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။
ခုလိုဖွင့်ဟပြောလာတာကို အားလုံးကကြိုဆိုရမယ်။
အားပေးရမယ်။အဲလိုမဟုတ်ရင် လူတိုင်းက ကိုယ့်အလုပ်ကိုမကျေနပ်တိုင်း ဘယ်သူ့ကိုမှ အခြေအနေမှန်ပေးမသိပဲထွက်လိုက်ပြောင်းလိုက် လုပ်ရမှာလား။ (အဲလိုထွက်ကြေးဆို မြန်မာပြည်က ကုမ္ပဏီအများစုမှာ အလုပ်သမားဥပဒေနဲ့ မညီပဲ မိသားစုကုမ္ပဏီ မိသားစုကုမ္မဏီ ဆိုပြီး ၀န်ထမ်းတွေကို ခိုင်းချင်သလိုခိုင်းနေကြတာက များပါတယ်..။)Career Life မှာ အလုပ်ခဏခဏထွက်တာကလဲ ကာယကံရှင်ဝန်ထမ်းကိုထိခိုက်စေပါတယ်။
ဒီပို့စ်ကိုရေးတင်သူကိုလဲ ကျွန်မပြောချင်တာ.. မီဒီယာကိုအားကိုးပြီးရင်လာဖွင့်တာအပြင် လူညီရင် ဥပဒေကြောင်းအရလဲ ဖြေရှင်းကြည့်ဖို့ကြိုးစားစေချင်ပါတယ်။
မြန်မာပြည်မှာလဲ အလုပ်သမားဥပဒေရှိပါတယ်။ ၀န်ထမ်းတော်တော်များများက သေချာမသိကြတာများလို့ အလုပ်ရှင်တွေက အသာစီးရနေတာပါ။

ရာရာ said...

ပိတ်ရက်မရှိတာ အဲ့ဒီတစ်ခုတည်းမှာမဟုတ်ပါ...အေးရှားဝေါလ် မှာလည်း မေဒေးနေ့ တောင် မပိတ်ပါ။ ကြိုက်ရင်လုပ်၊ မကြိုက်ရင်ထွက်..ဒါပဲရှိပါတယ်။ အလုပ်ရှင်အများစုဟာ အလုပ်သမားများကို ကိုယ်ချင်းစာတရားထားလေ့မရှိပါဘူး။

satanic rico said...

ဝန်ကြီးက အဲလောက်မဆိုးပါ...(၀န်ထမ်းများအပေါ်)
ဇော်မိုးဝင်း (ခေါ်) ဘဲခေါင်းခြောက် သည်သာ ၀န်ထမ်းများအပေါ် မောက်မာ မိုက်ရိုင်း စော်ကားနေခြင်း ဖြစ်သည်...
ယခုအခါ ၀န်ထမ်းများ ထံမှ ဖြတ်စားထားသော လစာများဖြင့် ချမ်းသာနေလေသည်...

mgoarpekyal said...

ကိုကိုပြောတာမှန်တယ်

Anonymous said...

စစ်အစိုးရနဲ့ပတ်သက်တဲ့မိတ်ဆာကောင်တွေစီမှာလုပ်ရင်ဒီလိုပဲ့ခံရမှာပဲ့။
အလုပ်သမားတွေကို ကျွန်လို၊ပေါ်တာလိုပဲ့မြင်နေတာ

Unknown said...

နဲနဲတောင့်ထားအုံးဗျို့  ခေတ်တွေ စနစ်တွေ ဥပဒေတွေ ပြောင်းရင် အဆင်ပြေမှာပါ

Thwin.Net said...

အလုပ်ထွက်ဖို့ စွတ်ပြောနေတဲ့သူတွေက မြန်မာပြည်မှာ နေတာ မဟုတ်လို့၊ ဒါမှမဟုတ် မြန်မာပြည်မှာ သူများဝန်ထမ်းမလုပ်ဖူးလို့သာဖြစ်ပါမယ်။ ထမင်းသုံးနပ်ကြွေးလစာပေးဆိုတာ မျုးတွေရှိပါတယ်။ ဘယ်လိုထမင်း ဘယ်လိုဟင်းလဲ သွားစားကြည့်ကြပါ။ ကျွန်တော်ကြုံဖူးတာတော့ ကျွနတော့် နယ်က အိမ်မှာ အိမ်နားကခွေးတွေခေါ်ကြွေးရင်တောင် နမ်းကြည့်ပြီး မစားတဲ့ ထမင်းမျိုးပါ။ အလုပ်ထွက်တာလွယ်ပါတယ် အလုပ်ရှာဖို့ခက်ပါတယ် အင်ဂျင်နီယာ ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် စစ်ဗိုလ်လူထွက်မဟုတ်ရင် အလုပ်ရဖို့မလွယ်ပါ။

B I G E Y E S B I G E A R S said...

ဒီလူကြီးရဲ့ အင်္ဂါရုပ်ကိုကြည့်ဒါနှင့် အထက်ပါ အကြောင်းအရာကို မယုံနိုင်စရာမရှိပါ။ တကယ်စားမဲ့ ဝါးမဲ့ပုံ ဘဲ။ မြန်မာပြည်ကြီး ဘီလူးတွေလက်ထဲရောက်နေပြီ။

Min Min Zaw said...

တကယ်မတတ်တဲ့ အင်ဂျင်နီယာမို့လို့ အလုပ်မထွက်ရဲတာပေါ့ဗျာ။ တကယ်မတတ်တော့ ပညာမာနမရှိဘူးလေ။ RIT မရှိတော့တဲ့နောက်ပိုင်း BE ME တွေသာဆိုတယ် ဘာမှတတ်တာမှမဟုတ်တာ။ လုပ်ငန်းလုပ်ရင်း အတွေ့အကြုံများလာလို့သာ နဲနဲပါးတတ်လာတာပဲရှိကြတာလေ။ အဲဒီတော့လည်း ရတဲ့အလုပ်ကလေးမှာ ကျွန်လိုခိုင်းလည်း လုပ်နေကြတာပဲလေ။ မကျေနပ်ရင်ထွက်ပေါ့။ သနားစရာမရှိပါဘူး။

myokyi said...

အခုလိုအများသိအောင်ချပြတာ ACE ၀န်ထမ်းအားလုံးအတွက်
ကောင်းတဲ့ရလဒ်ရသွားနိုင်တာကြောင့်ကြိုဆိုပါတယ်။အလုပ်သ
မားဥပဒေရှိပါတယ်။အဲဒီဥပဒေအတိုင်းလုပ်ငန်းရှင်တွေလိုက်နာ၊
မလိုက်နာစစ်ဆေးဖို့ခန့်ထားတဲ့ နိုင်ငံဝန်ထမ်းတွေရှိပါတယ်။
ဘာလုပ်နေကြပါသလဲ။မှန်မမှန်စုံစမ်းစစ်ဆေးအရးယူပါ။မျက်နှာ
မလိုက်ပါနဲ့။အခြားလုပ်ငန်းတွေကိုလဲစစ်ဆေးဖို့လိုပါမယ်။လ
စာပုံမှန်လေးယူပြီး ပြည်သူတွေခံစားနေရတဲ့ဒုက္ခကို မသိသ
လိုမနေကြပါနဲ့တော့။တကယ်ဖြစ်နေတာတွေပါ။

dreamer said...

ဒီ ကောင်က အထက်ဖားအောက်ဖိ အတော်တော် တဲ့ကောင်....
မြင့်အောင်ဧရာဝတီ တိုင်းမူး ဘ၀ ထဲက မြောင်းမြ နားက ရွာစုတ်က နေ
အဖား ကောင်းပြီး တက်လာတာ ...မြင့်အောင် တို့ ခင်ညွန့်တို့ သာ ပြုတ်သွားတာ ...သူက သန်းရွှေကို အဖား ကောင်းလို့...နေရာကောင်းတောင် ရလိုက်သေးတယ်..ရိုင်းတဲ့နေရာမှာလည်း ပြောမနေနဲ့....၀န်ထမ်း ကိုတော့ မပြောလိုတော့ဖူး..သူ့အမေ ကို တောင် ခံ ဆဲ... အကို အရင်းကိုတောင် ခံထိုးတဲ့ကောင်....နှိပ် စက်လွန်းလို့....သူ့မယားကြီးက ကလေး ၃ ယောက်နဲ့ ပစ်သွားတာ....ရက်စက်နဲ့နေရာ မှာ သားသမီးတောင် မချန်ဖူး...သူမနိုင်တာ..သူ့သားအကြီး ကောင် ပဲရှိတယ်..
အဲကောင် ရူပ် သမျှ အထုပ် သူလိုက်ရှင်း ရတာ..(ထပ် သိချင်ရင် ထပ်ပြောပြလို့ ရသေးတယ်..ဟေ ဟေးး)

Powered by Blogger.