ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်သူ ထောင်ဒဏ်အပြစ်ပေးခံရမည်

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲလက်မှတ်တွေပေါ်မှာ အမှတ်ခြစ်လို့ မရအောင် ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေအခိုင်အလုံနဲ့ တိုင်တန်းမယ်ဆိုရင် ဥပဒေအရ ပြစ်မှုကျူးလွန်သူ မည်သူမဆို ထောင်ဒဏ်တစ်နှစ်အထိ အပြစ်ပေး အရေးယူခံရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အကြီးအကဲတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

RFA
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကို ဖြစ်ပါသည်။
နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ RFA အသံလွှင့်ဌာနတို့ ဒီကနေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံရာမှာ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
"သက်သေခံ ခိုင်လုံလို့ရှိရင် ရွေးကောက်ပွဲ ဥပဒေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲလက်မှတ်မှ မဟုတ်ဘူး။ ကျန်တဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းတွေကို ဖျက်ဆီးခြင်း၊ ဖတ်မရအောင်ပြုခြင်း၊ တစုံတရာပြုခြင်းဆိုရင် ရွေးကောက်ပွဲ ပြစ်မှုမြောက်ပါတယ်။ ဘယ်သူကဆောင်ရွက်လို့ အဖြစ်မှန်ဟုတ်တယ်ဆိုတဲ့ တရားခံ ပေါ်ပေါက်တယ် ဆိုလို့ရှိရင် ဒါဟာရွေးကောက်ပွဲ ပြစ်မှုအရ အနည်းဆုံး ထောင်တစ်နှစ်ကျနိုင်တဲ့ ပြစ်မှုတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေအရ မည်သူမဆိုလို့ ဆိုတဲ့အတွက် ရွေးကောက်ပွဲ အဖွဲ့ခွဲကသော်လည်းကောင်း၊ မဲရုံအဖွဲ့ကသော်လည်းကောင်း၊ တခြား အများပြည်သူတွေထဲက သော်လည်းကောင်း၊ ပါတီဝင်တွေ တစ်ဦးဦးကသော်လည်းကောင်း မည်သူတွေ ကျူးလွန် ကျူးလွန် ဒါဟာပြစ်မှုမြောက်ပါတယ်"
မဲပြားမှာ ဖယောင်းသုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေ အထောက်အထား အခိုင်အလုံနဲ့ ကော်မရှင်ကို တရားဝင် တိုင်တန်း တင်ပြလာတာမျိုး မရှိသေးဘူးလို့လည်း ဦးဝင်းကိုက ပြောပါတယ်။

RFA
ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်သူ ထောင်ဒဏ်အပြစ်ပေးခံရမည် ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်သူ ထောင်ဒဏ်အပြစ်ပေးခံရမည် Reviewed by သစ်ထူးလွင် on 05:05 Rating: 5

15 comments:

KoTOE said...

ရွှေသမင်ဘယ်ကထွက်မင်းကြီးတာကထွက်။

naing ag tide said...

ဘယ်ရှိမလဲ ယူလာလို့မှမရတာပဲ...

naywinaung said...

မဲပြားမှာ ဖယောင်းသုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေ အထောက်အထား အခိုင်အလုံနဲ့ ကော်မရှင်ကို တရားဝင် တိုင်တန်း တင်ပြလာတာမျိုး မရှိသေးဘူးလို့လည်း ဦးဝင်းကိုက ပြောပါတယ်။

ခင်ဗျားကြီးက အခိုင်အမာပြောနိုင်တာပေါ့ သက်သေအထောက်အထားအခိုင်အလုံနဲ့  တင်ပြခိုင်းနေတာက သက်သေပြတဲ့ လူ တိုင်တဲ့ လူပဲထောင်ကျမှာ ဘာလို့ လည်းဆိုတော့ သက်သေပြဖို့ အတွက် ဖယောင်းသုပ်ထားတဲ့  မဲလက်မှတ်ကို ယူတာနဲ့ ဥပဒေနဲ့ မညီတဲ့ အတွက်ထောင်ကျမှာပေါ့ဗျ....ညွန်ချုပ်ကြီးရဲ့ 

Acmv Org said...

မဲပြားတွေကို မဖျက်စီးခင် သိမ်းထားတဲ့နေရာမှာသွားရောက်စစ်ဆေးနိုင်ပါတယ်။ အပြစ်ရှိတယ် အပြစ်ပေးမယ်ဆိုတဲ့ ကြေငြာမှုမျိုးထက် ထိရောက်တဲ့စစ်ဆေးမှုမျိုး (Detail investigation)ပိုပြီး အကျိုးသက်ရောက်မှုရှိစေပါတယ်။ စုစုပေါင်းမဲပြားအရေအတွက်မှ မဲရုံအများစုမှ မဲပြားဘယ်လောက်ကို random စစ်ပြီးပါပြီ။ သံသယဖြစ်စရာဘာမျှမတွေ့ ပါ။ (သို့မဟုတ်) စစ်ဆေးရန်ဆောင်ရွက်နေပါသည်။ (သို့မဟုတ်) စစ်ဆေးတွေ့ ရှိပါသည်။ တရာခံလက်သည်ကိုမသိရှိသေးပါ။ စသဖြင့် Action Plan ကို သတင်းစာရှင်းလင်းပွဲပြုလုပ်သင့်ပါသည်။

The Nature Myanmar said...

ခင်ဗျာတို့ကိုယ်တိုင် ဆင်းစစ်ရမှာ...
ဥပဒေရှိတာတော့ လူတိုင်းသိတယ်...
ခုချိန်ထိ ဥပဒေက စာအုပ်ထဲမှာဘဲ ရှိသေးတယ်...
ဒေါ်ထက်ထက်မိုးဦးကို ပါးရိုက်ဒဏ်ငွေ ၁၀၀၀ ကျပ် ရိုက်ကတည်းက ကျနော်က ဟားတိုက်ရယ်ချင်နေတာ...
အမှုတစ်ခုကို တစ်နှစ်ကျော်ကြာအောင် စစ်ယူရတယ်ဆိုတော့...
သူတို့နှစ်ယောက်လုံး အမှုရင်ဆိုင်နေတဲ့ ကါလမှာ ကလေးတစ်ယောက်စီတောင် ရကုန်ကြပြီ...
လူရှေ့သူရှေ့ ပါးရိုက်ခံရတဲ့ သတင်းထောက်၊ အကြိမ် ၇၀ ကျော် အမှုရင်ဆိုင်ရတဲ့ သတင်းထောက်...လျော်ကြေးဘဲ ထားပါတော့ ၁၀၀၀ တဲ့...
ခင်ဗျားတို့ ဥပဒေက Spider Web ပဲ...အကောင်သေးသေး (အင်အားမရှိသူ) တွေဘဲ မိတယ်...အကောင်ကြီးကြီး တွေကြတော့ လွတ်နေတယ်...
ခင်ဗျားပြောတတ် သလောက်ကတော့ ကျနော်လည်းပြောတတ်ပါတယ်...
အမေကြီးတို့အိမ်မှာ...အမှင်းညမ်းနေမ အများရီး...

saw 00 said...

ဒီလို စကား ပြောဘို့ အစကတဲ က စဉ်းစားထားပြီး မဟုတ်လား

Pyinnyadepa said...

လူကြားကောင်းယုံလောက်တော့ပြောမနေပါနဲ့ဗျာ.....

Luchaw said...

ကိုက်၅၀၀အတွင်းမဲဆွယ်တာတွေကရောဘယ်လိုပြစ်မှုမြောက်မလဲဖြေပေးပါအအုံး........တစ်ရက်နေ့ကပါတီအလံတပ်ပြီးကားနဲ့မဲရုံအတွင်းဝင်ထွက်နေတာကရော..ပြစ်မှုဖြစ်လား......မဲရုံအတွင်းကမဲရုံစောင့်တာဝန်ကျသူတွေကဆန္ဒမဲလာပေးတဲ့ အသက်ကြီးသူတွေကို လက်နဲ့ ထောက်ပြောတာ ကရော.... အပြစ်ရှိလား.. မဲရုံနားက သစ်ပင်အောက်မှာ မဲဆွယ်နေတာကို မဲရုံမှူးက လာပြောတာကိုလဲ လက်မခံပဲ ဆက်လုပ်နေတာ အပြစ်ရှိလား.... မဲရုံအကူကိုယ်စားလှယ်က တခြားသူတွေကို လက်ဆွဲပြီးကြိုဆိုကာ စကားပြောစည်းရုံးတာကရော အပြစ်ရှိလား .... ဒါတွေကို ပုဗ္ဗသီရိမြို့နယ်မှာ NLD တွေလုပ်သွားတာ......ဖြေပေးပါအုံး....

မျိုးချစ်မြန်မာလူငယ် said...

တစ်ကမ္ဘာလုံးက ၀ိုင်းတားနေလဲ၊မိုက်မြဲ၊ပေမြဲလုပ်နေတဲ့ ငါတို့နိုင်ငံက လူကြီးတွေ အချိန်လဲ စီး သင့်ပါပြီ။ လုပ်ချင်တာလုပ်မယ်ဆိုပြီး တိုင်းပြည်ကို သံဃံဇာတတွေကို ရောင်းစားနေတာ ပြည်သူတရပ်လုံးက ချဉ်နေပါပြီ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုရေ။ မင်းတို့တွေ မြန်မာနိုင်ငံမှာ ဖွားပြီး မြန်မာလူမျိုးတစ်မျိုးသားလုံးကို မလေးစားတာ အလွန် ခံပြင်းတယ်ကွာ။

Myanmar said...

လူငယ်များ ၇ည်၇ွယ်ချက်ထားကြပါ။ တစ်ချိန်မှာ လွှတ်တော်မှာ တက်ပီး အခြေခံဥပဒေကို ပြောင်းနိုင်ဘို့ သားသမီးတွေကို အသိပညာပေးကြပါ။ လက်ဆင့်ကမ်းကြပါ။ မသိလိုက်မသိဘာသာမနေကြပါနဲ့။ သန်းေ၇ွှနဲ့လူမိုက်များကာကွယ်ေ၇း အခြေခံဥပဒေကို တတ်နိုင်သမျှ မြန်မြန်ပြင်နိုင်အောင် မျက်ခြေမပြက်ကြပါစေနဲ့။ မြန်မာတို့၇ဲ့ေ၇မြေလေ သယံဇာတ လူအခွင့်ေ၇း ပညာေ၇း စီးပွားေ၇း ဘက်ပေါင်းစုံ အလုံးစုံပျက်စီးသွားခဲ့ပါပြီ။ ကမ္ဘာမှာ အဆင်း၇ဲဆုံးနိုင်ငံက မတက်နိုင်တော့တာ ကြာပါပြီ။ အုပ်ချုပ်ေ၇းပိုင်းက လူမိုက်တွေအနေနဲ့ ဆွဲမချဘဲဆင်းမယ့်ပုံမမြင်ပါဘူး။ အသိ၇ှိကြပါ။ သတိ၇ှိကြပါ။ ။

a said...

ဥပမဲ့လုပ်ချင်ရာလုပ်နေတာကိုတိုင်မှအရေးယူမှာလားအသံထွက်တဲ့နေရာကမဲတွေကိုယူစစ်ကြည့်လိုက်ပေါ့၊ဖြစ်ချင်တိုင်းဖြစ်နေတာတွေကိုတိုင်မှအရေးယူမဲ့စုတ်ပဲ့ပဲ့ခတ်ညံ့ညံ့အစိုးရလားမင်းတို့က။

phyu hninhtwe said...

တော်တော်လေးရူးနေလား ။ ဖယောင်းသုတ်ထားတာအပြင်ကိုယူလို.မရဘူးလေ ။ ယူရင်ထောင်ကျမှာပေါ. ။ဦးဝင်းကိုဒါလေးတောင်မသိဘူးလား ။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ်လုပ်ပြီးတော. ။ အဲလိုလူမျိုးတွေရှိမနေသင်.တော.ပါဘူး ။

yelpaing said...

ကိုယ်စကားကိုလဲ ကိုယ်ကြည့်ပြောအုံး။ ။ခင်ဗျားတို့ ဘဲလုပ်ပြီးခင်ဗျား တို့ ဘဲဖျောက်ထားတာကိုပြည်သူကိုပြန်မေးနေသေးတယ်။ပြည်သူထဲကလူ အဲဒီလောက်အထိဘယ်သူမှမစဉ်းစားဘူး။ ။သူကြီးအမှု ရွာပြန်ပါတ်နေပြန်ပြီ။

net said...

တကယ်လုပ် အဟုတ်ဖြစ်၊ ပြည်သူဆန်စား ရဲ့ရင့်ပါစေ.. ပြည်တော်ခရီ ပွင့်လန်းပါစေ မြန်မာပြည်သား အများလက်ခံကြပါစေ။

ko ko tin said...

အစိုးရဆိုတာ တိုင်မှမဟုတ်ဘူး အသံကျယ်ကျယ်ကြားလာရင် ဆင်းပြီးစစ်သင့်တယ်
ရှေးခေတ်က မင်းကောင်းမင်းမြတ်တွေဟာ အထောက်တော်တွေပြောတာ မယုံလို့ ကိုယ်တိုင် ရုပ်ဖျက်ပြီး ဆင်းစစ်ကြပါတယ်

Powered by Blogger.