တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး

အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်
ပဲခူးမြို့ဒုတိယမြို့နယ်တရားသူကြီးကတော်မှ အိမ်ဖော်မိန်းကလေးကိုရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုကို အမှုမဖွင့်ရဲ ....
မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး

(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှ          မပြောပြရန်အမျိုးမျိုးခြိမ်းခြောက်ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊
 နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများက       တွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်းငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ                              ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သော် လည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။
Facebook  ပေါ်မှ သတင်းကို ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။
Myanmar News Now
တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး Reviewed by သစ်ထူးလွင် on 06:31 Rating: 5

107 comments:

ပန်းသခင် said...

အိုးးးးမိုင်ေ၈ါ့...

akabikhu said...

တရားသူကြီးမိန်းမဆိုပြီးမတရားတာမလုပ်ရဘူးလေ။

naing ag tide said...

ပဲခူးက ဦးအေးမြင့် ဆိုတဲ့ လမ်းပြကြယ်ကြီး က ဘာများလုပ်နေပါလိမ့်ဗျာ......

လွမ်းသူ said...

သနားလိုက်တာကွါ အဲ့လိုအကြင်နာ မရှိတဲ့လူးမျိုး ရှိနေသေးတာပဲလား.....ဘာမှ အားမငယ်နဲ့ အမူ့ဖွင့်လိုက်ပါ.......

soethettun said...

မိုက်ရိုင်းတယ်...တရားသူကြီးကတော်

မောင်မှန် said...

ဒေါ်ဖြူသက်ဝင်းရေ
ခင်ဗျားမှာ လူ့အသိမှရှိရဲ့လား၊ ပဲခူးမြို့မှ တတ်သိနားလည်သူများ ယခုဖြစ်စဉ်ဟာ ဘယ်လိုနည်းနှင့်မျှလက်ပိုက်ကြည့်နေလို့မရပါဘူး ကလေးမိဘတွေက အခြေနေအရ ကြောက်နေကြပေမဲ့ မတရားတာကိုလက်ပိုက်ကြည့်မနေနိုင်တဲ့ လူတွေအများကြီးပါ၊ ကဲအားလုံး မီဒီယာကနေ လက်တွဲပြီး တ၇ားသူကြီးဇနီးဆိုတဲ့ အယုတ်တမာကောင်မကို ၀ိုင်းဝန်းပညာပေးကြစို့..

ဧနဒီ said...

မိုက်ရိုင်းလိုက်တာဗျာ။ ကြည့်ကြပါဦး........။ ဒုတိယမြို့နယ်တရားသူကြီးကတော် တစ်ယောက်လုပ်နေပြီး၊ ဥပဒေကိုမထေမဲ့မြင်ပြုတဲ့သဘော၊ လူမဆန်ရက်စက်တဲ့သဘော၊ ဒီမိုကရေစီဖေါ်ဆောင်ရေးကြိုးပမ်းနေတဲ့ သမ္မတကြီးရဲ့ကြိုးပမ်းချက်တွေကိုစော်ကားတဲ့သဘော၊ နိုင်လိုမင်းထက်ပြုတဲ့သဘော၊ မျက်နှာမွဲမို့ အသေသတ်တဲ့သဘော သက်ရောက်မနေဘူးလား။ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့၊ လုပ်ပေးနိုင်သူတွေ ကိုယ်ဖိရင်ဖိကူညီပေးဖို့ မေတ္တာရပ်ခံပါရစေဗျာ။ သမီးလေးအေးယုအောင်ရေ ၀ဋ်ရှိလို့ပဲသဘောထားပြီး အမှန်တရားထွန်းကားလာမယ့်အချိန်ကို ဆုတောင်းနေနော်သမီး။

Tri Asian Taste said...

အတိုင်းတိုင်းနေပြည်တော် ကြားလို့မှ မတော်ပါဘူးဗျာ။ ပဲခူးမြို့ဒုတိယမြို့နယ်တရားသူကြီးကတော်တဲ့။ တရားသူကြီး ယူထားတာ လူမိန်းမ မှဟုတ်ရဲ့လားလို့ မေးရမဲ့ကိန်းပေါက်နေပြီး။ ဒါမှမဟုတ် ပုလင်းတူဗူးဆို့ လိုက်ဖက်ညီတဲ့အတွဲမို့လို့ ပဲခူးမြို့နယ်ကလူတွေ အတိဒုက္ခရောက်နေကြတာထင်ပါရဲ့။
အေးယုအောင်ရေ...နောက်ထပ်ဒါမျိုးတွေနဲ့ ကင်းဝေးပါစေ...
လူအချင်းချင်း နှိပ်စက်ချင်း ကင်းဝေးကြပါစေ......

chaw said...

ဒုတိယမြို.နယ်တရားသူကြီးဆိုတာ ဘာအဆင့်မှ မဟုတ်ပါ။ တိုင်ရင်ရပါတယ်။ တိုင်ကြပါ။

တင်ဇော်မိုး said...

မိုက်ရိုင်းလိုက်ကြတာကွာ။ သား သမီးချင်းကိုက်ချင်းမစာကြပ့ါလား။

kyawkyawsoe said...

အရမ်းရက်စက်လိုက်ကြတာဗျာ သူများနိုင်ငံမှာ အိမ်ဖော်လာလုပ်လို့ အော်ဒါ ကိုယ့်လူမျိုးမှ မဟုတ်တာလို့ တွေးလို့ရသေးပေမဲ့ ကိုယ့်လူမျိုးကို ကိုယ်ပြန်လုပ်တော့ ဘယ်လောက်ထိအောင်ဆိုတာ တွေးကြည့်လို့ရတယ်ဗျာ

တင်ဇော်မိုး said...

စကာင်္ပူမှာတော့ ဒီလိုနှိပ်စက်လို့  ထောင် ရနှစ်နဲ့ လုပ်အားခ ရ နှစ်စာလျော်လိုက်ရတယ်လို့ သိရတယ်။ ဒို့ နိုင်ငံ မှာရော ဘယ်လိုအရေးယူကြမှာလဲ ဆိုတာ စောင့် ကြည့် ရဦးမယ်။

Khine said...

စင်ကာပူမှာမှမဟုတ်ပါလား ကိုယ့်မြန်မာအချင်းချင်းတောင် ဒီလောက်သားသမီးချင်းမစာနာနိုင်တဲ့ မိန်းမ တော်တော်ကြောက်စရကောင်းအောင် ယုတ်မာတယ်နော် အံ့သြစရာဘဲ

kogyikyaw said...

ကဲ….ဓါတ်ပုံသက်သေလဲရှိနေပြီ..။လူမဆန်စွာနှိပ်စက်တဲ့
သူရော ၊သူ့ယောက်ျားရော၊သူတို့ငှားနေတဲ့အိမ်ရှင်တွေရဲ့ နာမည်၊ရာထူးရပ်ကွက်နဲ့ဖြစ်စဉ်ဖြစ်တဲ့ရက်စွဲအချိန်အတိ
အကျနဲ့တင်ပြထားတာ..၊ ကောလာဟလအပုပ်ချတာပါလို့
ဘယ်သူပြောဦးမှာလဲ…??တာဝန်ရှိသူတွေထဲမှာ နား မျက်စိတွေပါရင် ၊ သားသမီးချင်းကိုယ်ချင်းစာတတ်ရင် ကြည့်မနေကြပါနဲ့။
ယူနီဖေါင်းလှလှလေးတွေနဲ့အခမ်းအနားတွေမှာ တွေ့တွေ့နေရတဲ့မိခင်နဲ့ကလေးစောင့်ရှောက်ရေးတို့အမျိုးသမီးရေးရာတို့ကရောဘယ်လိုကူညီကြမှာလဲ..?လူ့အခွင့်အရေးကော်မရှင်ကရောဒီဖြစ်စဉ်ကိုဒီအတိုင်းကြည့်နေတော့မှာလား…၊အချိန်ကြာ
လာရင်အမှုတွေကပျောက်ပျောက်သွားတတ်လို့လမ်းပြကြယ်
ဦးအေးမြင့်တို့ကပူပူနွေးနွေးရာနှုန်းပြည့် ပြည်သူ့ထောက်ခံ
ချက်ရရှိထားတဲ့NLDကတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးအမြန်ဆုံးဆက်လက်လှုပ်ရှားကြဖို့ မေတ္တာရပ်ခံပါတယ်…..။

zhkk said...

ဖြစ်ပျက်တဲ့နေရာက ပဲခူးတိုင်းဒေသကြီး၊
လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ် နှိပ်စက်သူကတရားသူကြီရဲ့ဇနီဲဖြစ်တဲ့အတွက် ထက်ထက်မိုးဦးအမှုကို
စံပြထား၍ အရေးယူမည်။ ပါးရိုက် ဒါဏ်ငွေ၁၀၀၀၊ မီးပူကပ် ဒါဏ်ငွေ၁၁၀၀၊
ဒါးထိုး ဒါဏ်ငွေ၁၂၀၀။

kogyikyaw said...

ကဲ….ဓါတ်ပုံသက်သေလဲရှိနေပြီ..။လူမဆန်စွာနှိပ်စက်တဲ့သူရော ၊ သူ့ယောက်ျားရော ၊
သူတို့ငှားနေတဲ့အိမ်ရှင်တွေရဲ့ နာမည်၊ ရာထူး ၊ ရပ်ကွက် နဲ့ဖြစ်စဉ်ဖြစ်တဲ့ရက်စွဲ အချိန် အတိအကျနဲ့တင်ပြထားတာ..၊ ကောလာဟလ အပုပ်ချတာပါလို့ဘယ်သူပြောဦးမှာလဲ…??
တာဝန်ရှိသူတွေထဲမှာ နား မျက်စိတွေပါရင် ၊ သားသမီးချင်းကိုယ်ချင်းစာတတ်ရင် ကြည့်မနေကြပါနဲ့ ။ ယူနီဖေါင်းလှလှလေးတွေနဲ့ အခမ်းအနားတွေမှာ တွေ့တွေ့နေရတဲ့
မိခင်နဲ့ကလေးစောင့်ရှောက်ရေး တို့ ၊ အမျိုးသမီးရေးရာတို့ကရော ဘယ်လိုကူညီကြမှာလဲ..?
လူ့အခွင့်အရေးကော်မရှင်ကရော ၊ ဒီဖြစ်စဉ်ကိုဒီအတိုင်းကြည့်နေတော့မှာလား…၊
အချိန်ကြာလာရင် အမှုတွေကပျောက်ပျောက်သွားတတ်လို့ လမ်းပြကြယ် ဦးအေးမြင့်တို့က
ပူပူနွေးနွေး ရာနှုန်းပြည့် ပြည်သူ့ထောက်ခံချက်ရရှိထားတဲ့ NLD ကတာဝန်ရှိသူတွေနဲ့
ပူးပေါင်းပြီး အမြန်ဆုံး ဆက်လက်လှုပ်ရှားကြဖို့ မေတ္တာရပ်ခံပါတယ်…..။

zzmyoe said...

ပဲခူးတိုင်း ၀န်ကြီချုပ်ခင်ဗျာ..ပြည်သူတစ်ယောက်ကိုရက်ရက်စက်စက် လုပ်တဲ့တရားသူကြီးကတော် ကိုစစ်ဆေးမေးမြန်းပြီး ထိရောက်သောပြစ်ဒဏ် ချမှတ်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ဒါမှလည်း ပြည်သူက တရားဥပဒေစိုးမိုးရေး ကိုလေးစားလိုက်နာမှာပါခင်ဗျာ။ ငါအာဏာ ရှိတာဘဲ ငါလုပ်ချင်တာ လုပ်မှာဘဲဆို ပြီးငါတကောကောနေရင် နိုင်ငံအကြီးအကဲ တွေရှေ့ကဦးဆောင် လုပ်နေတဲ့ တရားဥပဒေ စိုးမိုးရေး ဆိုတာဟာ သဲထဲရေသွန် ဖြစ်မှာပါဘဲခင်ဗျာ။

May Thet Nyi said...

သူ့ဟာသူ တရားသူကြီးကတော်မကလို့ ဘာကြီးပဲဖြစ်နေနေ မတရားသဖြင့် အနိုင်ကျင့် လူမဆန်တာကိုတော့ မှတ်လောက်သားလောက်အောင်ကို အရေးယူသင့်ပါတယ်..အရေးယူပေးကြပါ လို့ တောင်းဆိုပါရစေ..။
ခုကိစ္စမှာ တရားမျှတစွာ ဆုံးဖြတ်မပေးရင် နောက်နောင် ဒီလိုမျိုး လူမဆန်စွာ အနိုင်ကျင့်မှုတွေ ဖြစ်နေဦးမှာပါ...။

ကိုယ်ချင်းစာနာမှုမရှိလိုက်တာ။ သနားဖို့ကောင်းလိုက်တာ။

လူမှန် said...

ကိုယ့်တိုင်းပြည်မှာ ကိုယ့်လူမျိုးချင်းတောင် ဒီလို ဥပဒေမဲ့ အနိုင်ကျင့်ခံ နေရပါလား ဝဋ်ဆိုတာလည်တတ်တယ်နော် ကိုယ်အလှည့်ကျတော့ မနွဲစတမ်းပေါ့

dingyi said...

အော် သမီးလေး ၀ဋ်ရှိလို့ ခံရတာပဲ .... ပြုသူအသစ် ဖြစ်သူအဟောင်း တဲ့
သမီးရဲ့ဝဋ်ကျွေးတစ်ခုကျေသွားပြီလို့ ခံယူလိုက်ပါတော့ .... ဒီအတိုင်းတော့ ငြိမ်မနေနဲ့နော် ဆိတ်ကွယ်မှုဆိုတာ မရှိဘူးတဲ့ .. သမီးခံစားရတဲ့အတိုင်း အဲ့ဒီမိန်းမကြီး(ဒု တရားသူကြီးကတော်)လဲ ခံရမှာပါ ..
အမှန်တရားအတွက်၊ သမီးရဲ့ပေးဆပ်ရမှုအတွက်၊ လူသားအားလုံးအမှန်တရားအတွက် ဘာကိုမှ ကြောက်မနေနဲ့နော် ....
တရားဥပဒေနဲ့ဖြေရှင်းပါ သတ္တိရှိရှိပြောပါ.... အမှန်တရားကို ချစ်မြတ်နိုးတဲ့ လူတွေ
သမီးနောက်မှာ အများကြီးရှိနေတယ် .... ကိုယ်ချင်းစာတရားနဲ့ စာနာညှာတာတတ်တဲ့ လူသားများအားလုံး ဒေါ်ဖြူသက်ဝင်းဆိုတဲ့ လူအယောင်ဆောင်ထားတဲ့ တိရိစ္ဆာန်မကို ၀ိုင်းဝန်း၍ နှိပ်ကွက်ကြပါလော့

Ye Gyi said...

အိမ်ဖော်ကိုနှိပ်အခုလိုရက်စက်တာမကောင်းပါဘူးဗျာ။ အမှုဖွင့်ပစ်လိုက် အဲ့ဒါမှ နောက်ဆို ဘယ်သူမှမလုပ်ရဲတော့မှာ တရားစဲပစ်လိုက်ဗျာ။

Philip Kotler said...

မတရားမှု၊ မမျှတမှု၊ အနိုင်ကျင့်မှုဆိုတာတွေဟာ တကယ်တော့ လူ့အခွင့်အရေးဖောက်ဖျက်တာလဲဖြစ်သလို၊ ဥပဒေကြောင်းရလဲ ခွင့်လွတ်လို့မရပါဘူး။
ဒီနေရာမှာမေးချင်ပါတယ် မီးမလာတဲ့မီးတိုင်အောက်ထိုင်မိလို့ မှောင်ရိပ်ခိုမှုနဲ့ဆိုပြီး ဖမ်းတတ်တဲ့ ရတာကောက်နောက်ကိုပစ်ပေးကြတဲ့ မောင်မောင်ရဲများ၊ မကြာသေးခင်ကမှ လူသေမှုဖြစ်ထားတဲ့ (စစစ)များ၊ သတင်းအမှောင်မိနေတဲ့ ကိုကိုသတင်းတပ်ဖွဲ့ကရဲများ၊ စီအိုင်ဒီဆိုတဲ့ရဲများ၊ ဘာတဲ့ အစိုးရလူကြီးနဲ့မတဲ့တဲ့လူ ကြည့်မရတဲ့လူကို ကြိုက်တဲ့ပုဒ်မတတ်ဖမ်းခွင့်ရှိတဲ့ (စရဖ)ဆိုလား အဲ့ကောင်တွေကကော ဒီလိုကိစ္စတွေကျတော့ သတင်းအစအနလေးတောင်မသိကြဘူးလား ဘာလုပ်နေကြလဲ သူတို့အချင်းချင်းကြတော့ ကိုကြီးညီလေးနဲ့ ခံစားနေရတဲ့လူကကြည့်ဦး ပြည်ထဲရေးပြည်ထောင်စုဝန်ကြီးဆိုတဲ့ ဒု-ဗခက တိုတို ဆိုတဲ့ ဘဲဘဲကလဲ ဒါမျိုးကြတော့ အရေးမယူတော့ဘူးထင်တယ်နော် ခံပြင်းဖို့ကောင်းတယ် မင်းတို့ သမီးဆိုဘယ်လိုလုပ်မလဲ မသာတွေ။
နောက်ထပ်မေးချင်ပါသေးတယ်
အဲ့ဒီကောင်မရဲ့လင်ကကော ဥပဒေဘက်တော်သားဆိုပြောတော့ ဘာတရားတာလဲ ကိုယ့်ရှေ့ပြည်သူတစ်ယောက်စော်ကားနှိပ်စက်ခံနေရတာကို ဘာလို့အရေးမယူတာလဲ အဲ့လိုဆိုရင် မင်းမိန်းမကို အရမ်းငတ်ပြတ်ပြီးပြန်လာတဲ့ ရှေ့တန်းပြန်ရဲဘော်တွေတစ်သိုက်က ကြိတ်သွားတယ်ဆို သြော်ငါကုသိုလ်ကြီးရလိုက်တာပဲဆိုပြီးကြေနပ်လွန်းလို့ဆိုပြီးနေနိုင်မလား ခွေးမသား ဒုတရားသကြီး...
ပဲခူးသူ/သားများ အဲ့ဒါကိုကိုင်တွယ်နိုင်တဲ့ ဥပဒေဘွဲရ ရှေ့နေတွေဘာတွေမရှိဘူးလား....အားပါးပါး...မခံစားနိုင်ဘူး ထားပါ ရှေ့နေဆိုတာလဲ ပိုက်ဆံရမှအလုပ်ဖြစ်မှာကိုး.... ရပ်မိရပ်ဖများကူညီပေးလိုက်ကြပါအုံးဗျာ... ကြာရင်မလွယ်ဘူး...

la min nge said...

ညီမလေး
တရားသူကြီးကတော်မကလို့ ဘာပဲဖြစ်နေနေ တိုင်ပါ ကြောက်စရာအကြောင်းမရှိပါဘူး ရက်စက်လိုက်ကြတာ ဘယ်လိုလူဖြစ်လာလဲမသိဘူး တော်တော့ကိုရက်စက်ကြတဲ့လူတွေပဲ

dingyi said...

အော် သမီးလေး ၀ဋ်ရှိလို့ ခံရတာပဲ .... ပြုသူအသစ် ဖြစ်သူအဟောင်း တဲ့
သမီးရဲ့ဝဋ်ကျွေးတစ်ခုကျေသွားပြီလို့ ခံယူလိုက်ပါတော့ .... ဒီအတိုင်းတော့ ငြိမ်မနေနဲ့နော် ဆိတ်ကွယ်မှုဆိုတာ မရှိဘူးတဲ့ .. သမီးခံစားရတဲ့အတိုင်း အဲ့ဒီမိန်းမကြီး(ဒု တရားသူကြီးကတော်)လဲ ခံရမှာပါ ..
အမှန်တရားအတွက်၊ သမီးရဲ့ပေးဆပ်ရမှုအတွက်၊ လူသားအားလုံးအမှန်တရားအတွက် ဘာကိုမှ ကြောက်မနေနဲ့နော် ....
တရားဥပဒေနဲ့ဖြေရှင်းပါ သတ္တိရှိရှိပြောပါ.... အမှန်တရားကို ချစ်မြတ်နိုးတဲ့ လူတွေ
သမီးနောက်မှာ အများကြီးရှိနေတယ် .... ကိုယ်ချင်းစာတရားနဲ့ စာနာညှာတာတတ်တဲ့ လူသားများအားလုံး ဒေါ်ဖြူသက်ဝင်းဆိုတဲ့ လူအယောင်ဆောင်ထားတဲ့ တိရိစ္ဆာန်မကို ၀ိုင်းဝန်း၍ နှိပ်ကွက်ကြပါလော့

အမှန်တရားဘက်တော်သား said...

ဖြစ်ပျက်တဲ့နေရာက ပဲခူးတိုင်းဒေသကြီး၊
လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ် နှိပ်စက်သူကတရားသူကြီရဲ့ဇနီဲဖြစ်တဲ့အတွက် ထက်ထက်မိုးဦးအမှုကို
စံပြထား၍ အရေးယူမည်။ ပါးရိုက် ဒါဏ်ငွေ၁၀၀၀၊ မီးပူကပ် ဒါဏ်ငွေ၁၁၀၀၊
ဒါးထိုး ဒါဏ်ငွေ၁၂၀၀။

Killer said...

ဘယ်ဂျောင်ရောက်နေလဲ သုံးစားမရတဲ့ အမျိုးသမီးရေးရာ...

Thet said...

စိတ်နေ စိတ်ထား နုံချာ၍ တရိစ္ဆာန်ကဲ့သို့ ကျင့်ကြံသော ဒေါ်ဖြူသက်ဝင်း

KKZ said...

ဒီသတင်း အမှန်ဆိုလျင် စနစ်ဆိုးတွေ မပျောက်သေးပါ

myatnoethu said...

တရားကိုနတ်စောင့်ပါတယ်ဗျာ.....အလို....အဲဒီနတ်တောင်...ဘယ်ရောက်သွားပါလိမ့်...အော်သိပြီ..သိပြီ....တရားကိုစောင့်တဲ့နတ်နေရာ.......လစ်လပ်နေတာ...နှစ်ပေါင်း ၂၀ တောင်ကျော်ခဲ့ပြီပဲ........

pagokhaing said...

တော်တော်ရက်စက်တဲ့မိန်းမဘဲ

Anonymous said...

ကလေးသူငယ် ညင်းပန်းနှိပ်စက်မှု ဥပဒေ ရဲ့ ပြစ်ဒါဏ် က ဘာလဲ သိချင်တယ် . . ယခင် လဖ္ဘက်ရည်ဆိုင်းက ကောင်လေးကို နှိပ်စက်မှု့ မှာတော့ ဆိုင်ပိုင်ရှင် ထောင် ၇ နှစ် ကျသွားတယ် . . အခု တရားသူကြီးရဲ့ မိန်းမ ကိုယ်တိုင်က ဒီအမှု ကို ကျူးလွန်တယ်ဆိုတော့ ဘယ်လို ပြစ်ဒါဏ်မျိုးပေးမလဲ သိချင်တယ်. . တရားရေးမဏ္ဍိုင် ဘယ်လောက် မျှတ မှန်ကန် မှု ရှိမရှိ ဒီမိုကရေစီ ကို တန်ဖိုးထားသော နိုင်ငံသားအားလုံးက ဒီအမှု ကို မျက်ခြေမပျက်စောင့်ကြည့်နေပါသည်. . .

ashinarezerar@gmail.com said...

တရားနှင့်ဖြေရှင်းလို့မရဘူးဆိုရင်၊ သူတို့နဲ့ထိုက်တန်တဲ့တန်ပြန်ရက်စက်မူ့နှင်ဖြေရှင်းသင့်တယ်လေ။

မြတ်နိုး said...

ညီမလေးအေးယုအောင်ရေ..........
ညီမလေးခံရမယ့်ဝဋ်ကြွေးကြောင့်ခုလိုခံရတာပါ။ဒါပေမယ့်ဒုတရားသူကြီးကတော်အတွက်တော့စိတ်မကောင်းဘူး။သူကတော့ခုမှလတ်လတ်ဆတ်ဆတ်အကုသိုလ်အသစ်ကိုယူသွားရှာပြီ။
ဒုတရားသူကြီးကတော်ကိုတော့ဒေါထွက်မနေနဲ့ညီမရေ
လောဘ၊ဒေါသ၊မောဟ၊ပါတဲ့အလုပ်ကအကုသိုလ်အလုပ်တဲ့။
ကိုပြုခဲ့ဖူးတဲ့ဝဋ်ကြွေးကြောင့်ညီမလေးဒီဘဝမှာဒီခန္ဓာနဲ့ပြန်ပေးဆပ်နေရတာပါ။
ညီမလေးလဲတ၇ားနှလုံးသွင်းပြီးဘယ်သူကိုမှဒေါသမထွက်ဘဲမေတ္တာသက်သက်နဲ့သာဆက်ဆံလိုက်ပါနော်။

moe said...

တော်တော်လေးကိုမိုက်ရိုင်းတာပဲနော် သူများအသားကို
ကိုယ့်အသားနည်းနည်းထိကြည့်ပါလား ဘယ်လောက်များနာသလဲဆိုတာ
ရက်စက်လွန်းတယ်

Anonymous said...

အဖြစ်မှန်လည်းဖြစ်တယ်၊ တိုင်ချင်တယ်ဆိုရင် သက်ဆိုင်ရာ ရဲစခန်းမှာ ဖြူဝင်းသက်ရဲ့ မီးပူနဲ့ကပ်တာခံရတယ်၊ မတိုင်ဖို့ခြိမ်းခြောက်ခံရတယ် စသည်ဖြင့်တိုင်ချက်ဖွင့်လိုက်ရင် ရဲစခန်းက ပြစ်မှုပုဒ်မ ၃၂၆ (သို့) ၃၂၄၊ ၅၀၆ တို့ (ဆေးစာပေါ်မှုတည်ပြီး) နဲ့ ပထမသတင်းပေးတိုင်ချက်ဖွင့်ပြီး ချက်ချင်းအရေးယူဆောင်ရွက်ပေးပါလိမ့်မယ်။ ခြိမ်းခြောက်တဲ့နေရာမှာ အောင်ဖုန်းဝင်းပါပါတယ်ဆိုရင် အောင်ဖုန်းဝင်းကိုလည်း အမှုဖျောက်ဖျက်မှု၊ ခြိမ်းခြောက်မှုတို့နဲ့ ဖြူဝင်းသက်နဲ့အတူ ပူးတွဲအရေးယူလို့ရပါတယ်။ တကယ်တိုင်ချင်တယ်ဆိုရင် မတရားခံရတယ်ဆိုရင် ရဲစခန်းမှာတိုင်လိုက်ပါ။ မကြာခင် အဖြေသိကြရပါလိမ့်မယ်။ ဥပဒေရဲ့ အထက်မှာဘယ်သူမှ မရှိပါဘူး။

soecyclone said...

တော်တော်ကိုရက်စက်ကြမ်းကြုတ်ပြီးလူမဆန်စွာလုပ်ခဲ့တဲ့လုပ်ရပ်ပါ၊တရားခံက
တရားသူကြီးကတော်မကလို့သမ္မတကတော်ဖြစ်နေနေဥပဒေကဥပဒေပါပဲ၊
ရာဇ၀တ်မှု့ပြေးမလွတ်လို့မင်းတို့ပဲပြောခဲ့တာလေ!အခုကိစ္စကလည်းရာဇ၀တ်မှု့
ထဲမှာပါတယ်၊လူတစ်ယောက်ကို,ကိုထိလက်ရောက်ကျူးလွန်မှု့နဲ့တရားဆွဲလို့ရ
ပါတယ်၊အော်!တရားဥပဒေဆိုးမိုးရေးဆိုတာဒါကိုပြောတာလား?အခုလိုပူပူနွေး
နွေးဖြစ်စဉ်ကိုအချိန်မနှောင်းစေပဲချက်ချင်းအထက်သို့တိုင်ကြားစေချင်ပါတယ်၊

Myanmar said...

ကွန်မန့်ရေးတဲံ ညီအစ်ကို အပေါင်းတို့ သိတာလေး မျှဝေလိုက်ဦး (မဆလ )ခေတ် လူပျောင်းများပြောသလို (မဆလာခေတ်)အဲဒိအချိန်တုံးက ချစ်တီးပေါလို့ပါ ..။ အဲ မဆလ အချိန်တုံးက ကွမ်းအစ် လူကြီးဆိုတာရှိခဲ့တယ် သူကဘယ်တော့မှ တရားခံရ့ရှေ့မှာ သမာဓိရှိတယ် ..သူရဲ့ကတော် အမိန့်အရ တစ်နေ့ ကွမ်းစားရတယ် အဲဒိကွမ်းအစ်က သူကြီးစားဖို့မဟုတ် အရောင်ဆောင် စားပါ တ၇ားခံအိပ်ရောက်ရင် ကွမ်းအစ်ကို ထိုးပေးလိုက်တယ် အလိုက်တသိ တရားခံက ကွမ်းအစ်ထဲ ၇၅ တို့ ၃၅ တို့ ၂၅ တို့ ထည့်ပေးလိုက်ရတယ်.. အဲလိုအရွက်တွေ များကြီးပေါ့။ တစ်နေ့ အဲဒိသူကြီးကတော်က အခုကလေးပုံစံလေးလို မတရားနှိပ်စက်ခံရတော့ အားခိုးရာမဲ့ ဖြစ်ခဲ့တယ် ..။ နောက်ဆုံးတော့ အဲဒိကလေးမိသားစု အားကိုးရာမရှိတော့ ကိုးကွယ်နေကြ ဆရာတော်ကို ဖြစ်စဉ်အကုန်ပြောပြတော့ ဆရာတော့ရဲ့ မှတ်ချက်က ငါက ဘုရားဟောတဲ့တ၇ားတော်ကို ပိုင်နိုင်တာတဲ့ မြို မတရားသူကြီးရဲ့ရားကို မသိဘူးတဲ့ ။။ပုံပြင်လေးကတော့ ဟိုအရင်ကပါ..။

နိုင်နိုင် said...

ဒါအနိုင်ကျင့်မှု၊သားသမီးချင်းကိုယ်ချင်းမစာနာတက်မှုတွေပါ တစ်ကယ်လို့ ကောင်မလေးမှာ အပြစ်တစ်စုံတစ်ရာရှိခဲ့မယ်ဆိုတောင်ဒီလောက်ထိ မရက်စက်သင့်ပါဘူး၊ဒေါ်ဖြူသက်ဝင်း မိုင်းရိုင်းတဲ့အပြုမူဟာ အရမ်းကိုစိုးရွားလွန်းလှပါတယ် တစ်ဖက်မှာ အားကိုအားထားရာ ဖခင်လည်းမရှိပိုမစိုးရှုာဘူးလား ဘာဖြစ်ဖြစ် တရားစွဲအမှုဖွင့်သင့်ပါတယ် တရားသူကြီးဆိုတာ ဘာတဲ့လည်းဗျ မတရားတာကို တရားလုပ်ချင်တော့ အားလုံးမှာတာဝန်ရှိနေပါပြီး လူလူချင်းဝိုင်းဝန်းကူညီကြရအောင်လားဗျာ..

goldenduck said...

လမ်းပြကြယ် အိပ်နေတာလားကွယ် ထတော့ မြန်မာ မြန်မာ ထတော့

shanshan said...

ကောင်မလေးကရုပ်ရည်လည်းရှိတယ်နော်...သနားပါတယ် လူတွေဘာလို့အဲလောက်တောင်အကြင်နာတရားခေါင်းပါးရတာလဲ...

အိတုတ် said...

ကဲပါ တရားစွဲတွေဘာတွေလည်းလုပ်မနေနဲ့တော့ ထက်ထက်မိုးဦးအမှုလိုဖြစ်နေဦးမယ် ဘဲစားဘဲခြေပေါ့ သူ့ကိုလည်း မီးပူနဲ့ပြန်ကပ်လိုက်ကွာ ဒါမှလည်းကိုယ်ချင်းစာစိတ်လေးလည်းရှိသွားအောင်

shanshan said...

ကောင်မလေးကရုပ်ရည်လေးလည်းရှိတယ်နော်...သနားပါတယ်..
လူတွေဘာလို့အဲလောက်တောင်အကြင်နာတရားခေါင်းပါးရတာလဲ....

Nate Mandal said...

တရားဥပဒေစိုးမိုးရမယ့် အချိန်ကိုရောက်ပြီ။ ဥပဒေအထက် မည်သူမျှမရှိစေရ။ ကူညီပြီး တိုင်ကြား အမှု ဖွင့်ပေးကြပါ။

cho zin said...

သနားစရာ ကောင်းပါတယ် အိမ် ဖော် မ လေး က ...အဲဒီ လူ သား မဆန် တဲ့ တရားသူ ကြီး မိန်းမ ရဲ့ လုပ်ရက် က မုန်းတီးစရာ ကောင်း တယ်.လူ လူ ချင်း ကိုယ် ချင်း မစား တတ် တဲ့  ဟို တရားသူ ကြီး မိန်းမရဲ့ လုပ် ရက် က ကြောက် စရာ ကောင်း တယ်....သိ နား လည် တဲ့ လူ တွေ နဲ့ ပူ ပေါင်း ပြီး အမူ ဖွင့် သင် ပါ တယ်.

Thaung Htike said...

ကိုသစ်..
ဒီကလေးမလေး..ဒဏ်၇ာကြီးနဲ့..ခုလို.ဖြစ်နေတဲ့ပုံမြင်တော့.
စိတ်မကောင်းဖြစ်မိတယ်..တတ်နိုင်သလောက်.စလုံးငါးဆယ်
လောက်ဖြစ်ဖြစ်ပေါ့..လှူချင်တယ်.ဘယ်လိုဆက်သွယ်ရမလဲ.
Best Regards,
PoeHarp

Ko Htet said...

Clean Government ကလူတွေ ကြည့်လုပ်နော်-----

saisai66 said...

အဆင့်အတန်းကိုဖေါ်ပြနေတာလေ...ငွေရှိလို့ ကတော်ဖြစ်နေတာထင်တယ်..ပညာအဆင့်ကိုရှိမှာမဟုတ်...သေချာတယ်..
မြန်မာပြည်မှာဒါမျိုးတွေ..ရှိနေသမျှကာလ..တိုးတက်အုံးမယ်...ပညာရှိတယ်ဆိုတာ ဘွဲ့ဒီဂရီတွေကိုပြောတာမဟုတ်ဘူး...အမှန်အမှားဝေဖန်ပိုင်းခြားတတ်တာကိုပြောတာ တရားသူကြီးကတော်ရဲ့...

MaChit said...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ ဦးဝင်းတင်၏အိမ် က Phone

4,Bo Min Yaung 1st St,7/2nd Qr,Oaktha Myothit
BAGO , BAGO-EAST
052 - 30508

lwannaymie said...

တော်တော်ယုတ်မာတဲ့...ကောင်မဘဲ...ဖွတ်နဲ့စပ်ပြီးမွေးတဲ့ကောင်မ။
အလိုက်ကန်းဆိုးမသိတဲ့မိန်းမဆိုတာ...ဒါမျိုးပေါ့...ယောင်္ကျားကအန္တရာယ်တောထဲမှာမြွေ(မှားလို့...ငွေ)ရှာနေရတဲ့...ယခုအချိန်မှာ...ငါ့ထက်မိုက်ပြနေတယ်။

M.ZawLatt said...

မ ဖြူ သက် ဝင်း ။လူ့ ဘ ဝ က တို တို လေး ပါ ။။မျက် စိ တစ် မှိတ် ရေ တစ် ပွက် စာ လေး မှာ လူ တစ် ယောက် မှာ ရှိ သင့် တဲ့ ကိုယ် ခြင်း စာ တ ရား လေး ထား ကြည့် ပါ ၊လူ မှန် ရင် ပေါ့ ။.

မောင်ရင်ငယ် said...

အမှုသွားဖွင့်လည်းအလကားပဲ...တ၇ားရုံးဆိုတာမျိုးက သူတို့လုပ်ချင်တာလုပ်တာ..

N2N said...

တရားသူကြီး ကတော်ကြီး Buddha ဘာသာမဟုတ်ဘူးလား? ဆီပူအိုးကိုင်ရင် သတိထား လက်က ယောင်ပြီး အိုးထဲနိုက်မိလိမ့်မယ်

Thazin said...

သို့
ကိုသစ်ထူးလွင်

ဒီလိုအားနည်းပြီးငုံ့ခံနေရတဲ့ လူတွေအတွက် သူတို့လောလောဆယ်ခံစားနေရတဲ့ ဘ၀ မှ ရုန်းထွက်နိုင်အောင် ကူညီချင်ပါတယ်။ ဘယ်လိုကူညီရမှန်းလဲ မသိပါဘူး။ ဒါ့ကြောင့် သူတို့ဆီကို
ရောက်နိုင်မယ့် နည်းလမ်းမျိုးနဲ့ ဒါန ပြုချင်ပါတယ်။ တစ်ယောက်တစ်အား ၀ိုင်းစု ရင် သူတို့လက်ရှိဘ၀ ကို အထောက်အကူပြုပေးနိုင် မယ်ထင်ပါတယ်။ ရံပုံငွေ သို့ ထိုခလေးမလေးအတွက် သီးသန့် အနေဖြင့် အလှူငွေလက်ခံ နိုင်ရေးအစီအစဉ် မျိုး ရှိပါလား ၊ သို့ မရှိသေးရင်လည်း နီးစပ်ရာမှ တဆင့် စုရ်ျကူညီမှုလက်ခံ ရေး
အစီအစဉ်လေး ဆောင်ရွက်ပေးစေလိုပါသည်။

Aung San Win said...

သေချာသွားပြီ။ သူတို့ ဥပဒေ အထက်မှာ သူတို့မိန်းမတွေရှိနေကြတယ်။ ဒါကြောင့် သူတို့ ငြိမ်နေတာ ဟုတ်တယ်မလား ဦးအောင်ဖုန်းဝင်း။ နိုင်ငံကြီးတွေမှာ သူတို့တွေ အမှားလုပ်မိရင် သူတို့ကိုယ်တိုင်ဝန်ခံပြီး သူတို့ပဲတာဝန်ယူတယ်။ အခု မင်းကရော ဘယ်လိုတာဝန်ယူမလဲ အောင်ဖုန်းဝင်း။

Anonymous said...

သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ
ကူညီဝိုင်းလို့ မှိုင်းမတော်မူကြပါ
ပြစ်မထားကြပါနဲ့
gods see the truths but wait....
how long?

Aung Zay Ya said...

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်(နယ်မြို့ ရုံးခွဲများ)



Legal Aid Project ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(

female survivos of gender based violence) အမျိုးသမီးများအတွက် အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲ ဥပဒေကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်။ ပဲခူးရုံး

အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊

ပဲခူးမြို့။၀၉-၇၃၁၂၆၄၂၅

thihathuya said...

မီဒီယာ.လမ်းကြောင်းတွေပွင်းလင်းလာတဲ့.ဒီလိုအဖြစ်အပျက်တွေ မျက်မြင်ကိုယ်တွေ့.ပြည်သူသိရတာပါ.ဒီထက်ဆိုးဝါးတဲ့အများကြီးရှိပါသေးတယ်.မြေနိမ့်ရာလှံစိုက်ကြတာ.ဒါဟာလူသားတစ်ယောက်အပေါ်လူသားတစ်ယောက်ရဲ့လူမဆန်တဲ့.ညှင်းပန်းနှိပ်စက်မှု့ပါ.မတရားမှု့တွေဖော်ထုတ်ပေးကြပါ..ထိုက်တန်တဲ့အပြစ်ဒဏ်ပြန်ခံကြပါစေ..

kyinnane said...

ကဲအမှုကိုဒီလိုစဉ်းစားမယ်၊ကလေးမအမေသည်ပြည်သူ့.လွတ်
တော်ဥကဌ၏အိမ်ငှါး၊ကလေးမသည်နာဂစ်ကာလကပျောက်သွားတဲ့ သမတ ရဲ့ အမျိုး ကဲ ဦး ထွန်းရှင် ဘာလုပ်မလဲ?

တင်ဇော်မိုး said...

ဒီကလေး အတွက်ကူညီချင်ပါတယ်။တတ်နိုင်သလောက်ပေါ့ ။ ဘယ်လိုကူညီရလဲ။

ပုဂံစစ်သည် said...

မရှိလို့်လုပ်စားတာကို စာနာစိတ်ကလေးတော့ထားသင့်ပါတယ်လေ။ တရားသူကြီးကတော်ဆိုတော့ ပိုပြီးတော့တောင်နားလည်မှုရှိရမှာပေါ့။ ဒီကလေးအသိုင်းအဝိုင်းကတော့ တရားစွဲရဲမှာမဟုတ်လောက်ဘူး။ နီးစပ်ရာမိဘပြည်သူများ ဝိုင်းဝန်းကူညီပေးစေချင်ပါတယ်ဗျာ။

ပုဂံစစ်သည် said...

မရှိလို့်လုပ်စားတာကို စာနာစိတ်ကလေးတော့ထားသင့်ပါတယ်လေ။ တရားသူကြီးကတော်ဆိုတော့ ပိုပြီးတော့တောင်နားလည်မှုရှိရမှာပေါ့။ ဒီကလေးအသိုင်းအဝိုင်းကတော့ တရားစွဲရဲမှာမဟုတ်လောက်ဘူး။ နီးစပ်ရာမိဘပြည်သူများ ဝိုင်းဝန်းကူညီပေးစေချင်ပါတယ်ဗျာ။

Myanmar said...

လွှတ်တော်အမတ်အိမ်မှာ ဖြစ်တာပါ။ ပြည်သူအကျိုးကို သည်ပိုးမဟဲ့ဆိုပီး ပြည်သူက ယုံကြည်လို့ေ၇ွးကောက်တင်မြှောက်လိုက်တာပါ။ အားနဲတဲ့ ပြည်သူဘက်က ၇ပ်တည်ပါ။ လွှတ်တော်အမတ် ဒီကိစ္စကို မဆိုင်သလိုပြစ်မထားပါနဲ့။ နိုင်ငံအဆင့်ဝန်ထမ်းပီသပါ။ တာဝန်သိပါ။ တာဝန်ယူပါ။ သိပ်၇ှက်စ၇ာကောင်းတယ်။ ဥပဒေစိုးမိုးေ၇းကို ပစ်ထားတဲ့ ကိုသိန်းစိန်တို့အဖွဲ့ ကလေးမလေးပါကွာ အေ၇းမကြီးပါဘူးလို့မထင်ပါနဲ့။ တစ်နိုင်ငံလုံးမှာ တ၇ားဥပဒေမ၇ှိတော့ပါဘူး။ လက်တွေ့ အမြန်ဆုံးအေ၇းယူပေးပါ။ ။

Myanmar said...

လူစိတ်မရှိတဲ့ တရားသူကြီးကတော်ကိုကြည့်မနေပဲ ထိုက်တန်တဲ့အပြစ်ဒဏ်ကိုပေးဖို့ သက်ဆိုင်ရာမှဝိုင်းဝန်းဖေါ်ထုက်အရေးယူပေးသင့်ပါတယ်ခင်ဗျာ...ဒါမှလည်းတရားမျှတမှာပေါ့ဗျာ...ထက်ထက်မိုးဦး ရဲ့ အမှူလိုဒဏ်ငွေ ၁၀၀၀ကျပ် လို့ တောမဖြစ်စေချင်ဘူးဗျာ.ထိုက်တန်တဲ့အပြစ်ဒဏ်တော့ပေးစေချင်တယ်ဗျာ

Life in Japan said...

သက်ဆိုင်ရာရဲစခန်းကိုသွားပြီး မီးပူကပ်ခံရတယ်၊ မတိုင်ဖို့ခြိမ်းခြောက်ခံရတယ်ဆိုပြီး တိုင်လိုက်ပါ။ ပါဝင်ပတ်သက်သူ (ဖြူဝင်းသက်နဲ့ အောင်ဖုန်းဝင်း) တို့အားလုံးအရေးယူခံရပါလိမ့်မယ်။ တရားလွတ်တော်ချုပ်တရားသူကြီးကလဲ ဘာမဟုတ်တဲ့ ဒီလိုဒုမြို့နယ်တရားသူကြီးတစ်ယောက်အတွက် ဂရုစိုက်နေမှာမဟုတ်ပါဘူး။ မှန်ရာကို ဆောင်ရွက်ပေးမှာပါ။ မတိုင်ရင်တော့ ဘယ်လိုမှဆောင်ရွက်ပေးလို့ မရဘူးလေ။ ခုလောက်ဆို အောင်ဖုန်းဝင်းလည်း ပြုတ်တော့မလား ပြောင်းရမလားဆိုပြီး ဖင်တုန်နေလောက်ပါပြီ။

childhood said...

တကယ်ကို လူမဆန်တာဘဲ...လူကမွေးထားတာမှ ဟုတ်ရဲ့ လား မသိဘူး ....

ko thu said...

ဘ၀ပေးအခြေအနေကြောင့်ကိုယ့်ဆီမှာ အိမ်ဖော်အလုပ်နဲ့ပိုက်ဆံရှာနေတဲ့ အိမ်ဖော်မလေးကို အဲလိုတောင် ရက်စက်ရသလား?ဘယ်လို့လူစားမျိုးလဲ..တော်တော် ယုတ်မာပက်စက်တဲ့ အဖွားကြီးပဲ.......သနားစရာကောင်းလိုက်တဲ့ ညီမလေးရယ်

minhtike said...

ဥပဒေ၇ဲ့အထက်မှာဘူတူမှမရှိဘူး။ အလိုအပေါ်ကဘာပါလိမ့်
(ရစက)(မယက)(စစည)(ဘဘ)အဲ အဲ အဲဒီကကြီး၊ခခွေးတွေကလွဲလို့။
ဘဘကြီးတွေလဲရှိပါသေးတယ်ဗျ ခင်ညာတို့ ကလဲ

Anonymous said...

သူ.ကိုသူတရားသူကြီးကတော်ဆိုပြီးမိုက်ရိုင်းတာ။
အဲဒါကိုသူကမသိလို.အဲဒါလေအောက်တန်းကျတဲ.လုပ်ရပ်သိလား။
အေးပေါ.သူကအတန်းပညာကိုမသင်ခဲ.ရဘူးထင်ပါတယ်။
အဲလိုအလုပ်မျိုးကိုလေအောက်တန်းစားတွေမှလုပ်တာလေ။
ပြောလိုက်ကြပါဦးသူ.ကိုသနားပါတယ်သူမသိရှာဘူး။
သူ.ကိုသူအရာရှိမိန်းမဆိုပြီးတော.မာန်တက်နေတယ်။ဟင်.
ဝဋ်လည်မယ်ကွယ် တစ်ချိန်ကျရင်မှတ်ထားပါ။
ခုထက်လေးငါးစလောက်ကိုလည်မှာသိလား။
သူ.အလှည်.ကျရင်လေသံရည်ပူနဲ.လောင်းချခ့ရမယ်။

KO KO said...

တရားသူကြီးကတော် ကမတရားတာလုပ်တယ်ဆိုတော့ ကြားရတာမကောင်းဘူးဗျာ

pyechatthu said...

လူ ဖြစ် ပြီး လူ မဆန် စွာ နှိမ့်စက် ညင်းပန်း ခိုင်းစေ ခံ ခဲ့ ၇ တဲ လူ တွေ အတွက် တကယ့် တကယ် လုပ် ပေး နိင် တဲ အဖွဲ အစည်း အတွက် ပေး ပို လှူ ဒါန်း နိင် ၇န် တင် ပေး ပါ။
လူ မဆန် စွာ ပြူ မှူ တဲ့ လူ တွေ လည်း အကျိုး ပေး ကောင်း ပါ စေ.။။။။

Aung Hein Khant said...

တော်တော်ဆိုးတဲ.သူပါလား

ဝေဖန်ရေးသမား said...

လွှတ်တော်ကိုတိုင်ဗျာ ဒေါ်စုနဲ့  လွှတ်တော်ကိုယ်စားလှယ်အစစ်အမှန်တွေ လွှတ်တော်ထဲရောက်နေပြီ

genius said...

ဒီကိစ္စကိုစံနမူနာအဖြစ် အရေးယူပြရင် ဆင်းရဲသား ပြည်သူ အမျိုးသမီးငယ်လေးတွေရဲ. ဘ၀တွေကို ကယ်တင်ရာရောက်မယ်ဆိုတာ သူရဦးရွှေမန်း စတဲ.ခေါင်းဆောင်ကြီးတွေသိမှာပါ။ ဒါပေမယ်.ငွေကြေး လဘ်ထိုး လာမှာကလည်း ----.....----

ကိုယ်ချင်းစာသူ said...

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်(နယ်မြို့ ရုံးခွဲများ)



Legal Aid Project ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(

female survivos of gender based violence) အမျိုးသမီးများအတွက် အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲ ဥပဒေကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်။ ပဲခူးရုံး

အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊

ပဲခူးမြို့။၀၉-၇၃၁၂၆၄၂၅)
ပဲခူးမြိုခံ အဖွဲ့ကမို့လားခင်ဗျာ ကလေးအတွက် ကူညီခြင်ပါတယ်
ဘယ်လိုကူညီရမလဲ ပြန်ကြားပေးပါ။ ဖြစ်ရပ်က စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဘယ်အဖွဲ့အစည်းက တာဝန်ယူ လုပ်မဆောင်ပေးမည်ဆိုတာကို သိချင်ပါတယ်။ ကျွန်တော် တက်နိုင်သလောက် ကလေးအတွက် ကူညီချင်ပါတယ်။ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်(သို့)အဖွဲ့ လေးရှိရင် ပြန်ကြားပေးပါခင်ဗျာ

sean said...

ဟား ..ဟား.. မြန်မာနိုင်ငံက လက်ရှ တရား သူကြီး ကတော် အပြင်းအထန် နာကျင် စေမှု ကို အေးအေးဆေးဆေး ကျူးလွန်သွားတယ်...

shwemashone said...

ဒီအမှုကို တရားမျှတအောင်ဖြေရှင်းပေးပါ.
ဒါမျိုးတွေက ရိုးနေပြီ ဆိုပြီ ရယ်မောမနေနဲ့ဦး.၀ဋ်လည်တတ်တယ်နော်.
လောကကြီးမှာ ပျော်ပျော်နေချင်သေးရင် ကိုယ်ချင်းစာပါ.

ပိုင်ပိုင် said...

ဒါလဲတစ်ထာင်ပဲလား

phyothetnaing said...

ကိုသစ်
ကလေးမလေးကို ကူညီချင်တယ် ဘယ်လိုဆက်သွယ်ရမလဲဆိုတာပြောပေးပါ။ ဘာပဲပြောပြော ကျွန်တော်တို့ကမြန်မာလူမျိုးတွေလေ။ ဘုရားနဲ့တရားနဲ့နေ တာပါ။ လူအချင်းချင်းရိုင်းပင်းကြပါလို့...

Htet Htet said...

အခု သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံအဖြစ်သွားနေပါတယ်ဆိုပြီး ကြိုးစားနေချိန်မှာ တိုင်းသူပြည်သားတွေကပါမကျန် လိုချင်တဲ့ပန်းတိုင်ရောက်အောင် အတူတကွကူညီလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရားသူကြီးတွေကလည်း တရားမျှတမှု နှင့် တရားဥပဒေစိုးမိုးရေးရှုထောင့်ကနေ နစ်နာသူလူထုတွေကို တရားမျှတတဲ့လုပ်ဆောင်ချက် ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။ မည်သူမည်ဝါဖြစ်သဖြင့် ဘက်လိုက်မှုကင်းရပါမယ်။ အခုဖြစ်တဲ့ ကိစ္စမှာ တရားသူကြီးရဲ့ ဇနီးလည်းဖြစ်တယ် ရက်စက်တယ်(ညှင်းပမ်းနှိပ်စက်မှု) ပြစ်မှုမြောက်မယ်ဆိုတာ သိသိနဲ့ သနားညှာတာမှုကင်းမဲ့စွာနဲ့ မီးပူနဲ့တိုက်တယ်ဆိုတာ ပြစ်မှုတစ်ခုကို ကျူးလွန်တာဖြစ်တဲ့အတွက် တရားသူကြီးအနေနဲ့ ဘယ်လိုဆုံးဖြတ်ပေးမလဲ။ ငွေကြေးနဲ့ဆုံးဖြတ်မှာလား။ ထိုက်ထိုက်တန်တန် အပြစ်ပေးမှာလား။ ဒီကလေးမလေးကို ဘယ်လိုကုစားပေးမလဲဆိုတာ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူတွေအားလုံးနားစွင့်နေမှာပါ။

မြတ်နိုး said...

commentပေးကြသော အကို အမ အပေါင်းတို့.........
မအေးယုအောင်နှင့် ပတ်သက်ပြီး သိချင်သော အကိုအမများနှင့် လှုဒါန်းချင်ကြသော သူများအားလုံး

မကြေးမုံဦး
ဖုန်းနံပါတ် +959 517 26 17 သို့ ဆက်သွယ်လှုဒါန်းနိုင်ပါကြောင်း
အသိပေးအပ်ပါတယ်။

sebin.mgmg said...

လက်လွတ်စပယ်တွေမလုပ်ကြပါနဲ့ဗျာ။ ကိုယ်နိုင်တိုင်း အနိုင်ကျင့်တာ မကောင်းပါဘူးဗျာ။ ဒါပေမဲ့ သူတို့လိုလူတွေမှာက ကိုယ်ချင်းစာတရားတွေ မရှိကြတော့ဘူးဗျ။ သား/သမီးချင်းလည်း ကိုယ်ချင်းစာစိတ် မရှိကြတော့ဘူး။

Mee Mee said...

ဖြစ်မှဖြစ်ရလေညီမလေးရယ်

Anonymous said...

ဒီလောက်လူသားချင်း မစာမနာ နှိပ်စက်တဲ့ ဒီအမျိုးသမီးဟာ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ပြည့်စုံတဲ့ ပညာတတ် အမျိုးသမီးတော့ ဘယ်လိုနည်းနဲ့ မှ မဖြစ်နိုင်ဘူး..သူ့ယောင်္ကျားရှေ့နေကလဲ ရှေ့နေတစ်ယောက်လုံးလုပ်ပြီး ကိုယ့်အိမ်မှာကိုယ်ဖြစ်တဲ့အမှုတောင်မကိုင်တွယ်နိုင်တာလားမသိဘူး..တကယ်လို့ ဖုံးဖိထားတာဆိုရင်တော့ သူတို့လင်မယားနှစ်ယောက်လုံးကို ပြစ်မှုအမှန်အပြင်အမှုထိန်ချန်မှုနဲ့ ထပ်တိုးပစ်ဒဏ်ချသင့်ပါတယ်..ဥပဒေသမားတစ်ယောက်ရဲ့ အိမ်မှာ ဒါမျိုးအဖြစ်အပျက်ရှိတာကို ထိထိရောက်ရောက်အရေးယူပေးသင့်တယ်..

Anonymous said...
This comment has been removed by the author.
princess.hnin77 said...

တော်တော်ရက်စက်ယုတ်မာတဲ့ပဲခူးမြို့ကဒုတိယတရားသူကြီးမိန်းမဘဲ တရားသူကြီးဖြစ်နေပြီတော့ကိုယ့်မိန်းမလုပ်တာကို ငြိမ်ပြီးတော့ကြည့်နေရလား။ တရာသူကြီးကကိုယ့်ဘက်ကလုပ်တော့တရားလား၊ သားသမီးချင်းမစာနာ၊ အာဏာရှိတာနဲ့ ကိုယ့်ဘက်ကမှားတာကိုအာဏာနဲ့ပိတ်လို့ရသလား။ ပြန်သုံးသပ်ကြည့်ပါအုံး။ ဒီလိုဘဲငြိမ်ခံနေကြတော့မှာလား။ တရားသူကြီးတို့ရယ်။ ရက်စက်ရုတ်မာပတ်စက်တဲ့တရားသူကြီးမိန်းမရယ်။တနေ့ပြန်ဝတ်လည်လိမ့်မယ်။ ဘုရားရဲ့ပြစ်ဒဏ်ကိုကျေကျေနပ်နပ်ခံလိုက်ပါအုံး

Unknown said...

အခုတင်ပြသော ဓါတ်ပုံနှင့်ဗီဒိယိုဖိုင်သည် လူအများသိရှိနိုင်အောင် လမ်းပြကြယ်အဖွဲ့ မှတ်တမ်းတင်ရိုက်ကူးတင်ပြထားသောဖိုင်းများဖြစ်ပါသည်၊ ကောင်မလေးအတွက်လိုအပ်သည့် အကူအညီများကိုဆက်လက်ပေးဆောင်သွားမည်ဖြစ်ပါသည်။

Unknown said...

ပဲခူးမြို့ ဒုတိယမြို့ နယ်တရားသူကြီးဦးအောင်ဖုန်းဝင်းအား (၄. ၄၊ ၂၀၁၂)ရက်နေ့တွင် တောင်တွင်းကြီးမြို သို့ ပြောင်းရွှေ့ တာဝန်ပေးအပ်ခဲ့ပါတယ်၊ သတင်းတွင်ဖော်ပြခဲ့သောနေအိမ်တွင် မရှိတော့ကြောင်းအသိပေးဖော်ပြအပ်ပါသည်။

စည်သူ said...

မြတ်နိုး ။။။။ မကြေးမုံဦး --... လေးစားပါတယ် ၊ ၇ဲကဘာလုပ်ပေးလဲ ၊ အမှု ကဘယ်လိုလဲ ဖေါ်ပြပေးစေချင်ပါတယ် ။

kaungkin said...

ကြား၇..မြင်ရတာမသက်သာလိုက်တာ...လူအချင်းချင်းလူလိုဆက်ဆ့သင့်ပါတယ်...တရားသူကြီးနဲ့ဇနီးရယ်....တောင်ကြီးကိုပြောင်းသွာလဲ...တရားလိုက်စွဲလို့ရပါတယ်..တရားသူကြိးဖြစ်ပီး တော်တော်ကို မတ၇ားတာပဲ...ငိုစားရယ်စားမသထာရေစာစားပီးးသူများသာားသမီးကိုနှိပ်စက်သေးတယ်...သေရင်ဂျိုးကပ်မယ်...

မောင့်ပန်းသဇင် said...

ဒါ မတရားလုပ်တာ အနိုင်ကျင့်တာပေါ့ ယောင်္ကျားမှာ အာဏာရှိတာ ကတော်နှင့်မှမဆိုင်တာ ညီမငယ် ကြောက်စရာမလိုဘူး အမှန်တိုင်းရဲရဲကြီး ဖြေရှင်းလိုက် ..နော် .. ဆင်းရဲလို့ .. ကြောက်ရတယ်ဆိုတာ ဥပဒေမှာ မရှိဘူး .. အမှန်တရားဆိုတာ ဖုန်းကွယ်လို့မရဘူး ..

pyaponthu said...

ပြုသူ အသစ် ဖြစ်သူအဟောင်းတဲ့ ဘယ်သူမဆို ကိုယ်လုပ်သမျှ ကိုယ်ထံ ပြန်လာ တတ်ပါတယ်။ဒေါ်ဖြူသက်ဝင်းရေ ကိုယ့်အလှည့် ကြ မနွဲ့နဲ့။မြန်မာ နိုင်ငံ တရားရေးဟာ ဇီးရိုး ဘဲ

ရွှေမိုးကြီး said...

တာဝန်ပြောင်းရွေ့ထမ်းဆောင်သွားပြီဆိုတော့ လူတွေထင်ရောင်ထင်မှားဖြစ်အောင်
အမှု့ကိုမျက်ချေဖြတ်လိုက်တဲ့သဘောနဲ့တူတယ်။ တရားသူကြီးသိတယ်ဆိုရင်
ဖုံးကွယ်မှု့နဲ့ အလုပ်ဖြုတ်ထောင်ချပြစ်သင့်တယ်။ မြန်မာနိုင်ငံမှ ခေတ်အဆက်
ဆက်တရားမစောင့်သောတရာသူကြီးမင်းများဘယ်လို ကိုင်တွယ်မည်ကိုစောင့်
ကြည့်ယုံမှလွဲပြီး မတတ်နိုင်ပါ။

စည်သူ said...

ငွေကြေး သိန်းချီ ပေးပြီးကြေအေးခိုင်းမှာပါ ၊ ဥပဒေ အတိုင်း ထိထိေ၇ာက်ေ၇ာက် အပြစ်ပေးနိုင်အောင် ၀ိုင်းဝန်းဆောင်၇ွက်သင်.ပါတယ်။

banyahtut said...

မတရားဘူးဆို တိုင်ပါ အားလုံး ဝိုင်းဝန်းပါမယ်

Han Nyi said...

တော်တော် လူမဆန်တဲ့ မိန်းမကြီးပဲ ...လူ့ အခွင့်အရေးကို ဒီလိုချိုးဖောက်လို့မရဘူးလေ..ဥပဒေရဲ့အထက်မှာဘယ်သူမရှိရဘူး...ဥပဒေကိုကျော်ပြီးဘာမှလုပ်ပိုင်ခွင့်မရှိဘူး..ဥပဒေစိုးမိုးမှုမရှိဘူးဆိုရင် ဒီမိုကရေစီနိုင်ငံစစ်စစ် မပေါ်ပေါက်နိုင်ဘူး....အိမ်ဖော်မလေးကကျွန်တော်တို့မြို့ကပါ....သနားပါတယ်ဗျာ..သူ့မှာ အဖေမရှိရှာလို့ တစ်ဖက်တစ်လမ်းကနေ အလုပ်လုပ်ပေးနေတာ...ဒီလိုမတရားတဲ့ လူစိတ်မရှိတဲ့ လူ့ခွေးတွေ လက်ထဲရောက်လို့ ဒီလိုဖြစ်ရတာ....မတရားဘူးကွ...အလကား အသိတရားနဲ့ ရှင်သန်ကြတဲ့လူတွေမဟုတ်ဘူး....အားလုံးဝိုင်းဝန်းကူညီပေးကြပါ..............ကျွန်တော်က NLD ပါတီဝင်တစ်ယောက်ပါ "အမေရေ...သားတို့ကို ကူညီပါဦး ဗျာ..."

Han Nyi said...

လူစိတ်မရှိလိုက်ကြတာဗျာ.....အဲဒီကောင်မလေးက ကျွန်တော်တို့မြို့ကပါ...သူ့မှာအဖေမရှိတော့လို့ အိမ်အတွက် တစ်ဖက်တစ်လမ်းကနေ ပိုက်ဆံရှာပေးနေရတာ..ဒီလိုမတရားအနိုင်ကျင့်တာတော့မကောင်းဘူးဗျာ...ဒါလား ဗျ ဥပဒေစိုးမိုးရေးဆိုတာ.ဥပဒေရဲ့အထက်မှာဘယ်သူမှမရှိရဘူးလေ......သမ္မတတောင်မှဥပဒေကိုကျော်လွန်လို့မရဘူး..ဒါလာ ဒီမိုကရေစီနိုင်ငံဆိုတာ...ဒီလိုလူ့အခွင့်အရေးကိုချိုးဖောက်နေရင် ဘယ်လိုလုပ် ဒီမိုကရေစီ နိုင်ငံစစ်စစ် ဖြစ်လာမှာလဲ....တတ်သိနားလည်သူတွေဘာလုပ်နေကြလဲ....အားလုံးဝိုင်းကြလေ...အမှန်တရားကိုလက်ခံနိုင်ရဲတဲ့လူတွေ ဘယ်မှာလဲ....ပြောကြပါဦး..

Anonymous said...

တောက်.......
သားသမီးချင်းကိုယ်ချင်းမစာ...
ဒါလားဂုဏ်သရေရှိတရားသူကြီးကတော်....
ဒါဟာ ပြစ်မှု(326)မြောက်တယ်ဆိုတာတော့ သူ့လင်သိလောက်ပါတယ်...

မုန်တိုင်း said...

ယုတ်မာ ရိုင်းစိုင်းလိုက်တာဗျာ လူမှ ဟုတ်ရဲ့လားမသိဘူး... သူ့သားသမီး ကို အဲ့လို လုပ်ရင် သူ ဘယ်လိုနေမလည်း မသိဘူး... သသမီးချင်း ကိုယ်ချင်းစာစိတ်လေးတောင် မရှိဘဲ ရာထူးဂုဏ်မောက်နေတဲ့ ဟာတွေ
သေရင် ငရဲပြည်ကတောင် လက်ခံမှာ မဟုတ်ဘူး... ရိုင်းစိုင်းလွန်းလို့

ဖိုးခွားလေး said...

ကဲ ဘယ်မှာလဲ တရားဥပဒေစိုးမိုးရေး ၊ ဘယ်မလဲ လူအခွင့်အရေး ဆိုတာ ,ဘယ်မှာ သွားထားတာလဲ့ ၊ တို့ မြန်မာပြည်က တရားဥပဒေဆိုတာကို နံရံမှာပဲ အလှကပ်ထားတဲ့ ဆိုင်းဘုတ်ကြီးလား၊ မတရားမှုတွေကို ဒီအတိုင်းပဲ ဆက်ထားမယ် ဆိုရင် တို့ပြည်သူလူထု တော်တော်များများတော့ သုခဆိုတာကို ဘယ်တော့မှ ခံစားကြရမှာမဟုတ်ဘူး၊ ဒီတော့ တာဝန်ရှိသူတွေ တာဝန်ကို သိဖို့အရးကြီးဆုံးပါပဲ။

မောင့်ပန်းသဇင် said...

ညီမငယ် .. အားမငယ်ပါနှင့် လူတိုင်းမှာ အခွင့်ရေး ဆိုတာ ရှိတာ အာဏာ ရှိတာ က ယောက်ျားလေ ကတော်နှင့်မဆိုင်တာ .. ဆင်းရဲ လို့ ငွေမရှိလို့ တရားရှုံးရမယ်ဆို ဥပဒေဆိုတာ မထားတော့ဘူးလေ .. ညီမငယ် ဘက်မှာ အမြဲတမ်း ရပ်တည် မည့် တရား ဥပဒေရှိတယ် .. လုပ်သင့်တာ လုပ် ကြောက်စရာမလိုဘူနော် သိလား ..

ko ko said...

ဒိုဗမာပြည်။
အတိတ်ကံအကြောင်းမလှလို........
ဆင်းရဲမူပေါင်း...ခါးစည်းလျက်...သမုဒျရာဝမ်းတထွာအတွက်...
ပညာမတတ်တော့...ဝမ်းရေးအတွက်အခက်ပေမို....တတ်နိင်သည့်အား...
ကာယကိုအရင်းတည်လျက်....ဂုဏ်ရှင်...ကြေးရှင်...ဓနရှင်..(ရှင်)အပေါင်းတိုရှေ့တွင်...မျက်နာကိုမြေခလျက်..တတ်နိင်သလောက်လုပ်
ပေးသော်ငြားလည်း.....အကောင်းမမြင်..အရာရာကိုအပြစ်တင်လျက်...တ
ဖန်သက်ဝင်လာသည့်ကျွန်ပိုင်ရှင်ခေတ်အလား...ထိုသူတွေအတွက်...အကာအကွယ်မရှိ...ရှိပြန်တော့လက်တွေ.မကျင့်သုံး...ကျင့်သုံးပြန်တော့ပါးတစ်ရိုက်
တစ်ထောင်..ဥပဒေကိုသားရေကွင်းပမာ...ဥပဒေရှင်တို.ကျင့်သုံးကြပေါ့...ထိုဥ
ပဒေနှင့်ဥပဒေရှင်တို.အကြားညှပ်လျက်..နှိပ်စက်မူပေါင်းခံစားရပေါ့..ဒိုဗမာ
ပြည်...ဒိုဗမာပြည်...

အမှတ်တရ......ညီမလေး အေးယုအောင် အတွက်။

ကိုကိုလွင်(မူပိုင်)
နော်ဝေ

88428842 said...

တော့တော့ကိုလူဆန်းလိုက်တာ

ko ko said...

သဒျွါကြည်လင်ပါရမီရှင်ရွှေမြန်မာပေါင်းတို....
ပဲခူးမြိုနယ်လက်ထောက်တရားသူ့ကြီးဦးအောင်ဖုန်းဝင်း၏ဇနီးဖြစ်သူဒေါ်
ဖြူသက်ဝင်းသည်၎င်းအိမ်တွင်အိမ်ဖေါ်အဖြစ်အလုပ်လုပ်နေသူမအေးယုအောင်းအ
သက် ၁၅ နှစ်သည်ယခုအချိန်ထိတရားသူကြီးမိသားစုမှထိန်သိမ်းထားဆဲဖြစ်
ကြောင်းသိရှိ၇သည့်အတွက်စိုးရိမ်မိပါသည်။သမီးငယ်လေးအတွက်အရာရာ
ပြင်ဆင်ထားဘို.တိုက်တွန်းပါသည်။
ကိုကိုလွင်
နော်ဝေ

thatonthar said...

ရိုင်လိုက်တာ..............တရာသူကြီးကတော်ဆိုပြီးမာန်တက်နေတာလား..............ပဲခူး..မြို့သူမြို့သာတွေရေ.........မင်တို့ကိုတော့အထင်သေတဲ့ပုံစံနဲလုပ်လိုက်ပြီး.......ပဲခူးကလူတွေဘယ်လောက်ညီလဲဆိုတာပြလိုက်ကြဟေ့

ko ko said...

ဒိုဗမာပြည်။
အတိတ်ကံအကြောင်းမလှလို........
ဆင်းရဲမူပေါင်း...ခါးစည်းလျက်...သမုဒျရာဝမ်းတထွာအတွက်...
ပညာမတတ်တော့...ဝမ်းရေးအတွက်အခက်ပေမို....တတ်နိင်သည့်အား...
ကာယကိုအရင်းတည်လျက်....ဂုဏ်ရှင်...ကြေးရှင်...ဓနရှင်..(ရှင်)အပေါင်းတိုရှေ့တွင်...မျက်နာကိုမြေခလျက်..တတ်နိင်သလောက်လုပ်
ပေးသော်ငြားလည်း.....အကောင်းမမြင်..အရာရာကိုအပြစ်တင်လျက်...တ
ဖန်သက်ဝင်လာသည့်ကျွန်ပိုင်ရှင်ခေတ်အလား...ထိုသူတွေအတွက်...အကာအကွယ်မရှိ...ရှိပြန်တော့လက်တွေ.မကျင့်သုံး...ကျင့်သုံးပြန်တော့ပါးတစ်ရိုက်
တစ်ထောင်..ဥပဒေကိုသားရေကွင်းပမာ...ဥပဒေရှင်တို.ကျင့်သုံးကြပေါ့...ထိုဥ
ပဒေနှင့်ဥပဒေရှင်တို.အကြားညှပ်လျက်..နှိပ်စက်မူပေါင်းခံစားရပေါ့..ဒိုဗမာ
ပြည်...ဒိုဗမာပြည်...

အမှတ်တရ......ညီမလေး အေးယုအောင် အတွက်။

ကိုကိုလွင်(မူပိုင်)
နော်ဝေ

Khine Htar Hsu said...

ပညာမဲ့တဲ့ သူတွေ အုပ်စိုးနေသမျှ ဒီသတင်းတွေ ကြားနေရဦးမှာပဲ...........
ူညီမလေးရေ ဒီလူတွေကို အပြစ်ပေးဖို အားတင်းထားနော်..............

zawgyii said...

ဥပဒေ အထက်မှာ တရားသူကြီးကတော်တက်နေတယ်၊

Powered by Blogger.