NLDအောင်နိုင်ရေး အဖွဲ့ဝင်များကို ဝါးသင်္ခရွာက ဂုဏ်ပြု

ကော့မှူးမြို့နယ်အ နောက် ခြမ်းကျေးရွာများမှ NLD အောင်နိုင်ရေး အဖွဲ့ဝင်များ အား ချီးကျူးဂုဏ်ပြုပွဲ တစ်ရပ် ကို ဝါးသင်္ခကျေးရွာတွင် ဧပြီလ ၈ ရက်နေ့က ကျင်းပခဲ့သည်။ ဂုဏ်ပြုပွဲကို ဝါးသင်္ခကျေးရွာ မှ ဦးဆောင်ကျင်းပပေးခြင်းဖြစ်ပြီး ကုန်ကျငွေများကို အောက်ချောင်း ကျေးရွာမှ မန်းတင်ဝင်းနှင့် ဝါးသင်္ခ ရွာသားများက စိုက်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ယခုပွဲသည် ဒေါ်အောင် ဆန်းစုကြည်၊ အောင်နိုင်ရေး အဖွဲ့ ဝင်များနှင့် မဲဆန္ဒရှင်အားလုံးကို ရည် ရွယ်ကြောင်း သိရသည်။ ဂုဏ်ပြုပွဲသို့ တက်ရောက်လာ ကြသော အောင်နိုင်ရေး အဖွဲ့ဝင် များနှင့် ပါတီဝင်များကို ထမင်း၊ ဝက်သားဟင်းတို့ဖြင့် ဧည့်ခံကျွေး မွေးခဲ့ပြီး ကော့မှူးမြို့နယ်မှ NLD အောင်နိုင်ရေးအဖွဲ့ဝင်များလည်း တက် ရောက်ခဲ့ကြသည်။ 

 Popular Myanmar News Journal
NLDအောင်နိုင်ရေး အဖွဲ့ဝင်များကို ဝါးသင်္ခရွာက ဂုဏ်ပြု NLDအောင်နိုင်ရေး အဖွဲ့ဝင်များကို ဝါးသင်္ခရွာက ဂုဏ်ပြု Reviewed by သစ်ထူးလွင် on 15:00 Rating: 5

1 comment:

KoTOE said...

ခင်ဗျားတို့ ဗျာ.....
ဒေါက်တိုဆိုးဝမ်းတို့ အုတင်ယိတို့ လဲကျွေးသင့်တာပေါ့
သူတို့ မှာ...ပွမယ်ထင်ပြီးရင်းလိုက်တာ...
ပလုံ..တောင်မကြားလိုက်ရဘူး

Powered by Blogger.