ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်

ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲမှာ ပါရှိနေပါသေးတယ်။
Photo courtesy of UN web site
ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းဖော်ပြချက်
ကုလသမဂ္ဂက လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ ညွှန်းကိန်းပြုစုရာမှာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ဖွံ့ဖြိုးမှုတွေကို လေ့လာရာမှာ မြန်မာနိုင်ငံက အဆင့် ၁၄၉ မှာရှိနေတဲ့အတွက် ဖွံ့ဖြိုးမှုနှုန်း နည်းလွန်းတဲ့နိုင်ငံတွေ စာရင်းထဲမှာ ရှိနေသေးကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။
HDI ပျမ်းမျှခြင်း ညွှန်းကိန်းတစ်ခုရဖို့ အခြေခံတိုင်းထွာတဲ့ အချက် ၃ ချက်က-အသက်ရှည် ကျန်းမာစွာနေထိုင်နိုင်မှု၊ ပညာဗဟုသုတ ရှာဖွေဆည်းပူးနိုင်မှုနဲ့ လူနေမှုအဆင့်အတန်း စတဲ့ အချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထက် အနည်းငယ်သာနေတဲ့ နိုင်ငံတွေကတော့ အိမ်နီးချင်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်လောက်က လူတစ်ဦးခြင်းစီရဲ့ ပျမ်းမျှ အသက်ရှည် နေထိုင်နိုင်မှုဟာ ၅၅ နှစ်သာရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာတော့ ပျမ်းမျှ ၆၅ နှစ်အထိ ရှိပါတယ်။
ဒါ့အပြင် ပညာသင်ကြားမှု နှစ်ကာလကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ထက် တဖြည်းဖြည်း သာလာသလို လူနေမှုအဆင့်အတန်းကို တိုင်းထွာတဲ့ ပျမ်းမျှဝင်ငွေအပိုင်းမှာလည်း များလာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုထားပါတယ်။

RFA
ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲ မြန်မာနိုင်ငံ ပါဝင် ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲ မြန်မာနိုင်ငံ ပါဝင် Reviewed by သစ်ထူးလွင် on 08:23 Rating: 5

13 comments:

tkm said...

ရှက်စရာကြီးကွာ..
အဲဒါမင်းတို့ကြောင့်..
မင်းတို့မကောင်းလို့သိလား

pyaponthu said...

လာအို ကုန်းပိတ်ပြီးဘာပင်လယ်မှမရှိတဲ့သူတောင်မြန်မာနိုင်ငံထက်သာတယ်ဆိုတော့မြန်မာပြည်အုပ်ချုပ်ခဲ့သူ ဦးနေဝင်း၊ဦးသန်းရွေဟာ ဘယ်လောက်ထိ မြန်မာပြည်သူတွေရဲ့အကျိုးထက် ကိုယ်ကျိုးဘယ်လောက်ထိသုံးစွဲခဲ့သလဲဆိုတာထင်ရှားတယ်။ဒီလောက်သံယဇာတကြွယ်ဝတဲ့နိုင်ငံကိုဒီလောက်တောင်ပက်ပက်စက်စက်လုပ်ခဲ့တယ်။မိုက်ရိုင်းတဲ့-တွေ

aungmyinttun5 said...

ရှက်စရာကောင်းလိုက်တာဗျာ ခုစာရင်းကြည့်မှပဲ မြန်မာဟာ ဘာမဟုတ်တဲ့လာအို ကမ္ဘောဒီးယားထက်တောင်နိမ့်သေးတယ်ဆိုတော့ အမေစုရေ မြန်မြန်ကယ်ပေးပါနော် အရင်လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ ကျော်က မြန်မာပြည်လို သူများနိုင်ငံတွေက ငေးကြည့်ရအောင်...............

Anonymous said...

ဒါတောင် အမျှော်အမြင်ကြီးမားတော်မူတဲ့ (အဘ)နေ၀င်းက (၂၆) နှစ်၊ (အဘ) သန်းရွှေ (၂၂) နှစ် အုပ်ချုပ်တော်မူခဲ့လို့နော်..
အဲဒီအမျှော်အမြင်ကြီးမြတ်တော်မူတဲ့.. လူတွေကို ဒီစာရင်းပြပေးလိုက်ကြပါအုံးဗျာ... အရှက်မရှိတဲ့ မြန်မာ့အလင်းသတင်းစာကလည်း အမျှော်အမြင်ကြီးတဲ့အကြီးအကဲ ဆိုတာကြီးကို ဟိုအရင်က ထပ်ခါတစ်လဲလဲ ပြောခဲ့တယ် တော်တော် အရှက်မရှိတဲ့ဟာပဲ... စိတ်ကုန်တယ်..

Anonymous said...

အဆင်းရဲဆုံးကမြန်မာနိုင်ငံ ချမ်းသာဆုံးက ဗိုလ်ချုပ်တွေနဲအပေါင်းပါတွေ

Anonymous said...

`အများအကျိုးလုပ်ပါမယ်ဆိုပြီး နေရာယူပြီးတော့ ကိုယ့်အကျိုးရှာဖွေသူဟာ လူယုတ်မာ` လို့ မင်းကွန်းဆရာတော်ကြီးရဲ့တရားတစ်ပုဒ်မှာ ဖတ်ဖူးပါတယ်။ အဲလိုလူယုတ်မာတွေ အုပ်ချုပ်ခဲ့ကြလို့ ဒီတိုင်းပြည်ဒီလိုဖြစ်နေတယ်ဆိုတာကိုလည်း ပြည်တွင်းပြည်ပ ကလေးသိခွေးသိပါဗျာ။ ယခုဒီမိုကရေစီရွေးကောက်ပွဲတွေမှာ လူယုတ်မာများ ဆွမ်းဆန်ထဲကြွက်ချေးရောပါနေပြန်ရင် နာလံထဖို့လွယ်ပါ့မလား။ မြန်မြန်ဖွံ့ဖြိုးဖို့ဆိုရင် မြန်မြန်သန့်စင်မှဖြစ်ပါမယ်။
ကြောင်သူတော်ကြက်သူခိုးတွေ နေရာရနေသေးသရွေ့၊ အရည်အချင်းမရှိပဲ အပေးကောင်းအဖားကောင်းကို လူကောင်းထင်နေသေးသရွေ့၊ စိတ်ကောင်းစေတနာကောင်းရှိတဲ့ ပညာရှင်တွေထိပ်တန်းမတင်သေးသရွေ့၊
တစ်ခါလာ မဲပြာပုဆိုးစနစ်ဆိုးကို မပြောင်းလဲနိုင်သေးသရွေ့တော့ ဒီလိုသတင်းဟာကြားနေရဦးမှာပဲ။ အာဘောင်အာရင်းသန်သန်နဲ့ လက်သီးလက်မောင်းတန်းပြီးအော်ကြမှာက `တိုင်းပြည်နဲ့လူမျိုးအတွက်` ဒီလိုပြောကြမယ့်လူချည်းပဲ။ အဲ တကယ်အလုပ်လည်းလုပ်ရော `ငါနဲ့ငါ့သားမယားကောင်းစားအောင်လုပ်တဲ့သူတွေ` အဲလိုလူတွေပေါများတဲ့တိုင်းပြည်မျိုးဟာ ဘယ်တော့မှမဖွံ့ဖြိုးမတိုးတက်နိုင်ဘူးဆိုတာ တွေးကြည့်ရုံနဲ့တင်သိနိုင်ပါတယ်

ရေခြားမြေခြားက ရွှေမြန်မာသား ကျော်စွာ said...

သူများနောက်ကျပေမဲ. အားမငယ်ပါဘူး
တချိန်မှာ တို.ရွှေမြန်မာတွေ ရွှေရာင်လှမ်းတဲ. အနာဂတ်မှာ
ဆုံးရှုံးမှုတွေကို ပြန်လည်ပိုင်ဆိုင်ရမယ်
ရွှေမြန်မာဆိုတာဘယ်နေရာရောက်ရောက် ဘယ်ဘဝမှာပဲနေရနေရ
ရွှေထီးဆောင်းနိုင်မဲ.အခွင်.အရေးကို တချိန်မဟုတ်တချိန် ပိုင်ဆိုင်ရမယ်
ကဲ ...........သူငယ်ချင်းအပေါင်းအသင်း ရွှေညီအကိုတို.
တို.နိုင်ငံကို ပြန်လည်ကယ်တင်ဖို.အတွက် တက်ညီလက်ညီကြိုးစားကြပါစို.

ရေခြားမြေခြားက ရွှေမြန်မာသား ကျော်စွာ said...

ရွှေမြန်မာ ညီအကိုတို.ရေ
တို.တွေဟာတချိန်က ရွှေထီးဆောင်းခဲ.တယ်ဆိုရင်
ဆုံးရှုံးခဲ.ရတဲ.ရွှေထီးကို တမ်းတနေမဲ.အစား နောင်အနာဂတ်မှာ
တို.တိုင်းပြည်ရွှေထီးပြန်ဆောင်းနိုင်အောင် နိုင်ငံတကာအလယ်မှာ
ရွှေမြန်မာရယ်လို. ရင်ကော.ခေါင်းမော.ပြီး ရပ်တည်နိုင်အောင်
တို.ရွှေညီအကိုတွေ တက်ညီလက်ညီကြီုးစားကြမယ်ဆိုရင်
ရွှေရောင်လှမ်းမဲ.အနာဂတ်ဟာ မဝေးတော.ပါဘူး
အခုဆိုရင် တို.တိုင်းပြည်ဟာ လှပတဲ.အနာဂတ်ကို မြင်နေ၇ပြီ
တို.တွေ အပြောတွေလျော.ပြီးအလုပ်နဲ.သက်သေပြကြပါစို.
ဘယ်နေရာ ဘယ်ဒေသ ဘယ်ဘဝ ရောက်ရောက် တချိန်ထိတ်ကိုရောက်ရမယ်ဆိုတဲ. မျော်လင်.ချက်နဲ.
ကဲ .....................
တို.တွေအခုချိန်ကစပြီး start

saw said...

မြန်မာနိင်ငံမတိုးတက်ခြင်းရဲ့အကြောင်းရင်းနှစ်ချက်ရှိပါတယ်.
ပထမက တိုင်းပြည်ကိုအုပ်ချူပ်ခဲ့သော သူများမကောင်းခြင်း ပြည်သူအကျိုးကို မကြည်.ခြင်း တိုင်းပြည်ကိုခေါင်းဆောင်နိင်တဲ့သူကို ခေါင်းဆောင်ခွင်.မပေးခြင်း
ဒုတိယက ပြည်သူများကိုယ်တိုင်က အချင်းချင်းမစည်းလုံးခြင်း စည်းကမ်းမဲ.စွာ နေထိုင်ခြင်း ဘာသာတရားအဆုံးအမကို သေချာကျင်.သုံးသူနည်းပါးလာခြင်းတို့ကြောင်. မြန်မာတွေ ဆင်းရဲရခြင်းဖြစ်ပါတယ်.

zerohero said...

ဒါ၇ှက်စရာမဟုတ်ဘူး အရှိကိုရှိတိုင်းပြတာ အရှုံးထဲက အမြတ်ယူပြီး အားလုံးကြိုးစား၇မယ်ဆိုတာ ပြတာ။ စစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်း၄၀ လောက်နေလာတာ ဒီလိုဖြစ်နေတာမထူးစမ်းဘူး။ ဒါကြောင့် ရှေ့ဆက်ပြီး ၅ နှစ် ၆နှစ် အတွင်းမှာ ဘယ်လိုတိုးတက်အောင် လုပ်မယ်ဆိုတာ အားလုံးညီညွတ်ပြီးလုပ်ရမယ်ဆိုတာပြတာ။

Anonymous said...

လူ့အခွင့်အရေး
အလုပ်အကိုင်
စည်းကမ်း
အသိတရား
အချိန်ကိုတန်ဖိုးထား
လူတိုင်းလူတိုင်းကျင့်ကြံကြ

win said...

ဒါမှန်ပဲ သုညဆိုတာသိရင်
တစ်စဖြစ်အောင်လုပ်ကြဆို့

♥အချစ်ပါတီ...♥ said...

စ.မဲစ သုညကနေစ ရမှာပေါ့ကွာ........ အတိတ်တွေကို ထားခဲ့ပြီ အနာဂတ်မှာ တို့တွေ ဘာလုပ် ရမယ်ဆိုတာ ထိုင်ပြီ တိုင်ပင်နေရမဲ့ အချိန် မဟုတ်တော့ ဘူး. အခုပဲ ထ ကြ ရအောင် မြန်မာတို့ရေ........ တို့မြန်မာ အာရှကျားဖြစ်ဖို့.........

Powered by Blogger.