နေပြည်တော်က လူထု အခက်အခဲ NLD အမတ်တွေ ဘယ်လိုဖြေရှင်းပေးမလဲ

နေပြည်တော်၊ ဧပြီ ၂၊ ၂၀၁၂ (YPI)
ချစ်ဦးမောင်ရေးသားသည်။


နိုင်ငံရေးကို ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့တဲ့ ဆိုင်ကယ်ကယ်ရီသမား ကိုဌေးဟာ ယမန့်နေ့က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့တယ်လို့ဆိုပါတယ်။

တစ်ချိန်က လယ်သမားတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ အသက် ၄၀ အရွယ် ကိုဌေး ဟာ သူ့မြို့နယ်ဖြစ်တဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ကြံ့ဖွံ့ပါတီကို မဲမပေးဘဲ NLD ကို ရွေးပြီး မဲထည့်ခဲ့ရတာကတော့ “NLD က ကျနော်တို့တွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ပေးမယ်၊ ဆုံးရှုံးသွားတာတွေကို ပြန်ရအောင် လုပ်ပေးမယ်ဆိုတာ ယုံကြည်လို့ပါ” လို့ သူက ပြောပြတယ်။

ကိုဌေးပြောတဲ့ ရပိုင်ခွင့်ဆိုတဲ့အထဲမှာ သူဆုံးရှုံးခဲ့ရတဲ့ လယ်ဧက ၅ ဧကအတွက် လျော်ကြေးငွေ ရရှိရေး လည်း ပါဝင်ပါတယ်။ ကိုဌေးနဲ့ သူ့ရွာထဲက လယ်သမား ၇၀ ကျော်တို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူတို့ရဲ့ လယ်ယာမြေတွေကို အသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ လယ်သမား အယောက် ၃၀ လောက်က လျော်ကြေးရကြပြီဖြစ်ပေမယ့် ကိုဌေးအပါအ၀င် ရွာသား ၄၀ ကျော်မှာ အခုထိ လျော်ကြေးငွေ မရကြသေးဘူးလို့ ကိုဌေးက ပြောပြပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ မကြာခဏ ကြားရတတ်တဲ့ လယ်ယာမြေအသိမ်းခံရတဲ့ ပြဿနာမျိုးတွေကို  အစိုးရရုံးစိုက်ရာ မြို့တော်နေပြည်တော်တခွင်မှာလည်း သွားလေရာ စကားစပ်မိတိုင်း ကြားကြားနေရပါတယ်။

နေပြည်တော်က သီရိလေးမြို့နယ်လို့ ဆိုနိုင်တဲ့ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ဗသီရိနဲ့ ဥတ္တရသီရိ လေးမြို့နယ်တို့မှာ ရှိတဲ့ ဒေသခံအများစုမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရင်ဖွင့်စရာတွေ အပုံအပင်ရှိနေကြပါတယ်။

၂၀၀၆ မှာ လယ်ယာပိုင်ဆိုင်ခဲ့သူတချို့ ခြောက်နှစ်အကြာ ၂၀၁၂ မှာ လယ်မဲ့ယာမဲ့ဖြစ်ပြီး တချို့ ဆိုင်ကယ် ကယ်ရီဆွဲသူဆွဲ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တတ်ကျွမ်းသည့် အလုပ်လုပ်သူလုပ်နဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေဟာလည်း ပြောင်းလဲသွားခဲ့ရပြီဖြစ်ပါတယ်။

ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ကိုင် စားသောက်လာခဲ့တဲ့ ဒေသခံတွေမှာ နေပြည်တော် တည်ဆောက်ရေး စီမံကိန်း စတင်ကတည်းက သူတို့ရဲ့ လယ်ယာမြေများစွာကို ဆုံးရှုံးခဲ့ကြရပြီးဖြစ်ပါတယ်။ ရှေ့လျှောက်လည်း ဆက်လက် ဆုံးရှုံးရဦးမှာကို ဒေသခံရွာသားတွေက စိုးရိမ်နေကြပါတယ်။

“နေပြည်တော်ကြီးဖြစ်လာတာကိုက မြေယာဥပဒေနဲ့ လွတ်ကင်းတာ မဟုတ်ဘူး” လို့ NLD အဖွဲ့ဝင် တရား လွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

နေပြည်တော် စတည်တုန်းကတော့ စစ်အစိုးရက မြန်မာပြည်အလယ်ပိုင်းမှာ မြေလွတ်မြေရိုင်းတွေကို ခုတ်ထွင် ရှင်းလင်းပြီး မြို့တော်သစ်ကို တည်နေတာလို့ပဲ အများစုက ထင်မှတ်ခဲ့ကြပါတယ်။

သို့သော် “နောက်ပိုင်း မီဒီယာတွေက ဖော်ထုတ်ကြတော့မှ ဓားမဦးချ လုပ်ကိုင် စားသောက်နေတဲ့ ဒေသခံတွေကို ဖယ်ရှားပြီး (နေပြည်တော်ကို) တည်တယ်ဆိုတာ သိလာရတာ” လို့ နေပြည်တော်မှာရှိတဲ့ NLD အောင်နိုင်ရေး အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ လာရောက်ပို့ချ သင်တန်းပေးခဲ့တဲ့ NLD အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် ပြောပြပါတယ်။

နေပြည်တော် စီမံကိန်းအတွက် မိမိတို့ ရပ်ရွာက ဖယ်ရှားပေးလိုက်ကြရတဲ့၊ မိမိတို့ လယ်ယာတွေကို စွန့်လွှတ်လိုက်ရတဲ့ ဒေသခံတွေမှာ ထိုက်သင့်တဲ့ ငွေကြေးပမာဏ မရရှိသူ အမြောက်အများရှိသလို ကိုဌေးတို့လို အခုထိလျော်ကြေး တစ်စုံတစ်ရာ မရသေးတဲ့ သူတွေလည်း ဒုနဲ့ဒေးပါပဲ။

လွှတ်တော်ကိုယ်စားလှယ်တွေဆီက ဒေသခံတွေ မျှော်လင့်တာက သူတို့တတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြေယာအခက်အခဲ၊ လယ်ယာလုပ်ငန်းကို ဖြောင့်ဖြောင့်တန်းတန်းလုပ်စားခွင့် ဆုံးရှုံးတဲ့ သူတို့အခက်အခဲတွေကို ဖြေရှင်းပေးဖို့လည်း ပါဝင်တယ် ဒေသခံတွေက ပြောကြပါတယ်။

သီရိလေးမြို့နယ်မှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများကလည်း ဒေသခံတွေနဲ့ သူတို့တွေ့တဲ့အခါမှာ လယ်ယာတွေ အသိမ်းခံရတဲ့ ပြဿနာတွေ၊ လျော်ကြေးငွေ ထိုက်ထိုက် တန်တန်မရတဲ့ ပြဿနာတွေ၊ တချို့ ဘာလျော်ကြေးမှ မရတဲ့ ပြဿနာတွေကို ဒေသခံတွေဆီကကြား ကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း လွှတ်တော်ထဲရောက်တဲ့အခါ ဒီအရေးဟာ ဦးစားပေး ကိုင်တွယ်ဖြေရှင်းရမယ့် အရေးဖြစ်နေ တယ်လို့ သူတို့တွေက ပြောကြပါတယ်။

ဒကိဏသီရိမြို့နယ်မှာ ကြံ့ဖွံ့အမတ်လောင်း ဦးမောင်ရှိန်ကို မဲအရေအတွက် သုံးထောင်ကျော် အသာစီးနဲ့ အနိုင်ရရှိသွားတဲ့ NLD လွှတ်တော်အမတ် ဦးနိုင်ငံလင်းကဆိုရင် “ဒက္ခိဏသီရိမဲဆန္ဒနယ်မှာ NLD အမတ်အနိုင်ရရှိ သတင်းက ကိုနိုင်ငံလင်းပြောတဲ့ လယ်ယာကိစ္စ၊ တောင်သူလယ်သမားတွေနဲ့ ဆိုင်တဲ့ဥပဒေပြင်မယ်ဆိုတဲ့ဟာကို ထည့်ပေးပါရန်” လို့ သူကြိမ်းသေပေါက် အနိုင်ရရှိသွား ပြီဆိုတာ သိပြီးတဲ့လျင်သိပြီးချင်း အဲဒီမြို့နယ်က ရွေးကောက်ပွဲကော်မရှင် ရုံးရှေ့မှာ YPI ကို ပြောသွားခဲ့ပါတယ်။

သို့ပေမဲ့ အဆိုပါပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာတော့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအတွက် ဥပဒေတွေ အဆိုပြုရာမှာ ကော၊ အသက်သွင်းရာမှာပါ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်ပါတယ်။

NLD အနေနဲ့ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အောက်ခြေမှာဖြစ်ပျက်နေတာတွေကို စာရင်းပြုစုပြီး လွှတ်တော်အထဲက ပြောရေးဆိုခွင့်ရှိသူတွေ ဆွေးနွေးလို့ရအောင် တင်ပြပေးသွားမှာဖြစ်တယ်လို့ NLD တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရတာတွေရှိသလို မရတာတွေလည်းရှိလိမ့်မယ်လို့ ဒေါ်စန်းစန်းမြင့်က မှန်းဆထားပါတယ်။
“နှေးတော့ နှေးနိုင်တယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ဖြစ်လာနိုင်တယ်။ နောင် မတရားသိမ်းပိုက်နေတာတွေ ရပ်သွားလိမ့်မယ်” လို့လည်း ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

ဘယ်လိုပဲ လွှတ်တော်ထဲမှာ အဟန့်အတားတွေနဲ့ ကြုံနေရ ကြုံနေရ NLD က လွှတ်တော်ထဲကနေ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစွမ်းကုန် ကိုင်တွယ်ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက် ဒီရေတက်နေသူတွေ အများအပြားရှိနေသလို ဥတရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်က ကိုဆန်းဝင်းတို့လို အဲဒီအချက်ပေါ်မှာ သံသယရှိနေသူတွေလည်း အများအပြားရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အမတ်တွေ လွှတ်တော်ထဲရောက်သွားပေမဲ့ အောက်ခြေက လူတွေအတွက် သိပ်ပြီး မျှော်လင့်စရာမရှိမှာကို သူကိုယ်တိုင် လယ်ယာမြေ အသိမ်းခံခဲ့ရဖူးတဲ့ ကိုဆန်းဝင်းက တွေးပူတယ်လို့ဆိုပါတယ်။

ဘာလို့ အဲသလို တွေးပူနေရတာလဲဆိုတော့ “အထက်က ဘယ်လိုပဲ ကြပ်မတ်၊ ကြပ်မတ်၊ အထက်က ဘယ်လိုပဲ မူဝါဒ ကောင်းတာတွေ ချမှတ်၊ ချမှတ် အောက်ခြေက မလိုက်နာ၊ မနာခံရင် အလကားပဲလေ။ ဖြစ်ချင်တိုင်း ဆက်ဖြစ်ဦးနေဦးမှာပဲ” လို့ ကိုဆန်းဝင်းက သူ့အနေနဲ့ ပူပင်ရတဲ့အကြောင်းကို ပြောပြတယ်။

အထက်က ချမှတ်လိုက်တဲ့ မူဝါဒတွေကို အောက်ခြေမှာ အကောင်အထည်ဖော်မှုအားနဲ့အတွက် ဘယ်လိုအခြေအနေမျိုး ကြုံရနိုင်သလဲဆိုတော့ ကိုဆန်းဝင်းက သူမှန်းဆထားတာလေးကို အခုလိုပဲ ရိုးရိုးရှင်းရှင်းနဲ့ ပြောပြခဲ့ပါတယ်။

“အောက်ခြေမှာ အကောင်အထည် လိုက်မဖော်လို့ကတော့ ကျနော်တို့ ဘ၀က ကျီးလန့်စာစားဟာ ကျီးလန့်စာစားပဲ။ တုံးအောက်က ဖားဟာ တုံးအောက်က ဖားပဲ ဆက်ဖြစ်နေဦးမှာပဲဗျ”။         ။


Yangon Press International
နေပြည်တော်က လူထု အခက်အခဲ NLD အမတ်တွေ ဘယ်လိုဖြေရှင်းပေးမလဲ နေပြည်တော်က လူထု အခက်အခဲ NLD အမတ်တွေ ဘယ်လိုဖြေရှင်းပေးမလဲ Reviewed by သစ်ထူးလွင် on 07:23 Rating: 5

20 comments:

supergunner said...

NLD ကိုတော့ယုံကြည်ပါတယ်.. သူလောက်လည်းယုံကြည့်စရာဘယ်ပါတီ
မှမရှိတာကိုးကွ.. သို့ ပေမဲ့ သူတို့ လည်းထိုနည်းလည်းကောင်းဆိုပြန်တွန်း
လှန်ဘို့ ပြည်သူကအသင့်ရှိရမယ်.. စိတ်ချစမ်းပါ.အမေစုက အာဏာမက်
တဲ့လူစားမျိုးမဟုတ်ဘူး
ပြည်သူအတွက်သူ့ မ ဘ၀ကိုစတေးထားတာ..ပါရာဇဌာနီမင်းနေပူတော်သား
တို့ ..

ရွာသူကြီးဘစီ said...

လောလောဆယ်တော.ဘာမှမမျှော်လင်.တာပိုကောင်းပါတယ်သူတို.လဲအတတ်နိင်ဆုံးတော.လုပ်မှာပါအင်အားနည်းနေတော.ပြည်သူတွေကရံပေးရလိမ်မယ်ထင်တယ်

ကြည်ဖြူခင်ခင် said...

ဘာဖြစ်ဖြစ်.. ခုချိန်ဘာမှ မှတ်ချက်မပြုပဲ.. စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေချင်သေးတယ်..

MasterMyanmar said...

လမ်းပေါ် ဆေးရိုးလှမ်းကြမဲ့ ကိစ္စတွေကိုတော့ နိုင်ငံသားတိုင်းက ရှောင်သင့်ပါတယ်။ ဒီနေပြည်တော်နားမှာ လယ်သိမ်းခံရတယ်ဆိုပီး ပြောနေတာ များပါပီ။ သိသလောက် ဝင်ပြောရလျှင် နေပြည်တော် တည်ထားတာ သစ်တောကြိုးဝိုင်းထဲမှာပါ။ မြေပေါ်မှာ လယ်ဖြစ်နေပေမဲ့ ဥပဒေအရ ပြောရလျှင် သစ်တော်ကြိုးဝိုင်းထဲကို အလျှင်ကတည်းက ကျူးကျော်နေတဲ့ လယ်တွေဖြစ်လို့ ပိုင်ဆိုင်မှု မခိုင်မာပါ။ ဒီလိုကိစ္စကို NLD မှ ကြားဝင်ပီး ရှင်းလိုက်လျှင် တစ်နိုင်ငံလုံးမှာ ရှင်းစရာတွေ ကုန်မှာ မဟုတ်တော့ပါ။ ပြည်သူများကလည်း မပိုင်ဝက်မွေး ကိစ္စတွေကို သိထားသင့်ပါတယ်။ ကျူးကျော်ထားသော လယ်များကို အထောက်အထား မရှိပဲ လယ်သိမ်းပါသည်ဆိုသော အချက် တစ်ခုတည်းနှင့် အလျှော်အစား တောင်းလို့ မရနိုင်လောက်ပါ။

Mi Aung said...

ပြည်သူတွေ အနေနဲ့ စောင့်ကြည့် ကြပါအုံး ကိစအ၀အ၀ တိုင်းကိုတော့ ချက်ချင်းကြီးဖြေ ရှင်းဖို့မလွယ်ကူသေးပါဘူး ဖြည်းဖြည်းချင်းချီတတ်ကြရမှာ။
အားလုံးဝိုင်းဝန်းပြီးတော့ပေါ့ ။ သူများကြီးပဲ အားကိုးလို့မရဘူး တစ်ဦးတစ်ယောက်ချင်း ပြုပြင်ပြောင်းလဲ ကြမှ ကိုယ့်နိုင်ငံ အောက်ကျနောက်ကျ မနိုင်မှာ။ ကိုယ်ကိုယ်တိုင် အောက်ကျနောက်ကျ မနိုင်မှာ။ လွှတ်တော်ထဲကို အခု 9% ရောက်နိုင်ပြီ ။ 2014 အတွက် ဆက်ပြီး ကြိုးစားကြအုံးစို့။ ...

aung naing said...

NLDကအတတ်နိုင်ဆုံးကြိုးစားသွားမှာပါ၊ကိုယ်ကြိုးရှာမယ့်သူတွေလဲမဟုတ်ပါဘူး၊

aung naing said...

ပြည်သူတွေအတွက်NLDပါတီပါ၊အမတ်တွေချမ်းသာသွားမယ့်ပါတီတော့မဟုတ်ပါဘူး၊ပြည်သူနဲ့ဆင်းရဲအတူချမ်းသာအတူပါတီပါ။

joseph said...

ကိုချစ်ဦးမောင်မေးတာသဘာဝမကျဘူးလို.ထင်တယ်။
ပြည်သူတွေအားလုံးဆုံးရူံးနေတဲ့လူအခွင့်အရေး၊အခြေခံရပိုင်ခွင့်တွေကိုတင်ပြနိုင်ဖို.
အတွက်လွှတ်တော်ထဲ ရောက်နေသူတွေအားလုံးမှာတာဝန်ရှိတယ်လို.ထင်တယ်။

lwannaymie said...

လယ်သမားတွေရဲ့ဘဝကိုစာနာပါတယ်...ဒါပေမဲ့...ဒီချုပ်ကကူညီနိုင်ဖို့...လယ်သမားတွေဘက်ကလဲသက်သေစာရွက်စာတန်းကြိုတင်ရှာထားပါ...နိုင်ငံတိုင်းမှာဥပဒေရှိပြီးသားပါ...နဂိုကမှ...ဖွတ်ဝန်ချီးတွေကညစ်ကြတဲ့အထဲ...(တစ်သက်လုံးလုပ်စားခဲ့တဲ့မြေလို့ပြောလိုမရပါ)...ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အစိုးရမှ...အဲဒီလယ်သမားတွေရဲ့စားဝတ်နေရေးအတွက်...နစ်နာကြေးပေးသင့်ပါတယ်။
သူတို့မှလဲ...လုပ်စားလာခဲ့တာ...ဒီတစ်သက်နီးနီးဘဲ။

goldinnwa.US said...

လောလောဆယ်တော.ဘာမှမမျှော်လင်.တာပိုကောင်းပါတယ်သူတို.လဲအတတ်နိင်ဆုံးတော.လုပ်မှာပါ၊အဲ.....အချိန်တခုတော.ပေးရမှာပေါ.။

Myanmar said...

အထင်ရှားဆုံးတစ်ခု ပြောရရင် သီရိလေးမြို့နယ် သားတွေဟာ အရင် များစု ၀ိုင်းကြီးနဲ့နေကြတာပါ (၀ိုင်းကြီးဆိုတာ မြို့ပေါ်လို ကိုယ်နေစရာအိပ် အိပ်စရာ နေလောက်မဟုတ်ဘူး ) မြိုနယ်သူမြိုနယ်သားတွေဟာ ၀ိုင်းဆိုရင် ၈၀/၁၀၀ လောက် စာစရာလယ်နဲ့ယာနဲ့ အခုတော့ ဆိုက်ကားဆရာ၊ နှီထိုးဆရာ ၊ လက်ဖာတဲံ့ဆရာတွေ ဖြစ်နေကြပါပီ နှီရောင်းရတာ လဲစည်ပင်ကခွင့်မပြုတော့ အခုတော့ ၀ိုင်းကြီးနဲ့နေတဲ့သူတွေ ဘယ်ေ၇ာက်နေပါ့ သလဲခင်ဗျာ

la min nge said...

အင်းလေ
လမင်းတို့ တွေကလည်း ယုံကြည်မှုအပြည့်နဲ့ မဲထည့်ခဲ့တာပဲလေ ကောင်းမယ်လို့လည်းမျှော်လင့်ပါတယ် အမေစုကလည်း ပြည်သူတွေအတွက်ကြည့်နေတဲ့သူပါ
ဒါပေမယ့် ပြည်သူလူထုရဲ့မျှော်လင့်ချက်အကုန်ကိုတော့ လိုက်ဖြည့်ဆည်းပေးနိုင်မယ်မထင်ဘူး
စံထားလို့ ရမယ့်ကိစ္စတစ်ခုလောက်တော့ အမြန်ဆုံး ဖြေရှင်းပေးနိုင်ရင်တော့ NLD ပါတီကို လူထုကကြည်ညိုပြီးရင်း ကြည်ညိုကြမှာတော့အမှန်ပါပဲ

thihathuya said...

ကိုယ်ဆန်းဝင်းတွေးပူတာနည်းလမ်းကျတယ်..အထက်ကိုကြပ်မတ်ရုံမကအောက်ခြေပါပြောင်းလဲရမယ်..အထက်ကညွှန်ကြားရုံနဲ့.....အောက်ကမလိုက်နာရင်.ခြစားပြီးရင်းစားရင်းပဲ..

Myanmar said...

အဖွဲ့ချုပ်၇ဲ့အနေထားက ခုေ၇တွင်းတူး ခုေ၇ကြည်သောက်လို့၇တဲ့အနေထားမဟုတ်ဘူး။ သူတို့၇ထားတဲ့ ၇ာခိုင်းနှုန်းနဲ့ ဘာမှအ၇ာမေ၇ာက်နိုင်ဘူး။ သို့သော် ကြံ့ဖွတ်နဲ့ အပေါင်းပါတွေကို ထင်၇ာဆိုင်းလုပ်ချင်တာ လုပ်ခွင့်မ၇အောင် အစောင့်သွားလုပ်နေတဲ့သဘောလောက်ဘဲ၇ှိတယ်။ နောင်ေ၇ွးကောက်ပွဲမှာနေ၇ာအများစုအနိုင်၇ခဲ့၇င်တော့ ပြည်သူတို့မျှော်လင့်တာတွေ ဖြစ်လာမှာပါ။ ခုတော့ ပြည်သူတို့ ခံစားနေ၇တဲ့ နိုင်ထက်စီးနင်းလုပ်တာတွေ။ နိုင်ငံတော်ကို နည်းအမျိုးမျိုးနဲ့ အလွဲသုံးစားလုပ်တာတွေ၊ တိုင်းပြည်ဘဏ္ဌာခွဲဝေသုံးစွဲတာတွေ ပညာေ၇း စီးပွားေ၇း နိုင်ငံတကာ ဆက်ဆံေ၇း စတာတွေမှာ အကြုံပြုထောက်ပြဝေဘန်တာလောက်ဘဲ လုပ်နိုင်မှာအုံးမှာမို့ အများကြီးတော့ မျှော်လင့်မထားကြပါနဲ့အုံးလို့သာ သတိပေးချင်ပါတယ်။ သို့သော် ပြည်သူကို ဥပဒေကြောင်းအ၇ ပိုမိုအကာကွယ်ပေးလာနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ။

tun win said...

ကိုယ်ဖြစ်ချင်တာတခုကိုယ် ဦးတည်ပြီးမမျော်လင့်သင့်သေးပါဘူး..တနိုင်ငံလုံးဖွံ့ဖြိုးတိုးတက်မှူကိုဘဲဦးစားပေးလုပ်မယ်လို့မျော်လင့်ပါတယ်..အမေစု လည်း ကော့မှူးက ဝင်ပြိုင်လို့နိုင်ပေမယ့် ဒီဒေသကောင်းစားရေး တခုကို ဦးတည်ပြီး လုပ်ပေးနိုင်မှာမဟုတ်သလို ကော့မှူးကပြည်သူတွေအနေနဲ့လည်း လောလောဆယ် အမေစု အပေါ် နားလယ်မှူပေးစေချင်တယ်..ငါတိုဆီကဝင်ပြိုင်လို့နိုင်တယ် အခုတော့ ဘာမှလည်း လုပ်မပေးသေးပါလား..လို့နားလည်မှူလွှဲနေမှာဆိုးလို့ပါ...နေပြည်တော် ကပြည်သူတွေလည်း နေပြည်တော်လွှတ်တော် အမတ်သစ်တွေကို နားလည်မှူပေးကြပါ..

kyaw thu said...

နေပြည်တော်မှာပိုင်ဆိုင်မှုသေချာတဲ့လယ်ယာမြေတွေကိုအစိုးရကလျော် လျော်ကြေးပေးလို့ဆိုင်ကယ်ဝယ်စီးကြပြီး..သေတဲ့သူတွေတောင်အများကြီး..တချို့တွေလဲရိုးသားကြဘို့လိုတယ်..မူလကရွာထဲမှာတအိမ်တည်းနေပြီးစာရင်းကောက်မယ်ဆိုတော့မှခြံဝိုင်းထဲမှာတဲတွေထပ်တိုးတဲ့သူတွေအများကြီး..
တို့အဖွဲ့တွေအလိမ်မခံရအောင်လဲသတိထားကြနော်....

Oo lay Gyi said...

လယ်ယာမြေလျော်ကြေးပေးရင်............ဥပဒေ၊ပြဌာန်ထားသည့်အတိုင်းပေးခဲ့ရင် တောင်သူဦးကြီးတွေ ရမယ့်လယ်တစ်ဧကလျှော်ကြေးက ဆန်တစ်ပြည်ဘိုးမရှိဘူးဆိုတာရော............ကိုဌေးအပါအ၀င်..........လူတိုင်းသိထားသင့်တယ်.....ဒါကြောင့်....ပြည်သူအားလုံးနည်းပါး.ပြဌာန်းထားတဲ့ဥပဒေ အားလုံးသိထားမှ.....ဥပဒေရဲ့အားနည်းချက်တွေကို သိလာမှာလေ............သိထားမှ မှားနေရင်မှားနေတယ်လို့တိတိကျကျပြော နိုင်ကြမှာပေါ့.......ခုတော့ဖြစ်ချင်တာတွေ ပြောနေရင်တော့
ဥပဒေနဲ့ လွဲနေရင်......ဖြစ်ချင်တာတွေဖြစ်လာမယ်မထင်ဘူး.....ဒါကြောင့်
တို့အားလုံးပိုသိအောင်ကြိုးစားကြမယ်............ညီစေနော်......

ုkyaw said...

ပြည်သူတွေနားလည်ဖို့က NLD ကခုမှပထမခြေလှမ်းပဲ၇ှိသေးပါတယ်
ဘာမှအပြည့်အ၀လုပ်ပိုင်ခွင့်မရသေးပါဘူး ဒါကြောင့် ၂၀၁၅ ကြရင်အပြည့်အဝ
ရအောင်အားလုံးဝိုင်းဝန်းကူညီဖို့လိုပါတယ် ဆန္ဒမစောဖို့လိုပါတယ် အများအတွက်လုပ်နေတဲ့အတွက် လူနဲစုကိစ္စတွေကိုတစ်ခုခြင်းလိုက်လုပ်ဖို့ဆိုတာပြည်သူတွေထင်သလောက်မလွယ်သေးပါဘူး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ရခဲ့တဲ့ပြည်ခိုင်ဖြိုးတောင်ခုထိပြည်သူအတွက်ဘာမှမလုပ်နိုင်သေးတာ NLD ကခုမှအနည်းဆုံးအနေအထားလောက်ပဲလုပ်ပိုင်ခွင့်ရသေးတဲ့အတွက် ဆက်ပြီးသီးခံပေးဖို့လိုပါတယ် တကယ်အပြည့်အ၀ရတဲ့အနေအထားကြရင်တော့ပြည်သူတွေရဲ့အခက်အခဲတွေပြည့်ဝလာရမှာပါ အောက်ခြေအဆင့်ပါတီဝင်တွေကဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေအထက်မှာခေါင်းဆောင်ကောင်းတစ်ယောက်ရထားတဲ့အတွက်ပြည်သူတွေအတွက် မနစ်နာနိုင်ပါဘူး ။

Unknown said...

နေပြည်တော် လယ်သမား တွေအရေး ဆွေးနွေးကြသလို ကျွန်တော်တို့ ရဲ့
ဧရာဝတီ မိခင် မပျက်ဆီး မယိုယွင်း အောင် ထိန်းသိမ်းကြမဲ့အရေး တိုင်းတပါးသာရဲ ကုပ်သွေးစုပ် အမြတ်မထုပ်ရအောင် ၀ိုင်းဝန်း ကြိုးပမ်း ကြပါစို့။

irris said...

ဧ၇ာမြေအကျိုးဆောင်မှာ ဆုံးရှုံးခဲ့ ရတဲ့  ပြည်သူတွေအတွက်ကိုလဲ မျက်စိမှိတ်မထားကြပါနဲ့ အုံး.....

Powered by Blogger.