ကသာမြို့နယ်ရှိ စစ်မှုထမ်းဟောင်းနေအိမ်များ ဒေသအာဏာပိုင်မှ ဖယ်ရှားခိုင်းနေ၍ အခက်အခဲများ တွေ့ကြုံနေရ

(ကသာ၊ ၂၂.၄.၂၀၁၂)

မြန်မာနိုင်ငံတွင် ၀န်ကြီးဌာနပေါင်းစုံမှဝန်ထမ်းများစွာရှိကြလေရာ တပ်မတော်သားများသည်လည်း နိုင်ငံတော် (Service)၀န်ထမ်းများပင် ဖြစ်ကြလေသည်။ ယခင်က တပ်မတော်အကြီးအကဲများသည် တပ်မတော်သားများကို မိမိတို့ အာဏာတည်မြဲရေးအတွက် ဦးစားပေး အသုံးချခဲ့လေရာ တပ်မတော်သားများသည် ပြည်သူ၏ မုန်းတီးခြင်းကို ခံခဲ့ရလေသည်။ တပ်မတော်တစ်ခုလုံး ကြားထဲမှ နာမည်ပျက်ခဲ့ရလေသည်။ မည်သို့ပင်ဖြစ်စေ တပ်မတော်သားများသည်လည်း နိုင်ငံ၏
ဝန်ထမ်းများပင်ဖြစ်ကြလေသည်။

ယခုအခါ ကသာမြို့နယ်၌ ၂၀၀၉ ခုနှစ်က တရားဝင်စစ်မှုထမ်းဟောင်းများအတွက်ပေးထားသော မြေနေရာများကို
ပြန်လည်သိမ်းယူနေရာ စစ်မှုထမ်းဟောင်းများ အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရပါသည်။

“ကျွန်တော်တို့ဟာ တပ်မတော်အငြိမ်းစားတွေပါ။ တပ်မတော်မှာ အနှစ်(၄၀)လောက်လုပ်ပြီး ပင်စင်ယူတော့ နေရာကမရှိဘူးပေါ့။ ဟိုကပ်နေ ဒီကပ်နေ နေခဲ့ရာကနေ ၂၀၀၉ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဌ ဗိုလ်ချုပ်မြင့်စိုး ကသာ လာတော့
စစ်မှုထမ်းဟောင်းတွေနေစရာမရှိတာကိုသိပြီး ကသာမြို့နယ်အပိုင် လမ်းခွကျေးရွာမှာ ရှိတဲ့ မြေလွတ်မြေရိုင်းကိုရှင်းခိုင်းပြီး မြေကွက်တွေချပေးဖို့ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ကို ညွှန်ကြားပါတယ်။ အဲဒါနဲ့ အဲဒီခေတ်က ခယက အဖွဲ့နဲ့ညှိနှိုင်းပြီး မြေနေရာ
ဖော်ထုတ်ပြီး စစ်မှုထမ်းဟောင်းတွေကို မြေတစ်ကွက် ၄ သိန်းနှုန်းနဲ့ပေးပါတယ်။ အချို့ ငွေကြေးမတတ်နိုင်တဲ့ စစ်မှုထမ်းဟောင်းတွေ
တိုက်ပွဲကျရဲဘော်တွေကိုလည်း အခမဲ့ပေးပါတယ်။

၂၀၁၀ ခုနှစ်၊ မေလ ၅ ရက်နေ့ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဗိုလ်ချုပ်ကြီးသာအေး (ယခုစစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်)ကသာလာတော့ ဒါတွေကို သိပြီး တန်ဘိုးနည်းအိမ်ယာဆောက်ဖို့ ငွေသိန်း(၅၀)လှူဒါန်းပေးခဲ့ပြီး ဖွံ့ဖြိုးဝေစည်အောင် ဆိုင်ခန်းတွေဘာတွေဆောက်လုပ်ဖို့ လမ်းညွှန်ခဲ့ပါတယ်။

အဲဒီလိုနဲ့ ကသာကို ခရိုင်အုပ်ချုပ်ရေးမှူးအသစ်ပြောင်းလာပါတယ်။ သူနဲ့ စစ်မှုထမ်းဟောင်းဥက္ကဌ မတည့်ကြတော့ စစ်မှုထမ်းဟောင်းဥက္ကဌအသစ်ကို ပြောင်းပြီး အရင် စစ်မှုထမ်းဟောင်းဥက္ကဌ(အဟောင်း)လုပ်ထားတာတွေဟာ လန(၃၉) မကျဘဲနဲ့လုပ်ထားတာ ဖြစ်လို့ တရားမ၀င်ဘူးဆိုပြီး နေအိမ်တွေ၊ ဆိုင်ခန်းတွေကိုဖျက်ခိုင်း နေပါတယ်။ အဲဒီမှာနေထိုင်ကြတဲ့ ဈေးရောင်းနေကြတဲ့ စစ်မှုထမ်းဟောင်းတွေ ဒုက္ခရောက်ကုန်ကြရပါတယ်။ တစ်ခုရှိတာက စစ်မှုထမ်းဟောင်းကိုပေးထားတဲ့ နေရာနဲ့ ကပ်လျက်ရှိတဲ့ တရုတ်လူမျိုးပိုင် ကားပစ္စည်းအရောင်းဆိုင် တိုက်ခန်းအကြီးကြီးကိုတော့ မဖယ်ခိုင်းတာပါပဲ။ အဲဒါကိုမေးကြည့်တော့ သူ့တိုက်ခန်းက နိုင်ငံတော်ကို လှူပြီးသားဖြစ်တဲ့အပြင် လခပေးရောင်းတာလို့ဆိုပါတယ်၊ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စစ်မှုထမ်းဟောင်းတွေနေစရာမရှိတော့မှာစိုးလို့ လက်ရှိစစ်မှုထမ်းဟောင်း အဖွဲ့အသစ်ကိုသွားပြောတော့လည်း သူတို့ကလည်း ဖယ်ပေးလိုက်လို့ပြောပါတယ်။ စာလည်းထုတ်ပေးပါတယ်။ ဖြစ်နေတာက သူတို့ချင်း နေရာတွေလုကြတာနဲ့ ကျွန်တော်တို့ ဘာမှ မသိတဲ့စစ်မှုထမ်းဟောင်းတွေ ခွေးနေရာမရသလိုဖြစ်နေရတာကတော့ မဖြစ်သင့်ပါဘူး”

ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသွားခဲ့ပါသည်။

မြစ်ဧရာ (CJMyanmar)


ကသာမြို့နယ်ရှိ စစ်မှုထမ်းဟောင်းနေအိမ်များ ဒေသအာဏာပိုင်မှ ဖယ်ရှားခိုင်းနေ၍ အခက်အခဲများ တွေ့ကြုံနေရ ကသာမြို့နယ်ရှိ စစ်မှုထမ်းဟောင်းနေအိမ်များ ဒေသအာဏာပိုင်မှ ဖယ်ရှားခိုင်းနေ၍ အခက်အခဲများ တွေ့ကြုံနေရ Reviewed by သစ်ထူးလွင် on 06:49 Rating: 5

8 comments:

သုခ said...

ဘာအခုမှကြောက်ပါပီလဲ၊တို့ပြည်သူတွေခံခဲ့ရတာနှစ်(40)ကျော်ခဲ့ပီ၊မင်းတို့ခံရတော့မှပူညံပူညံထလုပ်ကြ၊မင်းတို့အဘကြီးတွေကသိန်း သောင်းကျော်တန် နန်းတော်ကြီးတွေပေါ်မှာ(10)သိန်းကျော်တန်အရက် နဲ့model girl တွေ ကိုအမြည်ုးလုပ်ပီးဇိမ်ယစ်နေတာ၊မင်းတို့စစ်သားဘ၀တုံးကမင်းတို့တင်မကအိမ်က မိန်မရောသားသမီးတွေေ၇ာ ကျွန်ဝယ်ရာအဆစ်ပါဆိုသလို မိသားတစ်စုလုံး ကျွန်ခံခဲ့ရတာတွေကို ရင်နာကြစ်မ်းပါ

သုခ said...

ဘာခုမှကြောက်ပါပီလဲ၊မင်းတို့စစ်သားဘ၀တုံးက တို့ပြည်သူနဲ့ သာသနာ ကို စော်ကားခဲ့တာအမှ်တ်ရကြစ်မ်းပါ၊မင်းတို့သာ အသိုက်ပြောက်တာ မင်းတို့ အဘကြီးတွေကတော့လောကမှာအလုံးစုံပြည်စုံအောင်ဖ်ြည့်ဆီးထားတဲသိန်းသောင်းကျော်တန် နန်းတော်ကြီးတွေထည်းမှာ(၁၀)သိန်းကျော်တ်န်အရက်ကိုmodel gireတွေကို အမြည်ုးလပ်ပီးဇိမ်ယာဇ်နေတာ၊ခံဘကဟေ့

Maung Pho Thar said...

စစ်သားတွေ ၀ဋ်လည်ခြင်းပေါ့။
နိုင်တုန်းကတော့ နိုင်ထားပြီး ခံစရာရှိတော့ အံကြိတ်ခံပေါ့။
၈၈ တုန်းက နှိပ်စက်ထားတာတွေမမေ့သေးရင် ကိုယ့်အလှည်ရောက်ပြီလို့ သဘောထားပေါ့။
အခုပေဖြစ်သွားပြီ။

မီးအိမ် said...

စဉ်းစဉ်းစားစား လုပ်ပါ ခရိုင်ဉက္ကဌ ရေ၊ စစ်မှုထမ်းဟောင်းဆိုတာ စစ်ပဲတိုက်တတ်တာ၊ ခင်များလုပ်မှ တတ်သည့် ပညာမနေသာဆိုပြီး ဓမြ ထွက်တိုက်နေအုန်းမယ်ဗျ၊ ၁၉၉၈၊၉၉လောက်တုန်းက စစ်မှုထမ်းဟောင်းတွေ အင်မတန်ဆင်းရဲပြီး ဒုက္ခရောက်လွန်းလို့ ဘာလုပ်စားကြတုန်း ဗဟုသုတလေး ရှာပါအုန်း

goldenduck said...

လုပ်ပါအုံး ဦးသာအေး မြန်မြန်လေ နီးရာဓါးကြောက်ရတာမဖြစ်သင့်ဘူးနော်

ဘူဂျီး said...

ကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်ကြပါစေ။

aristhteinwin said...

မှတ်ကြပေါ့ဗျာ- စစ်တပ်ထဲမှာ အာဏာရှင်တွေ အတွက် အသက်ပေးကာကွယ်ခဲ့တဲ့ အကျိုးရလာဘ်တွေပေါ့-တရုပ်ဆိုလို့ ပြောရဦးမယ်-
ဒီနှစ်အစောပိုင်း ဖြစ်ပေါ်တိုးတက်ပြောင်းလဲနေတဲ့ အမိမြေကို လွမ်းလို့  ပြန်ရောက်ခဲ့တယ်- အထက် ကချင်ပြည်နယ် မိုးကောင်းပေါ့- ဧည့်စာရင်းတိုင်ရမတဲ့- နိုင်ငံခြားသား မှတ်ပုံတင်ကိုင်ထားလို့ - ဥပဒေနဲ့ အညီ တိုင်ပါတယ်ဗျာ- သူတို့ သတ်မှတ်တဲ့ နှုန်းအတိုင်း လဲ ပေးပါတယ်။ ဒါပေမဲ့  အရစ်ရှည်နေတယ်- ဘာဖြစ်လို့  နိုင်ငံခြားခံယူရတာလဲ-ဒီဘာကိစ္စနဲ့ လာတာလဲ- ဘယ်နှစ်ရက်နေမှာလဲ-အိမ်မှာတည်းခိုလို့ မရဘူး။ တည်းခိုခန်းမှာတည်းရမတဲ့-မေးတာများ- စုံနေတာဘဲဗျာ- ကျနော်ရှေ့ တင် တရုပ်တယောက် ဧည့်စာရင်းလာတိုင်တယ်။ တရုပ်စာတွေနဲ့ ရေးထားတာ- တာဝန်ရှိသူက တခါထည်း ဘာမှ မမေးဘဲ လက်မှတ်ထိုးပေးလိုက်တယ်။ ခင်ဗျား တရုပ်စာ ဖတ်တတ်လို့ လားဆိုတော့ ဒီလိုဘဲ လုပ်ရတာဘဲတဲ့- မြန်မာပြည်မှာမွေးတဲ့ ကျနော်ကျတော့ ပေရှည်အောင် ရစ်လိုက်တာ။ မီးသတ် အတွက် ရန်ပုံငွေ လှူခဲ့ပါဦးတဲ့ဗျ-

su said...

မှတ်ကွ၊ မင်းတို့ မသနားဘူး။ တိုင်းပြည်နဲ့ ပြန်သူလူထုအပေါ်မှာ သစ္စာဖောက်လို့ ၀ဋ်လည်တာ။ မင်းတို့လို နောက်လိုက်တွေ အားကိုးနဲ့ မင်းတို့ အဘကြီးတွေက ပြည်သူအပေါ် နိုင်ချင်တိုင်း နိုင်ခဲ့တာတွေ မမေ့ပါနဲ့။

Powered by Blogger.