ရန်ကုန်တိုင်းဒေသကြီးအတွင်းအလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့ တရားဝင်ဖွဲ့စည်းခွင့်ရရှိ

အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန မှတ်ပုံတင်အရာရှိချုပ် ဦးမျိုးအောင် က ရှင်းလင်းစဉ်
အလုပ်သမား ညွှန်ကြားမှု ဦးစီဌာနမှ ဧပြီ ၂၅ ၇က် က လှိုင်သာယာ စက်မှုဇုန်တွင်ပြုလုပ်သည့် အခမ်းအနားတွင် အလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းခွင့် ကိုတရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်သာယာ စက်မှုဇုန် ၊သာဓုကန် စက်မှုဇုန် နှင့် ရွှေပေါက်ကံ စက်မှုဇုန် တို့မှ အလုပ်သမားအဖွဲ့အစည်း (၇) ခုကို နိုင်ငံတော်မှ တရားဝင် အဖွဲ့အစည်းများ တိုက်ရိုက် ဖွဲ့စည်းခွင့် အသိအမှတ်ပြု လတ်မှတ်များကို ထုတ်ပေးခဲ့ ကြောင်း သိရ သည်။

 အလုပ်အသမား  အဖွဲ့အစည်းများ ဖွဲ့စည်းရန် အသင်းအဖွဲ့(၉)ခုမှ ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ပြီး အလုပ်သမားအဖွဲ့အစည်း(၇) ခုနှင့် မြန်မာနိုင်ငံ သင်္ဘောသားများ အဖွဲ့ချုပ်တို့ကို တရားဝင် အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် အလုပ်သမား  အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းခွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွဲ့စည်း လိုက်သည့်   အလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့ မှာ

၁. တိုင်ရီ စက်ရုံ
၂. အိုပယ် စက်ရုံ
၃. အိုစန် စက်ရုံ
၎. ပုဝါ စက်ရုံ
၅. သာဓုကန် စက်မှုဇုန် (အထည်စက်ရုံ)
၆. ရွှေဇင်မင်း အထည်ချုပ် စက်ရုံ
၇. ရွှေပေါက်ကံ စက်မှုဇုန်မှ အထည်ချုပ်စက်ရုံ
၈. မြန်မာနိုင်ငံ သင်္ဘောသားများ အဖွဲ့ချုပ် တို့ဖြစ်ကြောင်း သိရသည်။

Yangon Media Group
ရန်ကုန်တိုင်းဒေသကြီးအတွင်းအလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့ တရားဝင်ဖွဲ့စည်းခွင့်ရရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းအလုပ်သမား အဖွဲ့အစည်း ၈ ဖွဲ့ တရားဝင်ဖွဲ့စည်းခွင့်ရရှိ Reviewed by သစ်ထူးလွင် on 15:18 Rating: 5

2 comments:

newman said...

Expire date ကဘယ်တော့လဲ? :-)

Ko Nyo Khant ( Mdy university.) said...

အရေးကြီးသည့်အချက်မှာအလုပ်သမားညွှန်ကြားမှုဦးစီးဌာနသည်အလုပ်သမား များအတွက်ဖြစ်သည်။အလုပ်ရှင်များ၏လက်ကိုင်ဒုတ်မဖြစ်စေရ။
တစ်ရက်အလုပ်လုပ်ချိန်၊အဆိုင်းနှင့်လုပ်ရသော၊ညဆိုင်း၊အဆိုင်းမဟုတ်သောညအလုပ်ချိန်လုပ်ရပါကညအလုပ်လုပ်ချိန်၊ညဆိုင်းလုပ်ရလျှင်ဖြည့်စွက်အစာပေးမှုရှိမရှိနေ့တစ်ရက်(၈)နာရီသတ်မှတ်သော်လည်းညအလုပ်အချိန်နှင်အချိန်ပိုအလုပ်သတ်မှတ်ချိန်များနှင့်တစ်ပတ်အလုပ်လုပ်ချိန်စုစုပေါင်းများကိုသတ်မှတ်ချိန်အတိုင်အလုပ်သမားများအားခိုင်းစေမှုရှိမရှိစသည်များကိုအလုပ်သမားဥပဒေတွင်ရှိပြီးဖြစ်ရာအလုပ်သမားများအားသိရှိရန်လိုအပ်ပါသည်။အပူရှိန်ဖြင့်
အလုပ်လုပ်ရသောအလုပ်သမားများအတွက်ကယ်လိုရီဆုံးရှုံးမှုအတွက်ဖြည့်စွက်စာ၎င်းတို့အတွက်ကျန်းမာရေးစောင့်ရှောက်မှုများကိုအလုပ်သမားဖက်မှရပ်တည်ပေးရန်လိုအပါပါသည်။

Powered by Blogger.