တိုးလ်ဂိတ်တွေမှာအချိန်တွေကုန်(ကျိုက်ထီးရိုးဘုရားဖူးကားများသတိပြုရန် (ပေးစာ)

ဘုရားကြီးရှိရွှေသံလွင်ဟိုင်းဝေးတိုးလ်ဂိတ်
တိုးလ်ဂိတ်များတွင်စိတ်ညစ်စရာတစ်ခုကတော့  ဂိတ်ကြေးတစ်ခါပေးရဖို့
ယာဉ်တန်အရှည်ကြီးတွင် အကြာကြီး စောင့်ဆိုင်း နေရခြင်းဖြစ်ပါသည်။
ဂိတ်ကြေးပေးဆောင်ရန် ယာဉ်ကြောလေးကြော လုပ်ထားသော်လည်း အလယ်ယာဉ်
ကြောနှစ်ကြောကို အကြောင်းမဲ့ ပိတ်ထားပါ သည်။
နိုင်ငံတော်အကြီးအကဲများအတွက် ဆိုလျှင်လည်း သူတို့က နေ့တိုင်းမဖြတ်သဖြင့်
သူတို့ဖြတ်သည့်အချိန်၊သူတို့လာမည်ဟု သတင်းရသည့်နေ့များမှလွဲ၍
ကျန်အချိန်များ တွင် ဖွင့်ပေးထားခြင်းအားဖြင့်
ပြည်သူများအားလုံးလွယ်ကူလျှင်မြန်စွာဖြင့် လိုရာ ခရီးသို့
မြန်မြန်ရောက်မည် ဖြစ်ပါသည်။ယခုတော့ အလယ်ယာဉ်ကြောနှစ်ကြောကို
အသုံးပြုခွင့်မပေး သည့်အတွက် ခရီသွားများအားလုံး မလိုအပ်ပဲ
အချိန်ကုန်ကြံ့ကြာနေကြရပါသည်။


ထပ်မံ စိတ်ညစ်ရသည်က ဘုရားကြီးရှိရွှေသံလွင်ဟိုင်းဝေးတိုးလ်ဂိတ်တွင်
ဘုရားကြီး-ကျိုက်ထိုလမ်းပိုင်း အတွက် ၉၂၄ကျပ်ကျသည်ကို ၁၀၀၀
တောင်းခြင်းပင်။ယခုကျွန်တော်ပြောနေခြင်းသည် ၇၆ ကျပ် ပိုပေးနေရ
သည့်အတွက်နှမျောသောကြောင့်ပြောနေခြင်းမဟုတ်သည်ကို နားလည်ပေးစေလိုပါသည်။
လမ်းကြေး ကောက်ခံမှု့တွက်ချက်ရာတွင် တစ်မိုင်ကို
၅ကျပ်နှုန်းဖြင့်တွက်ချက်ပြီးကောက်ခံသဖြင့် ၇၄.၈၇၅ မိုင်အတွက်
၃၇၄ကျပ်ကျသင့်ပါသည်။ ယခုလိုအခြေအနေမျိုးတွင် အကြွေအမ်းစရာမလိုပဲ
လမ်းကြေးပေးဆာင်ခြင်း လျှင်မြန်ချောမွေ့ စွာ ပြီးမြောက်စေရန် ၄၀၀ကျပ်ဟု
သတ်မှတ်သင့်ပါသည်။ တံတားကြေးကိုလည်း ၂၀၀ကျပ်သတ်မှတ်သင့်ပါသည်။
မသတ်မှတ်သော်လည်း ကားတိုင်းသည် ၇၆ကျပ်ပိုပေးနေရပါသည်။ ထို့ကြောင့်
ကားတစ်စီးဖြတ်တိုင်း ၀န်ထမ်းတစ်ယောက်သည် ၇၆ကျပ် အပိုငွေရသလိုဖြစ်နေပါသည်။
ထို၇၆ကျပ်သည် တိုးလ်ဂိတ်တွင် တာဝန် ကျနေသော ၀န်ထမ်း၏ အကျင့်စာရိတ္တကို
ပျက်ပြားစေပါသည်။

ယခုရက်ပိုင်းတွင် လေးကြိမ်လောက်ထိုနေရာမှဖြတ်သန်းသွားလာခဲ့သဖြင့်
ကျသင့်ငွေအတိုင်းအတိအကျပေးကြည့်ရာ ပိုက်ဆံကို လက်ခံပါသည်။ သို့သော်
လူထူးလူဆန်းကိုတွေ့သလိုအကြည့်မျိုး၊ လူ့ဂွစာ တစ်ယောက်ကို တွေ့ရသလိုမျိုး
အကြည့်မျိုးဖြင့် ကြည့်ပြီး မှယူပါသည်။ ထို၇၆ကျပ်သည် တိုးလ်ဂိတ်တွင်
တာဝန်ကျနေသော ၀န်ထမ်း၏ အကျင့်စာရိတ္တကို ပျက်ပြားစေသောကြောင့် ထို၇၆ကျပ်
ကို ရွှေသံလွင် ကုမ္ပဏီသို့သာ တရားဝင်ပေးလိုပါသည်။ယခုတော့ ၀န်ထမ်းများသည်
အလွယ်လိုက်ပြီး အမ်းစရာ အကြွေရှိလည်း ပြန်မ အမ်းတော့ပါ။ ipay ဆိုတဲ့
နတ်ပိုက်ဆံကဒ်ဆိုတာ ပေါ်လာပြီးအသုံးတွင်ကျယ်လာလျှင်တော့
အကြွေပြဿနာကြောင့်စိတ်ညစ်ရတာ နဲနဲ လျှော့သွားမည်ထင်ပါသည်။

(ရန်ကုန်က ဘတ်စ်ကားလက်မှတ်ရောင်း(စပါယ်ယာ)
တစ်ချို့လည်းယခုလိုပြုမူနေကြပါသည်။ ၁၅၀ကျပ်ခရီးကို ၂၀၀ကျပ်တန်
ပေးလိုက်လျှင် ပြန်မအမ်းတော့ပါ။ တခြားလူတစ်ယောက်ယောက်က
၅၀ကျပ်တန်ပေးခဲ့လျှင်လည်း ထို၅၀ကျပ်တန်ကို ချက်ချင်း
အိပ်ထောင်ထဲထည့်ဖွက်လိုက်ပြီး လက်ထဲတွင် ၁၀၀ကျပ်တန်ကိုသာ အသေးဆုံး
ထားကိုင်ထားပါသည်။ မယုံလျှင် ဘတ်စ်ကားစီးတိုင်း သတိပြုကြည့်ပါ။
အားလုံးကိုမဆိုလိုပါ။ အများစုက ပြန်မအမ်းလိုကြပါ။ ငွေ၅၀ကျပ်နှင့်
အလွယ်လိုက်ပြီး သူတို့၏ စာရိတ္တပျက်နေ သည်ကို တွေ့ရသည်မှာ နှမျောစရာကောင်း
လှပါသည်။)


နောက်ထပ်စိတ်ညစ်စရာတစ်ခုကတော့ တိုးလ်ဂိတ်တည်နေရာဖြစ်ပါသည်။
ဘုရားကြီး-ကျိုက်ထိုလမ်းပိုင်း အတွက် ဘုရားကြီးအထွက်တွင်
တိုးလ်ဂိတ်တစ်ခုရှိပါသည်။သို့ဖြစ်ပါသောကြောင့်
ဘုရားကြီးနှင့်ကျိုက်ထိုကြား တွင် နောက်ထပ်
တိုးလ်ဂိတ်တစ်ခုရှိရန်မလိုအပ်တော့ပါ။ သို့သော်လည်း ကျိုက်ထိုအ၀င်တွင်
ကျိုက်ထို-သထုံ လမ်းပိုင်းအတွက် လမ်းအသုံးပြုခကောက်ခံသော
တိုလ်းဂိတ်တစ်ခုဆောက်ထားပါသည်။ ကျိုက်ထီးရိုး သို့လာသော
ဘုရားဖူးယာဉ်များကို ရည်ရွှယ်ပြီးဆောက်ထားပုံရပါသည်။
ကျိုက်ထီးရိုးသို့သွားမည့်ကားများသည် ကျိုက်ထို တိုးလ်ဂိတ်တွင်
ယခုလမ်းကြေးအတွက် မရှင်းလင်းသောကြောင့် မေးမြန်းသော်လည်း ၀န်ထမ်းများက
ရေရေလည်လည် ပြန်လည်းမရှင်းပြပဲ မချေမငံဆက်ဆံပါသည်။

ဘုရားကြီးနှင့်ကျိုက်ထိုကြားတွင် ကျိုက်ထို-သထုံလမ်းပိုင်းအတွက် လမ်းကြေး
ကောက်ခံမှု့မှာ ဘယ်လိုမှသဘာဝမကျပါ။

ယခုလို ကျိုက်ထုံ-သထုံလမ်းပိုင်းအတွက် လမ်းအသုံးပြုခကောက်ခံသည့်
တိုးလ်ဂိတ်ကို ဘုရားကြီးနှင့်ကျိုက်ထိုမြို့အကြား ကျိုက်ထိုမြို့
အ၀င်တွင် တည်ဆောက်ထားသဖြင့် ကျိုက်ထိုမြို့နှင့်သထုံမြို့ကြားတွင်
ကျိုက်ထို-သထုံလမ်းပိုင်းအတွက် လမ်းအသုံးပြုခကောက်ခံသည့်
တိုးလ်ဂိတ်မရှိပါ။ သထုံမြို့ နှင့် ကျိုက်ထိုမြို့ အကြားသာသွားလာသော
ကားများအနေနှင့် မည်သည့်လမ်းအသုံးပြုခမှ ပေးဆောင်စရာ မလိုတော့သလို
ဖြစ်နေပါသည်။ သထုံမြို့ နှင့်ကျိုက်ထိုမြို့ အကြားသာ သွားသောကားကလည်း
အလွန့်ကိုနည်းပုံရပါသည်။ အမှန်ဆို လျှင် ကျိုက်ထိုမြို့ နှင့်သထုံမြို့
အကြားတွင်သာ ကျိုက်ထုံ-သထုံလမ်းပိုင်းအတွက်
တိုလ်းဂိတ်ဖွင့်ပြီးကောက်ခံသင့်ပါသည်။ သထုံ-မုတ္တမ လမ်းပိုင်းအတွက်ကိုတော့
သထုံမြို့အထွက်တွင် ကောက်ခံသဖြင့် သဘာဝကျပါသည်။

လမ်းအသုံးပြုသူ ခရီးသွာအများစုက ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီ၏
လမ်းခင်းစနစ်ကောင်းမွန်မှု့ကို ချီးကျူးသဘောကျ ကြပါသည်။ ရွှေသံလွင်
ဟိုင်းဝေးကုမ္ပဏီ မှကောက်ခံသမျှလမ်းဖြတ်သန်းခကိုလည်း
ကြည်ကြည်ဖြူဖြူပေးလိုကြပါသည်။ ယခုစာသည် လည်း ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ၏
အားနည်းချက် တစ်ချို့ကို စေတနာဖြင့်အကြံပေးခြင်းသာဖြစ်ပါသည်။ အထက်ပါ
အချက်များ ကို ပြင်ဆင်လိုက်လျှင် ရန်ကုန်-မော်လမြိုင် မော်တော်ကား
လမ်းခရီးသည် ယခုထက်ပိုပြီး အရမ်းကိုစိတ်ချမ်းသာစရာကောင်းသော 

ခရီးတစ်ခုဖြစ် လာပေလိမ့်မည်။

အုန်းမောင်
တိုးလ်ဂိတ်တွေမှာအချိန်တွေကုန်(ကျိုက်ထီးရိုးဘုရားဖူးကားများသတိပြုရန် (ပေးစာ) တိုးလ်ဂိတ်တွေမှာအချိန်တွေကုန်(ကျိုက်ထီးရိုးဘုရားဖူးကားများသတိပြုရန် (ပေးစာ) Reviewed by သစ်ထူးလွင် on 18:36 Rating: 5

19 comments:

မောင်ဆင်ကြီး said...

လေးကြိမ်လောက်ထိုနေရာမှဖြတ်သန်းသွားလာခဲ့သဖြင့်
ကျသင့်ငွေအတိုင်းအတိအကျပေးကြည့်ရာ ပိုက်ဆံကို လက်ခံပါသည်။ သို့သော်
လူထူးလူဆန်းကိုတွေ့သလိုအကြည့်မျိုး၊ လူ့ဂွစာ တစ်ယောက်ကို တွေ့ရသလိုမျိုး
အကြည့်မျိုးဖြင့် ကြည့်ပြီး မှယူပါသည်
တခြားလူတစ်ယောက်ယောက်က
၅၀ကျပ်တန်ပေးခဲ့လျှင်လည်း ထို၅၀ကျပ်တန်ကို ချက်ချင်း
အိပ်ထောင်ထဲထည့်ဖွက်လိုက်ပြီး လက်ထဲတွင် ၁၀၀ကျပ်တန်ကိုသာ အသေးဆုံး
ထားကိုင်ထားပါသည်။ မယုံလျှင် ဘတ်စ်ကားစီးတိုင်း သတိပြုကြည့်ပါ။

Ramanya said...

မော်လမြိုင် ရေး လမ်းပိုင်းကိုမူ AK Company အေးကိုမိသားစုမှ လမ်းကြေးကောက်ခံပါသည်။
နူန်းသေမဟုတ်ဘဲ တစ်ချိန်နဲ့တစ်ချိန်မတူပါ။ရွှေသံလွင်နှင့်ယှဉ်ပါက လမ်းများလွန်စွာညံ့ဖျင်းပါသည်။အပေါက်။ချိုင့်ခွက်ထုနဲ့ထေးပါ။ Troll gate အဆောက်အဦးပင်ကောင်းစွာမပြီးတတ်သေးပါ။မော်လမြိုင်မုဒုံကို ၁၈မိုင်ခရီး SuperRoof ကို ၇၀၀ကျပ်ကောက်ခံပါသည်။ မုဒုံ မှ မော်လမြိုင် အ၀င်ကို တခါတရံ ၂၀၀ကျပ်ယူပါသည်။ပေးရတာပြသနာမရှိပါ။သို့သော် GTC ကျောင်းသားလေးများနှင့်ပြသနာရှိလာနိုင်ပါသည်။
သို့ဖြစ်သောကြောင့် လမ်းများကောင်းမွန်အောင်အရင်ပြင်ပြီးမှ စံနစ်မှန်သောနူန်းထားဖြစ် ကောင့်ခံသင့်ပါကြောင်း အေးကိုနှင့်မိသားစုအားအကြံပြုအပ်ပါသည်။

Acmv Org said...

အချက်အလက်အားလုံးနီပါးမှန်ကန်ပါသည်။ စနစ်တကျအလုပ်မလုပ်တတ်ကြကြောင်းဖော်ပြနေပါသည်။ သူများ လမ်းဖောက်တိုင်းမြန်မာနိုင်ငံမှာလမ်းတွေဖြစ်သွားရုံနှင်မပြီးပါဘူး။ Efficient ဖြစ်အောင် operate လုပ်တတ်ဘို့လည်းလိုပါတယ်။

ဒီလိုလုပ်တော့ဘာဖြစ်လဲဆိုတော့ ကိုယ်အသုံးမကျတာ။ ကိုယ်အဖွဲ့ အစည်းအသုံးမကျတာ လူတိုင်းသိတော့ရှက်စရာကောင်းတာပေါ့။

ပိုက်ဆံလည်းပေးရသေးတယ် ၀န်ထမ်းများတွေရဲ့ မချေမငံဆက်ဆံတာလည်းခံရသေးတယ်။ တခြားသောလမ်းလုပ်ငန်းတွေနှင့်ယှဉ်ရင် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီရဲ့ service quality level နိမ့်တယ်လို့ဆိုနိင်ပါတယ်။ ဆက်ပြီး တိုးတက်ချင်ရင် ပြုပြင်သင့်ပါတယ်။

yelpaing said...

ဟုတ်တယ်ဗျာ ။ဒါဆိုနိုင်ငံခြားက ကမ္ဘာလှည့်ခရီးသည်တွေလာရင်တော့မြန်မာပြန်မှာ သူတောင်းစားဆိုတာ တရားဝင်တောင်းခွင့်ရှိတဲ့လူတွေ ဂိတ်နဲ့ ဘာနဲ့ စနစ်တကျတောင်းခွင့်ရှိပါလားဆိုတာဂုဏ်ယူစရာပေါ့နော။ ။အဲဒီသတင်းသိရတဲ့အတွက် ကျေဇူးပါဗျာ ။ တစ်နေ့ လောက်တော့ လည်လည် သွားရအုံးမှာပေါ့။ ။

Sunmoon said...

U Kyaw Win

Please read carefully. And take action.

sean said...

ပတ်ဝန်းကျင် အာစီယံ နိုင်ငံ တွေ ကိုမီအောင် သူတို့လို တကိုယ်ရည် အကျင့်ကောင်းလာအောင် အများကြီးလိုနေပါသေးသည်။

Unknown said...

အောင်ဆန်းကွင်းနားက အဝေးပြေးဂိတ် လက်မှတ် အရောင်းဆိုင် တစ်ခု ဖြစ်တဲ့ ရွှေပြည်စိုး ကားလက်မှတ် ရုံးက ငါးဆယ်တောင် မဟုတ်ပါဘူး ကားခက ၂၄၀၀ ကျလို့ ၂၅၀၀ ပေးလိုက်ရင် ဘာမှကို ပြန်မအမ်းတာပါ.. မအမ်းသည့်အပြင် ဘာအကျိုးအကြောင်းမှလဲ ခရီးသည်ကို မအမ်းရခြင်းအကြောင်း ဖြေရှင်းပြခြင်း မဟုတ်ပါ ... ယခု ဖော်ပြသော ကားဂိတ်သည် ကိုယ်တိုင်ကြုံခဲ့ပါသောကြောင့် မှန်ကန်ကြောင်း အာမခံပါသည် ... လားရှိုးကားလက်မှတ်ကို ဖြတ်ခဲ့ဖူးသော ခရီးသည် ဖြစ်ပါသည်.. အကယ်၍ မယုံကြည်ပါကလည်း စာဖတ်သူများကိုယ်တိုင် သွားရောက်လေ့လာနိုင်ကြောင်းတင်ပြအပ်ပါသည် ..

aba said...

တောင်ကြီးသို.သွားရာ ကလောတိုးဂိတ်တွင် super custom ၇seater ကားအား ၅၀၀ ပေးရတယ်။၅၀၀မပေးပါကဂိတ်လုံးဝမဖွင်.ပေးပါ။တောင်ကြီးမြို.အထွက်ကျောက်တလုံးသွားလမ်းတွင်မြီု.၀န်ကြေး ၅၀၀ပေးရပါတယ်။ငွေ၂၀၀ပေးသောကြောင်.အခြတင်ဖြစ်ကာ ၅၀၀ပေးမှဂီတ်တံခါးဖွင်.ပေးပါတယ်။ရှမ်းပြည်ရဲ.ခြေအနေပါapril 19/20

Anonymous said...

တိုးဂိတ်များဘူ၇ားဖူးခရီးသည်များကိုစိတ်ညစ်အောင်မလုပ်ကြပါနဲ။

ခင်မျိုးချစ် said...

မြန်မာပြည်မှာ ပြောရမယ်ဆိုရင်တော့ ပြောစရာတွေချည်းပါပဲ။ အမေစုပြောသလိုပဲ အရာရာ အစိုးရကိုချည်းလည်း အားကိုးမနေပဲ ကိုယ်တွေကလည်း ကိုယ်စီကိုယ်စီ တတ်နိုင်သလောက် အပြုသဘောနဲ့ ၀ိုင်းကြ ၀န်းကြ ဆွေးနွေးကြ အကြံကောင်းတွေပေးကြနဲ့ မြန်မာနိုင်ငံတော်ကြီး ကိုယ်တွေလက်ထက်မှာ ကမ္ဘာအလည်မှာ ၀င့်ဝင့်ထည်ထည် ပြန်လည်ရပ်တည်နိုင်ဖို့ ၀ိုင်းကြိုးစားကြရ အောင်ပါ။ သိတဲ့သူတွေက မပြောပဲနေတာ လည်း တာဝန်မကြေရာရောက်တယ်လို့ခံယူမိပါတယ်။

ဒီ Toll gate ကိစ္စကတော့ စိတ်ကသိကအောက်ဖြစ်ရတာ တွေ အများကြီးပါ။ ဥပမာ နေပြည်တော်ကနေ ရမည်းသင်းသွားမယ်ဆိုရင် Toll gate fees ကို ရမည်းသင်းအထိဖြတ်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီလမ်းကြေးက ရမည်းသင်းမြို့ဝအထိပဲရောက်ပါတယ်။ ရမည်းသင်း မြို့ထဲကို ၀င်ဖို့ ရမည်းသင်း-မိတ္ထီလာကြေး ထပ်ဆောင်ရ ထပ်ပေးရပါတယ်။ ဘယ်လောက်ကသိကအောက်ဖြစ်စရာပါလဲ။ လောဘဆိုတာ အဆုံးမရှိတာမို့ တော်ရုံပဲကောင်းပါတယ်။ ဖြစ်သင့်တာက ဒီ Toll gate က ရမည်းသင်းမြို့အထွက်မှာပဲ ရှိသင့်တယ် မဟုတ်ပါလား။ ရမည်းသင်းကထွက်မှ မိတ္ထီလာအထိ လမ်းကြေးကို ဆက်တောင်းသင့်ပါတယ်။ မြန်မာပြည်ရဲ့ ပြောစရာပေါင်း သောင်းခြောက်ထောင်ထဲက ဥပမာလေး တစ်ခုသာပါ။ လူတိုင်း ကိုယ်သွားဘူးတဲ့ခရီးလမ်းကြောအလိုက် အဆင်မပြေမှုပေါင်း မျိုးစုံရှိမယ်ဆိုတာကတော့ မြေကြီး လက်ခတ်လွဲမှာ မဟုတ်ပါဘူး။

Anonymous said...

တိုးဂိတ်တွေမှာ အချိန်ကုန်တာတော့ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်.. အခုသင်္ကြန်မှာ မုံရွာဖက်ကို ခရီးသွားတော့ မန္တလေးနဲ့ မုံရွာကြားဂိတ်တွေမှာ အကြာကြီးစောင့်ရတယ်ဗျာ.. ကားတန်းကြီးက အရှည်ကြီး.. အလုပ်လုပ်နေကြသူတွေက အစိုးရ၀န်ထမ်းတွေ အလုပ်လုပ်နေသလိုမျိုး။ အေးတိအေးစက် ပျင်းတိပျင်းရွဲနဲ့ဗျာ.. ဘယ်လောက်လုပ်လုပ် ဒီလစာပဲရတယ် ဘယ်သူ့မှသောက်ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးတွေ.. ကားတန်းရှည်ချင်သလောက်ရှည် သူတို့နဲ့မဆိုင်ဘူး.. ဘေးကလူနဲ့ အလာပသာလာပ စကားပြောမပျက်ပဲ.. တစ်စီးကို ၄မိနစ်နီးပါး ကြာတယ်ဗျာ.. နှေးနှေးကွေးကွေးလုပ်နေတာများဗျာ.. တော်တော်ကို စိတ်ပျက်ဖို့ကောင်းတယ်.. စိတ်မရှည်သူတွေက သွားပြောကြတော့ တိုင်ချင်တဲ့နေရာတိုင်လို့ပြောတယ်.. အဲဒါနဲ့ သူတို့ရဲ့လုပ်ရပ်ကို ဗွီဒီယိုရိုက်ပြီး မှတ်တမ်းတင်သူကတင် တိုင်မယ်၊ တောမယ်ဆိုလုပ်သူတွေလည်း တွေ့ခဲ့ရတယ်။ ဘယ်လိုစနစ်တွေနဲ့ အလုပ်လုပ်နေလဲမသိပါဘူး.. တခြားမြိုတွေလည်း ဒီလိုပဲနေမှာပါပဲ.. အပြန်မှာ နေပြည်တော်ဂိတ်မှာလည်း အကြာကြီးစောင့်ခဲ့ရတယ်.. နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကို အလာများလာတာနဲ့အမျှ ဒီလိုအချိုးတွေက ကိုယ့်နိုင်ငံကို သိက္ခာများစွာ ကျဆင်းစေတာ၊ အထင်အမြင်သေး စေတာ ဖြစ်တယ်။ တာဝန်ရှိသူတွေ ဒီလိုဖြစ်နေတာကြီး ပြစ်မထားသင့်ဘူး၊ စနစ်တကျ အဖြေရှာသင့်တယ်။ တာဝန်စိတ်မရှိတဲ့ ၀န်ထမ်းဆို အလုပ်ဖြုတ်သင့်တယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းချင်ရင် ဒီလိုကိစ္စတွေကို ပြတ်သားစွာ အရေးယူဆောင်ရွက်သင့်တယ်။

ကိုယ်တော်ချော said...

သူများရေးလို့ ကျုပ်လည်းဝင်ရေးမယ်ဗျာ နေပြည်တော်-ရန်ကုန် ကားခ လက်မှတ်ပေါ်မှာ ရေးထားတာ ၅၉၀၀ ပါ ကျုပ်က ၆၀၀၀ ပေးပြီးတော့ ပိုက်ဆံပြည့်မပြည့် သူရေတာ ရပ်စောင့်နေတာကို ရပြီလေတဲ့ ၁၀၀ကယူဦးမလို့လားတဲ့ ဘယ်ကားဂိတ်လည်းမပြောပြဘူး (မန္တလာမင်း) ဟဲဟဲ သူတို့ဂိတ်တင်မဟုတ်ဘူးနော် ဂိတ်အားလုံးပဲ ကြည်ကြည်ဖြူဖြူပေးလိုက်ရင်တော့ ဘာမှမဖြစ်ပါဘူး မကြည်ဖြူတာယူထားရင်တော့ အဲ့ဒါ သံသရာကြွေးပါပြီလို့မှတ် နောင်ဘ၀ သူများဆီ ကျွဲ တွေနွားတွေ လာဖြစ်ကြမှာ ကျုပ်ဆီလာဖြစ်လို့ကတော့ နွားထီးဆိုရင်သေအောင်ခိုင်းပစ်မယ် နွားမဆိုလို့ကတော့ သစ်ပင်ကြားခေါင်းညှပ် ပြီး နွားထီ (၁၀) ကောင်နဲ့ ဇီး ကို အပင် (၁၀၀)လောက်တင်ပစ်လိုက်မယ် ပြန်မအမ်းပဲနေကြ

ဖက်ဆောင်းသစ် said...

သက်ဆိုင်ရာများသေချာစီစစ်ပေးသင့်ပါသည်။ မြန်မာပြည်တစ်ခုလုံးထိုကဲ့သို့ ပြဿနာများ နေရာတိုင်းတွင်ကြုံတွေ့နေရပါသည်။ ခရီးတစ်ခါထွက်တိုင်း ၄င်းပြဿနာများကြုံတွေ့ရတော့ စိတ်မချမ်းသာပါ။

ဖက်ဆောင်းသစ် said...

သက်ဆိုင်ရာမှ သေချာစီစစ်ပေးသင့်ပါသည်။ ၄င်းပြဿနာများသည် ခရီးတစ်ခါထွက်တိုင်းတစ်ခါ ကြုံတွေ့နေရပါသဖြင့် စိတ်မချမ်းသာပါ။

ahphyulay said...

အင်း...
စာလုံးပေါင်းမှားပြန်ပြီ၊ “လုပ်ကိုင်ခွင့် ” နဲ့  “လုပ်စားခွင့် ”...။

Gold said...

ကျွန်တော် သင်္ကြန်မတိုင်မီက ချောင်းသာကမ်းခြေကို၂ တန်အောက်Townaceဖြင့်သွားခဲ့ရာ ဥတိုဘေလီတံတားဂိတ်က အသွားအပြန် ၁၅၀၀ ကျပ်တောင်းရာ၊ နောက်ဆုံးတွင်အသွားအပြန် ၃၀၀ကျပ်ဖြင့် တဖာလုံသာသာဘေလီတံတားကို စကားအခြေအတင်ပြောပြီးဖြတ်သန်းခဲ့ရပါသည်။

Gold said...

မနေ့က ကြီပ်ပင်ဆည်ဂိတ်တွင်စကော့လမ်းဆုံ - ဇလွန်(၃၆မိုင်)အတွက်၂တန်အောက်Townaceအလုံးကို ၃၀၀ကျပ်တောင်းရာ၊ ဂိတ်ဘေးတွင်ထောင်ထားသောလမ်းကြေးဆိုင်းဘုတ်အနီကိုပြသောအခါ.ဒီဆိုင်းဘုတ်ကအဟောင်းကြီးတဲ့.
အဲဒီမှာတာဝန်ကျနေတဲ့အမျိုးသမီးတစ်ယောက်ကအကြွေကြောင့်တောင်းခြင်းဖြစ်တယ်လို့ပြန်ပြောတယ်.
မနေ့ကထုတ်နိုင်ငံပိုင်သတင်းစာအရဆို၇င်တော့စကော့လမ်းဆုံ - ဇလွန်(၃၆မိုင်)အတွက်၂တန်အောက်ကားဆို၇င်၇၂ကျပ်ဘဲပေးရမှာ။
စကော့လမ်းဆုံ - ဇလွန်(၃၆မိုင်)လမ်းအခြေအနေကတော့ပြောရမှာရှက်စရာကြီး.။မယုံရင်ကိုယ်တိုင်သွားကြည့်လိုက်ပါ။အခြေအနေမှန်ကိုသိရတာပေါ့။

thatonthar said...

အဲဒီလိုပါဘဲ

thatonthar said...

ရွှေသံလွင်ဂိတ်ကဒီအတိုင်ပါဘဲ.....ကျိုက်ထိုမှာဆိုရင်ဘယ်လိုလုပ်မလဲ
ကျတာက.......၁၂၀၆ကျပ်တဲ.....တောင်တာက....၁၃၀၀ကျပ်တဲဗျာ
ကဲဘယ်လိုလုပ်မလဲ.........ပိုနေတဲငွေနဲသင်္ကြန်မှာကျွေးတာလား......
အဲဒါဆိုရင်တော့ကုသိုလ်ရတာပေါ့ဗျာ.......မဟုတ်ရင်တော့ရွှေသံလွင်ကလူ
ကြီးကတော့ငရဲတော်တော်ကိုကြီးနေမှာဘဲ.....သထုံမှာလဲဘာထူးလဲဒီအတိုင်ဘဲ.......အောက်ကလူတွေအကျင့်ပျက်မှာကြောင့်လိုပါ......ငွေကိုတော့
အတိအကြလေ...ကိုချလမ်မှာရေစေချင်ပါတယ်

Powered by Blogger.