ယာဉ်တိုက်မှုကို ဥပဒေအတိုင်း အမှုဖွင့်အရေးယူ ဆောင်ရွက် ထားခြင်းမရှိ

ဓါတ်ပုံ (Google Images)
၁၃.၄.၂၀၁၂ နံနက်(၁၀)နာရီအချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ ကမ်းနားလမ်းရှိဗဟိုမဏ္ဍပ်၏ ရေကစားမဏ္ဍပ်ရှေ့တွင် ရေပက်ခံထွက်လာသော ရတခ စစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၏ သမီးနှင့်သားပါ တပ်မတော်သုံး အစ်ဆူဇူး အမျိုးအစားမော်တော်ယာဉ် သည်ရုတ်တရက်ထိုးရပ်လိုက်သဖြင့် နောက်မှလိုက်လာသော မောင်မျိုးထက်အာကာနှင့် မောင်ပြည်သိမ်းတို့မောင်းနှင်လာသော ဆိုင်ကယ် ၁၃ယ/၄၀၅၀၅ သည် စစ်ကား၏ ညာဘက်နောက်မီးအား မတော်တဆ ၀င်တိုက်မိရာ နောက်မီးခွက်အနည်းငယ် ကွဲသွားသော်လည်း စစ်ကားမှ မည်သူမှ မသိရှိပါ။

 ဆိုင်ကယ်မောင်းသူနှစ်ဦးမှ မဏ္ဍပ်အလွန် ကားရှင်း သောနေရာတွင် စစ်ကားအလာကို ရပ်စောင့်ပြီး လူမှုရေးအရ ကားအားဝင်တိုက်မိကြောင်း ကားဘာဖြစ်သွားသလဲဟုမေးမှ စစ်ကားမှ နောက်မီးအနည်းငယ် ကွဲသွားကြောင်းသိရှိရာ မီးခွက်လဲလှယ်ပေးရန် အတွက် သွားရောက်ဝယ်ယူရာ ဆိုင်ရှင်မှ သင်္ကြန်လွန်မှရမည်၊ ရန်ကုန်မှာပေးမည် တန်ဘိုးမှာ ၂သောင်းခွဲ၊ ၃သောင်းသာကျမည်ဟုပြောပါသည်။ 

ကားပေါ်မှ အရပ်ဝတ်တစ်ဦးမှ ထိုပစည်းမှာ ၂သိန်းခွဲ၊ ၃သိန်းတန်ကြောင်းပြောဆိုပြီး မောင်မျိုးထက်အာကာနှင့် မောင်ပြည်သိမ်းတို့ကို ဆိုင်ကယ်နှင့်အတူ ရတခသို့ခေါ်ဆောင်သွားပြီး လျှော်ကြေးငွေ ၃သိန်းပေးရန်၊ မပေးပါက အချုပ်ထဲထည့်ထားမည် ဆွဲရိုက်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး အတင်းအကြပ်လက်မှတ်ရေးထိုးခိုင်း
ခဲ့ပါသည်။ ၁၄ရက်နေ့တွင် မောင်မျိုးထက်အာကာဖခင်မှ ၄င်းဖြစ်စဉ်အား ဥပဒေအရ အရေးယူဆောင်ရွက်ရန်သွားရောက်ပြောဆိုသော်လည်း လျှော်ကြေးငွေ ၃သိန်းသာပေးရန် ပြောဆိုခဲ့ပါသည်။
 
၁၆ရက်နေ့နံနက်တွင် ဥပဒေအတိုင်း အမှုဖွင့်အရေးယူ ဆောင်ရွက် ထားခြင်းရှိ၊ မရှိ မော်လမြိုင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့တွင် သွားရောက် မေးမြန်းရာ ဥပဒေအရ ဆောင်ရွက်ထားခြင်းမရှိကြောင်း သိရှိရသဖြင့် ၁၇ရက်နေ့ နံနက်တွင် ငွေ၃သိန်းဖြင့် ဆိုင်ကယ်အား သွားရောက် ရွေးယူခဲ့ရပါသည်။

 
၎င်းဖြစ်စဉ်တွင် ယာဉ်တိုက်မှုဥပဒေအတိုင်း အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း
မရှိခြင်း၊ ဥပဒေကိုသိရှိနားလည်သူ အရာရှိတစ်ဦးမှ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ မိမိပိုင်နက်အတွင်းသို့ ခေါ်ဆောင်ကာ အတင်းအကြပ်ခြိမ်းခြောက် လက်မှတ်ရေးထိုးခိုင်းခြင်း၊ ငွေ၃သိန်းတောင်းခံခြင်းတို့မှာ ပြန်ပေးဆွဲသကဲ့သို့ ဖြစ်ပွါးခဲ့ပါသည်။


ကိုဇော် (မော်လမြိုင်)
Myanmar News Now
ယာဉ်တိုက်မှုကို ဥပဒေအတိုင်း အမှုဖွင့်အရေးယူ ဆောင်ရွက် ထားခြင်းမရှိ ယာဉ်တိုက်မှုကို ဥပဒေအတိုင်း အမှုဖွင့်အရေးယူ ဆောင်ရွက် ထားခြင်းမရှိ Reviewed by သစ်ထူးလွင် on 15:28 Rating: 5

9 comments:

Anonymous said...

အော် စေတနာ နဲ့ မတန်တဲ့ လူတွေလဲ ဒု နဲ့ ဒေးပါလား

Knight said...

သူတောင်းစားတောင်ပေးရသေးတာပဲ....
သနားပါတယ်...
ပေးလိုက်ပါ...

Oo lay Gyi said...

ဒါက.........အဖြစ်မှန်ခဲ့ရင်တော့....ဥပဒေမဲ့လုပ်နေကြတာပေါ့....
တရားမျှတမှုလုံးဝမရှိပါဘူး.........

သုတမောင် said...

စစ်ဘက်ကဆိုတော့ပိုပြီးတော့ဆိုးတာပေါ့.....

newman said...

အားလုံးအရင်ကအတိုင်းပါပဲ

ဇာမဏီ said...

ဒီလို လူတွေက တတိုင်းပြည်လုံးမှာ ကြီးစိုးနေတာလေ ။
ဒီနိုင်ငံကြီး ဖာနိုင်ငံ မဖြစ်ရင် ဘယ်နိုင်ငံဖြစ်မလဲ ။

Anonymous said...

မင်္ဂလာတရားတော်မှာ..
လူမိုက်ဆိုရင်..
အဝေးကြီးက ရှောင်သွားပါ.. သွားမပတ်သက်ပါနဲ့.. မမှီဝဲမဆည်းကပ်ပါနဲ့..
ကင်းအောင်နေပါတဲ့..
အခုဟာက.. မင်္ဂလာတရားတော်နဲ့ အညီမနေလို့ ဖြစ်သွားရတာပါ..

ziwasoe144 said...

အရမ်းတော့မရေးကြပါနဲ့ ဒကာတို့
ဘုန်းဘုန်းတို့လဲ၊ အရေးယူခံရမဲ့
ဥပဒေဘဲရှိတယ်၊ ကာကွယ်စောင့်ရှောက်မဲ့
ဥပဒေမရှိသေးပါဘူး၊ သာဓု သာဓု

kaungkin said...

အဲဒါမျိုးဆိုရင် ပြည်သူကလည်း သတ္တိရှိဖို့လိုအပ်တယ်။ ဥပဒေနှင့်အညီရင်ဆိုင်ဖို့ ကြိုးစားရမယ်။ သူတို့ငွေတောင်းတိုင်း ပေးစရာအကြောင်းမရှိဘူး။ ဖြစ်စဉ်ကိုကြည့်ရင် ဆိုင်ကယ်သမားကပဲ မှားတာမဟုတ်ဘူး။ ပြီးတော့ တမင်ပျက်စီးအောင်လုပ်တာမဟုတ်တဲ့အတွက်
လျော်ကြေးပေးစရာလည်း အကြောင်းမရှိဘူး။ ဆိုင်ကယ်ကိုလည်း သူတို့သိမ်းပိုင်ခွင့်မရှိဘူး။ ဒါကိုပြည်သူတွေက သေသေချာချာနားလည်ဖို့ လိုအပ်တယ်။ ခြိမ်းခြောက်တယ်ဆိုရင် နောက်တစ်မှုတောင် ထပ်စွဲလို့ရတယ်။

Powered by Blogger.