ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ခေါင်းဆောင်ေ၇ွးချယ်တင်မြောက်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကို နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ဖို့ မနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ပင်လုံအိမ်ယာက ပါတီဝင်တဦး နေအိမ်မှာ ပြုလုပ်တဲ့ ALD ပါတီ အစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက်တာပါ။

အစည်းအဝေးကို ၉၀ ခုနှစ် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအ၀င် ပါတီဝင် ၂၁ ဦးတက်ရောက်ခဲ့ပြီး ပါတီဖွဲ့စည်းပုံ၊ မူဝါဒ၊ မှတ်ပုံတင်ပြီးပါက ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ ရခိုင်တိုင်းရင်းသားအင်အားစုအချင်းချင်းပေါင်းစည်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်ပြင်ပနိုင်ငံရေးနှင့် ဒေသဖွံ့ဖြိုးမှုနှင့် ပတ်သက်ပြီး လုပ်ဆောင်သွားမည့်ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးမှာ ပါတီခေါင်းဆောင်အဖြစ် ဦးအေးသာအောင်၊ ဒုခေါင်းဆောင်အဖြစ် ဦးကျော်မြင့်တို့ကို တင်မြှောက်ခဲ့ပြီး ပါတီတရားဝင် မှတ်ပုံတင်ပြီးရင် ပါတီဥက္ကဋ္ဌ ရာထူးအပါအ၀င် CEC အဖွဲ့ဝင်များကို
ပြန်လည်ရွေးချယ်မယ်လို့ သိရပါတယ်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် နေရာ တတိယ အများဆုံး ရရှိခဲ့ပေမယ့်
နောက်ပိုင်းမှာ စစ်အစိုးရက ပါတီကို ဖျက်သိမ်းတာ ခံခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၉၈ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် တခြား တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီး လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကို ဖွဲ့စည်းခဲ့ပါတယ်။
RFA (မြန်မာပိုင်း)
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ခေါင်းဆောင်ေ၇ွးချယ်တင်မြောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ခေါင်းဆောင်ေ၇ွးချယ်တင်မြောက် Reviewed by သစ်ထူးလွင် on 05:36 Rating: 5

No comments:

Powered by Blogger.