ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၈)

ပခုက္ကူမြို့ အမှတ်(၃)ရက်ကွက်တွင် မဲရုံ (၁၂)ရုံရှိပါသည် ကြိုတင်မဲ (၁၂၈)ဦး ကောက်ခံရရှိပါသည်။
၎င်းရက်ကွက်အတွင်း မဲပေးပိုင်ခွင့်ရှိပြီး ဆန္ဒမဲပေးခွင့်မရသော ဦးရေ အယောက် (၃၀၀)ကျော်ရှိပါသည်။
မဲပေးခွင့် စလစ်များတွင် ၄င်းတို့ကိုယ်တိုင် ရေးသားထားသော အမည်လွဲမှားခြင်း မှတ်ပုံတင်လွဲမှားခြင်းများကြော
င့် မဲပေးခွင့်စလစ်ရှိသော်လည်း မဲပေးခွင့်မရသည့် ဆန္ဒမဲရှင်များ အမှတ် (၃)ရက်ကွက် မဲရုံ (၉)(၁၀)တို့တွင် တွေ့ရှိနေရပါသည်။

 ပခုက္ကူမြို့ အမှတ် (၃)ရက်ကွက် သီရိရတနာလမ်းမှ ဒေါ်အေးမြင့် မိသားစု (၈)ယောက်၊ ဒေါ်လှသန်းမိသားစု (၆)ယောက်၊ ဒေါ်ဖွားနုမိသားစု (၂)ယောက် မဲပေးခွင့်စာရင်းတွင် မပါဝင်သည့်အတွက် 
ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ အချိန်မှီ တင်ပြပြီးမဲပေးခွင့်ရရှိရန် ဆောင်ရွက်၇ာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဧပြီလ (၁)ရက်နေ့တွင် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးမည်ဟု ချွေးသိပ့်နှစ်သိမ့်ထားပြီး ၊
ယနေ့မနက်မဲသွားပေးရာတွင် မဲပေးခွင့်မရ ရပ်ကွက် ဥက္ကဌမှ အဆိုပါလူများအား အတွေ့မခံ ရှောင်နေကြောင်း ဒေါ်နွေနွေလှိုင်မှ သတင်းပေးပို့ပါသည်။


 အောင်ပန်းမြို့ အမှတ်( ၃ ) ရပ်ကွက်  မဲရုံတွင် ရပ်ကွက် အတွင်း အိမ်ထောင်စုဇယားရှိပြီး မဲ ဆန္ဒ စာရင်းတွင် မပါသောအိမ်ထောင်စု ဦးရေ (၂၀) 
ခန့် ရှိကြောင်းသိရပါသည်။ ယင်း ကိစ္စနဲ့ပတ်သက်၍  ရပ်ကွက်နေလူထုများနှင့် မဲရုံတာဝန်ရှိသူများ စကားများလျှက်ရှိနေပါသည်.....ကျ
န်တဲ့ ရပ်ကွက်တစ်ချို့ တွင် လည်း NLD မဲနေရာတွင် အမှန်မခြစ် နိုင်အောင် ဖယောင်းသုတ် ထားကြောင်းသိရပါသည်။
 Myanmar  News Now
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၈) ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၈) Reviewed by သစ်ထူးလွင် on 11:21 Rating: 5

8 comments:

အမေစု said...

အမျိုးအမျိုးအကောက်ကြံနေပါလားနော်...NLDအတွက်အမှန်ခြစ်မယ့်နေရာမှာ ဖယောင်းသုတ်ထားတဲ့ကိစ္စကို အမြန်ဖြေရှင်းပေးကြပါ.ညစ်ပတ်လွန်းအားကြီးပါတယ်.အဆက်မပြတ် သတင်းတင်ပေးနေသော ကိုသစ်ထူးလွင် သတင်းဆိုဒ်ကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ..ကျနော်တို့ပြည်ပရောက်နေတဲ့သူတွေ ကိုသစ်ထူးလွင်သတင်းဆိုဒ်မှာပဲ သတင်းစောင့်ဆိုင်းဖတ်နေကြရပါတယ်....ကျေးဇူးပါ

phyo1980 said...

လူယုတ်မာတွေ

aung naing said...

ပြည်သူတွေရဲ့ဆန္ဒကိုမျက်ကွယ်ပြုမယ်ဆိုရင်ဦးသိန်းစိန်၊ဦးရွှေမန်းတို့အဖွဲ့ရှေ့ရေးဟာမတွေးဝံစရာပါဘဲ၊ပြည်သူတွေ၊၀န်ထမ်းတွေ၊တပ်မတော်သားတွေ၊ကျောင်းသားတွေဟာအမှန်တရားကိုမြတ်နိုးကြသူတွေပါ၊ဆင်းရဲတွင်းကနေဘယ်လိုရုန်းထွက်ရမလဲဆိုတာထွက်ပေါက်ရှာနေကြပါပြီ။

a said...

ကြားရသမျှသတင်းတွေကတော့ဝမ်းနည်းစိတ်ပျက်စရာပါ၊၄၄ နေရာမပြောနဲ့အန်တီစုကိုတောင်လွှတ်တော်ထဲမရောက်အောင်စီစဉ်ထားပုံရပါတယ်၊သူခိုးအစိုးရနဲ့အပေါင်းပါတွေကိုနိုင်ငံတကာကလျှော့ပေါ့ပေးခဲ့တာတွေကိုပြန်မပိတ်ကြရင်တော့ကျွန်တော်တို့ပြည်သူတွေကအခုထက်များစွာခံကြဖို့ပဲရှိတော့တယ်၊အာဏာ၊ငွေနဲ့နိုင်ငံတကာထောက်ခံမှုသာသူခိုးအစိုးရလက်ထဲရောက်သွားရင်ပြည်သူတွေအတွက်မတွေးရဲစရာပါ၊ရွေးကောက်ပွဲမမျှတရင်နိုင်ငံတကာကပြောထားတဲ့အတိုင်းလုပ်ပါ့မလားလို့စိုးရိမ်ပါတယ်။

luckyboy said...

မကွေးမြို့တွင်လည်း မဲစာရင်းထဲတွင် အိမ်ထောင်စုဝင်အားလုံးမဲ
စာရင်းတွင်မပါခြင်းများ ရှိသည်ကိုသိရပါသည် ။ ရန်မျိုးလုံရပ်ကွပ်
နှင့်ရပ်ကွက်အနှံ့အပြားတွင်ဖြစ်ပေါ်နေပါသည်။ မည်သို့မျှတာဝန်
ယူဆောင်ရွက်ပေးခြင်းမရှိပါ.
ဒီသတင်းလေးကိုအမြန်ဆုံး share လုပ်ပေးကြပါ
မကွေးဒေသခံတဦး

luckyboy said...

မကွေးမြို့တွင်လည်းမဲသမာမှုများရှိသည်ဟုသိရပါသည်။ မဲစာရင်းတွင်ပါဝင်မှုမရှိသည်ကိုရပ်ကွပ်တော်တော်များများတွင်
ဖြစ်ပေါ်နေပါသည်

KoTOE said...

ကြံ့ဖွံ့ တို့ ရေ..................
ရွှေ...အကြောင်း..ဖရောင်းသက်သေတဲ့
အခုတော့.....ဖရောင်းမဲလက်မှတ်တွေက...သက်သေပြနေပြီလေ

"သမိုင်းတစ်ခေတ်...သူတို့ ဖွင့်လှစ်
ကလိမ်ကကျစ်....တို့ ကြံ့ဖွံ့ "

KoTOE said...

ကြံ့ဖွံ့ တို့ ရေ..................
ရွှေ...အကြောင်း..ဖရောင်းသက်သေတဲ့
အခုတော့.....ဖရောင်းမဲလက်မှတ်တွေက...သက်သေပြနေပြီလေ

"သမိုင်းတစ်ခေတ်...သူတို့ ဖွင့်လှစ်
ကလိမ်ကကျစ်....တို့ ကြံ့ဖွံ့ "

Powered by Blogger.