လမ်းမပေါ်မှာ ငွေသုံးရာ ချေးဖို့ စေခိုင်းခံရတဲ့ ကလေးငယ် (ရုပ်/သံ)


ဧပြီလ ၂၃ ၇က်နေ့ နေ့ လည်ပိုင်းခန့် တွင် ရန်ကုန်မြို့ရှိ မြေနီကုန်း ဓမ္မာရုံလမ်းအနီးမှာ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာအများအပြားနဲ့ အသက် ၁၂ အရွယ်ရှိ မဆုပိုပိုဟိန်းဟာ လမ်းပေါ်မှာ လူတွေဆီက ငွေသုံးရာ ကို လိုက်လံ ချေးငှားနေသည့်အတွက် လူတွေက သူမကို မေးမြန်းကြည့်တဲ့
အခါမှာ သူမ အလုပ် လုပ်နေတဲ့ အိမ်ရှင် အဒေါ်က ငွေသုံးရာကို ချေးငှားဖို့  ခိုင်းတာဖြစ်ကြောင်း မဆုပိုပိုဟိန်းက Burma VJ Media ကိုပြောပါတယ်။

ဘားမားဗီဂျေ
 
လမ်းမပေါ်မှာ ငွေသုံးရာ ချေးဖို့ စေခိုင်းခံရတဲ့ ကလေးငယ် (ရုပ်/သံ) လမ်းမပေါ်မှာ ငွေသုံးရာ ချေးဖို့ စေခိုင်းခံရတဲ့ ကလေးငယ် (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 07:24 Rating: 5

51 comments:

Anonymous said...

သားသ္မီးချင်းကိုယ်ချင်းစာနာကြပါ။

ကိုကို said...

ကဲလွတ်တော်အမတ်တွေ.ဘယ်လိုလုပ်ကြမှာလဲ..

pheasant said...

ဖြစ်မှဖြစ်ရလေ ကလေးရယ် ၊ သူ့ခမြာ ရိုက်ခံထားရသေးတယ် လူမဆန်ကြတာ၊ ရင်နာစရာတွေနဲ့ ပြည့်နေတဲ့ တို့နိုင်ငံကြီး

တောင်ဇလပ်ပန်း said...

မြန်မာလူမျိုးတွေမှ ဟုတ်ပါရဲ့လား ... လူမျိုးပျက်နေပြီလား .. ဘာသာတရားတွေလည်း ပျက်နေပြီပေါ .. တရားမရှိရင်း အလင်းမရတော့ဘူးပေါ .. အလင်းမရမှတော့ ငါတို့နှိုင်ငံ ချောက်ထဲ ကျတော့မယ် .. ဒါ မည်သူမပြု မိမိမှု ဖြစ်နေပြီ...

Ar Ga said...

မြန်မာပြည်မှာ ဘာတွေ ဖြစ်နေကြလဲ မသိတော့ပါဘူး ၊ ၇ဲလဲ မတွေ့၇ပါလား ? ၇ဲတွေ မာဆတ်နဲ့ ချဲထီဆိုင်မှာ ပိုက်ဆံလိုက်တောင်းနေတော့ မအားကြဘူးထင်တယ်။

ကိုဟိန်း said...

သက်ဆိုင်ရာမှ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သင့်ပါသည်။

eint said...

လောကကြီးမှာ လူတွေက ကိုယ်ချင်းစာတရားကင်းမဲ့ကုန်ကြပြီ...ညှာတာထောက်ထားမှုဆိတ်သုန်းကုန်ပြီ...
ဒီလို လူသားချင်းစာနာမှုမရှိသူကို ထိထိရောက်ရောက် အရေးယူသင့်ပါတယ်..

မိုက်ကယ် said...

စောစောစီးစီး ၀င်ကြည့်မိတာကကို ငါမှားတာပါ။ စိတ်ညစ်လိုက်တာနော်။ လူမသိ သူမသိ ဒီလိုအဖြစ်မျိုးတွေ ဘယ်လောက်များဖြစ်နေပြီလဲမသိဘူး။ ပိုက်ဆံမရှိကိုယ့်ဟာကိုယ်လိုက်ချေးပေါ့။ ကလေးကိုလိုက်တောင်းစရာလား။ စာနာတရား ခေါင်းပါးလိုက်ကြတာ။

la woon said...

အင်း ကလေးကလဲ ဟိုပြောဒီပြော
ကြည်လည်းယုံကြပါအုံး

su said...

လမ်းဘေးရောက်နေတဲ့ ကလေးတွေကို စာသင်ခန်းထဲ ပြန်ရောက်အောင် ဘယ်လို လုပ်ကြမလဲဆိုတာ အစိုးရနဲ့ လွှတ်တော်မင်းများ သေချာ လုပ်ကြပါအုံး။ လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်။ ဒီလို လူငယ်လေးတွေ လမ်းဘေးရောက်နေသရွေ့တော့ တိုင်းပြည်အတွက် ရင်လေးတယ်။ ခင်ဗျားတို့ တိုင်းပြည်ကို လူကြားကောင်းရုံလောက် ချစ်ပြမနေနဲ့။ တကယ်လက်တွေ့ကျကျ ချစ်ပြဘို့လိုတယ်နော်။

lover7 said...

ဒို့ တိုင်းပြည်မှာ ကလေးသူတွေ ကို အမှန်တကယ် စောင့်ရှောက်ပေးဘို့လိုနေပြီ။ မနက်စောစော စီးစီး မြင်ရတာ စီတ်မချမ်းသာစရာဘဲ။

lover7 said...

ဒို့ တိုင်းပြည်မှာ ကလေးသူတွေ ကို အမှန်တကယ် စောင့်ရှောက်ပေးဘို့လိုနေပြီ။ မနက်စောစော စီးစီး မြင်ရတာ စီတ်မချမ်းသာစရာဘဲ။

aungthapyayhtun said...

သူတိုကိုမဖမ်းနဲ့ အိမ်ကိုမလိုက်နဲ့  သမီးသနားတယ်အန်တီတို့ ကို လို့ ကလေးကငိုရင်းပြောသွားတာ ဒီလိုနှိပ်ဆက်ခံထားရတာတောင် ရင်ထဲကကျင်နာတဲ့စိတ်ကမပျောက်ဘူး ကလေးတစ်ယောက်နဲ့ မလိုက်တဲ့စိတ်ဓါတ်လေးပါ ..ကူညီနိုင်တဲ့လူတွေကူညီလိုက်ကြပါ..

Nay Nwaye said...

ဟ.. ဘာလဲဟ ပဲခူးကနေ ရန်ကုန်ကိုပြောင်းလာကြတာလား..?

Unknown said...

လွတ်တော်ကိုယ်စားလှယ်များ ဒီကိစ္စကို ဘယ်လိုလုပ်မလဲ

Ko Chan said...

ရန်ကုန်မှာ နောက်တစ်ခါ အဲဒီလိုကလေးမျိုးတွေ့ရင် Hot Line Phone 09 49 555 888, 09 49 555 888 ကိုသာဆက်သွယ်လိုက်ပါ..

aristhteinwin said...

ဘာတွေဖြစ်ကုန်ပြီလဲဗျာ- ရွှေတွေ တန်ဘိုးကျကုန်တာ ရှက်စရာဗျာ- ငါ့ဝမ်းပူဆာ မနေသာလဲ- ကလေးကိုတော့ မနှိပ်စက်ပါဘူး။ ကဲ ကဲ လွှတ်တော်ထဲမှာ နေရာ အများစု ယူထားတဲ့ ကြံ့ ဖွတ် အမတ်မင်းများဘာလုပ်ကြမှာလဲ- ကိုယ့်အတွက် ကိုယ်ချည်း လုပ်မနေနဲ့ -

Unknown said...

ကဲလွှတ်တော်အမတ်တွေရေ ၊
ဒီလိုဘဲလက်ပိုက်ပြီးတော့ကြည့်မနေကြ
ပါနဲ့တော့။သားသမီးချင်းစာနာတတ်အောင်လည်းသင်တန်းတွေဖွင့်ခိုင်းကြပါအုံး။ရန်ကုန်မှာသင်တန်းတွေမတ၇ားပို့ချနေကြတာ သားသမီး ချင်းစာနာပြီးလူသားချင်းစာနာထောက်ထားတတ်တဲ့သင်တန်းမျိုးလည်းဖွင့်ခိုင်းကြပါအုံး။ ပိုက်ဆံရှိတဲ့သူတွေကိုဘဲမြေတောင်မြှောက်မနေ ဘဲ ဆင်းရဲချို့တဲ့တဲ့ကလေးတွေကိုလည်းပညာတတ်အောင်လုပ်ပေး ကြပါအုံး။ပိုက်ဆံရှိမျက်နှာပွင့်လုပ်မနေကြပါနဲ့။ပိုက်ဆံမချမ်းသာတဲ့လူ လည်းလူပါဘဲ။

ဘူဂျီး said...

ရက်စက်လိုက်ကြတာ။
ၹၹ

ဘူဂ်ီး said...

ရက်စက်လိုက်ကြတာ။
ၹၹ

JP said...

ကျနော်တို့ တိုင်းပြည်က လူတွေက အကျင့်တွေ ပျက်ကုန်ပါပြီ ဘယ်လိုလူတန်းစား မရွေးအကျင့်တွေမကောင်းတော့ဘူး လူတွေအကျင့်ကောင်း ပြန်ရဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး ထင်တယ် တော်တော်ကြီးကို ကြာဦးမှာပေါ့ ကျနော်အပါဝင် ခေါက်ရိုးကျိုးခဲ့ပြီ ခေါက်ရိုးကျိုးအောင်လည်း စစ်အာဏာရှင်တွေက ပုံစုံသွင်းပေးထားခဲ့ ပဲလေ ဒီလူတွေက ပဲပြန်ပြီးတိုင်းပြည်အုပ်ချူပ်တယ် စစ်ဝတ်စုံ ချွတ်ပြီးတော့ သူတို့ဘယ်လောက်သဘောထားပြည့်ဝ နိုင်မှာ မို့လို့လဲ စဉ်းစားကြည့်ပါ သူတို့ အုပ်ချူပ်နေသမျှတော့ ကျနော်တို့နိုင်ငံက လူတွေဘယ်လိုမှ ခေါင်းထောင်လာနိုင်မှာမဟုတ်ဘူး သူတို့က ကျနော်တို့ ပြည်သူတွေကို ကျွန်လိုသဘောထားတာကိုဗျ အချင်းချင်းကျွန်ပြူခံရတာ သူတပါးကလာပြီးကျွန် ပြုတာထက်ပိုနာတယ်ဗျ

နေကြာရိုး said...

အကြောက်တရား က လူတွေကို လိမ်လည်စေတယ်ဆို တာ ဒီဗွီဒီယိုလေးကြည့်ပြီး ပိုသိလိုက်ရသလိုပဲ။
အများစု မှာ အကြောက်တရားတွေ ရှိနေသေးသရွေ့တော့ အများစုဟာ အမှန်တရားတွေကို ဖုံးကွယ်ထားကြအုံးမယ်ဆိုတဲ့ သဘောသက်ရောက်နေတာပေါ့။
အကြောက်တရားဖြစ်စေတဲ့ ဇစ်မြစ်တွေရဲ့ ဖန်တီးရှင်သာ တရားခံပါ။

babyhan said...

မင်းတို့ရဲတွေဘာလုပ်နေကြတာလဲ...ဒါကိုဘာမှမလုပ်ပေးတော့ဘူးလား....မင်းတိုဒီမိုကရေစီဆိုတာဒါလား...နိင်ငံတော်အရာရှိတွေ....

မောင်မောင် said...

ကျနော်အကြံညဏ်ပေးချင်တာက..ခုလိုဗွီဒီယိုတွေရိုက်ပြီးပြောတာတော့ပြောပါ..အဒီလိုလုပ်တာထက်...ထိုသူငယ်မလေးကို ကူညီလိုက်တာက ပိုပြီးထိရောက်မယ်ထင်ပါတယ်..စာနာစိတ်ဆိုတာ.လိုအပ်တာကိုဖြည့်ပေးလိုက်တာကို ခေါ်တာပါ..မောင်မောင်(ကိုရီးယား)

shingyi said...

မိဘ၊အုပ်ထိန်းသူဖေါ်ထုတ်စုံစမ်းဘယ်လိုဆောင်၇ွက်တယ်ဆိုတာသက်ဆိုင်၇ာအဖွဲ့အစည်းတွေတင်ပြ၊ဒီခေတ်မှာဥပဒေနားမလယ်ဘဲကိုယ်စီတာဝန်နားမလည်၇င်ဝန်ထမ်းအခွင့်အေ၇းမခံစားသင့်ပါ။ ၇ဲ၊လ၀က၊စည်ပင်၊မင်းတို့နယ်မြေအပိုင်စားပေးတာ၇ိတ်ဘို့ဘဲကြည့်မနေနဲ့မလုပ်နိုင်လဲထွက်၊ဥပဒေအ၇ဆောင်၇ွက်တာဟန့်တား၇င်မီဒီယာမှာဖေါ်ထုတ်အချို့အထက်လူကမလုပ်မ၇ှူပ်နေကြတာ။ shingyi

Aung said...

လူ-ကယ်-ပြန် ဌာန ဘယ်ရောက်သွားလဲ၊ ဘာလုပ်နေလဲ

လင်းလင်း said...

ကိုယ်ချင်းစာတရားထားကြပါဗျာ

လွင်ပြင် said...

ဖြူစင် သန့်ရှင်းပြီး ရိုးစင်းတဲ့ ကလေးဘ၀ကို ပတ်ဝန်းကျင်က အရောင်တွေဆိုးနေကြတယ်... မြန်မာပြည်မှာလူသားချင်းစာနာမှုတွေခေါင်းပါးလာကြတာဟာ ၀မ်းနည်းစရာပါပဲ....

yehuttin said...

ကျွန်တော်တို့တိုင်းပြည်မှာခလေးလူငယ်လူရွယ်ဆိုတာအနာ ဂတ်ရဲ့ဥိးဆောင်တဲ့သူများ၊လူမျိုးစု၏မျိုးဆက်များဖြစ်သည် ကိုမြန် မာပြည်မှသူများသိကြပါသလားခင်ဗျာ၊ကျွန်တော်နိုင် ငံခြားရောက်ရှိနေတော့နိုင်ငံခြားမှာခလေးသူငယ်တွေကိုပြုစု ပျိုးထောင်တာတွေ၊ဦးစားပေးတာတွေတွေ့ရတော့ကျွန်တော် တို့တိုင်းပြည်အတွက်ဝမ်းနည်းမိတယ်၊ဂျပန်နိုင်ငံတွင်စားဝတ်
နေရေးအတွက်ရုန်းကန်နေကြဖြင့်ခလေးယူရန်ခက်ခဲသော
ကြောင့်၂၀၀၈-၂၀၀၉ခန့်တွင်ခလေးမွေးနူန်းနဲပါးလာခဲ့ရာအနာ
ဂါတ်အတွက်အစိုးရမှစိုးရိမ်ရဖွယ်ရှိလာခဲ့ရာမွေးနူန်းတိုးပွားရန်
အစိုးရမှခလေးတယောက်လျှင်ထောက်ပံ့ကြေးယန်းငွေပေးခဲ့ပါသည်။ဤကဲ့သို့ခလေးသူငယ်များအားဦးစာပေးနေခဲ့ရာကျွန်
တော်တို့နိုင်ငံမှလူအချို့ခလေးသူငယ်များအားလူမဆန်စွာရိုက်
နှက်မူများကိုတွေ့ရသောအခါအလွန်တရာမှဝမ်းနဲကြေကွဲမိပါသည်။

ဖိုးစလုံး said...

အပြည့်အစုံ သိရရင် ပိုကောင်းမယ်ဗျာ။ ကလေးမလေးက ၁၂ နှစ်ပဲရှိသေးတယ်။ ရုပ်လေးက လည်းသနားကမားလေး။ တော်ကြာ မဖြစ်သင့်တာ ဖြစ်သွားရင်....ကျွန်တော်တို့ လူသားတွေ လူသား ဆန်ဖို့လိုလာပြီဗျာ။

Alfie said...

ဘာတွေလုပ်နေကြလဲ မသိဘူးနော်
သက်ဆိုင်ရာက လူတွေ၊ တိုင်းပြည်မှာ ကလေးတွေကို ကာကွယ်နိုင်တဲ့ ဥပဒေ တွေ မရှိဘူးလား မသိဘူးနော်၊ အော် ဘယ်ရှိပါမလဲ ပိုက်ဆံ ရှိတဲ့သူတွေကျတော့ ဥပဒေကို ထင်ရာ လျှောက်လုပ်နေတယ်လေ
ဒါကြောင့် တိုင်းပြည်ကောင်းဖို့ ဆိုရင် အပေါ်ရယ် ၊ အလယ်ရယ်၊ အောက်ရယ်၊ သုံးနေရာလုံးကို ပြင်ဆင်ရမယ်နော်
ဒါမှလည်း တိုင်းပြည်က အနာဂတ်မှာ တစ်ခြားတိုင်းပြည်တွေက သိမှာ။

pyeitphyo said...

မီးမီးလေး မငိုနဲ့ တိတ်တိတ်တိတ်. ၃၀၀ လောက် ပဲဘာလို့ တောင်းတာလဲ . ၃၀၀၀လောက်တောင်းပါလား ၃၀၀နဲ့ က တစ်ရှူးလောက်ပဲ ဝယ်လို့ ရမှာ မီးမီးလေးရဲ့ 

ကိုရွှေလုံး(ကာတာ) said...

ယုံချင်ယုံ မယုံချင်နေ ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်မှာ
(ယခင်လေဟာပြင်ဈေးမီးပွိုင့်)ဒါမျိုးတွေပေါမှပေါ နောက်ပြီးယောမင်းကြီး
လမ်းတလျှေက် အမှန်အကန်/ မမှန်မကန် တောင်းစားနေသူတွေဒုနဲ့ဒေး
လက်တဖက်က ကျေက်ခဲကိုကိုင်ပြီးလာသမျှလူ/ကားတောင်းနေတဲ့သူတွေတောင်တွေ့ဘူးပါရဲ့ (အရင်းစစ်ရင်တော့ အမြစ်ကိုမြေလှမ်မှရပါလိမ့်မယ်)

မင်းရဲနန္ဒသူ said...

ဟုတ်ရော ဟုတ်ပါ့မလား...။ သူအလုပ်လုပ်တဲ့အိမ်ပါဆိုမှ အဲဒီလို ၃၀၀ လောက်ကို လိုက်တောင်းခိုင်းပါ့မလား..။ စဉ်းစားစရာတော့ဖြစ်နေပြီနော်..။ အဲလိုလိုက်တောင်းတဲ့ ကလေးတွေအများကြီးတွေ့ဖူးပါတယ်..။ အချို့ဆိုရင် သနားဖို့နေနေသာသာ အမြင်ကပ်စရာကောင်းအောင်လုပ်ပြီးတောင်းကြတယ်လေ..။ လံကြုတ်လားတော့ မသိပါဘူး...။

moeaungzin said...

အဲဒီလိုဖြစ်တာ လူတွေဆင်းရဲလို့ ပိုက်ဆံမရှိလို့ ဆင်းရဲချို့တဲ့လို့
စားစရာမရှိလို့ ဒုက္ခရောက်လို့ သနားတယ်ဗျာ ဘာမှမပြောချင်တော့ဘူး...
စိတ်လည်းတော်တော်မကောင်းဖြစ်မိတယ်
ဒါဘဲဗျာ...................

Shurlaomourng said...

မြန်မာပြည်သား
သနားစ၇ားပါလား ကိုယ်ချင်းစားပြီး ညီမလေးလိုသဘောထားပြီးကူညီပေးစေချင်ပါတယ်

theinaye said...

ကလေးလောက်တောင်အသိဥာဏ်ကင်းမဲ့နေကြတယ်...တော်တော်ရိုင်းတဲ့လူတွေပဲ...လူသားချင်းကိုယ်ချင်းမစာနာကြဘူး..........တောက်....

ပြည်ချစ်ကိုကို said...

မင်းက လံကြုတ်မှန်းဘယ်လိုလုပ်သိလည်း။ ကလေးသာသာလောက်ပဲ ရှိတဲ့ မင်းရဲ.ခေါင်းကို နည်းနည်းလေးတော့စဉ်းစားလိုက်ဦး။

Unknown said...

ဟုတ်ပါတယ်ဗျာ၊ လုပ်ကြံဇတ်တော့ မဟုတ်လောက်ပါဘူး။ ကလေးတစ်ယောက်က အသားအနာခံပြီးတော့ ငွေ၃၀၀ ရဖို့လုပ်မလားဗျာ။ ကျွန်တော်ဆိုရင် ကျွန်တော်အသားအနာခံပြီး ၃သိန်းပေးတောင်မလုပ်ဘူး။ သားသမီးချင်း။လူသားချင်းကိုယ်ချင်းစာကြပါဗျာ။ ဒီလိုအဖြစ်မျိုးတွေ တကယ်ကို တစ်ပုံကြီးပါဗျာ။ တစ်နေဆန်နို့ဆီဗူး ၂လုံးဝယ်ဖို့တောင် အနိုင်နိုင်လူတွေလဲအများကြီးပါ။ သူတို့အလုပ်မလုပ်တာမဟုတ်ဘူးနော်။လုပ်ရင်းနဲ့မလောက်ကျတာပါ။ အဲတော့ ကိုယ်တက်နိုင်တဲ့အပိုင်းကနေ တက်နိုင်သလောက်ကူညီပေးလိုက်ကြပါ။ ဘယ်သူကများ လူကြားထဲမှာလိုက်တောင်းချင်မှာလဲဗျာ။ ကလေးတွေရဲ့ ဘ၀ကိုယ်ကိုယ်တိုင်လဲ ဖြတ်သန်းခဲ့ကြတာပဲမဟုတ်လား။ နားလည်ပေးကြပါဗျာ။ လွတ်တော်အမတ်တွေ၊ တာဝန်ရှိတဲ့သူတွေလဲဝိုင်းဝန်း ဒီလိုမတရားမှုတွေ၊ ဆင်းရဲမွဲတေမှုတွေကို တချက်စောင်းငဲ့ကြည့်သင့်ပြီဗျာ။

sawsaw said...

ကလေးညှဉ်းပန်းနှိပ်စက်ခြင်းသည်၊ မကောင်းဘူးလေ။ ကလေးအခွင့်အရေးဥပဒေထားဘို့ လိုအပ်လြာ့ပီ။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ
အကြောင်းရှာလျှင်တော့၊

sai said...

သနားစ၇ာ လေးပါဘာလို ဒီလိုလုပါ၇တာလဲဗျာ.
အေ၇းယူသင့်ပါတယ်..

natee said...

ကလေး လေးလိပ်စာတင်ပေးပါ ပိုက်ဆံ ပို့ပေးမလို့ ပါ phonenumber

thatonthar said...

ပြောတော့ဆင်ရဲသာ....ငက်မွှတ်မှုပပျောက်ရေဆို........ဘယ်လိုဖြစ်
တာလဲသမတကြီရဲ............

Unknown said...

လူသား အချင်းချင်း စာနာထောက်ထားပေးကြပါဗျာ

မင်းရဲနန္ဒသူ said...

ဟေ့ရောင်... ပြည်ချစ်လား ပြည်ဖျက်လား...။ ဧကန္တမင်းနဲ့အမျိုးတော်နေလို့လားကွ မင်းကသာကလေးဦးနှောက်နဲ့...။ ဒါမျိုးတွေက ရန်ကုန်တဝိုက်မှာရိုးနေပြီကွ...။ မင်းက ရန်ကုန်သားမဟုတ်ဘူးထင်တယ်နော်...။

Battlecal said...

တချို့ကလေး တွေကလဲ နဂိုထဲက..ရုပ်ရှင်ရိုက် တက်တာ.၁၉၉၀ လောက်ထဲကပါ.တစ်ဖက်သတ်ကြီး ပြောလို့တော့မရဘူးပေါ့
တွေးဖို့တော့လိုတာပေါ့

Numega said...

ပြည်တွင်းမှာ သံသယ ဆိုတာကြီးက ဘယ်လောက်ထိစိုးမိုးထားနေပြီလဲ ဆိုတာ ရေးနေကြတဲ့ comment တွေ ကြည့်ခြင်းအားဖြင့် သိနိုင်လောက်ပါပြီ။

နေရာတစ်ကာမှာပါဘဲ၊ အစိုးရလည်း အစိုးရမို့လို့၊ ပြည်သူလည်း ပြည်သူမို့လို့၊ နေရာတိုင်း အလွှာတိုင်းမှာ ရှိနေကြတဲ့ ဒီ သံသယကြီးပါ။

ဘယ်သူတွေက ဦးဆောင်ပြီး ဒီ သံသယကြီးကို တည်ထောင်ခဲ့ကြတာလဲ။

လူအခြင်းခြင်း သံသယတွ ကင်းကြပါစေ။

အလင်းတန်းပိုင်ရှင် said...

လုပ်ကြံတာပဲဖြစ်ဖြစ် အမှန်တကယ်ပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ တန်ုဖိုးကိုနားလည်တယ်ဆိုရင် လူသားချင်းစာနာတတ်တဲ့  စိတ်တော့ရှိသင့်တာပေါ့ ကျွန်တော်တို့ နိုင်ငံမှာလမ်းဘေးရောက်နေတဲ့ အနာဂတ်မဲ့ နေတဲ့ ကြယ်လေးတွေအများကြီးပဲ အချို့ က ကားမှတ်တိုင်တွေမှာ တချို့ က အမှိုက်ပုံတွေ ပေါ်မှာ ဒီလို့ ဖြစ်ရပ်တွေရဲ့ အခြေခံ အကြောင်းရင်းဟာ ကျွန်တော်တို့  တစ်ဦးချင်းအုပ်ချုပ်သူတွေရဲ့ အသုံးမရမှု့ ကနေပေါက်ဖွားလာတာတယ်လို့ ထင်တယ် ......

Myanmar said...

ထိထိရောက်ရောက် အရေးယူပေးဖို့ တိုက်တွန်းချင်ပါတယ်....ဒီလိုဖြစ်ရပ်မျိုးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်...မြေနီကုန်းလို လူစည်ကားတဲ့နေရာမှာ တာဝန်ကျ ပြည်သူ့ရဲများ၊ တာဝန်ရှိမြို့နယ် အုပ်ချုပ်ရေးများ သူတော်ကောင်းတရားများ နိုးကြားပြီး ကိုယ့်လူမျိုး လူညွန့်တုန်းမည့်ကိစ္စများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးစေချင်ပါတယ်...

Unknown said...

ထိုင်းနိုင်ငံကိုရောင်းစားတဲ့ဓာတ်ငွေ့တွေကဒေါ်လာဘီလျံနဲ့ချီပြီး ရတယ်ဆို ပြည်သူတွေရဲ့ဘ၀ ကိုလည်းကြည့်ကြပါအုံး .အမွဲဆုံးနိုင်ငံဆိုတာယုံကြပြီလား. သယံဇာတပေါကြွယ် ၀ ပြီးဘာကြောင့်မွဲရဘာသလဲ ခေါင်းဆောင်တွေ ကောင်းရဲ့သားနဲ့ ပြည်သူတွေကအသုံးမကျလို့လား ခေါင်းဆောင်တွေက ခိုးကြလို့လား....

shade said...

တော်တော်ကိုသနားမိတယ်ဗျာ။မြန်မာ့စိတ်ဓာတ်တွေ
အောက်တန်းကျနေတာဟိုးအရင်ကတည်းကပါဗျာ။

Powered by Blogger.