မတ္တရာ ဆက်သွယ်ရေး အဂတိလိုက်စားနေ

အထက်ပိုင်းက မည်မျှပင် good government , clean government ဖြစ်ရန်
ကြိုးစားနေသော်လည်း အောက်ခြေကတော့ ယခင်ခေတ်က အဂတိလိုက်စားမှု အတိုင်း
လိုချင်ရချင်စိတ်များမလျှော့နို
င်သော အခြေအနေများ ဖြစ်ပေါ်လျှက်ရှိပါတယ်။
 
မန္တလေးတိုင်း မတ္တရာက ဆက်သွယ်ရေး(တယ်လီဖုန်း)စခန်းဟာ သာမာန်စာရေးကြီး

အဆင့်(တာဝန်ခံ)သာဦးဆောင်ရုံးစိုက်တဲ့ရုံးပါ.။ ဒါပေမယ့် ၄င်းတာဝန်ခံနှင့်
ရုံးဝန်ထမ်း။ဆက်သွယ်ရေးဝန်ထမ်း
များကတော့ တစ်ခါတည်း ချမ်းသာလောက်တဲ့
ငွေကြေးရမှ ဘယ်အရာမဆို ဆောင်ရွက်ပေးတယ်လို့ ပြောလို့ရပါတယ်။

နိုင်ငံတော်က ကြိုးဖုန်းတန်ဖိုး ခြောက်သိန်းခွဲကို
တရားဝင်သတ်မှတ်ပေးထားပေမယ့် သူတို့ရုံးနှင့်မဆိုင်ကြောင်ြးေ
ပာလျှက်
မည်သူမျှ လျှောက်ထား၍ မရနိုင်ကြောင်းတာဝန်ခံ ကိုယ်တိုင်ပြန်ပြောပါတယ်။
ဒါပေမယ့် မြို့ထဲက ဆယ်သိန်းပေးသူ မည်သူမဆို
၎င်းတို့အမည်ပေါက်ရနိုင်နေတာကေ
တာ့ အံ့သြစရာကောင်းလှပါတယ်။

မြို့ထဲမှာလဲ စီးပွားရေးသမားတွေနဲ့ လက်ဝါးခြင်းရိုက်ပြီး
ကြိုးဖုန်းခွဲများကို ကြိုက်သလိုဆင်နိုင်တယ်။ ဆင်က ၁သိန်းခွဲ လစဉ်ကြေး
၅ထောင်နဲ့ ကြိုက်သလောက်ခွဲပေးမယ်ဆိုပြီး ရတဲ့ငွေတွေအားလုံး ရုံးကလူတွေ
ခွဲယူကြတာဟာ တစ်လကို သိန်းဂဏန်းရှိပါတယ်။ အဲ့ဒီငွေတွေဟာ
နိုင်ငံတော်အခွန်ငွေတွေ မဖြစ်ပဲ ၀န်ထမ်းအိပ်ထဲတန်းရောက်သွားတာကိ
ု သိရတော့
နိုင်ငံတော်ကိုယ်စား ရင်နာမိပါတယ်။

နိုင်ငံတော် အစိုးရက ကြိုးဖုန်းလက်ကိုင်ဖုန်းအားလုံး
ကို
လွှဲပြောင်းရောင်းချနိုင်ကြောင်း လိပ်စာပြောင်း ၂သောင်းခွဲ၊
အမည်ပြောင်းလိပ်စာပြောင်း ၅သောင်း နိုင်ငံတော်သို့
ပေးဆောင်ရန်တရားဝင်သတ်မှတ်ပေးထာ
းသော်လည်း ကြိုးဖုန်းတလုံး
ရွှေ့ပြောင်းလိုသဖြင့် တင်ပြရာ ငွေကျပ် (၂)သိန်း ပေးမှ
ပြောင်းပေးနိုင်မည်ဟု တာဝန်ခံနှင့်လိုင်းတာဝန်ခံက တောင်းပါတယ်။
တော်တော်ပြောဆိုတောင်းပန်ပါမှ ၁သိန်းခွဲနဲ့လုပ်ပေးမယ်။ မမေးနိုင်ရင်
လုံးဝမလုပ်ပေးနိုင်ကြောင်း၊ ကြိုက်တဲ့နေရာ တိုင်နိုင်ကြောင်းပြောပါတယ်။
နိုင်ငံတော်ထက် ၄ဆရမှ လုပ်ပေးမယ့် ရုံးမျိုး မတ္တရာမြို့မှာ ရှိနေတာ
သမ္မတကြီး သိမှ သိပါလေစလို့ ပြောရမလိုပါပဲ။

ဖုန်းပျက်လို့ အကြောင်းကြားရင် ဘယ်တော့မှ တစ်ခါတည်း
ဆောင်ရွက်ပေးလေ့မရှိဘဲ အနည်းဆုံး ခြေကြွခ ၃ထောင်ရမှ မျက်နှာကြည်သာတတ်ပြီး
၂ထောင်ပေးတဲ့အိမ်တွေဆို မှတ်လောက်သားလောက်အောင် ပြစ်ထားတတ်ကြောင်း
လိုင်းမန်း ကိုယ်တိုင်ပြောတာ ကြားဖူးပါတယ်။ မတ္တရာဆက်သွယ်ရေးဟာ သူတို့
လုပ်ချင်သလိုလုပ်နေတဲ့ ထင်ရာဆိုင်း ဌာနတစ်ခု ဖြစ်နေသလို အထက်ကလည်း
လုံးဝထိန်းချုပ်ခြင်း မရှိတာတွေ့ရပါတယ်။

 
အံသြစရာကောင်းတာကတော့ ဆက်သွယ်ရေးဝန်ထမ်းတွေဟာ မြို့ကိုရောက်တာ
နှစ်ဆယ်ချီရှိနေကြပေမယ့် ပြောင်းရတာ မကြားရတာပါပဲ။
အဲလိုဝါရင့်ဝန်ထမ်းတွေက ဌာနကို
မိမိစီးပွားရေးလုပ်ငန်းအသွင်ဆော
င်ရွက်လာတာကတော့ ပြောင်းရွှေ့မချထားတဲ့
အကြီးအကဲတွေကိုပဲ အပြစ်တင်ရတော့မလိုဖြစ်နေပါပြီ။

မြို့သူမြို့သားတွေ အနေနဲ့တော့ တယ်လီဖုန်းပျက်ပြင်ဆင်လျှင် မည်မျှပေးရန်၊
တယ်လီဖုန်းရွှေ့ပြောင်းလျှင်မည်
မျှ၊ ဟူ၍ အတိအကျသတ်မှတ်ပေးရန်နှင့်
နှစ်ကြာဝန်ထမ်းဆိုးများပြောင်းေ
ရွှ့ပေးရန်လိုလားလျှက်ရှိပါတယ်။

မတ္တာမှ တာဝန်သိပြည်သူတဦး

မတ္တရာ ဆက်သွယ်ရေး အဂတိလိုက်စားနေ မတ္တရာ ဆက်သွယ်ရေး အဂတိလိုက်စားနေ Reviewed by သစ်ထူးလွင် on 09:51 Rating: 5

14 comments:

မန္တလေးသား said...

မန္တလေးမှာလည်းအတူတူပါပဲ....ကြိုးဖုန်းကအမြဲတမ်းပျက်တယ်...တစ်ခါပြင် ၃၀၀၀နဲ့တစ်လကိုလေးကြိမ်လောက်ပြင်နေရတယ်....ဒါကိုလည်းသက်ဆိုင်ရာလူကြီးမင်းများအရေးယူပေးစေလိုပါသည်.....

Speedcomputer said...

ရပ်ကွက်ပြောင်းမဟုတ်ဘဲ၊ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်ပြောင်းရင်
တောင် (50000)ကျပ်တဲ့၊ ဘာမှာပင်ပန်တဲ့အလုပ်မဟုတ်ပါ။ ဆက်သွယ်ရေးဝန်ထမ်းတစ်ယောက်ကပြောပါသေးတယ်။ ဒါဟာ သူတို့ရဲ့လုပ်ပိုင်ခွင့်တဲ့။ ပြည်သူတွေပေးတဲ့လစာကိုစား နေတဲ့ဝန်ထမ်းတစ်ယောက်ဟာ အဲဒီလိုပြောသင့်ပါသလား။
ဆက်သွယ်ရေးမှမဟုတ်ပါ ၀န်ထမ်းတော်တော်များများဟာ လူပေါ်ကြည့်ပြီးဆက်ဆံတာများပါတယ်။ ကျေးလက်ကလူတွေဆိုခြောက်ခါတစ်မျိုး မြောက်ခါတစ်မျိုးပါ။ ပြည်သူတွေ့ဘ၀ ဘာနဲ့တူသလဲဆိုတော့ ကိုယ်မွေးတဲ့မြောက်က ကိုပြန်ခြောက်သလိုပါ။

Anonymous said...

ဆက်သွယ်ရေးကကောင်တွေက ဖုန်းတစ်လုံးသွားပြင်ရင်
နောက်ထပ်ဖုန်း၅လုံးလောက်ကိုလိုင်းကြိုးပူးပြစ်ခဲ့ပါတယ်.
ဒါမှဖုန်းရှင်တွေကခေါ်ပြင်မှာကိုး.ဖုန်း DB တွေကိုကြည့်ပါ.
ကြိုးတွေရူပ်ပွပီးငှက်သိုက်လိုဖြစ်နေတာနေရာတိုင်းပါပဲ။
ဒါတွေကိုစံနစ်တကျပြုပြင်လို့ရရဲ့သားနဲ့မပြင်ပါဘူး.တမင်တကာ
လုပ်ထားတာဖြစ်ပီး.ပိုက်ဆံရအောင်ဖန်တီးထားတာပါ.
ဒါတွေကိုအရေးမယူသရွေ့ ဗမာပြည်ကြီးဟာ ဖာနိုင်ငံပဲဖြစ်
နေဦးမှာပဲ.

Anonymous said...

မတရာဆက်သွယ်ရေးမဟုတ်ဘူးကွ
မတရားဆက်သွယ်ရေးပါကွာ ငွေတောင်းတာက အကျင့်ပါနေလို့ပါ
နောင်ဘ၀ကျရင်ပြင်မှာပါ

မောင်ဆင်ကြီး said...

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးတွင် လဲ ထိုနည်း တူ မတူ မူကွဲ များတိုင်းပါ ပဲ .... ဖုန်းကြိုးဆက်များ (joint)ကို ဖြစ်သလို ဖြစ်ကတတ်ဆန်း ဆက်ထားပါသည်...ထိုကြိုးဆက်များ သည် မိုးရွာရင် ပြတ်သည် နေပူလွန်းရင်ပြတ်သည်... လေတိုက်ရင်လဲ ပြတ်သေးသည်...ဖုန်းပျက်လို့ အကြောင်းကြားလိုက်ရင်လဲ ...တော်ကြာလာမည် ..ခဏနေလာမယ် ဆိုဆို ပြီး အလုပ်များ ချင်ယောင်ဆောင် ဟိုယောင်တောင် ဒီယောင်တောင် လုပ်နေတတ်ကြသည် မှာ လိုင်းမင်းများနဲ့ ဆက်သွယ်ရေး ၀န်ထမ်းအားလုံးလိုလိုပင်ဖြစ်ပါသည်......ဖုန်းလိုင်းကြိုးဆက်များ ဘယ်လောက်ထိခိုင်ခံ့သလဲ ဆိုရင် ဖုန်းတစ်လုံးပျက်ရ်ုပြင် လျှင် တခြားလိုင်းကောင်းနေသော (ပြောဆိုရ်ုရသော)ဖုန်းတစ်လုံးမှ ငါးလုံးထိ ပျက်လေ့ပျက်ထရှိပါသည်...ထိုပျက်သွားသောဖုန်းများ အား အကြောင်းသွားရောက်မကြားမခြင်း လုံးဝ(လုံးဝ) စေတနာအလျောက်ပြင်ဆင်သွားပေးခြင်း မရှိပါ.....(သူပြင်ရင်း တခြားဖုန်းတွေ ပါ ပျက်လို့ပြောတာနော်) ဥပမာလေ တော်တော်လေးတိုက်သွားတဲ့ နောက်ရက်ဆိုရင် လိုင်း မင်းများ အလုပ်မအားကြတော့ပါ ထိုအခါ ဖုန်းပျက်ရု်ပြင်ဆင် ချင်သူများမှာ မျက်နှာချိုသွေးကာ အနော့် ဖုန်းလေးတော့ အရင်ပြင်ပေးပါဦး ဆရာကြီးလို့ ပြော ပြီး (ပုံမှန်ဖုန်းပြင်ခ တစ်ဆက်ဆိုရင်(ကျပ်နှစ်ထောင်မှငါးထောင်ထိ တောင်းတတ်ကြပါသည်)အဆက်များ ရင်များသလိုဈေးတက်သွားပါသေးသည်)အရေးပေါ်ခြေကြွခလေး အပိုဆောင်းပေးမှ လာရောက်ပြင်ဆင်ပေးပါသည်.....ဒါပြင် ....ဒါပြင် များကြီးရှိပါသေးသည်.........ဒါတွေလောက်ကို ပင် သမ္မတကြီး သိလျှင် အရေးယူပေးလျှင် ပဲ ကျေနပ် လှပါသည်.....

Unknown said...

အထက်ပါတင်ပြချက်တွေမှန်ကန်ပါတယ် ဆက်သွယ်ေ၇းဝန်ထမ်းများကိုဒေသတခုတွင်နှစ်ကန့် သတ်ချက် (တာဝန်ထမ်းချိန်)ကာလသတ်မှတ်ပြီးအပြောင်းအရွေ့ လုပ်သင့် ၏။ကာလတာရှည်ထမ်းဆောင်သည့် နေ၇ာတခုတွင်ဆသ၇၀န်ထမ်းများအဂတိလိုက်စားမှုနေ၇ာတိုင်းတွင်တွေ့ ၇သည်မှာဧကနမုချဖြစ်၏

MaChit said...

Phone Number 106 ကိုဆက်သွယ်တိုင်ကြားနိုင်ပါသည်။

မောင်ဆင်ကြီး said...

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးတွင် လဲ ထိုနည်း တူ မတူ မူကွဲ များတိုင်းပါ ပဲ .... ဖုန်းကြိုးဆက်များ (joint)ကို ဖြစ်သလို ဖြစ်ကတတ်ဆန်း ဆက်ထားပါသည်...ထိုကြိုးဆက်များ သည် မိုးရွာရင် ပြတ်သည် နေပူလွန်းရင်ပြတ်သည်... လေတိုက်ရင်လဲ ပြတ်သေးသည်...ဖုန်းပျက်လို့ အကြောင်းကြားလိုက်ရင်လဲ ...တော်ကြာလာမည် ..ခဏနေလာမယ် ဆိုဆို ပြီး အလုပ်များ ချင်ယောင်ဆောင် ဟိုယောင်တောင် ဒီယောင်တောင် လုပ်နေတတ်ကြသည် မှာ လိုင်းမင်းများနဲ့ ဆက်သွယ်ရေး ၀န်ထမ်းအားလုံးလိုလိုပင်ဖြစ်ပါသည်......ဖုန်းလိုင်းကြိုးဆက်များ ဘယ်လောက်ထိခိုင်ခံ့သလဲ ဆိုရင် ဖုန်းတစ်လုံးပျက်ရ်ုပြင် လျှင် တခြားလိုင်းကောင်းနေသော (ပြောဆိုရ်ုရသော)ဖုန်းတစ်လုံးမှ ငါးလုံးထိ ပျက်လေ့ပျက်ထရှိပါသည်...ထိုပျက်သွားသောဖုန်းများ အား အကြောင်းသွားရောက်မကြားမခြင်း လုံးဝ(လုံးဝ) စေတနာအလျောက်ပြင်ဆင်သွားပေးခြင်း မရှိပါ.....(သူပြင်ရင်း တခြားဖုန်းတွေ ပါ ပျက်လို့ပြောတာနော်) ဥပမာလေ တော်တော်လေးတိုက်သွားတဲ့ နောက်ရက်ဆိုရင် လိုင်း မင်းများ အလုပ်မအားကြတော့ပါ ထိုအခါ ဖုန်းပျက်ရု်ပြင်ဆင် ချင်သူများမှာ မျက်နှာချိုသွေးကာ အနော့် ဖုန်းလေးတော့ အရင်ပြင်ပေးပါဦး ဆရာကြီးလို့ ပြော ပြီး (ပုံမှန်ဖုန်းပြင်ခ တစ်ဆက်ဆိုရင်(ကျပ်နှစ်ထောင်မှငါးထောင်ထိ တောင်းတတ်ကြပါသည်)အဆက်များ ရင်များသလိုဈေးတက်သွားပါသေးသည်)အရေးပေါ်ခြေကြွခလေး အပိုဆောင်းပေးမှ လာရောက်ပြင်ဆင်ပေးပါသည်.....ဒါပြင် ....ဒါပြင် များကြီးရှိပါသေးသည်.........ဒါတွေလောက်ကို ပင် သမ္မတကြီး သိလျှင် အရေးယူပေးလျှင် ပဲ ကျေနပ် လှပါသည်.....

ကောင်းမြတ်သူ said...

ငါပြောပါတယ်..........ဒီလိုပဲဖြစ်ရမယ်လေ..........ဒါအမှန်ပဲ

Bravo said...

ဆသရ လည်းအခြားဌာနတွေကို အနိုင်မခံပါ။ အကျင့်ပျက်ပုံများကတော့ ရက်ရက်စက်စက်ပါ။ ADSL line တောင်ပျက်တယ်ပြောပြီး ဆိုင်သမားကို တဆင့်လက်လွှဲပေးထားတယ်။ ကမ္ဘာအေး၊ ဟံသာဝတီ နှစ်နေရာကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ပြေးရပေမဲ့ ရလာဒ်က မကောင်း။ အားကိုးရာမရှိတဲ့ ပြည်တွင်းဖြစ် မြန်မာနိုင်ငံသားစစ်စစ်ရဲ့ဘဝအမှန်ပါ။ တလလောက်ကြာမှ ငယ်သူငယ်ချင်းတယောက် ဆသရ မှာ အရာရှိကြီးဖြစ်နေတယ်ဆိုတာနဲ့ အပြေးအလွှားအကူအညီသွားတောင်းရတယ်။ ဟော သူငယ်ချင်းပြောလိုက်တော့လည်း နာရီပိုင်းတောင်မကြာဘူး၊ ကောင်းသွားပါလေရော။ ဒါနဲ့သူငယ်ချင်းကို အကျိုးအကြောင်းပြောပြတော့ ဒါမျိုးတွေ ဆသရ မှာရိုးနေပြီဆိုပဲ။ ဒါသူတို့ဂွင်တွေ၊ လူကြီးတွေလည်းသိသိနဲ့ သူတို့ကိုမထိခိုက်ရင်ပြီးရောဆိုပြီးလွှတ်ပေးထားဆိုပဲ။ သြော်-ဖြစ်မှဖြစ်ရပလေ ရွှေပြည်ကြီး မျှော်တိုင်းဝေးနေပြီလားကွယ်။

Ramanya said...

အထက်အညာဒေသတင်မက ကျွန်တော်တို့ရဲ့အောက်ပြည်အောက်ရွာမှာလည်းထိုနည်းနှင်နှင်ပင်။ထူးမခြားနားမုဒုံသားတွေလဲ ခံစားနေရပါသည်။

တောသားလေး said...

အထက်ကလူကြီတွေကမသိချင်ယာင်ဆောင်နေကြတာ အဲဒီ့တာဝန်ခံကသူနဲ့အဆင်ပြေနေလို့ပါ သူတို့လာရင် တာဝန်ခံက ဧည့်ဝတ်ကျေတော့ တိုင်းက လူကြီးက ဘာပြောမှာလဲ သူလည်းနည်းနည်းပါးပါး ရမှာပေါ့

kokomaung said...

ပြည်သူဆီကစားသူတွေ
နင်ပြီး သေပါစေ

Blogger said...

လိုင်းမင်းတွေကိုဝေဖန်ချင်ရင် သူတို့ဘ၀ကို အရင်လေ့လာကြည့်ပါ။ဘယ်လိုင်းမင်းချမ်းသာတာတွေ့ဘူးသလဲ။လိုင်းမင်းလစာဘယ်လောက်ရလဲမေးကြည့်ဖူးသလား။လိုင်းမင်းကိုပေးရတဲ့ပိုက်စံအတွက် လူကြီးမင်းတို့ ဘီယာလျှော့သောက်စေချင်ပါတယ်။ လူကြီးမင်းတို့ကိုယ်တိုင် နည်းမျိုးစုံးသုံးပြီးအရမက ကြိုးဖုန်းလျှောက်ခဲ့ကြတာလူကြီးမင်းတို့ အသိဆုံးပါ။ အလွန်ဝေးတဲ့နေရာတွေမှာ မရနိုင်ပါဘူးဆိုတာတောင် ကြိုး၂ခွေ ၃ခွေ သုံးပြီး ငွေကုန်ခံပြီးဆွဲခဲ့တာလဲ လူကြီးမင်းတို့ပါပဲ ။ခုတော့ ဖုန်းလိုင်းပြက်တာ လိုင်းမင်းအပြစ်တဲ့လား။ post တင်လို့ရတိုင်း comment ပေးလို့ရတိုင်း ရေးကြတာ အကျိုးပြုလေးတော့ဖြစ်စေချင်ပါတယ်။ နိုင်ငံတော်ကပြည်သူတွေရဲ့အသံနားထောင်နေချိန်မှာ မိမိရောနိုင်ငံတော်အတွက် ဘာလုပ်ပြီးပြီလဲ။

Powered by Blogger.