ကြံ့ခိုင်ရေးပါတီ ပြည်သူ့ အားပေးမှု မဆုံးရှုံးသေးလို့ ဆို

ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ပါ လို့ ဦးလှသိန်းဆွေ ကဆို
ဒီရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရှုံးနိမ့် သွားရပေမဲ့လည်း ပြည်သူတွေရဲ့ ထောက်ခံမှုကို လုံးဝ ဆုံးရှုံးသွားပြီလို့တော့ မယူဆဘူးလို့ နေပြည်တော် ဥတ္တရသီရိမဲဆန္ဒနယ်မှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှသိန်းဆွေက ဘီဘီစီကို ပြောပါတယ်။

ရှုံးနိမ့်သွားတဲ့အတွက်လည်း သိပ်ပြီး ထူးထူးခြားခြား မခံစားရဘူးလို့ သူက ဆိုပါတယ်။ တိုင်းပြည် ကောင်းကျိုးကို ဆောင်ရွက်ချင်သူတွေ အနိုင်ရသွားတာလဲ ကောင်းတယ်လို့ သူက ဆိုပါတယ်။သူအနေနဲ့လည်း တိုင်းပြည် ကောင်းကျိုး၊ ဒေသကောင်းကျိုး အတွက် ဆက်လုပ်သွားမယ်လို့ ဦးလှသိန်းဆွေ က ဘီဘီစီကို ပြောပါတယ်။

ပါတီစွဲ၊ လူမျိုးစွဲ၊ဝါဒစွဲ နဲ့ ဂိုဏ်းဂဏ စွဲ မထားပဲ အားလုံး လက်တွဲ ပူးပေါင်းမှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မယ်၊ ဒါကြောင့် ကြံ့ခိုင်ရေးကလဲ ပြည်သူလူထု အကျိုးစီးပွားအတွက် ဘယ်ပါတီနဲ့မဆို လက်တွဲလုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။သူ့အနေနဲ့ နေပြည်တော်မှာ အနိုင်ရတဲ့ အန်အယ်ဒီ ကိုယ်စားလှယ်တွေနဲ့လည်း တိုင်းပြည် ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

ဦးလှသိန်းဆွေ ဟာ နအဖ အစိုးရ လက်ထက်တုန်းက ဘဏ္ဍာရေး ဒုတိယ၀န်ကြီး တာဝန် ယူခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း တဦး ဖြစ်ပါတယ်။

ဘီဘီစီ
ကြံ့ခိုင်ရေးပါတီ ပြည်သူ့ အားပေးမှု မဆုံးရှုံးသေးလို့ ဆို ကြံ့ခိုင်ရေးပါတီ ပြည်သူ့ အားပေးမှု မဆုံးရှုံးသေးလို့ ဆို Reviewed by သစ်ထူးလွင် on 05:19 Rating: 5

21 comments:

U Thar said...

ကိုယ်ပါတီအဖွဲစည်းက အချိန်ပေါင်းများစွာ နိုင်ငံနဲ့ပြည်သူ
အတွက်လုပ်ဆောင်နိုင်ခွင့်တွေ၇ှိပါလျှက်နဲ့ ပြည်သူဆန္ဒခံယူပွဲမှာ
ပြည်သူအလိုမ၇ှိလို့၇ှံးနိမ်ခဲ့တာကိုဘယ်လိုများ ဘယ်အဖွဲ့စည်း
ဘယ်သူတွေနဲ့များပေါင်းပီး နိုင်ငံအတွက်ဘယ်လိုများလုပ်ချင်
ပါသေးတလဲလို့ ကြံ့ဖွတ်ကကိုယ်စားလှယ်လောင်းဦးလှသိန်း
ဆွေ ကိုမေးချင်ပါတယ် ဘာကြောင့်များအစကဒီလိုအတွေး
တွေမ၇ှိတာလဲ ၇ှုံးနိမ့်သွားမှဒီအကြံစီတွေကိုအကောင်ထည်
ပြုချင်တာလားမေးလိုက်ချင်ပါတယ်

naing ag tide said...

ရှုံးနိမ့်သွားလဲမပူပါဘူး ကိုယ့်ဆန္ဒခံယူချက်နဲ့လုပ်နေတာမှမဟုတ်တာပဲ အပေါ်ကခိုင်းလို့လုပ်နေရတာ....ကိုယ့်အတွက် ကိုယ်ရှာထားပြီးပြီ...နောက်လူတက်လဲ..နောက်လူကိုကပ်ရုံပဲလေ...

kan said...

ကမ္ဘာအသိမှတ်ပြု ဆုများရှင် အောက်စပို့ တက္ကသိုလ်ဘွဲ့ရ နိုဗယ်ဆုရှင် အမေဒေါ်စု အိပ်သွားတဲ့ အိမ်ကအသုံးအဆောင်တွေဟာ ခမ်းခမ်းနားနား ဈေးကြီးကြီး ဇိမ်ခံပစ္စည်းမဟုတ်ပေမဲ့ ၅၀၀၀ တန်ပလတ်စတစ်ခုံ လေလံတင်ရင်တောင် ကမ္ဘာကအပြိုင်လုဝယ်ကြမှာပါ။ အထက်က ပုဂ္ဂိုလ်ထိုင်နေတဲ့ခုံကြီးကတော့ ခမ်းနားပေမဲ့ ( )သိပ်တဲ့ခုံလောက် တန်ဘိုးထားကြမှာမဟုတ်ပါဘူး။တန်ဘိုးဆိုတာ အများကအလိုရှိမှ ၊ အများအတွက်အကျိုးပြုမှ ရှိတာပါ။ ( )ထမင်းဝတာ ဘယ်သူမှ အားမကျပါဘူး။

Violin Angle said...

အခုချိန်ထိလေကမလျှော့သေးဘူး

su said...

ခင်ဗျားတို့ ရှုံးတာကို ငြိမ်ငြိမ်မနေဘူး၊ တောင်ပြော မြောက်ပြော ဖွတ်ကျား စကားတွေ ပြောချင်နေသေးတယ်။ အဲလိုမျိုးတွေကြောင့် ခင်ဗျားတို့ သိက္ခာပိုကျတာ။ လူဖြစ်ပြီး ကိုယ်ပိုင်အသိဥာဏ်နဲ့ မစဉ်းစာပဲ အထက်အမိန့်ရ လိုက်လုပ်တယ်ဆိုတာ တကယ်တော့ နွားအဆင့်ပဲ။ ခင်ဗျားတို့ အဲလိုလုပ်နေသရွေ့ ပြည်သူက ဘယ်တော့မှ ထောက်ခံမှာ မဟုတ်ဘူး။ ပြည်သူကို ခင်ဗျားတို့ လျော့တွက်ရင် မှားမယ်။ ခင်ဗျားတို့လောက် မချမ်းသာပေမယ့် နွားအဆင့်တော့ မဟုတ်ဘူးဆိုတာ မှတ်ထား။

A Shwe Taw said...

ရှုံးမှတော့ ဒီလိုပဲပြောတော့မှာပေါ့... မပြိုင်ခင်ထဲက ကြိုသိထား သင့်တယ်...ပြည်သူတွေက NLDမှ NLD ဆိုတာကိုပေါ့......

Acmv Org said...

အန်ကယ်ရယ် မသိလို့မေးပါရစေ။ ပြည်သူ့တွေက ကြံ့ခိုင်ရေးပါတီကို ဘယ်တုန်းက အားပေးဘူးလို့လဲ။ မရထားတဲ့ အားပေးမှုကို ဆုံးရှုံးတယ်လို့ဆိုနိုင်ပါမလား။ ကြံ့ခိုင်ရေးပါတီအောက်ခြေက လိမ်တာကို ခံနေရတာပါ။

မျိုးချစ်မြန်မာလူငယ် said...

တစ်ကမ္ဘာလုံးက ၀ိုင်းတားနေလဲ၊မိုက်မြဲ၊ပေမြဲလုပ်နေတဲ့ ငါတို့နိုင်ငံက လူကြီးတွေ အချိန်လဲ စီး သင့်ပါပြီ။ လုပ်ချင်တာလုပ်မယ်ဆိုပြီး တိုင်းပြည်ကို သံဃံဇာတတွေကို ရောင်းစားနေတာ ပြည်သူတရပ်လုံးက ချဉ်နေပါပြီ ဦးလှသိန်းဆွေရေ။ မင်းတို့တွေ မြန်မာနိုင်ငံမှာ ဖွားပြီး မြန်မာလူမျိုးတစ်မျိုးသားလုံးကို မလေးစားတာ အလွန် ခံပြင်းတယ်ကွာ။

saisai66 said...

အထက်က ကွန်မင့်ကို သဘောတူပါတယ်...
ဟုတ်ပါ့...ရုပ်ကိုက....မပြောလိုက်ချင်ဘူး....ဟွန်း။

saw 00 said...

အကန်းေ၇တွင်းကျ စကား ပြောနေပြန်ပြီ ၊ အရေးကြီးတာက ကိုယ့်ကိုယ် ကို သဘောပေါက် ဘို့ အချိန် တန်နေပါပြီ ။

Free Thinker said...

ပြည်သူတွေထောက်ခံမှုဆုံးရှုံးသွားတာမဟုတ်ဘူး
နဂိုကတည်းကမရှိတာ။တပ်မတော်သားတွေနဲ့ ၀န်ထမ်းတွေကိုသာ အရပ်သားတွေနဲ့ရောပြီး မဲပေးခွင့်ပြု လိုက်ပါ။ရှင်းရှင်းလင်းလင်းသိသွားပါလိမ့်မယ်။

khristimatic said...

ပြည်သူတွေရဲ့ ထောက်ခံမှုကို လုံးဝ ဆုံးရှုံးသွားပြီလို့တော့ မယူဆဘူး "" ဟုတ်လား၊ မင်းတို.ကိုဘယ်င်္တုးးးးးးကမှ ပြည်သူကမထောက်ခံခဲ.ဘူးကွ။ ဘယ်တော.မှလဲထောက်ခံမှာမဟုတ်ဘူး ၊ ခုထိအမြင်မှန်မ၇နိုင်သေးဘူး။

yelpaing said...

အော်ခက်တော့နေပြီကောဒီလူတွေတော့။ပြည်သူကမင်းတို့ ကိုဘယ်တုန်းကမှမထောက်ခံခဲ့ပါဘူးကွာ။ကလိမ်ကကျစ်နည်းမျိုးစုံနဲ့ ရထားတဲ့နေရာလေးတွေမှာကယောင်ကတမ်းနဲ့ အော်မနေပါနဲ့ လေ။နောက်တစ်ခါလည်းအရှက်မရှိတဲ့မျက်နာတွေနဲ့ ရွေးကောက်ပွဲမဝင်ပါနဲ့ ကွာ။ ပြည်သူ့ ဘဏ္ဍာဖြုန်းတီးရာ ရောက်ပါတယ်။ ။comment တွေအားလုံးကြိုက်တယ်ဗျာ။kan ရေးထားတဲ့အထဲမှာထပ်ဖြည့်ရေးချင်ပါတယ်ဗျာ။ ။ထမင်းရှာရတာလွယ်ကူတာပဲ လူတွေမျှော်လင့်နေကြတာပါလို့ ။ ။ ။

aungaung said...

ပါတီစုံ ဒီမီုကရေစီဆိုပေမယ့် နောင်တချိန်မှာတော့ ပါတီကြီးနှစ်ခုကျန်မယ်
ထင်တယ် အရှက်တရာရှိတဲ့ ပါတီနဲ့ အရှက်တရားမရှိတဲ့ ပါတီ
အရှက်တရားမရှိတဲ့ ပါတီဆိုတာ ဦးဋ္ဌေးဦးတို့ လိုမျက်နာပြောင်တိုက်တဲ့ ပါတီ
မျိုးပေါ့ ဗျာ

မြေခွေးရူး said...

အခုအနိုင်ရသွားတဲ့ NLD မှာလဲ လူကောင်းတွေရှိသလို အာဏာကို အလွဲသုံးစားလုပ်မဲ့ လူတွေကော ပါကောင်းပါနိုင်ပါတယ်။ ကြံ့ဖွတ်မှာလည်း အဲဒီလိုဘဲ ကောင်းတဲ့လူရှိသလို မကောင်းတာတွေလဲ အများကြီးပါ။ အဲဒါတွေကို သန့်ရအုံးမယ်

Unknown said...

အရှင်ထွက် ထွက်သွားပြီလို့ထင်ထားတာ၊
ခု သတင်းစာမျက်နှာပေါ်တက်လာတော့၊
အရင်က အကြောင်းတွေ သတိရမိတယ်၊
ဒုဝန်ကြီးအဖြစ် အခွန်ဌာနမှာ ပက်ပက်စက်စက် တိုင်းပြည်ကို ဂျောက်ထဲချခဲ့တယ်နော်၊
စားစလားလို့ မမေးနဲ့၊ အချိန်တိုင်း ကွမ်းစားနေသလိုဘဲနော်၊
တိုင်းပြည်က အကြွေးတွေများသွားတာ၊ သင့်ကြောင့်ဆိုလျှင် မှားမည်မထင်၊
အထင်ကရ သတင်းကတော့ မကွေးမှာ ဆွေမျိုးတစ်သိုက်နဲ့ သောင်းကျန်းခဲ့တာဘဲနော်၊
ခက်ပါတယ်။ တိုင်းပြည်အုပ်ချုပ်ရေးမှာ ဒီလိုလူတွေရှိနေတာ၊ ရင်လေးတယ်။

Myanmar said...

ဗိုလ်မှူးကြီးဟောင်းဆို၇င်တော့ နားလိုက်တော့ အ၇ပ်ဘက်မှာလာမ၇ှုပ်ကြပါနဲ့တော့ဗျာ။ တိုင်းပြည်လဲ မွဲလှပါပြီ။ ။

purewhite said...

ပူးပေါင်းဆောင်ရွက်မယ်လို့ပြောတဲ့ ဘယ်ပါတီကိုမဆိုကြိုဆိုပါတယ်။ အမေစုတောင် အတိတ်ကို မေ့ထားပြီး တိုင်းပြည်ကောင်းကြိုးအတွက်လက်တွဲနိုင်သေးတာပဲ။ ၂၀၁၀ တုန်းက သူတို့ပါတီက မဖြစ်ဖြစ်အောင် အာဏာယူမယ်ဆိုတာသိထားလို့ ရေလိုက်ငါးလိုက် သူတို့ဘက်ပါသွားသော ပြည်သူ့အကျိုးအမှန်တကယ်လိုလားတဲ့သူတွေရှိတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ ဒီလိုပဲ တပ်မတော်ကိုယ်စားလှယ်တွေထဲမှာလဲ ရှိနိုင်ပါတယ်။ ပါတီအားလုံးက ပြည်သူ့အကျိုးကို သူ့ထက်ငါသာအောင် ထမ်းဆောင်ကြတော့မယ့်အချိန် ရောက်လာပြီလို့ထင်ပါတယ်။ ပြည်သူတွေလိုတာ ငွေမဟုတ်ဘူး၊တစ်ဦးတစ်ယောက်ကောင်းစားဖို့အတွက် မဟုတ်ဘူး ဆိုတာသူတို့သိသွားပါပြီ။

aung naing said...

ခင်ဗျားတို့ရှုံးမှာပေါ့ပြည်သူတွေကိုမှမကြည့်တာအကုန်အိတ်ထဲဘဲထည့်နေကြတာကို၊ပြည်သူတွေကဗိုက်မှောက်ဝန်ကြီးတွေကတိုက်ဆောက်နေတာကို၊အာဏာရှိသတွေကလုပ်စားနေတာများတယ်။ခင်ဗျားတို့ပါတီသာဖျက်လိုက်ပါတော့၊နာမည်တအားပျက်နေတာကို။

မြတ်သုခ said...

ပြည်သူက တောင်းတောင်းပန်ပန်နဲ့ ပြောပြီး အေးအေးဆေးဆေးနဲ့ ဆင်းပေးခိုင်းနေတဲ့ တကယ့် နောက်ဆုံးအချိန်နော်...။

ဇင်မွန် said...

၇ှက်တတ်၇င် သေလိုက်ဖို.ကောင်းနေပါပြီ ၊ -- မ၇ှက်တတ်လို.လဲ -- ကြံ.ဖွတ်ဖြစ်နေတာကိုး ၊

Powered by Blogger.