ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၉)

ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ )တွင် ဒေသခံများအား နှုတ်ဆက် Photo -- Messenger News Journal
ကော့မှူးမြို့ နယ်ပြည်တော်သာရပ်ကွက်နှင့်သမင်ခြံကျေးရွာမဲရုံတွင်မဲလက်မှတ်
များကိုဖယောင်းသုတ်ထားသဖြင့်မဲပေးသူတစ်ချို့ မှမဲလက်မှတ်များ 
ကိုပြန်လည်လဲပေးရန်တောင်းဆိုသည်ကိုမဲရုံမှူးမှမဲလက်မှတ်
အသစ်ပြန်လည်ထုတ်မပေးဘြဲငင်းဆန်
သည်ဟုသတင်းများရရှိပါသည်။သတင်းထောက်များမှလည်းသတင်းရယူရန်ကြိုးစားနေကြပါသည်။ထိုဖြစ်စဉ်မှာမနက်
၉နာရီခန့် တွင်စတင်ဖြစ်ပွါးနေကြောင်းသိရှ
ိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှလည်းထြို
ဖစ်စဉ်ကိုသတင်းရရှိသွားပြီးကိုယ်စားလှယ်များ
ကိုစေလွှတ်စုံစမ်းနေကြောင်းသိရှိရပါသည်။ဒေါ်အောင်ဆန်းစုကြည်မှ
လည်းရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသွားမည်ဟုသိရှိရပါသည်

 မအူပင်မြို.နယ် အမှတ်(၁၂)ရပ်ကွက် ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် (၁.၄. ၂၀၁၂) တနင်္ဂနွေနေ. နံနက် (၉း၀၀) နာရီ အချိန်ခန်.တွင် မဲဆန္ဒ ဖော်ထုတ်လိုသူ ပြည်သူတစ်ဦး ဖြစ်သည့်မြို.သစ်(၂)လမ်း အမှတ်(၁၂)ရပ်ကွက်တွင်နေထိုင်သူ ဒေါ်ပေါက်စ အသက် (၅၁) နှစ်ဆိုသူသည် မဲပေးရန် မဲရုံသို.အရောက်တွင် မိမိ မဲပေးရာတွင် လက်တုန်နေသောကြောင်. ကူညီပေးပါရန်နှင်. မိမိသိသည်မှာ ခွပ်ဒေါင်းကိုဘဲ သိသည်သာဖြစ်ကြောင်း ပြောဆိုသည်ကို မဲရုံမှုးဖြစ်သူ ဆရာမကြီးဒေါ်ဝင်းမြင့်သန်းက ဒေါ်ပေါက်စ ထံမှ မဲပြားကို ယူဆောင်ပြီး ဒီလိုခြစ်ရသည်ဟု ပြောဆိုကာ ပြည်ခိုင်ဖြိုး ပါတီနေရာကို အမှန်ခြစ်ပြီး မဲဆန္ဒဖုံးထဲသို. ထည့်လိုက်ကြောင်း သိရှိ မှတ်တမ်းတင်လိုက်ပါသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဆင်ရှည်ကျေးရွာ၌ မဲဆန္ဒပေးရာတွင် မဲလက်မှတ် ၁၀၀ ကျော်၌ ဖယောင်းများသုတ်လိမ်းထားသည်ကို တွေ့ရှိရပြီး ပြန်လဲခွင့်တောင်းရာ လဲမပေးကြောင်းသိရသည်။


Myanmar News Now

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။

- မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်သို့ မဲစာရင်းတွင် မပါဝင်သော အခြားဒေသများမှ ရာနှင့်ချီသော ကြံ့ခိုင်ရေး ပါတီဝင်များစုရုံး ရောက်ရှိလာပြီး မဲပေးခွင့်ပြုရန် တောင်းဆိုရာ မဲရုံမှူးက ခွင့်မပြု၍ မဲရုံ ဝန်းကျင်တွင် စုဝေးနေကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့ နယ် အမှတ် ၆ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်တို့တွင် မဲစာရင်း မပါရှိသူများ ရှိနေပြီး ရပ်ကွက်ကော်မရှင်ရုံး များကလည်း ထိုကဲ့သို့ မပါရှိခြင်းကို မည်သို့မျှ လုပ်ဆောင်ပေး၍ မရကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၏ စာရင်း ပေးပို့ချက်များအတွက်သာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၉) ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၉) Reviewed by သစ်ထူးလွင် on 11:35 Rating: 5

7 comments:

Piggy said...

အကိုမဲစာရင်းထုတ်ပြန်ရာမှာအရမ်းကိုနီးကပ်သောကြောင့်မဲစာရင်းမပါသောပြည်သူများနစ်နာမှုဖြစ်ရသည်။

ပြည်ချစ်သား said...

ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲကလုံးဝတရားမျှတမှုမရှိဘူးဗျို့ .....
..........................................................................
..........................................
သမ္မတကြီးလည်းမတရားဘူး။။။

klinton said...

အချိန်နဲ့ တပြေးညီ သတင်းသိရှိနေရသည့်အတွက် ကျေးဇူးတင်ပါတယ်။အခုကြားနေရတဲ့ သတင်းတွေကတော့ မသမာမှုတွေများနေတာကိုပဲ တွေ့ နေရတာဆိုတော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်လိုမှ စိတ်မကောင်းနိုင်ပါ။ယနေ့ တင်ပေးနေသော သတင်းအားလုံးကို ထိုင်စောင့်ဖတ်ရှုနေပေမဲ့ တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ရပါမယ်လို့  သမ္မတ ဦးသိန်းစိန်ကဘယ်လိုပင် ပြောဆိုခဲ့သော်ငြားလည်း တရားမျှတမှု မရှိနိုင်ဆိုသည်ကို ကြိုတင်သိရှိပြီးသားဖြစ်နေခဲ့ပါတယ်။

ပြည်ချစ်သား said...

ဘယ့်နှယ်ဗျာ...ပေးရမယ့်မဲကိုဖယောင်းသုတ်ထားတော့
ဘယ်လိုလုပ်အမှန်ခြစ်ရမှာလည်း...တော်တော်ကလိမ်
ကကျစ်လည်းကျတဲ့ကြံ့ဖွတ်( သမ္မတ )ကြီင်္းပါတီ
သမ္မတလည်းဘာကိုမှအရးယူမှုမရှိဘူး....အလိုတူအလိုပါတွေပါဘဲနော်...

tkm said...

ကြံ့ဖွတ်အားလုံးလမ်းမှာကားမှောက်ပြီးသေချင်းဆိုးနဲ့သေကြပါစေ
ယုတ်မာတဲ့ဟာတွေ....

Anonymous said...

အချိန်နဲ့တစ်ပြေးညီ တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.

KoTOE said...

ကြံ့ဖွံ့ တို့ ရေ..................
ရွှေ...အကြောင်း..ဖရောင်းသက်သေတဲ့
အခုတော့.....ဖရောင်းမဲလက်မှတ်တွေက...သက်သေပြနေပြီလေ

"သမိုင်းတစ်ခေတ်...သူတို့ ဖွင့်လှစ်
ကလိမ်ကကျစ်....တို့ ကြံ့ဖွံ့ "

Powered by Blogger.