iPay (သို့) ဟိုမရောက်ဒီမရောက် ယာဉ်စီးခပေးကဒ်

စကြားကြားချင်းကတော့ အတော့်ကို အားတက်စရာ သတင်းပါဘဲ... ကျနော်တို့ဆီမှာလည်း အများနည်းတူ ကဒ်စံနစ်ဖြစ်ပြီပေါ့။ အဓိပတိအပြာလိုင်းမှာဘဲစမ်းသပ်တပ်ဆင်မယ်ဆိုတော့ အားမလိုအားမရဖြစ်မိတယ်။ ဘာလို့ရှိသမျှ မ.ထ.သ လိုင်းအားလုံးတစ်ပြေးညီ မတပ်ဆင်တာလဲလို့....
ညက youtube က MRTV4 channel မှာ ကြည့်ရတော့မှ တော်တော်စိတ်ပျက်သွားတယ်။သူတို့လုပ်မယ့်စက်က ဒီလိုဟာမျိုးတဲ့ဗျာ..ဒီလို စက်မျိုးသာသုံးမယ်ဆိုရင်တော့ ကားစံပါယ်ယာတွေ တော်တော်ဒုက္ခရောက်မယ့်အမျိုး...ကဒ်ကို လုပ်နေတာနဲ့တင် မှတ်တိုင်တစ်ခုတစ်ခုကနေ ဘယ်လိုထွက်တော့မတုန်း.? အထူးသဖြင့် busy hour (ရုံးဆင်းရုံးတက်ချိန်မှာ)
သူများတွေဆီမှာက အဆင်ပြေအောင်လို့ RFID( radio frequency identification ) contactless စံနစ်၊ ဒီ iPay ဆိုတာက contact စံနစ်

နတ်ပိုက်ဆံဟု ထူးထူးဆန်းဆန်း အမည်မှည့်ခေါ်ထားသော iPay ကဒ်ဖတ်စက်။ ကျသင့်သည့်ပမာဏကို စက်တွင်ပုံပါအတိုင်းရိုက်ထည့်ပြီး၊ စက်ညာဖက်မှ မြောင်းတွင် ကဒ်၏ magnet line အားပွတ်ဆွဲ၍ ကျသင့်ငွေအားနှုတ်သောစံနစ်ဖြစ်သည်။ များသောအားဖြင့် ဈေးဝယ်သည့်နေရာ၊ တက္ကစီခရှင်းသည့်နေရာတို့တွင်သုံးသည်။

ဘတ်စကားခပေးကဒ်ဆိုတာ ဒီလိုမျိုးမှ မဟုတ်ပဲဗျာ.... အခုဟာက ဈေးဝယ်ကဒ်လိုမျိုးကဒ် ။ မနက်၊ညနေ busy hour မှာဆိုရင် ဘယ်လိုလုပ်မလဲ ? မ.ထ.သ နဲ့ ဦးပိုင်က ပုဂိုလ်တွေ တကယ်ဘဲ မသိတာလား...သိလျက်သားနဲ့ ခွင်ရိုက်တာဘဲလား.... ဒါမှမဟုတ် နားမလည်ပါးမလည် ခွင်ထဲဝင်လာတဲ့ သူကို ရိုက်စားလုပ်တာလား...မေးခွန်းတွေ တသီတတန်းနဲ့ ဒီပို့စ်ကို မနေနိုင် မထိုင်နိုင် တင်လိုက်ပါတယ်။ ထိုဂွင်ထဲမှာ ပါဝင်ပါတ်သက်နေသော လူကြီးမင်းအပေါင်း..ကျနော့်အား စိတ်ရှိလက်ရှိမုန်းကြပါကုန်....

Bus ကားခကို ကောက်ခံသည့်စက်

ဘတ်စကားပေါ်သို့ အတက် ပိုက်ဆံအိတ်(သို့) လက်ကိုင်အိတ်ထဲတွင်ထည့်ထားသော်လည်း စက်ကို အိတ်နှင့်ကပ်သည်နှင့် စက်ကသိရှိမှတ်သားနိုင်သည်။

ဘတ်(စ)ကားပေါ်ကို လူတက်တာနဲ့ ကဒ်ကို ပုံပါအတိုင်း စက်တွင်ကပ်လိုက်ရသည်။ ထိုအခါ စက်ကလက်ရှိတည်နေရာကိုမှတ်သားသည်။ LCD မော်နီတာအောက်တွင် အချက်ပြမီး (၃)ခုရှိသည်။
ကဒ်တွင်ငွေအလုံအလောက်ရှိပါက ကဒ်ကို မှတ်သားပြီးသည်နှင့် အသံတစ်ချက် မြည်ကာ မီးစိမ်းသွားမည်ဖြစ်သည်။
သင်၏ကဒ်တွင် ပိုက်ဆံလက်ကျန်နည်းနေပါက အ၀ါရောင်မီးပြကာ မြည်သံ(၃)ချက်ပေးသည်။ မော်နီတာပေါ်တွင်လည်း Top up your card (ငွေထပ်ဖြည့်ပါ) ဟု စာသားပေါ်မည်။
သင်၏ကဒ်တွင်ရှိသော ပိုက်ဆံသည် ယခုသင်စတက်သောနေရာမှ ခရီးစဉ်အဆုံးထိ စီးနင်းရန်မလုံလောက်လျှင် မီးနီလင်းကာ အချက်ပေးသံ(၅)ချက် ထပ်ပေးလိမ့်မည်။ ထိုအခါ ယာဉ်မောင်းမှ သင့်အား ငွေမလုံလောက်ကြောင်း၊ ပိုက်ဆံပေးစီးရန် အကြံပြုလိမ့်မည်။ သွားမည့်ခရီးကို ယာဉ်မောင်း(Bus Captain) အားပြောပါ။ ကျသင့်ငွေကို တွက်ပေးလိမ့်မည်။ ထိုအခါ ကျသင့်ငွေကို အကြွေစေ့ထည့်စက်သို့ထည့်ပါ။ သင့်အား စလစ်ထုတ်ပေးလိမ့်မည်။ ထိုလက်မှတ်ခဖြတ်ပိုင်းအား ကားပေါ်မှ မဆင်းမချင်း ထိန်းသိမ်းထားပါ။ လက်မှတ်စစ်တက်လာလျှင် ထိုဖြတ်ပိုင်းအားပြပါ။

ကားပေါ်မှဆင်းသည့်အခါ အဆင်းပေါက်(နောက်ဘက်အပေါက်)တွင် ကဒ်အားစက်တွင် ကပ်ရပါမည်။ ထိုအခါ စက်မှ ကျသင့်ငွေအား နှုတ်ပြီး မော်နီတာပေါ်တွင် လက်ကျန်ပမာဏအား ပြသပေးမည်ဖြစ်ပါသည်။ အဆင်းတွင်ကဒ်ရိုက်ရန်မေ့လျှင် သိပ်ပြဿနာ မရှိပါ။ ခရီးစဉ်အဆုံးမှတ်တိုင်အထိတွက်ပြီး ငွေဖြတ်ပါလိမ့်မည်။

ဘတ်စကားပေါ်မှ အဆင်း အောက်နားရှိ အဖြူရောင်ပုံးငယ်မှာ အကြွေစေ့ထည့်စီးသူများ၏ လက်မှတ်ဖြတ်ပိုင်းစွန့်ပစ်ရန်ပုံးဖြစ်သည်။

စွယ်စုံသုံး

စားသောက်ဆိုင်များတွင် ဘတ်(စ)ကားစီးသည့်ကဒ်ဖြင့် ငွေရှင်းနေစဉ်

ထိုကဒ်အား ဘတ်(စ)ကားခ ပေးရာတွင်သုံးနိုင်သလို ရထားခပေးရာတွင်လည်း သုံးနိုင်ပါသည်။ စင်္ကာပူ ဟောင်ကောင်တို့တွင် ဘတ်(စ)ကား နှင့် ရထားမှာ operator (ကိုင်တွယ်စီမံခန့်ခွဲသူ) တစ်ဦးတည်းဖြစ်ရာ ရထားနှင့်ကားကို ဆက်တိုက်ပြောင်း၍ စီးသွားလျှင် ကနဦးကျသင့်ငွေကို စုစုပေါင်းတွင်ပြန်နှုတ်ပေးပါသည်။ ကိုရီးယားတွင်လည်းထို့အတူပင်ဟု သိရပါသည်။
ထိုကဒ်ကိုပင် taxi ခပေးရာတွင်အသုံးပြုနိုင်ပါသည်။ 7-11 stores တွင်လည်းဈေးဝယ်နိုင်ပါသည်။
ယခုအခါ ထိုကဒ်ကိုပင် အလိုအလျောက်အခပေး ကားပါကင်များတွင်လည်းကောင်း၊ ERP (electronic road payment) ဟုခေါ်သော ကားကျပ်သည့်နေရာများတွင် လမ်းအသုံးပြုခကောက်ခံသည့်စံနစ် တွင်လည်းကောင်း ၊ ကုန်တိုက်ကြီးများရှိ ကင်တန်း များတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။
ERP (လမ်းအသုံးပြုခကောက်ခံသည့်စက်တွင် တပ်ဆင်ထားသော ဘတ်စကားကဒ်၊ ထိုစက်၊ထိုကဒ်ဖြင့် အလိုအလျောက် ကားခပေး ပါကင်များတွင်လည်း သုံးနိုင်ပါသည်။

ငွေဖြည့်တင်းသည့် စံနစ်

Top-up Kiorsk... ငွေပြန်လည်ဖြည့်တင်းသည့်စက်

ထိုကဒ်အား အထက်ဖော်ပြပါ ရထားဆိပ် ၊ ကားဂိတ်များရှိ top-up kiorsk များတွင်လည်းကောင်း၊ ခရီးသည်ဝန်ဆောင်မှုဌာနများ၊ မြို့တော်တွင်းနေရာအနှံ့တွင်ရှိသော 7-11 stores များ၊ ATM ငွေထုတ်စက်များ၊ smart phone များမှသော်လည်းကောင်း၊ ငွေပြန်လည် ဖြည့်တင်းနိုင်ပါသည်။ Online မှဖြည့်တင်း၍ ရသည်ဟုလည်း ဆိုပါသည်။( ကျနော်တော့ မလုပ်ဘူးပါ။)

by Thar Lay


iPay (သို့) ဟိုမရောက်ဒီမရောက် ယာဉ်စီးခပေးကဒ် iPay (သို့) ဟိုမရောက်ဒီမရောက် ယာဉ်စီးခပေးကဒ် Reviewed by သစ်ထူးလွင် on 08:36 Rating: 5

54 comments:

phyo1980 said...

စိတ်ချ တက္ကစီမီတာတွေလိုဘဲနောက်ဆို သူ့ဘာသူပျောက်ပျက်သွားမှာ။ပိုက်ဆံပေးရင်တောင်အကြွေပြန်ပေးဘို့အဆင်မပြေတဲ့စပါယ်ယာတွေနဲ့ ဘယ်လိုစခန်းသွားပါ့..

ပြည်ချစ် said...

ကိုသစ်ရေ မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို အဲဒီစက်လေး ပြပေးလိုက်ပါအုံးဗျာ ငတုံးတွေ ဘာမှကို မသိ မလေ့ဘဲ လူတွင်ကျယ်လုပ်ချင်တယ် ကိုယ့်နိုင်ငံက အခုမှ စလုံးရေစ ဘဲ ရှိသေးတာကို အဆင့်ကျော်တက်ချင်တယ် လူတွေဆီက ဂွင်ရိုက်ချင်တာထင်ပါရဲ့

THET HTUT KHAING said...

Sentosa လိုနေရာ သွားရင်တောင် ၀င်ကြေးကို ငွေသားမပေးပဲ အ၀င်အထွက်ဂိတ်ဝမှာ အဲ့ ကဒ်ကို Scan ဖတ်ပြီး ၀င်လို့ရပါသေးတယ် ။ အဲ့ကဒ်ထဲမှာ ငွေ များများဖြည့်ထားမယ် ၊ ဖုန်းတလုံး ပါမယ် ဆို ၊ တခြားဘာမှ မလိုပဲ အပြင်ကို အလွယ်တကူ ထသွား ထလာ လုပ်လို့ရပါပြီ ။

ictmen said...

ကျွန်တော်ရန်ကုန်ပြန်တုန်းမြင်ခဲ.တယ် စပယ်ယာတွေက စက်ကိုလက်ကကိုင်ပြိးလိုက်ပြိးတော.ဖြတ်ပြနေရတယ်လေ ၀မ်းနည်းစရာပဲ စနစ်ကို ဘယ်လို.အသုံးပြုရမယ်လူတွေဘယ်လုံးအသုံးဝင်မလဲ ဆိုတာကိုနားမလည်ဘုးအရင်ဆုံးလုပ်မယ်ဆိုရင်လဲနိုင်ငံခြားကပုံစုံကိုအတု.ယုပြိးတော.ကိုယ် country ၇ဲ bus ကား အခြေအနေကိုမူတည်ပြိး လုပ်သင်.တာပါ ဒါတောင်ကြော်ညာသေးတယ်နတ်ပိုက်ဆံတဲရယ်ဖို.ကောင်းတယ် လုပ်တဲ.လူတွေကနည်းပညာကိုမသိတာ တာလား ပိုက်ဆံရဖို.လုပ်တာလာ့း ပြိးရင် စနစ်ကမအောင်မြင်တော. သွားတာပဲလေ နောက်တခါကုန်တာပဲ singapore malayshia အိမ်နိးချင်းနိုင်ငံတွေရဲ. စနစ်တွေနဲ.နိင်းယှဉ်ပြိးလုပ်သင်.တယ်လေ နည်းပညာ ဘန်းပြပြိးပိုက်ဆံယူနေကြတာဆိုတော. ခက်သားပဲ

tmso said...

ကိုသစ်ထူးလွင်ပြောတာကိုလုံးဝထောက်ခံပါတယ်

Kyawnaingsoe said...

ဒီလိုပဲလေ.. မြန်မာဆိုတာ သူများနဲ့မတူ တမူထူးခြားရမှကို ကျေနပ်တယ်.။ :D

Numega said...

သူတို့က မြေစမ်းခရမ်းပျိုး လုပ်နေတာ။ ခရမ်းမဖြစ်တော့လည်း အရေးမကြီးဘူးလေ။ သူတို့က မျိုးစေ့ဖိုးမှာ စားပြီးသွားပြီ။

ေ၇ာသမမွှေ said...

တောက် မပြောလိုက်ချင်ဘူး ဒီကောင်တွေမသိဘူးမဖြင့်နိုင် အပျက်သဘောဆောင်တဲ့လုပ်၇ပ်တွေပါ ကိုသားလေးေ၇ ကျေးဇူးပဲဗျုာ

Khine said...

အော်.. သူတို့လုပ်တာက NETSကဒ်ဘဲ ဒါကြောင့် "့နတ်ပိုက်ဆံ" လို့ခေါ်တာနေမှာပေါ့ :) :D
မှန်တယ် ဒီပိုစ်ကိုရေးတဲ့သူပြောတာ
အဲဒါနဲ့busကားခပေးနေလို့ကတော့ အလုပ်တော်တော်ဖြစ်ဦးမယ်..ဒါဂွင်ရိုက်တာနေမှာပေါ့
မိုဘိုင်းဖုန်းတွေကို အရင်အစိုးရနဲ့ပတ်သက်တဲ့သားသမီးတွေက မသိနားမလည်တဲ့ သူတွေအပေါ် ပက်ပက်စက်စက်လုပ်စားသွားပြီးပြီ
GSM စစချင်းသုံးကာစကဆို သူများနိုင်ငံမှာလွင့််ပစ်မဲ့ hand setအတုံးကြီးတွေနဲ့ ပက်ပက်စက်စက်အမြတ်တွေယူပြီးလုပ်စားသွားကြတာ ရှက်တတ်ရင်လဲသေဘို့ကောင်းတယ်
ခုတော့မိုဘိုင်းဖုန်းတန်ဘိုးကိုလူတွေကသိလာတော့ တဂွင်ပြောင်းလုပ်တာနေမှာပေါ့.

ပန်းသခင် said...

သိပ်မှန်တာ ပေါ့ရှင်...အဲ့စက်ကြီးနဲ့ဆို လူပေါင်း ၂၀ လောက် မှတ်တိုင်မှာဆင်းလိုက်ရင် ရှေ့ခရီးကို ဘယ်လို လျှောက်လှမ်းရပါ့မလဲနော်..

..ကျမသိတာကတော့ ဘတ်(စ်)ကားစီးတဲ့ အခါမှာ ကျသင့်ငွေ ပေးပြီးစီးတာထက် (ကဒ်) ကို အသုံးပြူစီးနင်းတာက ဈေးပိုသက်သာပါတယ်...
ဥပမာ...၁၆၀၀) ဆိုပါစို့...ကက်ကို အသုံးပြူ သူသည် အတက်မှာ (၁၀၀) လျှော့ဈေးရမည်..နောက် မိမိ ဆင်းချင်တဲ့ မှတ်တိုင် ရောက်လျှင် ထိုကဒ် ကို နောက်အပေါက်မှာ ထပ်ပြီး ကပ်လိုက်လျှင် (၁၀၀) ဒစ်စကောင့် သည် အလို အလျှောက် မိမိ ကဒ်ထဲဝင်လာပါသည်...ဒါပေမဲ့ မြန်မာပြည်က ipay လိုတော့ မဟုတ်ဘူးနော်....နောက် စကားမစပ်...အဲ့လောက်ငွေလေးပေးပြီးတော့ ဘတ်(စ်)ကားပေါ်ကြီးမှာ လူ ၂ယောက် ၃ယောက်လောက်ပဲ ပါသေးးကိုယ်ပိုင်ကားလိုပဲ...အယ်..နောက် တစ်ခု က ကိုယ်ပစည်းများကားပေါ်မှာ မေ့ကျန်ခဲ့ရင် စိတ်မပူနဲ့ ...ကားဂိတ်ဖုန်းဆက်လိုက် ...အိမ်ကိုတောင် လာပေးးးသေးတယ်...ဆားဗစ် အရမ်းကောင်းတယ်...မယုံမရှိနဲ့ နိုင်ငံကြီးတွေ ကို ထွက်ကြည့်...

တြိရတနာ said...

ကိုသစ်အဲဒါမှားနေတာ မိုဘိုင်းမားကက်လေ။လိုင်းကားမဟုတ်ပါ ကမ္ဘာမှာပထမဆုံးသော မိုဘိုင်းမားကက်ပါခင်ဗျား။

Youth said...

ဟုတ်ပါတယ်...ဒီစနစ်ကြီးဆိုရင်တော့ကန့် ကွက်ပါတယ်။ မလုပ်သင့်ပါဘူး။ ကျွန်တော်လည်းပထမဒီသတင်းကြားတုန်းက ငါ့တို့ နိုင်ငံတောင်အတော်အသင့်ပြောင်းလဲလာတော့မှာပဲဆိုပြီးတွေးပျော်မိပါတယ်။ ကျွန်တော်က ပြည်ပရောက်နေတဲ့သူဆိုတော့ လက်ရှိရောက်နေတဲ့နိုင်ငံမှာလုပ်ထားတဲ့ကဒ်စနစ်ကအရမ်းကောင်းတော့ ကိုယ့်နိုင်ငံမှာလည်းဒီလိုမျိုးဖြစ်လာမယ်ဆိုတော့ အရမ်းပဲပျော်မိပါတယ်။အခုတော့ ပိန်းတိန်းတိန်းနည်းပညာကြီးဖြစ်နေတယ်ဗျာ။ ကံကွက်ပါတယ်။ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ဒီပို့ စ်ကိုတင်ပေးတဲ့ ကိုသားလေးကိုလည်း ကျေဇူးအများကြီးတင်ပါတယ်။ ကျွန်တော် facebook ကိုshare လုပ်သွားပြီနော်။

The Nature Myanmar said...

ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူ ဖြစ်အောင်လုပ်ကြပါဗျ...
အဖြူအမဲကနေ ကါလာ တီဗီကို ကူးသလိုပေါ့...
အချိန်လေးနည်းနည်းယူပြီး စနစ်တကျလေးနဲ့ မြန်မာတွေ မညံ့ကြောင်း လုပ်ပြစမ်းပါ...

Myo Chit said...

စိတ်ညစ်ရပါလားဗျာ ၊ ဒါ ဘတ်စ်ကား စီးတဲ့ ကဒ်မှ မဟုတ်တာပဲ ။ Shopping Center တွေမှာ ပိုက်ဆံ ရှင်းရင် သုံးတဲ့ ကဒ်စနစ်တွေပဲ ။ စင်္ကာပူ မှာဆိုရင်တော့ NET ကဒ် လိုမျိုးပေါ့ ။ သူတို့ နိုင်ငံတွေမှာတောင် ဒီ ကဒ် ဖတ်တာက အချိန်ပေးရတယ် ။ အခု ဗမာ ပြည်မှာ ( ပီးတော့ ဘတ်စ် ကားပေါ်မှာ ဆိုတော့ ) ။
အရင်က စပယ်ယာ တွေ ဘယ်သူ ပိုက်ဆံ ဘယ်လောက်ပေးထားတယ်ဆိုတာ မှန်းမိ နိုင်သေးတယ် ။ ဒီ ကဒ်နဲ့ သာဆိုရင်တော့ စပယ်ယာ ရူးပြီ ။ ကားလည်း ထွက်နိုင်မှာ မဟုတ်တော့ဘူး ။ ဒါသုံးမယ့် အစားတော့ အရင်အတိုင်း ပိုက်ဆံ သာ ဆက်ကောက်ပါဗျာ ၊ အဲဒါက ပိုမြန် ပိုမှန်ပါသေးတယ် ။ ဗမာပြည်က ပညာရှင်တွေ ပါးစပ်ပိတ်မထားကြပါနဲ့ ၊ ပြောကြပါအုံး ၊ သူတို့ လုပ်ခိုင်းတိုင်း လျှောက်လုပ်ပေး မနေစမ်းပါနဲ့ ၊ သူ့နေရာနဲ့သူ လုပ်ပေး စမ်းပါ ၊ မတွေ့ဘူးသေးရင်လည်း နိုင်ငံခြား ထွက် လေ့လာကြပါ ။ သူများနိုင်ငံလို အဆင့်မီအောင်လုပ်နိုင်ရဲ့သားနဲ့ ဘာကြောင် မလို့တုန်း ။ ရှက်တတ်ကြစမ်းပါဗျာ ။

အိတုတ် said...

thank u ပါဒီဘလော့ကိုဖတ်လိုက်ရတော့ဗုဟုသုတလည်းရတယ် အော်မြန်မာနိုင်ငံကခဏ်မှီတိုးတက်ဖို့အများကြီးကိုကြိုးကြိုးစားစားနဲ့အချိန်တွေယူရအုံးမယ်လို့တွေးမိတယ်။ဘောင်းဘီတိုတိုနဲ့သရုပ်ပျက်ဝတ်စားဖို့ကိုဘဲစိတ်ကူးရှိနေကြတဲ့ ညီမလေးတွေကိုလည်းရင်မောမိပါရဲ့။မြန်မာနိုင်ငံကြီးလည်းနည်းမှန်လမ်းမှန်နဲ့ခဏ်မှီတိုးတက်ပါစေလို့နှစ်သစ်ဆုတောင်းလိုက်ရပါတယ်။

ဖိုးစလုံး said...
This comment has been removed by the author.
သျှင်ပညာပိ said...

လုပ်ပြန်ပီဟေ့ သောက်တလွဲ
သောက်တလွဲ အစိုးရ တွေလက်ထက်မှာ
သောက်တလွဲ ဘာမှမသိတဲ့ သူတွေက
နေရာတကာ ဝင်အုပ်ချုပ်
သောက်တလွဲတွေပြော
သောက်တလွဲတွေလုပ်
မလွဲတာ တစ်ခုတော့လုပ်တပ်တယ်
ချမ်းသာဖို့ တစ်ခုထဲကွယ် လို့ ပြောရမဲ့
ကျွန်တော်တို့ တိုင်းပြည်ကို
အလံတင် မကပဲ နိုင်ငံအမည်ပါပြောင်းသင့်ပါပြီ။
"ပြည်ထောင်စု ဆိုရှယ်လစ် သောက်တလွဲ မြန်မာနိုင်ငံတော်"

Anonymous said...

မှားမှန်းသိတယ်ဗျ ခေတ်မမှီမှန်းလည်းသိတယ်ဗျ
ဒါပေမဲ့ နည်းပညာတွေ ခေတ်မမှီတာ တွေထက်ေ၇ပေါ်ဆီ စီးပွါး
ရေးသမားတွေနဲ့ အကျင့်ပျက်ခြစားနေတဲ့  တာဝန်ရှိသူတွေကြားက ရိုက်ချက်တွေပေါ့ဗျာ
ဒါကြောင့်လည်းတိုင်းပြည်နစ်နာနေတာပေါ့

ဖိုးစလုံး said...

ကျွန်တော် တစ်ခုစဉ်းစားမိတယ်၊ စပယ်ယာတွေ ထမင်းငတ်မှာ စိုးလို့ နိုင်ငံတော် အစိုးရက အမြော် အမြင်ကြီးပြီး ဘယ်နိုင်ငံမှာ မှမသုံးတဲ့ ဒီဇိုင်းမျိုး လုပ်ထားတာထင်တယ်.......:P:P:P

အရှိအတိုင်း said...

အံ့သြလောက်ပါတယ်..

မောင်မောင် said...

မောင်မောင်(ကိုရီးယား)

မြန်မာပြည်က လူကြီးမင်းများ ပထမဦးစွာ သင့်တို.ရဲ့စိတ်ကို ခေတ်မှီအောင်ပြုပြင်ပြီးမှသာ...တခြားအရာတွေကို ခေတ်မှီအောင်လုပ်ပါဗျာ...ကြားလိုက်ရတဲ့နည်းပညာတွေကလည်း အဆန်းသား..ဘယ်လိုဦးနှောက်တွေနဲ. စဉ်းစားတွေးတောနေကြလည်းဆိုတာ ကျနော်လိုက်မမှီတော့ဘူး..ဒီတော့ လူကြီးမင်းတို.က ၉၀ လား..ဒါမှမဟုတ်..၁၁၀ လား..သေချာတာကတော့ ၁၀၀ မဟုတ်တာပဲ.. ကျေးဇူးတင်ပါတယ်..

သန့်ဇော်မြင့် said...

ဦးနှောက်မရှိတာကို လူတကာသိအောင် MRTV4 ကနေ ကြွားလိုက်သလားမသိဘူး… ကိုယ်မတတ်ရင် လည်း မတတ်ဘူး ၀န်ခံ… တတ်သိနားလည်တဲ့ သူတွေနဲ့တိုင်ပင်… တစ်ဘက်ကလည်း ကိုယ်တိုင်လေ့လာပေါ့… အခုလိုမျိုးကျတော့… ကြားရတာ ဟာသတစ်ပုဒ်လိုပဲ

Anonymous said...

တိုင်းပြည်မတိုးတတ်တာလည်းမပြောနဲလုပ်တာကတလွဲတွေချည်းဘဲ

mgmgsann said...

အေးဗျာ အဲဒီလို ခ၇က်ဒစ် တို့ဒက်ဘစ်ကဒ်တို့ဖတ်တဲ့စက်တွေကိုေ၇ှာ့ပင်းမောတွေမှာသုံးတာပါ
အဆင်မပြေ၇င် နောက်လူက စောင့်နေ၇တတ်တယ်
ဒါကြောင့်ေ၇ှ့ကလူက ကဒ်သုံး၇င် နောက်လူက လွတ်တဲ့တန်းကိုပြောင်းစီကြတယ်မစောင့်၇အောင်လို့
ဘတ်စကားစီးတာက အဲဒီလောက်မကြာတဲ့ စကန်ဖတ်၇ုံနဲ့ပြိးတဲ့ ငွေပြန်ထဲ့တဲ့စက်တွေပါ ပြသနာက ဆုံးဖြတ်ချက်ချတဲ့လူကြိးတွေကိုယ်တိုင်က ဘာစက်ကိုဘယ်မှာသုံးတယ်ဆိုတာ အင်တာနက်ထဲ ခနလောက်ထိုင်ကြည့်ဖို့ကို အချိန်မပေးတာ ဆိုးတာဘဲ အခုက အပ်ကလေးနဲ့ထွင်၇မှာ ကို ပုဆိန်နဲ့ပေါက်နေတာဖြစ်နေတယ် အသုံးတဲ့တဲ့နည်းပညာမဟုတ်ဘဲ ဘန်တွေတွက်ေ၇ှာ့ပင်းမောတွေတွက် ဝယ်ထားတဲ့နည်းပညာကို ဘတ်စကားလိုင်းတွေကို ညာေ၇ာင်းဖို့ကြိုးစားတာလို့ဘဲမြင်တယ် မထသ က မဝယ်တာ ဘယ်ဆန်းမလဲ မထသက အုံနာတွေထဲမှာ ကမာပတ်လာတဲ့သဘော်သားတွေတပုံကြီး နလပိန်းတုံးတွေမှမဟုတ်တာ

Anonymous said...

တိုင်းပြည်မတိုးတတ်တာလုပ်ပုံတွေလွဲနေလိုပါ

a said...

ဦးသိန်းစိန်ကိုအကြံပေးနေသူများ-ဒီလောက်တော့သိသင့်ပါတယ်၊ဒါလေးများလို့မထင်လိုက်ပါနဲ့ဒါလုပ်စားတာပါ၊လုပ်စားရှိနေသမျှတိုင်းပြည်နာနေအုံးမှာပဲ။

HtetNWin said...

ခွင့်ပြုတဲ့ပုဂ္ဂိုလ်က တော်တော် အရည်အချင်းရှိ့ပုံရတယ်..ဘတ်စကားလက်မှတ်စာအုပ်ရောင်းတာကမှ ဒီထက်ပိုအဆင်ပြေဦးမယ်..တစ်ခါစီးတစ်ရွက်ပေးလိုက်..အကြွေပြန်အမ်းစရာမလိုဘူး..

myo thant said...

အတော်ပင်လွဲမှားသောလုပ်ဆောင်ချက်ပါလားနော်။သင့်လျှော်သောနည်းပညာတခုကိုမှန်မှန်ကန်ကန်အသုံးချပြီးတိုင်းပြည်အနာဂတ်ကောင်းကျိုးအတွက်လုပ်ဆောင်ခြင်းမဟုတ်သည်ကတော့သေချာနေပြီ။ကိုယ့်လုပ်ဆောင်ချက်ကိုဖြောင့်မှန်သောအသိပ ညာအတတ်ပညာတို့ဖြင့်ဝေဖန်ပိုင်းခြားနိုင်ပါစေ၇န်။

zay said...

မဟုတ်ပါဘူး သူပြထားတာ Top up လုပ်နေတဲ့ပုံပါ bus ပေါ်တက်ရင်တော့ Touch n go system ပါပဲ ဝေဖန်ချင်ရင်လဲသေချာလေ့လာပါ ဦးလေးရဲ့။ ။

သုခ said...

မြန်မာပြည်ဖွားတရုတ် တယောက် နဲ့ အဲဒီက အကြီးအကဲတွေ နဲ့ပေါင်ြး့ပီးဂွင်ဖန်လိုက်တာ၊

cold peace said...

ဒို့တွေ(ပြည်တွင်းကသူတွေ)ကိုရွာသားတွေမှတ်ပြီးနှပ်ချမလို့လုပ်တာနေမှာ၊စီစဉ်တဲ့သူတွေကမတတ်လို့မဟုတ်လောက်ဘူး၊ငါတို့လုပ်ချင်တာလုပ်ဘာမှမသိမဲ့ကောင်တွေဆိုပြီးတော့လေ၊
ဒါပေမဲ့ဒို့တွေထဲမှာနိုင်ငံတကာအဆင့်ရှိသူတွေပါတယ်ဆိုတာမေ့နေရော့သလား၊တခါအခုလိုထောက်ပြမဲ့ဘော်ဒါတွေရှိနေသေးတယ်ဆိုတော့---တာဝန်ရှိသူများခင်ဗျား-----ဆင်ခြင်တော်မူကြပါကုန်

aye aye moe said...

စင်ကာပူနဲ့ဟောင်ကောင်ကိုမြန်မာပြည်ကလူတွေတော်တော်များများရောက်ဖူးကြပါတယ်၊ မသိစရာအကြောင်းမရှိပါ၊ ကျွန်မအထင်ကတော့သက်ဆိုင်ရာဌာန၀န်ကြီးများနဲ့သက်ဆိုင်ပါတယ်၊မြန်မာပြည်မှာလုပ်ငန်းကြီးတစ်ခု (သို့)ကုမဏီတစ်ထောင်ဖို့ဆိုတာနိုင်ငံတော်အစိုးရသက်ဆိုင်ရာဌာနကိုProposal တင်ရပါတယ်(အသေးစိတ်၊ လိုအပ်လျှင် projector နဲ့ပြရပါတယ်)သက်ဆိုင်ရာဌာနမှအကြီးအကဲများကစိစစ်ဆုံးဖြတ်ရပါတယ်၊ခွင့်ပြုချက်ရမရကိုသက်ဆိုင်ရာကိုဘယ်လောက်ပေးနိုင်သလဲပေါ်မှုတည်ပါတယ်။ မပေးနိုင်တဲ့တဲ့လုပ်ငန်းရှင်နဲ့တွေ့ရင်ဒီလုပ်ငန်းဟာေ၇ှဆက်မရပါဘူး၊များများပေးကမ်းနိုင်မဲ့လုပ်ငန်းရှင်မျိုးနဲ့တွေ့ရင်တော့ချက်ချင်းလုပ်ခွင့်၊လုပ်ကွက်ရပါတယ်။ မြန်မာပြည်မှာဒီလိုဖြစ်ပျက်နေတာကြာပါပြီ၊ခုမှမဟုတ်ပါဘူး၊ ဥပမာတစ်ခုအနေနဲ့ပြောရရင်ကြာခဲ့ပါပြီး တရုတ်နိုင်ငံဆက်သွယ်ရေးကုမဏီတစ်ခု(နာမည်ကြီးထဲ့က)ကမြန်မာပြည်ရဲ့ဆက်သွယ်ရေးကိုကူညီလုပ်ဆောင်ပေးဖို့ကို သက်ဆိုင်ရာဌာနလို့တော့ပြောပါတယ်ဆက်သွယ်ရေးဝန်ကြီးမပါပါဘူး၊ အဲဒီဝန်ကြီးနဲ့တွေ့ဆုံရာတဲ့အခါမှာစကားပြန်ကိုပြောပါတယ်အကျိုးအမြတ်ဘယ်လောက်ရမလဲဆိုတာကို၊ တရုတ်ဘက်ကအခမဲ့ကူညီရအုံးမယ်ပိုက်ဆံလည်းပေးရမယ်ဆိုတာနဲ့မလုပ်ဖြစ်လိုက်ပါဘူး၊

Pauk Pan said...

ကိုယ့်လူတို့ ပြောတာတွေကတော့ တကယ့်တိုးတက်စေချင်တဲ့စေတနာတွေထင်ပ :D
ဘာပဲပြောပြောနည်းပညာအသစ်တွေကို ထိတွေ့ ခွင့်ရတာ ၀မ်းသာစရာပဲမ ဟုတ်လားဗျာ။ ကျနော်တို့ နိုင်ငံက ကကြီးကို သေချာအောင်ရေးတုန်းပဲရှိသေးတယ် ကိုယ့်လူတို့ ကပြည်ပကနေပြီး အ အထိရောက်နေတဲ့ နိုင်ငံတွေနဲ့ တော့ဘယ်တူပါ့မလဲ။ ဘာပဲပြောပြော အဆင်ပြေ လို့ သုံးတဲ့လူတွေကသုံးနေကြပြီ။ သုံးတောင်မသုံးဖူးပဲနဲ့ ဘလိုင်းကြီးစွတ်ပြီး မကောင်းမြင်ဝါဒီလိုပဲမလုပ်ကြပါနဲ့ ကိုယ့်မျက်ချေးကိုလည်း ကိုယ်မြင်ကြစမ်းပါဗျာ :D

Bravo said...

ပြည်သူများရဲ့ မေတ္တာကိုခံယူဖို့ သတင်းစာမှာ တင်သွင်းတဲ့သူနဲ့ ခွင့်ပြုတဲ့သူတို့ရဲ့ ဓါတ်ပုံလေးထည့်ပေးပါလား။ ရိုက်ချက်ကပြင်းတော့လေးစားလွန်းလို့ပါ။ အဲဒီလိုနိုင်ငံကိုချစ်တဲ့သူတွေကို အများပြည်သူကြည့်ရ၊မြင်ရတာပေါ့။ ဘယ်နိုင်ငံကလက်ကျန်ပစ္စည်းတွေကို အောက်ဈေးနဲ့ဖြတ်ယူပြီး ခွင့်ပြုတဲ့ပုဂ္ဂိုလ်ကို နည်းနည်းခွဲဝေပေး။ ပြီးတော့ အစိုးရအာဏာနဲ့ သတင်းစာထဲ၊ တီဗွီထဲကကြော်ညာ(ကြေငြာတာမဟုတ်ဘူးနော်) ထည့်။ ဒါမျိုးလုပ်နိုင်တာ လက်တဆုပ်စာ မသမာသူတွေပဲရှိတာနော်။ နောက်ဆုံးခံရသူတွေကတော့ အောက်ခြေလူတန်းစာတွေပါ။ ဒီလို အုပ်ချုပ်သူတွေနဲ့ပေါင်းပြီး ပြည်သူ့ဝန်ထမ်းတွေဆီကနေ မသမာနည်းနဲ့ ငွေလှဲ့ပါတ်ယူနေတာကိုများ တော်လှပြီထင်နေသလား။ Taxi Meter, Electric Meter, Hand Phone တွေအားလုံး ဒီလိုနည်းနဲ့ မယူမနေရအောင် အုပ်ချုပ်သူတွေနဲ့ ပေါင်းရိုက်နေရင် ဘယ်လိုလုပ် ဒီမိုကရေစီကိုဖေါ်ဆောင်ကြမှာလဲ။ အဲဒီ ဘယ်၊ညာ လက်ဝါးနှစ်ဖက်လုံးကို ဖေါ်ထုတ်အရေးယူဖို့ အချိန်တန်နေပြီ။

Unknown said...

လူကြီးမင်းတို့ ခင်ဗျာ...........နိုင်ငံတော်ကြီးကိုခောတ်မှီဖွံ့ ဖြိုးတိုးတက်ဖို့ ဆိုတာ....
လူကြီးမင်းတို့  ကြံ့ဖွတ်ကလူတွေကို စိတ်ဓါတ်ဖြူစင်အောင်။ငါးပါးသီလလုံအောင်အရင်လုပ်ပါ။ဇကောလောက်မှဇောက်မနက်တဲ့ညဏ်လေးနဲ့ ရှောက်မလုပ်ကြပါနဲ့ ...တိုင်းပြည်ပိုနစ်နာမှာစိုးလို့ ပါ။

Anonymous said...

contactless စနစ်ပါပဲဗျာ.သေချာလေ့လာပြီးလို့လို့ဝေဖန်ရင်တော့ကောင်းတာပေါ့။
သူများကိုပြောပြီးတော့ ကိုယ်တိုင်ကျတော့
MRTV-4 ကြည့်ပြီးပြောတာလောက်ဆိုဘယ်ကောင်းမလဲ။
ပြောသာပြောတာပါ ဒီ comment ကလဲတတ်မှာမဟုတ်ပါဘူး။

kyaw thura said...

ဘာလဲကွာ... သူများထက်သာအောင်မလုပ်နိုင်တာ ထားအုံး သူများလုပ်တဲ့ ပုံစံလည်း မှီအောင်မတုနိုင်ဘူး...ပြောနေတာက ipay ipay နဲ့....ငတုန်းတွေ လူတွင်ကျယ် ဝင်လုပ်နေတယ်....... တောက်....

balarbalar said...

မဖြစ်နိုင်ပါဘူးဗျာ။ရုံးတက်ရုံးဆင်းချိန်မှာဒီလိုပုံစံနဲ့သာဆိုရင် အိမ်ကိုတောင်ပြန်ရောက်မှာမဟုတ်ပါဘူး။ဘယ်လိုအတွေးမျိုးနဲ့လုပ်နေလဲကို
စဉ်းစားလို့မရတာ ဝိုင်းပြောကျပါအုံးဗျာ။

Rapster88 said...

ခင်ဗျားတို့ အားလုံး ဆရာကြီးသိပ်မလုပ်ခင် ဒါလေးရင် ကြည့်ကြည့်ပါဦးလား။ ဘယ်လို သုံးထားလဲဆိုတာကို။

http://www.ipay.com.mm/myan/index.php?id=4

Thanlwin said...

ရန်ကုန်မြို့က bus car လိုင်းတွေမှာ စင်္ကာပူတို့ မလေးတို့မှာ သုံးတဲ့ FRID card ကိုအသုံးပြု၍ မရနှိုင်ပါ၊ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန် bus ကားကြီးများအားလုံး နီးပါး ခရီးသည် အတက်အဆင်း အတွက် အပေါက် တပေါက်ထဲ ဖွင့်ပေးထားလို့ဖြစ်ပါတယ်။ခရီးသည်တွေဟာ အတက်လဲ ဒီအပေါက်ဘဲ အဆင်းလဲ ဒီအပေါက်ဘဲ တိုးခွေ့ ဆင်းနေရပါတယ်။ခရီးသည်တင် bus ကားထုတ်လုပ်သော ကားကုမ္မဏီများက ခရီးသည်များ အန္တရာယ် ကင်းစေဖို့ ရှေ့တပေါက် နောက်တပေါက် အပြင် အရေးပေါ်ထွက်ပေါက် တပေါက်ပါ ထပ်ထည့်ပေးထားသေးတယ်။ဒါပေမဲ့အဲ့ဒီကားတွေ ဗမာပြည်လဲရောက်ကော အပေါက်နှစ်ပေါက်ကို အသေပိတ်လိုက်ပြီး တပေါက်တည်းဘဲ ချန်ထားတော့ တယ်။အဲ့ဒါ စစ်ဗိုလ်တွေ တိုင်းပြည်ကို အုပ်ချုပ်ကတည်းက စလုပ်လာတာ။ အဲ့ဒီကိစ္စ ကိုဘာလို့လုပ်တာလဲ မေးကြည့်တော့ လုံခြုံရေးအရ တပေါက်ထဲ ပေးထားခိုင်းတာတဲ့၊အကြောင်းတခုခု ဖြစ်လို သူတို့ ရှာချင်ဖွေချင်ရင် တပေါက်ထဲဆိုတော့ ဆင်းမပြေးနိုင်အောင်လို့တဲ့။ အဲ့ဒါတကယ်ပြောခဲ့တာ။ဘယ်လောက်အသိဥာဏ်နည်းစွာနဲ့ တိုင်ပြည်နဲ့ ပြည်သူတွေအပေါ်အုပ်ချုပ်ခဲ့လဲဆိုတာ သိနိုင်တယ်။

Unknown said...

စပ်ကူးမတ်ကူးကာလမှာ သူများဆီမှာ မအောင်မြင်တဲ့ နည်းပညာတစ်ခုကို ကိုယ့်ဆီမှာ အစွံထုတ်တာလို့ ယူဆမိပါသည်....
သူတို့ဆီက ကဒ်တွေဟာ အတွင်းက microchip ကို ရာသီဥတုဒဏ်နဲ့ ထိခိုက်မှုဒဏ်ကိုခံနိုင်အောင်လို့ polymer အမာနဲ့ဖုံးအုပ်ထားပြီး၊ ကြိုက်တဲ့နေရာမှာ ကြိုက်သလိုထား၊ အ၀တ်လျှော်စက်ထဲထည့်မွှေမွှေ၊ ဘောင်းဘီအိပ်ကပ်ထဲ ထည့်ပြီးထိုင်တောင် ကျိုးပဲ့ ခဲပါတယ်.......ဒါကြောင့် ဒီစက်တွေကို tapping machine လို့ အချို့ကခေါ်ပါသည်....coz ကဒ်ကို လက်နဲ့ကိုင်လာခဲ့ရင် တစ်ချို့က စက်မျက်နှာပြင်ကို ကဒ်နဲ့ရိုက်ပြီး ငွေရှင်းလို့ပါ.....ထို့အတူ စက်ကို နှစ်ခါဖြတ်မိလို့ ပြဿနာပေါ်သည်ဟု တစ်ခါမျှ သူတို့ဆီတွင် မကြားဘူးပါ...
မည်သူ့ကိုမှလည်း တခုတ်တရ သင်ပေးတာကို မမြင်ဘူးပါ။ ဤမျှသုံးရ အဆင်ပြေ လွယ်ကူပါသည်။

ဒီpostကိုရေးတဲ့ အချိန်က ipay ဆိုက်တွင် information မပြည့်စုံသေးပါ....... ထို့ကြောင့် contact အစား contactless ဟု ပြန်ပြောင်းပေးလိုက်ပါသည်။

သို့သော် သဘောချင်းမှာ အတူတူပင် ဖြစ်ပါသည်။ မြန်မာပြည်သားအတော်များများ နိုင်ငံရပ်ခြားကို ရောက်ဘူးနေသော ယနေ့ခေတ်တွင် ဤစက်ကိုမြင်သည်နှင့် ဘာဆိုတာ တန်းသိကြပါသည်။
ipay ခေါ် nets စက်နည်းပညာနှင့် ဘတ်(စ)ကားခပေးဘို့ကြံစည်သော ထိုလုပ်ငန်းရှင်သည် အတော့ကို ဗဟုသုတနုံနဲ့သော ပုဂ္ဂိုလ်ဟု ကျနော်ပြောလိုပါသည်။

ဖုန်းဘီလ်ဆောင်ဘို့တို့ ၊ မီတာခပေးဖို့တို့ကို ရှည်ရှည်ဝေးဝေး သိပ်မစဉ်းစားပါနှင့်။ ဘဏ်အကောင့်ရှိလျှင် online ပေးလို့ ရတဲ့ စံနစ်က သိပ်မဝေးတော့ပါ။ အချိန်တန်လို့ ATM စက်တွေ ထိထိရောက်ရောက်သုံးစွဲမှုတွင်ကျယ်လာသောအခါ အလိုလို ဖြေရှင်းပြီး ဖြစ်သွားပါလိမ့်မည်.......

ကျနော်တစ်ခုပြောလိုသည်မှာ standard စံချိန်စံညွှန်းဖြစ်ပါသည်။ wheel ကို တဖန်ပြန်၍ invent လုပ်စရာမလိုပါ.... နိုင်ငံတကာကို အမီလိုက်ချင်လျှင် နိုင်ငံတကာတွင် အသားကျနေသော စံ-စံနစ်ကို သုံးပါ..... ထိုစံနစ်ကို သင်တို့အားရောင်းလိုက်သော အိန္ဒိယနိုင်ငံ၏ metro line တွင်ကော ရထားစပါယ်ယာက ဒီစက်ကို လက်ကကိုင်ပြိး လိုက်ကောက်နေသလား ဆိုတာ သွားလေ့လာလိုက်ပါဦး ဟုတိုက်တွန်းလိုက်ပါသည်...

N.B : အပေါ်က ကျနော်ကြိုက်သော comment တစ်ခုပါ...
( HtetNWin said...
ခွင့်ပြုတဲ့ပုဂ္ဂိုလ်က တော်တော် အရည်အချင်း ရှိပုံရတယ်.. ဘတ်စကားလက်မှတ်စာအုပ်ရောင်းတာကမှ ဒီထက်ပိုအဆင်ပြေဦးမယ်.. တစ်ခါစီးတစ်ရွက်ပေးလိုက်.. အကြွေပြန်အမ်းစရာမလိုဘူး.. )

ngathae said...

transportation အတွက်သုံးတဲ့ card က contactless card ပါ...အဲဒီ contact less card က ပိုက်ဆံအိတ်ထဲမှာ ရှိတာတောင်...radio frequency နဲ့ card reader ကို tap လုပ်လို့ရပါတယ်...စလုံး မှာ သုံးတဲ့ card က contactless ပါ...swipe card ကို သုံဖို့ စဉ်းစားတာတော်တော် အဲ့သြဖို့ကောင်းပါတယ်...ဘာပဲလုပ်လုပ် သေချာလေ့လာဖို့လိုပါတယ်..

oscar.yk said...

သေသေချာချာလေ့လာပါ သစ်လွင်ထူးရေ TOP-UP လုပ်တာပါ Bus မှာတော့ contactless ပါပဲ ကျန်တဲ့လူတွေကလဲ စွတ်ဆတ်ဝေဖန်တော့တာပဲ.ကျွန်တော်လဲ ကိုမကြိုက်တဲ့အချက်ရှိတာပဲ.ဥပမာ.Time Limit ရှိတာတို့ပေါ့. မဟုတ်မဟတ်ဝေဖန်တာတော့မကြိုက်ဘူးဗျို့

Saung Htet Aye Chan said...

ရှေ့ကိုသွားနေတဲ့ နိုင်ငံတော်သစ်ကြိုဆိုကြပါ။ သူများနိုင်ငံတွေမှာက ရေတွင်း တူးပြီးခဲ့တာကြာပြီလေ... ကိုယ့်နိုင်ငံက အခုမှရေတွင်းတူးတုန်းပါ၊ အခုရေ တွင်းတူး အခုရေကြည်သောက်ချင်လို့ဘယ်ရမှာလဲ၊ အချိန်ကာလတစ်ခုကြာမှ ရမှာပေါ့၊ ခပ်ရိုင်းရိုင်း ဥပမာပေးရရင် ခုယောင်္ကျားယူ ခုကလေးမွေးချင် လို့ ဘယ်ရမှာလဲ။ စဉ်းစားသုံးသပ်စေချင်ပါတယ်။ ဘေးကနေပြီး ဘုထိုင်ပြောမနေဘဲ ၀ိုင်းဝန်းပြီးကူညီကြမယ် ဆိုရင် နိုင်ငံကြီးကတိုးတက်လာမှာပါ။ ခု မြန်မာနိုင်ငံမှာက လူ့လွယ်အိတ်တွေများနေတယ်လေ။ ကိုယ်တိုင်လဲမလုပ်ကြဘူး သူများလုပ်ရင်လဲ အကောင်းမမြင်ကြဘူး။ အရာရာကို အကောင်းမြင်ဝါဒလေးနဲ့ မြင်ပေးရင်အရာရာတိုင်းက ကျေနပ်စရာတွေပဲဖြစ်လာမှာပါ....................

Anonymous said...

comment တွေကြည့်ပြီးလို့ သုံးကြည့်လိုက်တယ်လေ။ မဆိုးပါဘူး။ contactless ပါ။ မြောင်းထဲကို ပွတ်ဆွဲရတာဆို။ မဟုတ်ပါဘူး။ ဘေးနားလေးမှာ ထားရုံနဲ့ဘဲ print ထွက်လာတာ။ မြန်ပါတယ်။ သုံးသပ်ဝေဖန်ရင်လည်းသေချာသိအောင် လုပ်ပြီးမှ ဝေဖန်စေချင်ပါတယ်။ ခုတော့သတင်းအမှားကြီးဖြစ်နေတယ်။ ဆင်ခြင်စေချင်ပါတယ်။ post တင်တဲ့လူကိုပြောတာပါ။

Pauk Pan said...

Saung Htet Aye Chan ပြောတာကိုတော့ လေးစားတယ်ဗျာ။
ကျွန်တော်တို့ နိုင်ငံသားတွေက ပြောလိုက်ရင် ဆင်ဖမ်းမယ်ကျားဖမ်းမယ်နဲ့ 
ပြီးတော့အရာရာကို မကောင်းမြင်တွေနဲ့ ပဲရှု့ နေကြတယ်ဗျာ။
အမြင်တွေကကျဉ်းသထက်ကျဉ်းပဲ
ပြောလိုက်ရင်တော့ မျိုးချစ် / ပြည်ချစ်တွေဆိုပဲ :D

မိုးကုတ်သား said...

ipay ဆို တာဘာလည်းဆို တာ သိကျသေချာ စွာရှင်ပြပေးပါလား?
ipay ဆို တဲ့ "ကတ်" ကိုအသုံးပြုဘူးလားမသိဘူးနော်?
ipay ဆို ကို ဘယ်လိုနေရာတွေမှာအသုံးပြုလို့ရလည်းမသိဘူးနော်?
ipay ကတ် ကို comment ရေးတဲ့သူဘယ်နှစ်ယောက် အသုံးပြုဘူးလည်းမသိဘူးနော်?
ကျေးဇူးပြု၍ အားလုံးပြန်ဖြေပေးပါနော်.......... :)

T:-) said...

ကတ်နဲ့ စက်နဲ့ ထိရုံပါပဲ။ သတင်းရေးထားတာရော comment ပေးထားတာ များရော မှားနေပါတယ်

Golden Tiger said...

သြ ဗမာတွေ ဗမာတွေ Magazine တွေမှာဖတ်ဘူးတာတွေကို တောင်ပြောမြောက်ပြော ပြောနေကြတယ်။

တချို့ လည်းနိုင်ငံခြားမှာ Bus စီးခဲ့တဲ့အတွေ့ အကြုံတွေကို ကိုယ့်ထင်ရာကိုယ် ဆင်ကြီးကို ပုံဖေါ်နေတဲ့ အကန်းတွေလို ပြောနေကြတယ်

တချို့ လည်း ရောယောင်ပြီး ဗမာပြည်က ဘာစနစ်မဆို ဘာတခုမှ မကောင်းဘူးလို့ ဝါးလုံးရှည်နဲ့ရမ်းနေတယ်၊

အဓိက က အသုံးပြုတဲ့ ခရီးသည်တွေနဲ့ ကားသမားတွေပေါ်မူတည်ပြီး အဲဒီစနစ် အောင်မြင်မယ် ကျဆုံးမှာပဲ။

ဗမာပြည်က အကျင့်ဆိုးတွေနဲ့ပြည့်နေတဲ့သူတချို့ ကြောင့်ဘာတခုမှ အလုပ်ဖြစ်မှာမဟုတ်ဘူး၊

သတိရကြသေးလား၊ မြို့ တော်ကဖုန်းအိမ်တွေ မှတ်တိုင်တွေ အများသုံးအိမ်သာတွေ ဘာတခုမှ မမြဲခဲ့ဘူး။

မိုးကုတ်သား said...

ကိုယ့်လူ ကျနော် မေးတဲ့ မေးခွန်းလေးတွေ ကို ကိုယ့်လူရောမဖြေနိုင်ဘူးလား?
ကျန်တဲ့ comment ပေးတဲ့ လူပြန်မဖြေတာ ကိစ္စမရှိပါဘူး
ကိုယ့်လူ က ဒီ post ကိုတင်ထားတာ ဆိုတော့ ipay နဲ့ပတ်သက်ရင် အကုန်သိမယ်ထင်တယ်
ကိုယ့်လူ သိသလောက် တော့ဖြေပေးပါ.................
comment ပေးတဲ့ လူတွေ ကျနော်ပြောတာ ကို သဘောတူတယ်ဆိုရင် မှတ်ချက်လေးပေလိုက်ပါလား?

minhtike said...

မြန်မာနိုင်င်ငံကဖွံဖြိုးဆဲနိုင်ငံဆိုတော့ လုပ်စရာတွေအများကြီးရှိသေးတယ်။
ဒီတော့မအအောင်စာဖတ်ကြပါခင်ဗျာ။ဒီကဒ်ပြသာနာတင်မကဘူးနောက်ပိုင်း
ဖျံကြမဲ့ပြသ၁နာတွေအများကြီးရှိပါသေးတယ်။အသိဥာဏ်နည်းပါးခြင်းမှကင်းဝေးကြပါစေ။

minhtike said...

မြန်မာနိုင်င်ငံကဖွံဖြိုးဆဲနိုင်ငံဆိုတော့ လုပ်စရာတွေအများကြီးရှိသေးတယ်။
ဒီတော့မအအောင်စာဖတ်ကြပါခင်ဗျာ။ဒီကဒ်ပြသာနာတင်မကဘူးနောက်ပိုင်း
ဖျံကြမဲ့ပြသ၁နာတွေအများကြီးရှိပါသေးတယ်။အသိဥာဏ်နည်းပါးခြင်းမှကင်းဝေးကြပါစေ။

MG HLAING said...

မြန်မာပြည်သူပြည်သားအပေါင်းတို့ရေ
အခုအခါမှာ ကတ်ပေါင်းစုံကို လုပ်စားနေကြပါပြီ။
ကတ် ရဲ့အစ စမတ်ကတ် တဲ့ ခင်ဗျား၊ လူများများကို ကတ်ထုတ်ရောင်းပြီး စီးပွားရှာကြတာပါ။ အဆင်ပြေတာမပြေတာနောက်ထား ကတ်ကုမဏီတွေတော့ အဆင်ပြေကြပါတယ်။ ဆီထုတ်ရင်လည်း ကတ်၊ ပေး ၂၀၀၀ ကျပ်၊ ကားအစီး တစ်သိန်း ဆိုရင်ဘယ်လောက်ရမလဲ တွက်ကြည့်ကြပါ။ နောက် ယဉ်မောင်းလိုင်စင်၊ နောက် ပြီးရင်မှတ်ပုံတင်ကတ်၊ အခု ဦးပိုင်ကလာအုံးမယ် ဒစ်ဂျစ်တယ်မီတာ ပြီးရင် စမတ်ကတ်နဲ့ မီတာဆောင်ခိုင်းဦးမယ်။ မီတာ ၁ သန်း ကတ် (၁)သန်း ပေါ့။ ဒီလိုနည်းတွေနဲ့ လူတွေကို ၀န်ထုတ်ဝန်ပိုးဖြစ်အောင် လုပ်နကြတာပေါ့။

အန်ကူး said...

သို့ ကိုမိုးကုတ်သား ခင်ဗျား

အစ်ကိုမေးထားတဲ့မေးခွန်းအားလုံးကိုပြန်ဖြေပေးလိုက်ပါတယ်ခင်ဗျား
၁..ipay ဆိုသည်မှာ. i =ကျွန်တော် pay=ပေးမည် ထို့ကြောင့် မြန်မာပြည်သူပြည်သားများပေးရန်ဖြစ်သည်..၄င်းနှင့်ပတ်သတ်သောရှင်းပြချက်များစွာလည်းရှိပါသည် ဂျာနယ်တို့ သတင်းစား တို့တွင် တွင်ကျယ်စွာဖတ်ရပါမည်.အထက်ပါပို့စ်ကိုဖတ်ရင်လည်းရပါသည်
၂..ipay ကတ်ကိုတော့မသုံးဖူးသေးပါ လက်ရှိတွင်လည်းအသုံးပြုနေသည်ကိုမမြင်သေးပါ.သို့သော် master card(နာမည်များစွာကျန်သေးသည်) သို့ ဒေါ်လာ တစ်ဆယ်ကျော်ကျော်တန် ဆင်းကတ်ကို ကြိုက်သည့် bus ကားတို့ရထားတို့ကို ထိုဆင်းကတ်ဖြင့်ပေးစီးလို့ရပါသည် ထိုထိုသောကတ်မျိုးကိုတော့သုံးဖူးပါသည်
၃..ipay ကတ်ကိုဘပ်စ်ကားတွင်အသုံးပြုမည် (မြန်မာတွင်သာ)
၎..ipay ကတ်ကိုမသုံးဖူးသေးပါ အဘယ်ကြောင့်ဆိုသော် ထိုကတ်သည်အခုထိအသုံးပြုချင်းမရှိသေးပါ.

Powered by Blogger.