ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ပထမဆုံးအကြိမ် ရဟန်းခံရှင်ပြု

ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ် ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ေ ကျာင်းတိုက် တွင် ကျင်းပခဲ့သည်။အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့် နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍အလှူဒါနပြုလုပ်ခဲ့ ပြီး ဦးခင်ညွန့်အပါအဝင်သားနှစ်ဦး နှင့်မြေး ၅ ဦးတို့မှ သာသနာ့ဘောင် သို့ ဝင်ရောက်ကာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော်မှ ကိုယ်တော်တိုင်သာ သနာ့ဘောင်သို့ သွတ် သွင်းပေးခဲ့ သည်။''ဒါပထမဆုံးရဟန်းခံတာပါ။ ရဟန်း ဘဝနဲ့တစ် ပတ်လောက်နေမယ် လို့ပြောတယ်'' ဟု ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက် တာဒေါ်ခင်ဝင်းရွှေက ဆိုသည်။ယင်းရှင်ပြုရဟန်းခံပွဲသို့် တပ် မတော်မှ အရာရှိများ၊ အငြိမ်းစား အရာရှိကြီးများနှင့် ၄င်းနှင့်ဆက်စပ် သောအရာရှိ အသိုင်းအဝိုင်းမှ ဧည့်ပရိသတ်ပေါင်း ၂ဝဝ ခန့်တရားနာလာ ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ ဧည့် သည်တော်များပါလာရောက်၍ သိမ်ဆင်းဆွမ်းလောင်း လှူခဲ့ကြသည်။
 Popular Myanmar News Journal
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ပထမဆုံးအကြိမ် ရဟန်းခံရှင်ပြု ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ပထမဆုံးအကြိမ် ရဟန်းခံရှင်ပြု Reviewed by သစ်ထူးလွင် on 14:58 Rating: 5

24 comments:

iban said...

သာဓု.. သာဓု.. သာဓု...

သတင်းချစ်သူ said...

"ဒါပထမဆုံးရဟန်းခံတာပါ။" တဲ့လား။

KKZ said...

အကောင်းမြင်ပေးလိုက်ကြပါ။အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သောကြောင့် ဖြစ်သည်

အမြင်သစ် said...

အင်း ဘိုးတော်လည်း လုပ်ထားသမျှ မိုက်ပြစ်တွေကို ကြောက်နေပီ

Minn Aung said...

အင်း..... စည်းစိမ်နဲ့အာဏာ ယစ်မူးနေတုန်းကတော့ သတိမရဘူး။ အခုမှ ဘုရားမှန်း တရားမှန်းသိနေပြန်ရော။

Cinderella said...

TV မင်းသားကြီးက‌တော့ပုံစံတမျိုးနဲ့တေ ကြာ့ပန်လာ‌ချေပြီ...။

ငမိုး said...

ဝဋ်ကြွေးရှိသမျှကြေပါစေပေါ့ဗျာ

Myanmar said...

ကန်တော့ပါဘုရား(ဆရာတော်ကို ပြောသည်မဟုတ်ပါ)

နောက်တစ်ယောက်လဲ ၀တ်တော့မယ်နဲ့တူတယ်

casper said...

ခုမှ အသိတရား ရနေတာလား...

Unknown said...

ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်တော့မယ့် ကိုယ်တော်ကြီး။

မြတ်နိုး said...

သာဓု..........သာဓု..........သာဓုပါဘုရား။

တိပံင်ကောံ said...

လှည့်စားချင်တာလား၊ ကုစားချင်တာလား။

Firedragon said...

တချို့ မြန်မာတွေလည်း တစ်ခု ခက်နေတာက ဖြစ်ရပ်ကို မူတည် မသုံးသပ်ပဲ အထင်နဲ့ချည်း ပြောနေကြပါလား ... နေရာတကာ မဆိုင်တာလည်း သံသယ၀င်နေရင်တော့ မကောင်းဘူးထင်တယ် ... မကောင်းတာလုပ်ခဲ့တဲ့သူ ကောင်းတာလုပ်နေရင် အကောင်းမြင်ပေးရမှာပဲလေ ... အဲ့လိုမှမဟုတ်လို့ကတော့ အဲ့လူ ဘယ်လာ ကောင်းတာလုပ်ချင်တော့မလဲ ... ရဟန်းပြုတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ကြည့်ရင်တောင်မှ သာဓုခေါ်ရမှာပါ ...

အလှတရားစစ် said...

ကောင်းတာတွေ အများကြီး တစ်ဦးတစ်ယောက်အပေါ် လုပ်ခဲ.ပြီး မကောင်းတာ တစ်ခုလုပ်ရင်တောင် ပြောလို.မဆုံးပါဘူး ခင်ညွန်.ကတော. မကောင်းတာတွေ လုပ်ပြီး ကောင်းတာလုပ်ပြနေလို.လဲခုချိန်တော. တံတွေးတောင်လှည်. မထွေး ပါ ဘူး သတ်ခဲ.တဲ.ကျောင်းသား ရဟန်း ပြည်သူ အသက်တွေ ကိုမျက်လုံးထဲ ခုထိမြင်ရောင်နေပါတယ် အော်ဟစ်ဆူညံ တောင်းပန်နေတဲ.ကြားက ပစ်မိန်.တစ်ခုပေးပြီး ရက်ရက်စက်စက် သတ်ခဲ.တာပါ ဒီအချိန် မှာ ခင်ညွန်.ကတော. မိန်.မိန်.ကြီး ဘာဆက်လုပ်ရင်ကောင်းမလဲ ဆိုပြီး တွေးနေပါတယ် သူ.လုပ်ရက်ကို အချိန်တစ်ခုထိ ထပ်စောင်.ကြည်.ပေးကြပါ လို.ပြောချင်တာ ပါ

OnlineCrazY said...

အံ့မယ်....တယ်လည်းအကြံပိုင်လှချေလား
လက်အုပ်အချီခံရတဲ့ အရသာကို မမေ့နိုင်သေးတော့
နောက်ဆုံးတော့ ရသေ့စိတ်ဖြေ အဲလေ ဗိုလ်ချုပ်စိတ်ဖြေ
တစ်ပတ်လောက် လက်အုပ်ချီခံရလည်းနည်းလှဟ....

OnlineCrazY said...

အရင် ဗိုလ်ချူပ်ဘ၀တုန်းက လက်အုပ် အချီခံရတဲ့ အရသာလေးမမေ့နိုင်တော့ ရသေ့စိတ်ဖြေပေါ့ဗျာ....အဲလေ ဗိုလ်ချုပ်စိတ်ဖြေပေါ့ဗျာ

အိတုတ် said...

ကောင်းတာလုပ်ရင် ကောင်းမှုကိုခံစားရမယ် မကောင်းတာလုပ်ရင်တော့ မကောင်းမှုကိုခံစားရမှာဘဲ ၀ဠ်ဆိုတာ မျိုးက တကျော့ပြန်လည်တတ်တယ် မိုးကြိုးပစ်မှာကို ထန်းလျှက်နဲ့ မကာချင်ပါနဲ့

Anonymous said...

ဘာသာရေးပဲဇောက်ချ လုပ်တော့မယ်ဆိုလို့
သာဓုခေါ်ဖို့ပြင်နေတာ " တပတ် " တဲ့
သာသနာ့ဘောင်မှာ ရာသတ်ပန်
မွေ့ပျော်ခြင်းဖြင့် အကုသိုလ်တွေ
မသေခင် ပေးဆပ်ပေလော့

yehuttin said...

ကံကံ၏အကျိုးဆိုတဲ့စကားရှိပါတယ်။ကုသိုလ်တပဲငရဲတပိသာတဲ့။
ကောင်းတယ်မကောင်းဘူးဆိုတာမိမိနှင့်ဘုရားမှတပါးအခြားမသိနိုင်ပြီ။ကောင်းသောကံဖြစ်စေရန်ဆုတောင်းပါသည်။

Thu said...

''ဒါပထမဆုံးရဟန်းခံတာပါ။ ရဟန်း ဘဝနဲ့တစ် ပတ်လောက်နေမယ် လို့ပြောတယ်''
He'll be under robe more than a week to stay away from his tongue-slip shown in Bangkok post interviews.

yelay said...

တဘက်သားရဲ့ အကုသိုလ်က ကိုဘက်ကိုမလှည့်မိစေဖို့ Comment ပေးတဲ့ လူတွေသတိထားစေချင်တယ်..

Hell King said...

သူများကိုယ်မပြောခင် ကိုယ့်ကိုကိုယ် ပြန်ပြီး
ဆန်းစစ်စမ်းပါ အုံး...။
ကိုယ်က ရော ဘယ်လောက်တော်နေလို့ သူများကိုပြောရတာလဲ??????

Hell King said...

သူများကိုယ်မပြောခင် ကိုယ့်ကိုကိုယ် ပြန်ပြီး
ဆန်းစစ်စမ်းပါ အုံး...။
ကိုယ်က ရော ဘယ်လောက်တော်နေလို့ လဲ??????

minhtet said...

သာဓု..သာဓု..သာဓု..ပါ

Powered by Blogger.