တပ်မတော်ရေဦးစီးချုပ်နှင့်ဇနီးတို့၏မတရားမှုများ

တပ်မတော်ရေဦးစီးချုပ်နှင့်ဇနီးတို့၏မတရားမှုများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် သမ္မတကြီးအပါအ၀င် လွှတ်တော်တစ်ခုလုံး နှင့် ပြည်သူများသိစေရန်တင်ပြလိုက်ရပါတယ်။

မိသားစုအရေး-

လက်အောက်တွင်တာဝန်ထမ်းဆောင်နေသောအရာရှိများအနေဖြင့် မိမိတို့၏မိသားစုအရေးကိစ္စများရှိသဖြင့်-၄-၅နှစ်နေမှ ခွင့်တစ်ကြိမ်တောင်းခံလျှင်ပင် ဦးစီးချုပ်ကတော်ထံ ၁၀ပုံး-ပုံး၂၀ထက်မနည်းသောငွေကြေးဖြင့် သွားရောက် တောင်းခံမှခွင့်ပြုပေးပါသည်။ သူမထံ စဉ်ဆက်မပျက်လစဉ် ၁၀ပုံး-ပုံး၂၀ထက်မနည်းဆက်ကြေး ပေးနေသူများကိုတော့ ကြိုက်သလိုခွင့်ပြု အခြေအနေဖန်တီးပေးပါသည်။ လက်အောက်အရာရှိများအနေဖြင့် မိမိဘာသာမိသားစုကြောင့် (သို့) ဈေးကွက် အပြောင်းအလဲကြောင့် ရှေးကငွေအနည်းငယ်ဖြင့်စုဆောင်းထားသော မြေ၊အိမ်များဈေးတက်ပြီး ချမ်းသာ လာသူများကိုလည်း မုဒိတာမပွားနိုင်ဘဲ ၄င်းအိမ်သို့ဆက်ကြေးမပေးလျှင် အာဏာကိုအသုံးချပြီး အလွန်ခက်ခဲသော နေရာဌာန၊ ပြဿနာအဖြစ်နိုင်ဆုံးနေရာများကိုပို့ပြီးဒုက္ခရောက်အောင်လုပ်ပါသည်။ ဦးစီးချုပ် ဖြစ်သူ ကလည်း မိန်းမပြောသည့်အတိုင်းအကုန်လိုက်လုပ်နေသည်မှာထင်ရှားနေပါသည်။ ဒေါ်ခင်အေးမြင့်သည် စစ်သူနာပြုတစ်ဦး ဖြစ်ခဲ့ဘူး သဖြင့် ယခုရေတပ်တွင် စစ်သူနာပြုများကိုယူထားသော အရာရှိများကို အရည်အချင်းရှိရှိ မရှိရှိ ဆီ၊သဘောင်္များနှင့်ဆိုင်သောနေရာများတွင်ရှိပြီးသူများကို အကြောင်းရှာဖယ်ထုတ်ပြီး ၄င်းတို့ကိုနေရာပေးနေပါသည်။ ၄င်းအနီးနေ ဗိုလ်မှူးထက်လျှံဖြိုးဆိုသူ၏ဇနီးမှာလည်းစစ်သူနာပြုဖြစ်ပြီး ဒေါ်ခင်အေးမြင့်အားကိုးဖြင့်မိမိထက်စီနီယာ အရာ၇ှိကြီးများနှင့်ဇနီးများကိုပင် ရိုင်းပြစွာမတူသလို ဆက်ဆံတက်သူဖြစ်ပါသည်။ ၄င်း၏စစ်သူနာပြုသင်တန်းဆင်း ဇနီးများရှိသူ အရာရှိတိုင်းကို ပင်လယ်ပြင်နှင့် ပြည်သူဘဏ္ဍာငွေမှ၇သလောက်စာရင်းလိမ်၊ ဆက်ကြေးကောက် လုပ်နိုင်သော နေရာများကိုပို့ပေးထားပြီး ၄င်းအရာရှိများကလည်းရသမျှအကုန်လုပ်ကာ သဘောင်္ပြင်ဆင်ရေး၊ တပ်ဖွံ့ဖြိုးရေးနှင့် လက်အောက်ငယ်သား ရဲဘော်များအတွက် မဟုတ်ဘဲ မိမိအိပ်ထဲနှင့်ဦးစီးချုပ်အိမ အတွက်ပို့ပေးခြင်းဖြင့် ရေတပ်ကိုခုတုံးလုပ်စားနေကြပါတယ်။ရေတပ်မှာရှိတဲ့အရာရှိထဲက ရာခိုင်နှုန်းအနည်းငယ်သော အရာရှိများနှင့် ဦးစီးချုပ်မိသားစုကတော့ ၄င်းတို့မိသားစုအရေးဆို အချိန်တိုင်းအခွင့်ရလုပ်ဆောင်နေပါတယ်။ သမီးမင်္ဂလာဆောင် ဆိုရင်လည်း နိုင်ငံကြော်မင်းသားနှင့်မင်းသမီးမင်္ဂလာဆောင်ထက်ကြီးကျယ်အောင်လုပ်ခဲ့ပါတယ်၊ သူတို့ရဲ့သားသမီး ကိစ္စဆိုဖျားနာတာကအစသူတို့ရန်ကုန်ဆင်းလာတာပါ။ ခက်ခဲတဲ့နေရာတွေမှာရောက်နေတဲ့ အရာရှိတွေ (အထူးသဖြင့် အိမ်ကို ဆက်ကြေးမပေးနိုင်သူတွေ)အတွက်တော့ တစ်နှစ်နေလို့တစ်ခါ မိသားစုအရေး အလွန်အရေးကြီးရင်တောင် ခွင့်မရကြပါဘူး၊ တောထဲကရန်ကုန်မတက်ရပါဘူး။ တပ်ချုပ်ကြီးပြောတဲ့ တပ်မိသားစု welfare ဆိုတာအဲဒါကိုပြောနေသလို ရေတပ်မှာတော့ဖြစ်နေပါတယ်၊ နောင်လာနောက်သားတွေအတွက် ပေးတဲ့ message ကလည်း မင်းတို့တပ်အတွက်အလုပ်လုပ်ပြီး ရဲဘော်တွေချစ်နေတာရဖို့ထက် မဟုတ်တာအကုန်လုပ် ပိုက်ဆံရသလောက်ရှာပြီး ငါ့သားဇော်ကြီးနဲ့ဆက်သွယ် ငါ့အိမ်ကိုပူဇော်မှ ဆိုတာဖြစ်နေပါတယ်။ ဒီတော့တကယ်တမ်း ဝေးလံတဲ့နေရာတွေမှာ ကာလရှည်တာဝန်ထမ်းဆောင်ရသူများ စိတ်ဓါတ်တွေပျက်ကုန်ပါပြီ။ နာဂစ်ဖြစ်တုန်းက သဘောင်္နစ်တဲ့ အထဲပါသွားတဲ့ ဗိုလ်ကြီးရဲ့ဇနီးက ဒေါ်ခင်အေးမြင့်နဲ့တွေ့ချင်လို့ခွင့်တောင်းတာ မရှိဘူးဘဲငြင်းပြီး ရှောင်တယ်-ကလေးမကခေါင်းဆောင်ကနှစ်သိမ့်တာခံချင်တာပါ၊ အခု၃နှစ်လောက်ကြာပြီးမှ ကောင်မလေးက အလှပြင်ဆိုင်မှာအလုပ်လုပ်နေတာပြန်တွေ့တော့ ဒေါ်ခင်အေးမြင့်ကမေးတယ်တဲ့ ယောကျာင်္းရှာပေးရမလားလို့တဲ့ ကဲဘယ်လိုမျိုး စိတ်ဓါတ်ရှိတဲ့မိန်းမက တပ်မတော်မှာဦးဆောင်နေတဲ့သူ တစ်ဦးရဲ့မိန်းမပါတဲ့လဲ၊ ထိုကလေးမ ဒေါသတွေထွက်တာ လူကြီးမိန်းမမို့လို့ပြန်မပြောလိုက်တာလို့ သိရပါတယ်။ သူသာကိုယ်ချင်းစာတတ်ရင်သူတို့ ငယ်စဉ်ကလည်း အထက်လူကြီးကြောင့်ခံစားရတာတွေရှိခဲ့တာဘဲ၊ သူကိုယ်တိုင်လဲ ယောင်္ကျားလစာနဲ့မလောက်လို့ ဆေးရုံဖိုကြီးမှာ ကလေးတွေလူတန်းစေ့အောင်ရှာကျွေးခဲ့ရတာကို အခု လက်အောက်ငယ်သားတွေရဲ့ဇနီးတွေ အလုပ်လုပ်တာ မကြိုက်ဘူးဆိုဘဲ မှတ်သားလောက်ပါတယ်။

ရာထူးနေရာများ-

ဒုဗိုလ်မှူးကြီးနိုင်မင်းကျော်ကိုလည်း စီမံG-1 နေရာကိုပေး နိုင်ငံတော်ကချပေးတဲ့ ဆီတွေစီမံစာရင်းလိမ်စေပေါ့၊ ဒီတော့နိုင်မင်းကျော်နဲ့သူမိန်းမကလည်း လက်ခမောင်းခတ် မိမိထက်စီနီယာများပင် သူတို့ကို အရိုအသေပေးရမလို မတူသလိုမတန်သလို ဆက်ဆံပေါ့၊ ဒုဗိုလ်မှူးကြီးကျော်ရွှေထွန်းဆိုတာကိုက တာဝန် G-1 အဖြစ်ထား ဒေါ်ခင်အေးမြင့်က သူ့အိမ်ကိုဆက်ကြေးပေးသူကို နေရာဌာနရာထူးတင်ခိုင်းပေါ့၊ ပြီးမှ ဦးစီးချုပ်က မကျေနပ်လို့မေးသူရှိရင် ဒီကောင်တွေငါခရီးသွားနေတုန်းဘယ်လိုလုပ်လိုက်တာလဲဆိုပြီး မသိချင်ရောင်ဆောင်၊ သူမသိဘဲရာထူးနေရာတွေ အပြောင်းအရွှေ့တွေလုပ်လို့ရပါ့မလားအရပ်ကတို့ရေ။ အခုဆိုလည်းကြည့် NTC တက်ဖို့ ရေတပ်မှာ လက်အောက် ငယ်သားတွေကကြီုက်တဲ့လူတွေ ဘာပြစ်မှုမလည်းမရှိဘဲ ပေးစရာနေရာ တွေရှိတာကို တမင်ချန်ထားပြီး လုပ်ချင်သလိုလုပ် ပြီးတော့မှ ကကထူးကလုပ်တာဆိုပြီး လွှဲချလိုက်တာ လွယ်လွယ်လေးပေါ့။ လူတွေအပြစ်မကင်းတာ မှန်တယ်၊ အပြစ်ကဘယ်လောက်ကြီးလဲ၊ ဘယ်သူကိုထိခိုက်တာလဲ-တပ်မတော်ကြီးကိုထိသွားလားဆိုတာမဟုတ်ဘဲ၊ ဘာမှမကြီးကျယ်တာတွေကိုတော့ အပြစ်လို့ပြောတယ်၊ ဒီလိုဆို အခု NTC တက်ဖို့ပါသွားတဲ့ ကျော်ကျော်ဦးဆိုတဲ့လူဆိုရင် ကကထောက်မှာ Q-1 ဆိုတာလုပ်နေတာအိုသေတော့မှာ သူကိုတော့ ဗိုလ်မှူးကြီးမပါပါအောင်အတင်းကို-၃ကြိမ်၃ခါဆွဲတင်တယ်၊ ကျော်ကျော်ဦးမိန်းမက ဆံပင်အနီရောင်ဆိုးဘောင်းဘီတို ၀တ်ပြီးလမ်းသလားနေတာ တပ်ရဲ့စည်းကော်ဆိုတာ လာချင်မှလာတာ ကိစ္စမဟုတ်ဘူး၊ ဦးစီးချုပ်ရဲ့ ရန်ကုန်က-၃ထပ်တိုက်ကြီးဆောက်တာခလုတ်နှိပ်ပေးတယ်လေ၊ လစဉ်ဆက်ကြေးပို့တယ်လေ၊ အခြားအရာရှိတွေ ရဲ့မိန်းမတွေက အမျိုးသားလစာမလုံလောက်လို့ မိမိပညာနဲ့ လုပ်ငန်းခွင်ဝင် စီးပွားေ၇းလုပ် သားသမီးတွေ လူတန်းစေ့ဖို့လုပ်နေတဲ့ ကြားကတတ်နိုင်သလောက် သူတို့ယောင်္ကျားတွေရှိတဲ့အဝေးကိုသွားချည်လာလှည့်နဲ့ တပ်အလုပ်တွေလုပ်နိုင် သလောက်အားဖြည့်တာ အမှား အနည်းငယ်ရှိတာနဲ့ အပြစ်ဖြစ်တယ်၊ တပ်မတော်မှာတာဝန်ခန့်ထားတာ ယောင်္ကျားကိုပါ၊ မိန်းမတွေကပါရမီ ဖြည့်ဖက် ဖြစ်ရမယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ကတော် ဒေါ်ခင်ကြည်လိုလား အခုခေတ်ဖြစ်နေသလို ဦးစီးချုပ်အိမ်မှာအ၀တ်ခေါက် ငွေပို့သူ့အိမ်ကိစ္စ လုပ်ပေးလားဆိုတာသိချင်ပါတယ်။ နောက်လာ နောက်သားတွေ အတွက် ပေးတဲ့message ကတော့ ယောကျာင်္းရာထူးတက်ချင်ရင် ဦးစီးချုပ်ကတော်ဆီမှာ ဖင်ဘူးတောင်း သွားထောင်၊ ယောကျာင်္းကို မဟုတ်တာအကုန်လုပ်ဖို့တိုက်တွန်း တပ်ကို ဟန်ပြထုံးသုတ်လုပ်၊ ဦးစီးချုပ်အိမ်ဆက်သ ဘာလို့လဲဆိုတော့ အဲဒီလိုမလုပ်ရင် ရဲဘော်ကဘဲချစ်မှာ ရာထူးမရဘူး တပ်ပြုပြင်တာ လူကြီးတွေအမြင်ကောင်း အောင် လုပ်ရင်ရပြီ ရှာသမျှငွေကိုယ့်အိပ်ထဲရယ် ဦးစီးချုပ်ရယ်ခွဲပေးလိုက်။ တကယ်ပြောတာ-ရေတပ်မှာ ရဲဘော်တွေလဲပြဿနာမရှာ၊ ပျော်အောင်လုပ်ပေးတယ်၊ အရာရှိငယ်တွေကိုလည်း မျှတတယ်၊ သူနဲ့နေတဲ့လူကြီးတိုင်းလဲအမှတ်တွေရအောင်သူဘဲလုပ်ရတာ၊ သူ့မိန်းမကလည်း ဘယ်သူကိုမှအဆင့်အတန်းမခွဲဘူး၊ သူတို့ရာထူးမရဘူး၊ လူတိုင်း စိတ်မကောင်းကြဘူး၊ ဒါတောင်အဲဒီလူက သူ့တို့ကိုရာထူး တစ်နေရာတော့ပေးမှာပါလို့ထင်နေတုန်း၊ သူတို့ဘာမှမဟုတ်တာ မလုပ်ထားဘူး၊ သူတို့တာဝန်သူကျေတယ်၊ လူကြီးတွေကဒီလိုမဟုတ်ဘူးလို့ထင်နေတယ်၊ ဒီလူတွေတော်ပေမယ့်ရိုးလွန်းတော့ အတယ်လို့ ပြောရတော့မယ်၊ သူတို့ကိုကျော်ပြီး နိုင်မင်းကျော်တို့ ကျော်ရွှေထွန်းတို့ရသွားမှာ၊ ခင်များအလုပ်မှာတော်တာဘာလုပ်မှာလဲ ခင်များဘာမှမပေးဘဲနဲ့၊ သူလိုဖြစ်တာသူတစ်ယောက်ထဲမဟုတ်ဘူး၊ ယခင်တပ်ကထွက်သွားသူတွေမှာကော ယခုလက်ရှိ ရာထူး အတိုးမခံရသူတွေထဲမှာပါ အများကြီးဘဲ ကဲအရပ်ကတို့ ဘယ်လိုလုပ်မလဲ တပ်တွင်းစည်းရုံးရေး လို့ပြောတယ်၊ ထိပ်ဆုံးကစပြီးမျှတမှုမရှိဘဲ သွေးခွဲအုပ်ချုပ်တယ်၊ ဘယ်လိုစည်းရုံးရေး လုပ်မှာလဲ၊ သေချာတာက မယုံရင် အခု NLD ကို တစ်နိုင်ငံလုံးမဲရွေးခိုင်း တပ်တွေရှိတဲ့နေရာတိုင်း လွပ်လပ်စွာမဲပေးခိုင်း NLD နိုင်လိမ့်မယ် ဘာလို့လဲ သူဘာမှလုပ်မပေးနိုင်ပေမဲ့ အခုလက်ရှိ အာဏာရှင်လိုဖြစ်နေတာကို အခွင့်ထူးခံရတဲ့ ၂၀%ကသာပျော်နေတာ ကျန်တာတွေက ရင်ထဲမှာနာနေကြပြီ၊ အမြန်ပြင်ဖို့အချိန်ရပါသေးတယ်။ တပ်ကနေအချိန်မကျသေးဘဲ ထွက်သွားရသူတွေဆိုလည်း ဒီဦးစီးချုပ် လက်ထက်မှာအလွန်ဒုက္ခရောက်ပါတယ်၊ ဘာမှကိုပြန်မကြည့်ပေးတာပါ၊ သူတို့မှာပြစ်မှုအကြီးကြီး တွေရှိတာလဲမဟုတ်၊ ရာထူးတိုးမပေးချင်တာ အောက်က အငယ်ကို နေရာပေးချင်တာနဲ့ စိတ်ဓါတ်ကျအောင် လုပ်တယ်၊ ဟိုးရှေးက ဦးစီးချုပ်တွေဆိုရင် ကိုယ့်ဆီမှာ သူရာထူးတက်ဖို့နေရာမရှိရင် ဘာလုပ်ချင်လဲမေးတယ်၊ အရပ်ဖက်ပြောင်းချင်ရင်၊ သင့်တော်မဲ့ဝန်ကြီးဌာနကို ချိတ်ပြီး သူနဲ့ဘယ်လိုနေရာဆို ကိုက်ညီမယ်ဆိုတာ စဉ်စားပေးတယ်၊ အခုဦးစီးချုပ်က ခွေးသေ၀က်သေ လွှင့်ပစ်သလို ပစ်လိုက်တာ ကိုယ့်ဘာသာရှာစားဘဲ၊ ငယ်စဉ်ကဒီအိမ်ကိုဝင်နေကျမို့ အိမ်သွားပြီးနေစရာအိမ်မရှိ ကလေးကျောင်းစရိတ် လိုနေတာကို သွားပြောပြတာတောင် မုန့်ဖိုးတစ်သောင်း နှစ်သောင်းပေးလိုက်တယ် နောက်တစ်ခါတွေ့တော့ဘူး၊ သူမ၀တ်တဲ့သူ့ကို လာကန်တော့တဲ့ ချိတ်လုံခြည်တစ်ထည်တောင်သိန်းချီပါတယ်၊ အဲဒီလိုလက်အောက်ငယ်သားများကို တရားမျှတစွာကြည့်ရှုနေလို့ ရေတပ်ကြီးပျက်သထက်ပျက်တော့မှာဘာမှမလုပ်ကြတော့ဘူးလား။
ကျုပ်မှာ ဒီဦးစီးချုပ် ရဲ့ အိမ်ကို ဘယ်သဘောင်္က လစဉ် ဘယ်လောက် ဘယ်သူကဘာတွေလုပ်ပေးတယ်၊ အလားလာရှိတဲ့ ဌာနချုပ်တွေမှာ မြေတွေကို ဦးဥာဏ်ထွန်း အမည်နဲ့ယူထားတယ်ဆိုတာ စာရင်းလုပ်ထားတယ်၊နိုင်ငံတကာစစ်တရားရုံးပါ ဒီကိစ္စတွေ ဘာသာပြန် တင်ပြပေးနိုင်ဖို့ ပြင်ထားပါတယ်။ သူနေရာပေးထားတဲ့ဌာနချုပ်မှူးတွေက ဘယ်လောက် မှန်ကန်ခဲ့ကြသူတွေ ဆိုတာလည်းတင်ပြချင်ပါတယ်-သဘောင်္ကဆီ-၃၀၀၀ ရောင်းယူပြီးသင်တန်းတက်ခဲ့တဲ့သူ နဲ့ ယိုးဒယားငါးဖမ်းလှေတွေကို ရောင်းစားပြစ်ပြီး ချမ်းသာတဲ့သူတွေနဲ့ပါ၊ သေချာချင်ရင် အ၇ပ်ဖက်ထောက်လှမ်းရေးတွေနဲ့ လိုက်စုံစမ်းလိုက်ပါ ဒီစာရေးတဲ့သူကိုရှာပြီး ဖမ်းတာကအနောပေါ်တုတ်ကျ မဟုတ်တာတွေဆက်လုပ်နေတာ အားပေးခြင်း တစ်ခုပါဘဲ။နမူနာတစ်ခုပြောမယ်-ဒုဗိုလ်မှူးကြီးခင်ဇော်သိန်းဆိုတာ အခု ရေယာဉ်စု-၃၆ မှာတာဝန်ပေးထားပြီးအနီးကပ် ဦးစီးချုပ်အိမ်ကိုလစဉ် ပ့ါပိုးဖို့ထားပေးထားတာ၊သူဆိုဒုဗိုလ်မှူးကြီးဖြစ်ဖို့ အရမ်းနောက်ကျကျန်ခဲ့တာ ဦးစီးချုပ်အိမ်ဆောက်တာ landscaping လုပ်ပေးလိုက်တယ်၊ ဦးစီးချုပ်သားဇော်ကြီးလိုချင်တဲ့ ကားတစ်စီးဝယ်ပေးလိုက်တယ်၊ ဘာမှမဆိုင်ဘဲ အဲဒီအချိန်က ခင်ဇော်သိန်းကို ၅၅၃ရေယာဉ်နဲ့ အောက်ဖက်လို့ခေါ်တဲ့ တနင်္သာရီတိုင်းဖက်လွှတ်ပြီး ငါးဖမ်းလှေတွေကို ဓါးပြတိုက်ခိုင်းပြီး ဒုဗိုလ်မှူးကြီးပေးလိုက်ပြီး အခုရေယာဉ်စု-၃၆မှာထားပေးပြီးဆက်ကြေးဆက်ကောက်တာပေါ့။
အဲဒီလိုမတရားတွေလုပ် ကြည်းနဲ့လေမှာတောင် သူ့အစဉ်အတိုင်းရာထူးပေးရမယ့်လူတွေကိုတင်ပေးတယ် တကယ်အပြစ်ကြီးကြီးမားမားရှိမှကျန်ခဲ့တာ၊ ရေတပ်ကတော့ အိမ်ကိုအများဆုံးပေးတဲ့သူကို အစဉ်အလာတွေကျော်ပြီး လုပ်နေတယ်၊ အပြစ်မရှိလဲကျန်ခဲ့ဘဲ၊ အလိုက်မသိဘူးဆိုတဲ့ပုဒ်မကတော်တော်ကြီးတဲ့ တပ်မတော်တိုးတက်ရေး နဲ့ဆိုင်တဲ့ပုဒ်မဆိုတော့ ရေလဲသုံးပြီးလုပ်နေတာပါ။ နိုင်ငံရေးပြစ်မှု၊ တပ်မတော်ဘဏ္ဍာငွေနဲ့ ပစ္စည်းတွေ အလွဲသုံးစားလုပ်မှုကတော့ ပြစ်မှုမဖြစ်ဘူးဖြစ်နေတယ်၊ တရားကိုနတ်မစောင့်ဘူး၊ ရေတပ်မှာဦးစီးချုပ်ကတော် စောင့်ပါတယ်။ နောင်တက်လာမဲ့သူတွေကတော့ သူ့ထက်သာမသာကိုစောင့်ကြည့်ရတော့မှာပေါ့။ သူတို့လဲမဟုတ်တာ လုပ်ပေးပြီးတက်လာတာဆိုရင် ကိုယ့်အလှည့်လဲဒါမျိုးလုပ်ပြီး ကိုယ်ပေးထားတာပြန်ရအောင် လုပ်မယ်ဆိုတဲ့ သူတွေဘဲဖြစ်လာမှာပါ။ နမူနာကောင်းတွေခေါင်းဆောင်ကလုပ်ပြတော့နောက်ကလိုက်လုပ်တာပေါ့ မဆန်းပါဘူး။ ကြည်း၊ရေ၊လေထဲမှာ ရေတပ်ဟာစည်းလုံးမှုမရှိဆုံးပါ၊ Senior ကလည်း junior ထဲကလက်အောက်ငယ်သား ချစ်တဲ့သူဆို နှိပ်ကွပ်မယ်၊ junior တွေကလည်းဦးစီးချုပ်နဲ့ပိုင်တယ်ဆိုရင် senior တွေကို လုံးဝမရိုသေ မိုက်ရိုင်းသေးတယ်၊ ကြောက်လို့ငြိမ်နေကြပြီး အထဲမှာမြုံနေတဲ့အနာတွေဖြစ်နေတာ၊ တစ်ယောက်ကိုတစ်ယောက် နင်းချဖို့ဘဲချောင်းနေတယ်၊ ဘယ်ရာထူးနေရာက ငွေအများဆုံးဝင်အောင်လုပ်လို့ရတဲ့နေရာလဲ ဆိုပြီးလုဖို့ စောင်နေတယ်၊ ဥပမာ-ရခိုင်ပြည်နယ်လိုမျိုးဘာမှမရတဲ့နေရာဆို အလုပ်လုပ်ခိုင်းဖို့လူတွေကို လွှတ်လိုက်တယ်၊ ရာထူးပေးမယ်ဆို ချန်ထားလိုက်တယ်၊ ဦးစီးချုပ်အနားက အိမ်ကိုပံ့ပိုးသူများ ရခိုင်ပြည်နယ်ဆိုတာ ဘာလဲလို့မေးရမှာပါ၊ မြေပုံထဲမှာမြင်ဘူးတယ်ပေါ့၊ ယခင်ဦးစီးချုပ်များလက်ထက်မှာ ဒါမျိုးအဖြစ်တွေလုံးဝမရှိခဲ့ပါဘူး၊ ဦးစီးချုပ်ဟောင်းများရဲ့ ကတော်များမှားလည်းဒီလိုအမည်မပျက်ကြပါ၊ ယခုလက်ထက်ဟာ ရေတပ်မှာအပျက်စီးဆုံးကာလကိုစတင်တာပါဘဲ၊ ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာထက် ဒီထက်ပိုပျက်ဖို့ဘဲ အရှက်မရှိ သူတို့ထိပ်ဆုံးက ပဒေသရာဇ်လို လုပ်ချင်ရာ လုပ်နေတာပါ။
ကျုပ်ကတော့မနေနိုင်လို့ရေးလိုက်တယ်၊ ဒီမိုကရေစီစနစ်ကိုကူးပြောင်းရင်၊ တပ်မတော်မှာလည်း အကျင့်တွေ ပြောင်းရတော့မယ်၊ တပ်မတော်ကိုလူတွေ ၁၉၉၀နောက်ပိုင်းမှ မုန်းကုန်တာဘာကြောင့်လဲ ပြန်စဉ်းစားပါ။ တပ်မတော်ဆိုတာနိုင်ငံတစ်ခုမှာရှိသင့်တာမှန်တယ်၊ သူကဘယ်နေရာကနေမှာလည်း၊ ဘယ်လိုမှန်ကန်သင့်လည်း၊ တပ်ပြင်စည်းရုံးရေးပြောတယ်၊ အရာရှိတွေအရာရှိကတော်တွေက ကိုယ့်ကိုယ်ကို အခြားလူတွေနဲ့ မတူတဲ့လူတန်းစားလို နေတယ်ပြောတယ်၊ ချမ်းသာတာကိုလူတွေဘာမှမပြောဘူး၊ လွန်လွန်ကဲကဲချမ်းသာနေတာ နဲ့ လူတွေကိုတန်းတူ မဆက်ဆံတာကြောင့် လူထုနဲ့ကွဲသွားရခြင်းဆိုတာမမြင်သေးဘူးလား။ ကိုယ်ကဘယ်ကလာတာလဲ လူထဲကလာတာဘဲ။ ကိုယ့်ကိုအခြားသူတွေဆက်ဆံစေချင်သလို ကိုယ်လည်းအခြားသူတွေကိုပြန်ဆက်ဆံရမှာပေါ့၊ တပ်မှာ အမိန့်ပေးတာမှန်တယ်၊ ရပ်ရွာထဲကလူထုက တပ်မတော်ကမဟုတ်ဘူး သူတို့နဲ့ကဆွေးနွေးပြီး လုပ်ဆောင်ရမှာ။ မြန်မာတပ်မတော် အမှန်တကယ်ပြည်သူချစ်တာခံရမဲ့တပ်မတော်ပြန်ဖြစ်ပါစေ၊ ဒီတိုင်းဆက်သွားရင်တော့ ပြည်သူမုန်းတဲ့ တပ်မတော်ကြီးဖြစ်သွားမှာပါ်။ မိမိလူတွေကို အခြားသူတွေ ဖြစ်အောင်လုပ်တာ သိပ်တော်တဲ့ ခေါင်းဆောင်တွေ အကျင့်အရင်ပြင်ပါ။ ကိုယ့်လူတွေကတောင်ကိုယ့်ကို မုန်းလာပြီဆိုရင် အခြားသူကကိုယ့်ကို ချစ်နိုင်မှာလား။ သူတို့လိပ်ပြာသန့်နေတာအံ့ပါရဲ့။
ဒီစာကိုဒေါ်အောင်ဆန်းစုကြည်လဲဖတ်ဖြစ်မယ်ဆိုရင်၊ ဖခင်ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့တပ်မတော် ပြန်စုစည်းဖို့ အကြံပြုပေးပါဦး၊ လူတစ်စုကြောင့်တပ်မတော်မှာအခက်တွေ့တာပါ၊ တပ်မတော်ကိုတပ်မတော်လိုဘဲ ချစ်လို့ နေချင်လို့တပ်မတော်သားလုပ်နေသူတွေ အများကြီးရှိပါသေးတယ်။ ထပ်ပြီးသွေးကွဲတာတွေမဖြစ်စေချင်လို့ပါ။ လူမှန်နေရာမှန်တွေရှိစေဖို့ တပ်မတော်စည်းလုံးရေးကို တကယ်လုပ်နိုင်မဲ့သူတွေခေါင်းဆောင်ဖြစ်ပါစေ။

ရဲရန်အောင်

တပ်မတော်ရေဦးစီးချုပ်နှင့်ဇနီးတို့၏မတရားမှုများ တပ်မတော်ရေဦးစီးချုပ်နှင့်ဇနီးတို့၏မတရားမှုများ Reviewed by သစ်ထူးလွင် on 18:29 Rating: 5

45 comments:

ဖိုးစလုံး said...

တရားကိုနတ်မစောင့်ဘူး၊ ရေတပ်မှာဦးစီးချုပ်ကတော် စောင့်ပါတယ်။ (ဟဟ မိုက်တယ် ဒီစာသား)

Anonymous said...

မိန်မကြောက်တွေ ရာထူးကြီးလာရင်
သူတာဝန်ယူထားတဲ့ အဲဒီအဖွဲ့အစည်း
မကြာခင် ပျက်တော့တာပဲ

nay myo said...

တပ်ကိုပြင်မယ်ဆို၇င်သူတို့မိန်မတွေ
၇ဲ့လုပ်၇က်တွေကိုအ၇င်ပြင်မှ၇မယ်၊
ဘာလို့လဲဆိုတော့တပ်ထဲကအ၇ာ၇ှိအား
လုံးလိုလိုကမိန်းမကဒါဆိုမှဒါပဲလုပ်တပ်
တာ သူတို့ခေါင်ဆောင်ကြီးကိုတိုင်က
မိန်းမကိုေ၇ှ့တန်တင်သွားတာ နိုင်ငံမှာ
အကြွေးတောင်တင်သွါးတယ် ခုတော့
တပ်ထဲမှာမိန်းမတွေချယ်လယ်နေပြီ
အဲတော့ဒီတပ်မတော်ကြီးကိုသူတို့မိန်မ
တွေဝင်ချယ်လှယ်နေသမျှတော့ တပ်
မတော်ကြီးကနာမည်ပျက်နေမှာဘဲ

minlwinhtan said...

ငွေတွေ အဲလောက်အများကြီး လွယ်၂နဲ.ပေးနေယူနေတာဆိုတော. ဘယ်လောက်တောင် ပြည်သူ.ငွေတွေ လွယ်၂နဲ.ယူခဲ.လဲ ...စဉ်းစားသာကြည်.ကြပေါ.

ကိုကိုညို said...

စိတ်ပျက်စရာဘဲ၊လက်ရှိနိင်ငံတော်ရာထူးကြီးကြီးတွေယူထားတဲ့သူတွေ အကုန်လုံးနီးနီး နိင်ငံတော်ပိုင်တာတွေခိုးယူတာ လာဒ်စားတာတွေ မတရားမြှု့ပုတာတွေ ဒီလိုဥပဒေကို ချိုးဖေါက်တာကို အရေးမယူကြဘူးလား
တဖွဲ့လုံး အတူတူနဲ့ အနှုနှု ဘဲလား ရှက်စရာကောင်းတယ်ဗျာ

supergunner said...

ကဲကဲကဲ....
အဲဒါကိုသာကြည့်တော့အရပ်ကတို့ ရေ....
အမေရိကန်တပ်မတော်ကိုသွားဘီးတော့လေ့လာရေးဆင်းစေချင်တယ်
အထင်ကြီးလို့ မဟုတ်ပေမဲ့အတုယူစရာရှိတာတော့ယူရမယ်ဗျာ..
ဟဲဟဲ.. ပြောမယ်သာပြောရတာ..ရေတပ်နဲ့ လေတပ် ကိုဆိုကြည်းတပ်က
ငယ်နိုင်ရယ်.. ဟဲဟဲချွန်တွန်းလိုက်အုံးမယ်..

yelpaing said...

ဦစီးချုပ်ကတော်ဆိုတော့လည်း ဦးစီးဦးဆောင်ပြုရတာပေါ့နော။နောက်ဆို ဦးစီးချုပ်ကတော်ကဖာရုံတွေဘာတွေဖွင့်ချင်ဖွင့်လိမ့်မယ်။အဲဒါမှငွေရပေါက်ပိုတိုးလာမှာ။ရေတပ်ကလူတွေနေတတ်အောင်နေ ဦးစီးချုပ်အိမ်မရှိရင်လည်း သူ့ ကတော်ကိုပေါင်းထား လုပ်ပေးစရာရှိရင် ဘာပဲဖြစ်ဖြစ် လုပ်သာလုပ်ပေးလိုက်။အဲဒါမှမရွေ့ မှာ။သဘောပေါက်တယ်နော်။ ။

သူရအောင် said...

ကြားရတာ စိတ်မကောင်းပါဘူး

ရွာသား said...

သူဒီလိုလုပ်ချင်လို့လုပ်နေတယ်မထင်နဲ့ဦးစီးချုပ်မယားဖြစ်နေလို့
လုပ်နေရာတာကွအဲတာကျုပ်တို့မြန်မာပြည်လေလကွာ။

sean said...

အားပါး..ပါး တကယ့်ခံစားချက်အစစ်နဲ့ အပြည့်အစုံ ဆောင်းပါးတပုဒ်စာလောက် ရင်ဖွင့်ထားတာပါလား...
ငွေနဲ့ ရာထူးဂုဏ်( လက်အောက် ငယ်သား တွေ၏ လေးစားမှု) ကိုအလဲအလှယ်လုပ်သွားတာပါလား.. ရှေ့က ရေ ချုပ်ကြီးတွေ ဘယ်လို ထင်မြင်ကြမလဲ...

0864432144 said...

မဆလ၊ န၀တ၊ နအဖ က မွေးဖွားပေးလိုက်တဲ့ ဗမာစစ်တပ်ကလူတွေ မစားမရှိဘူး။ ကတော်တွေဆိုရင် ပြုးပြဲနေတာ ဘီလူးမ လိုပဲ။
တိုင်းပြည်ဆင်းရဲမွဲတေတာ။ ဗမာစစ်တပ်ကြောင့်ပဲ။ ဗမာစစ်တပ်မှာ လူမျိုးတွေ ပျက်ခဲ့တယ်။ ဗမာစစ်တပ်တိုက်ခိုက်မောင်းထုတ်တာကြောင့် တိုင်းရင်းသားတွေ နယ်စပ်ဒုက္ခသည်စခန်းမှာ နေနေရတယ်။

iitcm said...

So, I wanna see how our General Min Aung Hlaing handle this case, pls MNN give us latest news about this case.

royalrose said...

တပ်မတော်သားတွေရဲံ့ ခံစားချက်ကို ပီပြင်အောင်ဖော်ပြပေးတဲ့ ကိုရဲရန်အောင်
ရဲ့တင်ပြမှုကို တပ်မတော်သား တစ်ဦးရဲ့ အကိုတစ်ဦး အနေနဲ. အရမ်းကို
ကျေးဇူးတင်ပါတယ် ကိုရဲရန်အောင် ရဲ့အများကောင်းကျိုးမြင် စိတ်ဓါတ်ကို
ဂုဏ်ယူပါတယ် လေးစားပါတယ်ကိုရဲရန်အောင်......

Anonymous said...

သာဓုပါဗျာ သံကြပ်ထဲ့ကလိုပြောရရင် (သဘာဝကပေးတဲ့ဘေးအန္တရယ်ပြည်သူ
တွေကခံ-သဘာဝကပေးတဲသယံဇာတတွေဗိုလ်ချုပ်တွေကစံ)အဲဒါပါဘဲဗျာ။

stone said...

ဘယ်လို လုပ်ကြမလဲဒီလိုကိစ္စတွေကိုအခုတော့ တတိုင်းပြည်လုံးသိကြရပြီတကယ်ေ၇ာအရေးယူပါ့ မလား တပ်မတော်သားချင်းမသိချင်ယောင်ဆောင်နေမှာလားပြည်သူပြည်သားတွေယုံကြည်အောင်လုပ်ပြရမယ့် အချိန်တန်နေပါပြီ

freedone said...

ဖော်ကြစမ်း၊ရေးကြစမ်း၊ပြောကြစမ်း၊ရင်ထဲကခံစားချက်တွေကြည်း၊ရေ၊လေတွေရေးကြတော့လေ။ပြည်သူကိုတကယ်ချစ်ရင်ပြည်သူအတွက်တပ်မတော်ရပ်တည်ပေးတော့။စားတဲ့မိန်းမတွေအကြီးအကဲတွေမြေကြီးကပါးစပ်ဟထားပြီနော်.....

Zaw Gyi said...

တပ်မတော်တစ်ရပ်လုံး (ကြည်း၊ ရေ၊ လေ) မှာ အဲဒီလိုဖြစ်စဉ်တွေက
ထူးမခြားနားတွေပါ။ နိုင်ငံတော်ငွေကြေးတွေကို အိတ်ထဲထည့်တာကတော့
မပြောချင်မှအဆုံး၊ မမြင်ချင်မှအဆုံးပါ။ အထူးသဖြင့် အဆင့်တိုးကိစ္စပါ။
လေတပ်မှာ အဆင့်တိုးက တစ်မျိုးပါ။ Supersonic မောင်းသူတွေက သုံးနှစ်
တစ်ခါ အဆင့်တိုးပါတယ်။ အင်ဂျင်နီယာနဲ့ ဆရာဝန်တွေကတော့ အဆင့်တိုးဖို့
ဘွဲ့လွန်တွေလိုပါတယ်။ (သူတို့အမျိုးတွေမဟုတ်ရင်ပေါ့၊ အမျိုးများပါရင်တော့
မူတွေကအမျိုးမျိုးပြောင်းပါတယ်၊ ဆေးတပ်မှာ နောက်ဆုံး
Promotion Board ၃ ခုဟာ မူ ၃မျိုးနဲ့ ပေးလိုက်တာပါ) အဲဒီလိုပဲ လေတပ်ထဲ
မှာလည်း Promotion ကိစ္စနဲ့ဘဲ ထောင်ကျသွားတဲ့ အရာရှိတွေ ရှိပါတယ်။
ဒါတွေဟာ တပ်မတော်အတွက် စည်းလုံးညီညွတ်မှုပြိုကွဲစေပါတယ်။
ခြေလျင်တပ်ရဲ့ဆိုးဝါးမှုတွေကိုတော့ အားလုံးလဲသိပြီးသားမို့
မပြောတော့ပါဘူး။
ကျွန်တော်တို့ငယ်စဉ်အခါက တပ်မတော်ထဲကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ၀င်ရောက်
အမှုထမ်းကြတာပါ။ သူငယ်ချင်းတွေထဲမှာလည်းကြည်း၊ ရေ၊ လေတပ်မှာ
အခုထိအမှုထမ်းနေသူတွေရှိပါတယ်။ သူတို့ရဲ့ ညဉ်းညူမှုတွေကနေ သိနေ၊
ကြားနေ၊ လိုက်သွားရင် မြင်နေရတာတွေပါ။

ဖက်ဆောင်းသစ် said...

ဟဟ အမှန်တွေ ပေါ်လာဘီ..................

ko taw thar said...

စစ်တပ်ဌာနတွေမှမဟုတ်ပါဘူးကွာ သ.ပ.နရောဒီအတိုင်းပါပဲ အရာ၇ှိတွေ လာဘ်ထိုးမှ ရန်ကုန်၊ မန္တလေးနေရာတွေရတာလေ
သ.ပ.နမှ မဟုတ်ပါ
အခြာမသိတဲ့ဌာနတွေအများကြီးပါ

minmin said...

မိန်မကြောက်တွေ ရာထူးကြီးလာရင်
သူတာဝန်ယူထားတဲ့ အဲဒီအဖွဲ့အစည်း
မကြာခင် ပျက်တော့တာပဲ

Anonymous said...

ဘယ်လို လုပ်ရမယ် ဆိုတာ မသိတာမှ မဟုတ်တာ.....
တမင် မလုပ်တာလို့ပဲ ယူဆ ပါတယ်....
ခေါင်မိုးက မိုးမလုံတော့ ခံကြရမှာပါပဲ....
ကိုယ့်အချင်းအချင် အနိုင်ကျင့်ရမယ် ဆိုရင် တကယ့် ဗိုလ်တွေပဲ....
ရှေ့တန်း သွားပြီ ဆိုရင်တော့ တကယ့် ယုန်သငယ် တွေလိုပဲ....

Anonymous said...

တပ်မတော်ကဗိုလ်ချုပ်ကြီးတချို့ နောက်ကြောင်းပြန်လှည်နေခြင်တာအဲဒါဘဲ

Thitsar said...

ဘုရား ..... ဘုရား . . . . . မကြားဝံ့မနာသာတွေပါလားနော်. . . .

Anonymous said...

တပ်မတော်အဖွဲ့စည်းထဲကလူတွေဌာနဆိုင်ရာတွေကိုပြောင်းရွေ့
သွားတာဒီလိုအကျင့်ဆိုးတွေသယ်ဆောင်သွားတာ
ခုဆိုရင်ဘယ်ဌာနမှာဖြစ်ဖြစ်အထက်ပါပုံအတိုင်းပဲ
ရှိနေပါတယ်။ကိုယ်တိုင်ရေးရာဇ၀င်ကိုဘယ်လို
ပပျောက်အောင်လုပ်ကြမလဲဆိုတာ
ပြည်သူနဲ့တပ်ထဲကအားအင်နည်း
ဝန်ထမ်းများထိထိရောက်ေ၇ာက်စာတင်ပါ။
။နိုင်ငံတကာသိအောင်လုပ်ပါ။
ဒါမှနိုင်ငံခေါင်းဆောင်နေသူတွေနှာစေးလို့မရအောင်..
သူတို့ကိုယ်တိုင်ကလည်းအဲ့ဒီအရသာထူးကို
မစွန့်လွတ်နိုင်ကြသေးပါ။

Unknown said...

ခေတ်အဆက်ဆက်ရေတပ်ဦးစီးချုပ်တွေကိုသူ့အဖေဦးအောင်တောင်း(a)ကုန်အောင်တောင်း(စက်မှု-၁ ဝန်ကြီးဟောင်း)ထံကအုတ်ပါမစ်၊ဘိလပ်မြေပါမစ်တွေနဲ့နန်း
တော်ကြီးတွေလိုအိမ်တွေဆောက်နိုင်အောင်ဖားပြီးအိတ်ထဲထည့်ထားခဲ့တဲ့ဗိုလ်မှူး
ကြီးမိုးအောင်တယောက်ကတော့သူ့အဖေအရာကျသွားတာနဲ့ဘာပါမစ်မှမပံ့ပိုးနိုင်
တော့ပဲအဝင်အထွက်နည်းသွားလို့(သူတို့သားအဖတွေကအလကားမရရင်ဘယ်သူ့ကိုမှဘာမှမပေးတဲ့သူတွေလေ)လက်ရှိဦးစီးချုပ်(ရေ)နဲ့ဇနီးတို့ရဲ့မျက်မာန်ရှပြီးတသက်လုံးရန်ကုန်မြေကမခွါပဲနေခဲ့ရာကခုတော့လူသူဝေးတဲ့ကျွန်းတခုပေါ်မောင်းထုတ်ခံထားရတယ်....နောက်ဆုံးစက်ရပ်သတင်း

nandarllay said...

Unknown ရဲ့သတင်းကတော့ ကောင်းလိုက်တာနော် ။အော် အရင်တုန်းက ချစ်စရာ မြန်မာပြည်လို့ထင်ထားတာ အခုတော့မှ ။ဒီလူတွေ ကင်းစင်မှဘဲ မြန် မာ ပြည်ကြီးလည်း အောက်ဆီ ဂျင် ပြန် ရသလို အသက် ဆိုးရှည်တော့မယ်နဲ့ တူပါတယ် ။တော်တော်လေးကိုစိတ်ပျက်ရပါတယ်။

မောင်ခေါင်းချမယ့်နေရာ said...

စာတွေက ဟုတ်တယ် ။ မဟုတ်ဘူး ဆိုတာကတော့ ကာယကံရှင်နဲ့ ရေးတဲ့ သူတွေကတော့ ပိုသိမှာပါနော်။ ကျွန်တော် သိတာကတော့ ရေးတဲ့ သူငယ်ချင်း ကိုရဲရန်အောင်က တော့ အတင်းလိုက်ပြောနေတဲ့ မိန်းမတွေလိုဖြစ်နေပြီ။ စာသား ခိုင်းနှိုင်း သုးံနှုန်းရေးသားပုံက လူတစ်ယောက် ရဲ့ အနေအထိုင် အပြောအဆို အပြုအမူကို မှန်းဆလို့ရပါတယ်။ သူတစ်ပါး ကို နစ်နာအောင် ပြောတာထက် ကို့ဘက်က သေချာမှ ပြောတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။ သူတစ်ပါးကို နစ်နာအောင် ပြောဖို့က အရမ်းလွယ်ပါတယ်။ သူတစ်ပါးကို ပြောသောသူငယ်ချင်းလည်း စင်းလုးံချော သူငယ်ချင်း ဖြစ်ဖို့ မျှော်လင့်မိပါသည်---------

paukpauk said...

တပ်ထဲမှာ အခြေအနေမကောင်းတော့ အရပ်ဘက်ပြောင်းပြီး လာဖျက်ကြဦးပေါ့။ တပ်ထဲလုပ်စားစရာမရှိတော့တာနဲ့ အရပ်ထဲလာဖျက်ဆီးကြလို့ ၀န်ထမ်းတွေလဲ နာမည်ပျက်နေပါပြီ။ မဆလ (၂၆) နှစ်အုပ်ချုပ်ခဲ့တုန်းက ၀န်ထမ်းတွေ ဒီလောက်အကျင့်သိတ်ခါပျက်တယ် မရှိဘူး၊ ခင်ဗျားတို့တပ်ကလူတွေ အရပ်သားအရာထမ်းတွေထဲ ၀င်ရောမှ အလုံးစုံပျက်သုဉ်းတော့တယ်။ (မဟုတ်တာမှန်သမျှ ပေါင်းလုပ်လွန်းကြလို့) တပ်ကိုလန်တာကနေ အခုဆို ၀န်ထမ်းတွေကိုပါ ဆလံသနေကြပြီ။

paukpauk said...

ကြည့်ပါဦး ငါးဖမ်းလှေကို အပိုင်သိမ်းပြီး ရေတပ်ရNavy Boat လုပ်ထားကြတာ မရှက်ဘူးလား။

devil said...

ဒါတွေက တပ်မတော်မှာကော အခြားဝန်ကြီးဌာနတွေမှာကောရှိပါတယ်။ သိသလောက်ကတော့ ရေတပ်မှာက အားလုံးလိုလို (အကြီးအငယ်မဟူ) စားခွက်လုကြတယ်ဆိုတာ ထုံးစံပဲဆိုတာ ကိုရဲရန်အောင်လဲ သိပါတယ်။နေရာရသူ မရသူတွေရဲ့ တိုက်ပွဲပါ။ နေရာရသူကငြိမ်နေ၊ မရသူက တင်းပေါ့လေ။တရားသော နည်းဆိုတာ မရှိပါဘူး။ တကယ်တော့ အထက်ကပျက်စီးတာ လက်အောက်ငယ်သားရဲ့ ဖျက်ဆီးမှု က အများကြီးပါတယ်။ ပေးနိုင်သူနဲ့ မပေးနိုင်သူပေါ့။ ဒီလိုပဲ ကွာခြားသွားတယ်။ ဒါတွေကလဲ ခက်တာက မြန်မာ့ထုံးတမ်းစဉ်လာရဲ့ ဂါရ၀ တရားရှိနေတော့ အသုံးချကြတာပဲ။ ခေါက်ရိုးကျိုး ဒီစနစ်ကို ဘယ်သူတက်တက် ပြင်ဖို့ခက်ပါတယ်။ ကျွန်တော်ပြောချင်တာက စစ်တပ်ဟာ 1990 နောက်ပိုင်းကတည်းက အတွင်လှိုက် ပျက်ဆီးနေခဲ့တာပါ။ အဓိက အကြောင်းရင်းက အရင်လို တိုက်ပွဲမရှိတော့တဲ့အတွက် ငွေကြေးဆိုင်ရာ တုပြိုင်မှု ပြင်းထန်လာတာပါပဲ။ တပ်မတော် ပြန်ကောင်းစေချင်ရင် (ပြောလို့မကောင်းပေမဲ့ ပြောရမှာပဲ။တစ်မျိုးမထင်ပါနဲ့) လက်နက်ကိုင်အဖွဲ့တွေ တောထဲ ပြန်ဝင်ခိုင်းလိုက်ပါ။

r.sui said...

လူတွေများနော် မတရားလိုက်ကြတာ သူတို့ကို သူတို့မှန် ပြန်ကြည့်သင့်တယ်။ မိန်းမတွေက ပိုဆိုးနေတာ။ ဒုခ

kyaw said...

ပြောလိုက်ချင်ပါတယ်....... သပန မှာ ဒေါက်တာမဟုတ်ရင် ရာထူးမတိုးသလို၊ နေရာလည်းမရပါဘူး။ လုပ်သက်ဘယ်လောက်ရှိရှိ အရည်အချင်းဘယ်လောက်ရှိရှိ စဉ်းစားမပေးပါဘူး။ ဒေါက်တာဖြစ်ရင်တော့ လုပ်သက် နှင့် အရည်အချင်းမရှိလည်း ရာထူးတိုးပြီး နေရာတော့ ပုံမှန်ရနေပါတယ်။ အခြားဌာနတွေမှာဆိုရင် နိုင်ငံခြားကို ရိုးရိုးဘွဲ့ရတွေပါ အလှည့်ကျစေလွှတ်ပြီးတော့ သပနမှာတော့ ဒေါက်တာမဟုတ်ရင် မစဉ်းစားပါဘူး။

Truth Seeker said...

ကျွန်တော်တို့ တနဿင်္ရီတိုင်းမှာ ရေတပ်ကတောင်းလို့ ငါးဖမ်းလှေတွေဟာ ဒီဇယ်ကို ပီပါလိုက်ပေးနေရပါတယ်ဗျာ၊ တရားဝင်လိုင်စင်နဲ့လုပ်တဲ့လှေတွေလည်း ပေးရတာပဲ၊ ပင်လယ်မှာ ဆက်ကြေးတောင်းနေကြတာပေါ့ဗျာ။

Unknown said...

မောင်ခေါင်းချမယ့်နေရာရေ၊မင်းကတော့ကာယကံရှင်အုပ်စုဘက်ကဆိုတာမူကြို
ကလေးတောင်ဖတ်ရင်သိပါတယ်နောအေးရာအေးကြောင်းခေါင်းချပြီးတာသေ
လိုက်ပါတော့။ရဲရန်အောင့်ဖော်ပြမှုကအမှန်တွေဆိုတာ(လိုတောင်လိုနေသေး
တယ်)ရေတပ်အအရာရှိရဲဘော်တွေမပြောနဲ့တပ်ဂိတ်ဝမှာကွမ်းယာရောင်းနေတဲ့
ကုလားမေးတောင်“ဟာရေးအနဲနာတိဒါဒီ့ထက်ပိုသေးဒယ်”လို့ပြောပြလိမ့်မယ်။ရဲရန်အောင်ရေပြောထားတဲ့ အတိုင်းအတိအကျ ထုတ်ပြောပါ။လွှတ်တော်ကြီး
လည်းရှိနေပြီ။ပြည်သူ့ဘဏ္ဏာနဲ့ဝယ်ထားတဲ့စစ်သင်္ဘောတွေ၊အမြောက်တွေကိုအ
သုံးချပြီးမြန်မာ့ပင်လယ်ပြင်ကိုမကာကွယ်ဘဲဆိုမာလီဓားမြတွေလိုဆက်ကြေး
ကောက်၊ဓားပြတိုက်နေတာ။ပင်လယ်ပြင်ကြီးထဲကငါးပုဇွန်နဲ့ရေသယံဇာ
တတွေကိုလက်ညှိုးထိုးရောင်းစားနေကြတာ။ပြည်သူလူထုကြီးကတော့မြန်မာ့
ပင်လယ်ထဲကအဖိုးတန်ငါးနဲ့ပုဇွန်တွေကိုမြင်တောင်မမြင်ကြရဘူး။
အဲဒါတွေကိုဦးဆောင်တဲ့လူကြီးတွေကသိရက်နဲ့ဆက်ကြေးစောင့်စားနေတာ။ကမ္ဘာပေါ်မှာအဆင်းရဲဆုံးရေတပ်ကအကြီးအကဲနဲ့သူ့တပည့်နောက်လိုက်တွေကမ္ဘာနဲ့ရင်ဘောင်တန်းပြီးမီလျံနာဘီလျံနာကြီးတွေဖြစ်နေတာသမတကြီးနဲ့လွှတ်တော်ကြီးအပြင်ကမ္ဘာကပါသိအောင်ဖော်ထုတ်ရေးသားပေးပါ။သမတကြီးတိတိကျကျဖော်ထုတ်အရေးယူပေးပါ။
ဖိုးသံချောင်း

aye koko said...

ခွင့်တစ်ခါရဖို့ ၁၀ ပုံး၊ ပုံး၂၀ ဆိုတာဟုတ်ပါ့မလား ဟုတ်ရင်လဲ အဲဒီလောက်ပေးနိုင်လောက်တဲ့သူတွေကရော အဲဒါတွေဘယ်ကရတာလဲ ပေးတဲ့သူတွေကရော ရိုးသားတဲ့သူတွေ ဖြစ်နိုင်ပါ့မလား

ryanhla said...

စစ်ဗိုလ်ချုပ်သူဌေးကြီးများဟာဘာလို့ဒီလောက်ချမ်းသာနေရသလဲဆိုတာသိကြပြီလား။မိဘဘိုးဘွားချမ်းသာတဲ့သူတစ်ယောက်မှမရှိပါဘူး။မိဘဘိုးဘွားချမ်းသာတဲ့သူဆိုရင်လဲဒီအဆင့်ကိုမရောက်ပါဘူး။ဘာလို့လဲဆိုတော့သူတို့ကရာထူးမရလဲအရေးမကြီးဘူးလေ၊ ရာထူးအရေးကြီးတဲ့သူတွေကမရရတဲ့နည်းနဲ့ရှာပြီးဆက်သရ တာပေါ့။ဒါနြ့ဘဲသူခိုးတွေဖြစ်၊သူခိုးကဗိုလ်ချုပ်တွေဖြစ်ကုန်ကြလေသတည်း။

win zaw naing said...

အင်း...အပြုသဘောနဲ့  ပြောကြ ပြင်ကြရင် မြန်မာပြည်ကြီးအတွက်
အကောင်းဆုံးဖြစ်လာပါလိတ်မယ်လို့  တော့  ယုံကြည်မိပါရဲ့ ။

gotegwat said...

gg
တပ်မတော် နှင့် ဆိုင်သောသတင်းများကို သိသူများက ဖေါ်ပြရန်တာဝန်
ရှိပြီး ဖတ်သူများက စဉ်းစားဆုံးဖြတ်ကြပါ။

gotegwat said...

မှန်တယ်ထင်ရင် ရဲရဲရေးကြပါ။ အားပေးနေပါတယ်။

နဂါးမျက်လုံး said...

ဘကြီး ပြောင် ရေ.....
ဘပြောင် လူတွေက ဒီလိုလူတွေဗျ....

apalar said...

ရေတပ်က သီပေါမင်း နှင့် စုဖုရားလတ် လို ဖြစ်နေပြီ ၊

Unknown said...

သီပေါမင်းလိုဖြစ်နေပြီ တပ်တွေက

nandarllay said...

မောင်ခေါင်းချမယ့်နေရာ
မင်းကရော စင်းလုံးချောဖြစ်ရဲ့လားကိုယ်ဘာသာပြန်စဉ်းစားပါအုံး ။ဒီလောက်သုံးမရအောင် ပျက်စီးယိုယွင်းနေတဲ့ ခေတ်မှာဘာဆိုဘာမှ မမြင်ရအောင် ကန်းနေတာလား။အသိတယောက် ရဲ့အကို ရေတပ်ဗိုလ် ဆိုပင်လယ်ထဲထွက်ရမှာအရမ်းပျော်တယ်တဲ့။ပြန် လာရင် ပုံး ဆယ်ဂဏန်း အနည်းဆုံးရလို့ ပါတဲ့ ။ဒီလိုဆို သူတို့တွေက ပင်လယ်ပြင်မှာ တိုင်းပြည် ကိုကာကွယ်တာလား ။ဒါမှမဟုတ်----------။။။

unknow said...

ဒီလိုအဖြစ်မျိုးတွေက စစ်တပ် ၀န်ကြီးဌာန အကုန်လုံး လိုလို ရှိကြပါတယ်
ဒါတွေကို အုပ်ချုပ်သူတွေရော လွတ်တော်အမတ်တွေရော သိကြဖို.မိမိတို.ခံစားချက်တွေကို ဖော်ထုတ်ရေးသားတာကောင်းပါတယ် တာဝန်ရှိအုပ်ချုပ်သူများအနေနဲ.လဲ စုံစမ်းစစ်ဆေး ပြီးမှန်ကန်တယ်ဆိုရင်လဲ အရေးယူမူတွေလုပ်ဆောင်မယ်ဆိုရင်တော့ ..ပေါ်တင် သောင်းကျန်းတောင်းရမ်း ဓါးပြတိုက် တာမျိုး
မလုပ်တော့ပဲ ခိုးကြောင်ခိုးဝှက်လေးဆိုရင်တော့ တော်ပါသေးတယ်လို.ထင်ပါတယ်
လုံးဝ ပပျောက်သွားနိုင်ရင်တော့အတိုင်းထက်အလွန်ပါပဲ ခင်ဗျာ

Nyi Ye Htet said...

ကဲ လိုင်းထဲကရဲဘော်မယားမိသားစုစားဝတ်နေရေးမပြေလည်လို့ -ာတန်းထဲသွား
တာ၊ယာဉ်မောင်းရဲဘော်ကစားဖို့မလောက်လို့ ရုံးကားထဲကဆီခိုးရောင်းတာတွေ
ကိုနေ့တိုင်းလိုက်စုံစမ်းပြီး ရပို့တင်နေတဲ့စစ်ဖက်ရေးရာလုံခြုံရေး(စစ်ထောက်လှမ်း
ရေး)တွေခုမင်းတို့လူကြီးတွေလုပ်နေတာကြတော့ဘာလို့မသိချင်ယောင်ဆောင်
နေကြတာလဲ။အဲဒီဦးစီးချုပ်နဲ့သူ့ဇနီး ကိုအကြီးအကျယ်လာဘ်ထိုးတဲ့အရာရှိ ဗိုလ်
မှူးအောင်မျိုးထွန်း(DSA-35) နဲ့ အဲဒီအပတ်စဉ်ကဗိုလ်မှူးတွေရှိတယ်။သူတို့ပိုင်တဲ့
ခြံနဲ့အင်မတန်ခန်းနားတဲ့(ကာလတန်ဘိုးအနည်းဆုံး-သိန်း ၆ဝဝဝ)နန်းတော်အိမ်
ကြီးတွေတောင်ဥက္ကလာပမြို့နယ်ကျေးတမာလမ်းကဇီဝဇိုးအိမ်ရာထဲမှာရှိ
တယ်။DSA -35 ကကောင်တွေချည်းဝယ်ထားတာလုံးချင်းအိမ်(၉)လုံးတိတိ
ရှိတယ်။ခုချက်ခြင်းသွားစုံစမ်းလို့ရတယ်။ရေတပ်အရာရှိအချင်းချင်းတောင်
ဝါတာအာမီ -၃၅ ရပ်ကွက်လို့ခေါ်နေကြတယ်။အဲဒီကောင်တွေအားလုံးဦးစီး
ချုပ်ကတော်ကိုလာဘ်ထိုးပြီးမရခနဲ့တရခကဓမြတိုက်လို့ရတဲ့သင်္ဘောတွေကို
ရိုက်ဆင်းကြတယ်။ပြီးတော့ရတဲ့အချိန်အတွင်းအချိန်မဆိုင်းဘဲတက်သုတ်ရိုက်
ဓားပြတိုက်၊ပြီးတာနဲ့ဇီဝဇိုးအိမ်ရာကအိမ်တွေကိုဝယ်ကြတာပဲ။ကိုယ်မရလို့အမ
နာပပြောနေတာမဟုတ်ဘူး။အမေစုပြောသလိုပဲမာတဲ့နေရာကဒူးပဲကျန်တော့
တယ်။ဝမ်းလဲမတောင့်နိုင်တော့ဘူး။မကြည်ညိုတဲ့လူကြီးနဲ့သူ့ကတော်နဲ့သား
တွေဆီမှာတော့ဒူးသွားမထောက်နိုင်ဘူး။စစ်ဖက်ရေးရာ(ကြည်းတပ်နဲ့ရေတပ်)
ကအလုပ်လုပ်ကြပါ။အမြန်စုံစမ်းဖော်ထုတ်ပါလို့တိုက်တွန်းပါတယ်။

Powered by Blogger.