NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း

2012-04-25

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်တွေက ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တာ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက အခုလိုပြောပြပါတယ်။

" ပထမဦးဆုံး အဆင့်အနေနဲ့ NLD ကို ကျွန်တော်တို့ တောင်းပန်မယ်။ လာခဲ့ပါ။ တောင်းဆိုမယ်။ တောင်းပန်မယ်။ ဖိတ်ခေါ်မယ်။ လာခဲ့ပါ။ ဝိုင်းပြင်ရအောင်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ လက်မှတ်ထိုးပြီးတော့ အဲဒီ တောင်းပန်လွှာကို ကျွန်တော်တို့ ဒီနေ့ပဲ ပို့လိုက်တယ်။ ကျွန်တော်တို့ ပါတီပေါင်းစုံ တိုင်းရင်းသားပါတီတွေ အားလုံးပါတယ်။ ၁၀ ခုကျော်တယ်လေ။ ကျွန်တော်တို့ မြင်တာက ဘာလဲဆိုတော့ ပြည်သူတွေက လွှတ်တော်ထဲကို ဝင်ဖို့အတွက် ရွေးထားတယ်။ မဲပေးထားတယ်။ ကျွန်တော်တို့လည်း လိုလားတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ ကျွန်တော်တို့ ပုဂ္ဂိုလ်အရပေါ့လေ၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း လိုလားတယ်။ ပြည်သူတွေကလည်း လိုလားတယ်။ ဒါကြောင့် ဝင်လာဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ လက်မှတ်ထိုးကြတယ်။"

NLD က တောင်းဆိုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရမယ့်စာသား ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြုရေးနဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံရေးကိစ္စတွေကို လွှတ်တော်တွင်းမှာ လတ်တလောရှိနေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေက လွှတ်တော်အမတ်တွေရဲ့ အင်အားနဲ့ ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့ မလွယ်ကူဘူးလို့လည်း ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။
 
RFA (မြန်မာပိုင်း)
NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း Reviewed by သစ်ထူးလွင် on 05:35 Rating: 5

14 comments:

ကိုကို said...

အမေရယ်.ကျွန်တော်တို့ကလဲ.တောင်းပန်ပါတယ်.
ဒီစကားရပ်ဟာအမေကြောင့်မဟုတ်ဘူးဆိုတာတစ်ကမ္ဘာလုံးသိသွားပါပီ.
ကျေနပ်ပါတော့.အထဲရောက်ပီးမှ.ပြင်ယူဖို့ကြိုးစားစေချင်ပါတယ်.
အမေဘာလုပ်လုပ်.မှားနေလဲသားတို့ခွင့်လွတ်တယ်.ခုအချိန်မှာ.
သားတို့ဘွဲ့ရပီးဘာအလုပ်မှမရှိပဲ.မိဘအိမ်မှာကပ်စားနေကြရတဲ့ဘဝ.
ကိုယ့်မိသားစုကိုဘာမှအထောက်အပံ့မပေးနိုင်တဲ့ဘဝတွေရောက်နေပါတယ်
အချိန်တွေနှောင့်နေးကြံ့ကြာနေမဲ့အစား.ဒီဘဝတွေကလွတ်မြောက်အောင်
အားလုံးညှိနိုင်းပီးအမြန်ဆုံး.အပြောင်းအလဲ.လုပ်ပေးကြပါ.

junight said...

အင်အားအခြေအနေအရ လွှတ်တော်ထဲမှာပြင်လို့ရမည် မဟုတ်ပါ၊
တိုင်းပြည်အတွက်စိတ်ရင်းစေတနာကောင်းကောင်းဖြင့်အာဏာရပါတီကပြင်လို
မှသာရမည်ဖြစ်ပါသည်။
၂၀၀၈ဥပဒေ ရဲ့ ပထမသင်ခန်းစာဖြစ်ပါတယ်၊အမှောင်ထဲမှာရေးဆွဲခဲ့တဲ့
ပန်းချီကား ကိုနံနက်မိုးသောက်မှကြည့်တော့လိုတာတွေတော့မြင်ရမှာပဲ

ahphyulay said...

ရိုးသားစွာ တောင်းပန်ပါတယ်။
ဘယ်လောက်ပဲ စောင့် ရစောင့် ရ အကျိုးရှိတယ်ဆိုပေမယ့် 
နောင်ဆယ်စုနှစ်ပေါင်းများစွာကို ထပ်မံ ဖြတ်ကျော်ရဘို့ 
စဉ်းစားကြည့် တိုင်း အသက်ရှုကြပ်နေရပါတယ်...။

SHWE ZIN U said...

အဖြူလေး ရေ အသက်ရှုကြပ် ရင် အင်ကျီ ကြယ်သီး လေးဘာလေး ဖြုတ်ထား ဒါအစဘဲ ရှိသေးတယ် လာအုန်းမယ် မျှော် မျှော်

aung naing said...

အခုရှုပ်မှနောင်ရှင်းပါ၊လွှတ်တော်ထဲမှာဘာဖြစ်မယ်ဆိုတာဘယ်သူမှအာမ မခံနိင်ဘူး။ဒီစစ်အာဏာရှင်တွေကလုံးဝမယုံရဘူး၊ဥပမာ၁၉၉၀၊၂၀၀၈၊၂၀၁၀

tawtar said...

အမေ သားကတော့ အမေ့ကိုယုံကြည်ပြီးသားပါ အမေတို့ပထမဆုံး ပြင်ခိုင်းတဲ့စာသားလေးကို ပြင်ပေးမပြင်ပေးဆိုတာ သားကတော့စောင့်ကြည့်ချင်တယ် အနှစ်(20)ကျော်စောင့်ခဲ့ပြီးပြီပဲ

Nay Nwaye said...

မဲပေးခဲ့တဲ့ပြည်သူတွေကလည်း NLD ကို လွတ်တော်မှာမြင်ချင်ကြပါတယ်

devil said...

တစ်ကယ်တော့ အပေါ်ယံ ကြည့်ရင် သာမန်လို့ထင်ရပေမဲ့ ပြသနာကြီးပါတယ်။ နှစ်ဘက်လုံးအတွက် အခက်အခဲ တစ်ခုအသွင်ဖြစ်သွားပြီ။ NLD ဘက်ကလည်း တောင်းဆိုထားတာ မရတော့လို့ လွှတ်တော်ထဲ မဖြစ်မနေ၀င်ရတော့မယ်ဆိုရင် သိက္ခာကျမှုနဲ့ စရပြီ။ လက်ရှိအစိုးရဘက်ကလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော် လမ်းကြောင်းအတိုင်းသာ ပြင်ရမယ်ဆိုပြီး တောင်းဆိုမှုကို လျှော့ပေးမှာ မဟုတ်ဘူး။ လက်ရှိလွှတ်တော်တက်နေတဲ့ အဖွဲ့က ဆောင်ရွက်နေပေမဲ့ အဆိုတင်နိုင်တဲ့အထိလောက်ပဲရမယ်ထင်တယ်။ တကယ်တော့ အခုလို မစပဲ လွှတ်တော်ဝင်ပြီး စည်းရုံးမှု လုပ်သင့်တယ်ထင်တယ်။ နှစ်ဘက်တင်းမာမှုဟာ အနှစ် 20 ကျော် ပြည်သူတွေခံခဲ့ရတာ ကို ထဲ့စဉ်းစားပြီး အကောင်းဆုံးဆောင်ရွက်နိုင်ကြပါစေ။

a said...

NLD ကိုဘာကြောင့်ဇွတ်လွှတ်တော်တက်ခိုင်းနေတာလဲ၊ကိုယ့်အသိဥာဏ်နဲ့ကိုယ်လုပ်နေကြတာပါ၊ကာကွယ်စောင့်ရှောက်ပါမည်ဆိုတာ၊မထိခိုက်မပွန်းပဲ့၊မပျက်စီး၊မပြောင်းလဲအောင်စောင့်ရှောက်တာတွေကိုအရှေ့မှာကာကွယ်ဆိုတာထဲ့ပြီးေ၇းကြတယ်၊ဒါကြောင့်တက်ချင်တဲ့သူတက်မတက်ချင်တဲ့သူလည်းသူ့ခံယူချက်နဲ့သူနေပါစေ၊ပြည်သူတွေကလည်းလိုလားတယ်ဆိုတာမဟုတ်ပါ၊NLD ကိုပြည်သူတွေထောက်ခံတာကိုကအခြေခံဥပဒေပြင်ဆင်ရေးဆိုတာပါလို့ထောက်ခံတာပါ၊(နိုင်ငံရဲ့အရေးကိုစိတ်မ၀င်စားပဲဝေေ၀၀ါးဝါးသံယောင်လိုက်သူများဆိုရင်တော့မပြောတတ်ပါ။)

zin said...

ဘာတွေပဲ ဖြစ်နေ နေ ၊ ဘာတွေပဲ ဖြစ်လာ လာ ၊
အမှန်တရား ရဲ့ တိမ်တွေ အုပ်မိုးလာချိန်မှာ
ပြည်ခိုင်ဖြိုးက အမည်းရောင် ဖုန်မှုန့်တွေ သိပ်သိပ်လာတာကိုတော့ ငါတို့ ပြည်သူတွေ သိလာပြီမဟုတ်လား။

Latha Mobile 0945 000 1727 said...

အဲဒါကီးဘဲ အရေးကြီးတယ် ပေါ့သေးသေးမဟုတ်ဘူး လွတ်တော်တက်တာ မတက်တာ အဓီကမဟုတ်ဘူး အခြေခံဥပဒေ ပြင်ဖို့က အဓီက အခုလဲ အပြင်ကနေပြင်နေတာလေ ဥပဒေ ဆိုတာအရေးကြီးဆုံးဘဲနော် အပြစ်မရှိအပြစ်ရှာ ထောင်ထဲထည့်တဲ့ ဥပဒေတွေ ရှိခဲ့ဘူးတာဘဲ
အဲဒါပြင်မပေးရင် အမေလွတ်တော်ထဲသွားလဲ ဘာထူးမှာလဲအမေ

khaingchohan said...

အမေစု ဦးဆောင်တဲ့နောက်မှာ အမြဲရှိနေမယ်၊ အမေ့ကို အမြဲယုံကြည်တယ် အမေက ကိုယ်ကျိုးစွန့် ခဲ့ တာ တိုင်းပြည်အတွက် ပြည်သူလူထုအားလုံးအတွက်လေ။ အခုလဲ အမေ အကြောင်းမဲ့ မလုပ်ဘူးဆိုတာ သိတယ် အမေ ဆက်လုပ်ပါ

kaungkin said...

ဒီလိုနဲ့ နောက်ထပ်နှစ်တွေမျာစွာကြာမြင့်သွားမှာကို သိပ်စိုးရိမ်တယ်။
ကျွန်တော်တို့နိုင်ငံအများကြီးနောက်ကျနေပြီဗျာ။ မယုံတဲ့သူတွေ အနောက်
နိုင်ငံတွေကိုမဟုတ်ဘူး၊ အာဆီယံ နိုင်ငံတစ်ခုလောက်ကိုပဲ သွားကြည့်လိုက်
ပါ။ ကျွန်တော်တို့ ဘယ်လောက်တောင်ကျန်ခဲ့ပြီဆိုတာကို မြင်ရပါလိမ့်မယ်။

devil said...

a ကိုပြောချင်တာက လွှတ်တော်ကို ဇွတ်တက်ခိုင်းတာမဟုတ်ဘူး။ အခု မတက်ရောက်ရင် နောက်တစ်ကြိမ်မှာပါ တက်ဖို့ အခက်အခဲဖြစ်သွားပြီ။ တက်ချင်သူတက် မတက်ချင်သူနေ ဆိုတာကလဲ ခင်ဗျားပြောသလို နိုင်ငံ့အရေးကို စိတ်ဝင်စားသူ ဆိုတဲ့ ပုံစံနဲ့လွှဲနေတယ်။ မတက်တော့ရင် ကျွန်တော်တို့ ပေးထားတဲ့ မဲက ဘယ်လိုတန်ဖိုးရှိတော့မှာလဲ။ ဒါပေမဲ့ သေချာတာက မကြာမီတက်မှာပါ။ ခင်ဗျားပြောတဲ့ နိုင်ငံ့အရေးစိတ်မ၀င်းစားပဲ ဆိုတော့ နိုင်ငံ့ အရေးစိတ်ဝင်စားသူဆိုတာ အမြဲအတိုက်ခံ လုပ်သူလို့ ဆိုလိုတာလား။

Powered by Blogger.