တရုတ် ကြေးနီ ကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ်ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတစ်ခုက ဆည်တဲကျေးရွာက လယ်ယာမြေတွေ ပေါ်မှာ စီမံကိန်းဘေးထွက် ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။ စွန့်ပစ်ပစ္စည်းတွေ လာရောက် စုပုံတဲ့ တရုတ်ကုမ္ပဏီ ကား ကိုလည်း ဘုန်းကြီးကျောင်းထဲကို ခေါ်ယူလာပြီး ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတယ် လို့ ဆည်တဲရွာသူတစ်ဦးက ပြောပါတယ်။

အဲဒီလို ဆန္ဒပြ ကန့်ကွက်နေကြစဉ် အတွင်း ဆားလင်းကြီးမြို့ နယ် ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပစ်ခတ်လူစုခွဲရလိမ့်မယ်လို့
ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆည်တဲရွာကိုလည်း ရဲက ၀ိုင်းထားဆဲ ဖြစ်ကြောင်း
လည်း ဆည်တဲရွာသူက နောက်ဆုံး အခြေအနေကို ပြောဆိုခဲ့ပါတယ်။

ဆည်တဲရွာဟာ တရုတ်ကုမ္ပဏီ တခုက ဦးဆောင်လုပ်ကိုင်နေတဲ့ စီမံကိန်း နယ်မြေထဲမှာ ပါဝင်ပြီး သက်ဆိုင်ရာက ဖိအားပေး ပြောင်းရွေ့ ခိုင်းထားတဲ့ ရွာတစ်ရွာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံ တွေက သူတို့  ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ ယာမြေတွေကို မစွန့်ခွာတဲ့ အတွက် အခုလို ကားတွေနဲ့  လယ်ယာမြေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက်စုပုံနေတာ ဖြစ်ကြောင်း ရွာသူရွာသားတွေ က ပြောဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတော၊ ဂုဏ်တော နဲ့ ရွာသာရွာ က တောင်သူတွေရဲ့ စိုက်ပျိုးခင်းတွေပေါ်
မှာ မြန်မာယမ်စီ ကုမ္ပဏီ က ကြေးနီလုပ်ငန်း စွန့်ပစ်မြေတွေ လာရောက် စုပုံခဲ့တဲ့အတွက် သီးနှံတွေ ပျက်စီးခဲ့တာကြောင့် ဒေသခံတောင်သူ (၈၀)
လောက်က ကုမ္ပဏီရုံးကို သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်
သမ္မတထံကိုလည်း စာရေးသား တိုင်ကြားခဲ့ကြ ပါတယ်။

တရုတ်အမျိုးသားပိုင် မြန်မာယမ်စီ ကုမ္ပဏီ ဟာ မြန်မာ့စီးပွားရေး ဦးပိုင်
လိမိတက် နဲ့ ကြေးနီ ထုတ်လုပ်ရေး ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
RFA
တရုတ် ကြေးနီ ကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ တရုတ် ကြေးနီ ကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ Reviewed by သစ်ထူးလွင် on 10:01 Rating: 5

12 comments:

Unknown said...

ကျွန်တော့်ရဲ့ မြန်မာပြည်အပြန် ဧပြီလ ၁ရက်နေ့ မိသားစု ဘုးရားဖူးခရီး ထွက်ခဲ့စဉ်မှာ ကျွန်တော်ဖိုဝင်တောင်ကို အသွားလမ်းမှာ ကြေးနီတောင်နားက ဖြတ်သွားရပါတယ်။ တော်တော်ကို ကားမောင်ရလောက်အောင် ကြေးနီတောင်ကြီးက ရှည်လျားကြီးမားသလို့ မြန်မာဆိုတဲ့ ဂုဏ်ယူမှုဟာလဲ မျက်ရည်ဝဲရလောက်အောင် ကျွန်တော့်စိတ်ထဲ တိုးဝင်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ဒေါသတစ်ခု ကို အခုထိ ဖြောက်မရခဲ့ဘူးဗျ..... ကြေးနီတောင်က တောင်ပုံစံ မဟုတ်တော့ပဲ မြေပုံကြီးတွေဖြစ်ပြီး သစ်ပင်မပြောနဲ့ မြက်တောင်မမြင်ရတော့ဘူး ကြေးနီထုတ်လုပ်နေတဲ့ စက်ယန္တားတွေ ရုံးတွေ အကုန်လုံးဟာလဲ တရုတ်စာတမ်းတွေနဲ့ချည်းပဲ မခံချင်လောက်အောင် တရုတ်တွေနဲ့ ဦးနှောက်မပါတဲ့ ခေါင်းဆောင်(တရုတ်ပုစိန်ရိုး)တွေကို ဒေါသထွက်မိတယ်ဗျာ..............

The Nature Myanmar said...

Sina တွေ မင်းတို့ ရပ်တန်းက ရပ်ပါ...လူမျိုးရေးစိန်ခေါ်မှုတွေ ဖြစ်လာလိမ့်မယ်...နှစ်ဦးနှစ်ဖက် အကျိုးကိုရှေးရှုပါ လို့ဘဲ ပြောချင်တယ်...

ကိုကိုညို said...

တရုပ်ကတော့ မြန်မာနိင်ငံ သယံဇာတ တွေကို မရိမ်းကျင့် တဲ့အပြင် ပြည်သူတွေကို ပါ မျက်စောင်းထိုးလာပြီ

အရုပ်လေး said...

ကနေဒါကုမ္မဏီကလုပ်လာတာကြာပြီ.....ဘာလို့တရုတ်ကုမ္မဏီနဲ့ကျမှပြသနာတက်လဲ....အသိသာကြီးပါ.....ကနေဒါကကြေးနီလုပ်ငန်းလုပ်တုန်းက....ဒေသခံတွေအတွက်မနစ်နာဘူး....တနိုင်တပိုင်လဲလုပ်ခွင့်ပေးခဲ့တယ်....တရုတ်လာတော့မှ.....ဒေသခံတွေကိုယ်အိမ်ထဲတောင်ကိုယ်အသက်ရဲရဲမရှုရဲဘူး.....ဒီကိစ္စကိုသေချာလေ့လာပြီး.....ဒေသခံတွေအကျိုးအတွက်ဆောင်ရွက်သင့်ပါတယ်....

လင်းသစ် said...

နိုင်ငံခြားသားတွေ မြန်မာပြည်လာပြီး အလုပ်လုပ်ကြရင် အကျိုးအမြတ်ကို နှစ်ဦးနှစ်ဘက် ညီတူမျှတူရရမယ်ဆိုတာထက်ပိုပြီး ကိုယ့်အိမ်ရှင်မိခင်နိုင်ငံသား(ပြည်သူ)တွေက ပိုပြီးအကျိုးအမြတ်ရရှိဖို့ ဆိုတာကိုတောင်မရောက်နိုင်ဘဲ ကိုယ့်အိမ်ရှင်မိခင်နိုင်ငံသား(ပြည်သူ)တွေက အနစ်နာခံနေ အနှိပ်ဆက်ခံနေ ရတဲ့အခြေအနေမျိုးဖြစ်နေရင်...
လက်ရှိအာဏာကိုင်ဆွဲထားတဲ့ အစိုးရ ရဲ့ မူဝါဒ နဲ့ ခေါင်းဆောင်မှုတွေကို
ပြန်ဆန်းစစ်ရမယ်လို့ ထင်ပါတယ်...
ဦးသိန်စိန် ခင်ဗျား...

pyaponthu said...

မြန်မာအစိုးရဟာ ဘာပြုလို့ပြည်သူတွေကို ကာကွယ်မပေးတာလဲ။တရုတ်လူပါးဝမှန်းသိရက်သားနဲ့ထိထိရောက်ရောက်အေ၇းယူခြင်းမရှိဘူး။လူကြီးမင်းများ တရုတ်ရဲ့ရန်ကင်းဝေးပါစေ.

Unknown said...

ပြည်သူကို ချစ်တဲ့ အစိုးရ ဆိုတာ ဘယ်တော့မှ ပြည်သူတွေ စိတ်ဆင်းရဲ အောင် မလုပ်ဘူးကွ။ မရှိလို့ ၊ မတတ်လို့ တရုတ်ကို အားကိုးနေရ ပေမယ်မဲ့ တရုတ်တွေက မင်းတို့ အဖေမပာုတ်ဘူးကွ။ ဘာပြောတော့ မျိုးချစ်စိတ်ဓာတ် ပာုတ်လား။ မပြောနဲ့ ပါးစပ်ဝွဲ စွဲ သေမယ့်ပာာတွေ

Unknown said...

အပြောင်ရှင်းစနစ် အကုန်သိမ်းကြုံးယူနေကြတဲ့ ဒီေ-ာက်တရုတ်တွေ ဘယ်လိုနှင်ထုတ်ကြမလဲ ၀ိုင်းစဉ်းစားကြရအောင်ဗျာ။ မြန်မာပြည်ဆိုရင် တရုတ်တွေကြောက်ပြီးမလာရဲအောင် မလာချင်အောင်၊ အသံတောင်မကြားရဲအောင် တစ်ခုခုလုပ်မှဖြစ်တော့မယ်။ နိုင်ငံတွင်းဝင်လာတာက တရုတ်အထီးတွေပဲများမှာဆိုတော့ တရုတ်ထီးကို တရုတ်မဖြစ်အောင် ဘ၀ပြောင်းပေးလို့ရရင် ကောင်းမယ်။ အဲီလိုမျိုး မကြာမကြာလုပ်ပေးမှ ဒီကောင်တွေ သတင်းကြားပြီး မြန်မာပြည်မလာချင်ဘူးဖြစ်မှာ။ ဟား ဟား

tkm said...

ပြည်သူတွေဘက်က..ကာကွယ်ပေးကြတယ်နော်
ကောင်းလိုက်တဲ့အစိုးရကွာ..
သူများနိုင်ငံတွေနဲ့ကွာပကွာ...

aung aung said...

တရုတ်တွေလွန်လွန်းပြီ...။လုပ်လို့ရလို့တမင်လုပ်တာ..။
ရဲကလဲအသားထဲကလောက်ထွက်ကောင်တွေ။
မြန်မာအချင်းချင်းကူညီမယ်မရှိဘူး။ပထွေးကိုအဖေခေါ်ချင်တဲ့ကောင်တွေ။
အမိမြေကိုချစ်မြတ်နိုးပါ။အမျိုးသားရေးသစ္စာရှိပါ။

Tun Tun said...

တရုတ်တွေနဲ့ယှဉ်ဖို့ဆိုရင်အကုန်လုံးပေါ့ဗျာစီးပွားရေးလုပ်ငန်တွေရောပေါ့
သူတို့ကလူညီတယ်..မလေးမှာပစ္စည်းဝယ်ရင်တရုတ်လူမျိုးဆိုတစ်ဈေးရောင်း
တယ်တစ်ခြားလူမျိုးဆိုတစ်ဈေးရောင်းတယ်..နှောက်ပြီးအလုပ်ထဲမှာလည်း
တရုတ်လူမျိုးတွေကပါးတယ်..လစ်ရင်လဲခိုးတယ်မလစ်ရင်လူကြီးလူကောင်းပဲအမူအရာနဲ့အုပ်စုနဲ့သူတစ်ပါးကိုချောက်ချတတ်တယ် နောက်ပြီးဝီရိယရှိ
တယ်ဥစ္စာလောဘလဲကြီးတယ် မြန်မာတွေလိုမဖြုန်းဘူး ကျန်းမာရေး
လည်းဂရုစိုက်တယ်တစ်ခုပြီးရင်နောက်တစ်ခုလှမ်းဖို့ကြံစီနေတတ်တယ်..သူတို့နဲ့ယှဉ်ရင် ဥာဏ်ရည်နဲ့ဝီရိယနဲ့ယှဉ်မှရမယ်..ကျွန်တော်တို့မြန်မာ
တွေလည်းမညံ့ပေမယ့် အပျော်အပါးလိုက်စားမှုများပြီး ၀ီရိယနည်းနေကြ
တယ်လို့ထင်ပါတယ်..ကိုယ့်လူမျိုးအကျိုးအတွက် အမှားများကိုထောက်ပြ
ခြင်းဖြစ်ပါတယ်.....

han moe said...

လာပုံတဲ့မြေကြီးတွေကလည်း ဓာတုဗေဒတွေပါလို့ ပိုပြီးဆိုးတာဖြစ်မှာပါ အဲဒီကိုတခေါက် ရောက်ဘူးတယ်

Powered by Blogger.