ဝင်းကုန်းရွာက မီးဘေး သင့်ပြည်သူတွေ အကူအညီလိုအပ်နေဆဲ (ရုပ်/သံ)


10 Apr 2012 - - စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ နယ် ၀င်းကုန်းရွာက မီးဘေး သင့်ပြည်သူတွေအတွက် နီးစပ်ရာမြို့ နယ်အသီးသီးကနေ သွားရောက် လှူဒါန်းနေကြပါတယ်။ အခုနောက်ဆုံး စစ်ကိုင်းတိုင်း မုံရွာမြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကနေ ယင်းမာပင် ၀င်းကုန်းရွာ မီးဘေး ဒုက္ခသည်တွေကို သွားရောက် လှူဒါန်းခဲ့ကြတာပါ။ မီးဘေးသင့် ရွာသူ၊ ရွာသားတွေအတွက် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလဲ
ငွေကျပ် သိန်း တစ်ရာလှူဒါန်းခဲ့သလို မုံရွာအဖွဲ့ချုပ်ကလဲ ဆန်နဲ့ သောက်ရေသန့်တွေ တခြား အသုံးအဆောင် တွေ လှူဒါန်းခဲ့ပြီး ပါပြီ။
ဝင်းကုန်းရွာမှာ အိမ် ၄၀၀ ၀န်းကျင်ရှိပြီး၊ ၁၅၂ အိမ်၊ မီးလောင်သွားခဲ့ပါ တယ်။ ဒုက္ခသည် ဦးရေ ၈၀၀ လောက်ရှိပြီး အကူအညီတွေ လိုအပ်နေဆဲပါ။
အခုအခါမှာတော့ မီးဘေး ဒုက္ခသည်တွေကို ၀င်းကုန်း ဆရာတော် ဦးပါမောက္ခစာရရဲ့ သီရိမင်္ဂလာကျောင်းတိုက်အတွင်း မှာ စောင့်ရှောက် ထားပါတယ်။ ။


 ဒီဗွီဘီ မှ ရိုက်ကူးတင်ဆက်ထားတာပါ။ 


ဝင်းကုန်းရွာက မီးဘေး သင့်ပြည်သူတွေ အကူအညီလိုအပ်နေဆဲ (ရုပ်/သံ) ၀င်းကုန်းရွာက မီးဘေး သင့်ပြည်သူတွေ အကူအညီလိုအပ်နေဆဲ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 06:52 Rating: 5

3 comments:

khin lwin said...

ကိုသစ် ဘယ်လိုဆက်သွယ် ပြီး လှူဒါန်း လို့ ရမလဲ။

တြိရတနာ said...

ဟုတ်ကဲ့ နောက်ထပ်ဘယ်နေရာမဆို ဒီအဖြစ်မျိုးတွေ မဖြစ်ကြဖို့ တာဝန်သိသူတွေစုပေါင်းပြီး မီးဖိုနေရာရဲ့ အန္တရာယ်ကင်းမှုတွေကို စစ်ဆေးပညာပေး ဝိုင်းဝန်းဆောင်ရွက်နှိုင်ကြပါစေ။လကုန်မှ ကျွန်တော်တို့ ရမျှ အလှူငွေပို့နှိုင်မှာပါ။အများစုက မီးဖိုနေရာဟာ အဖီစောင်းလေးမှာလုပ်တတ်ကြတယ်။တောတွေမှာဆို အဲဒီအဖီလေးက လူတရပ်မလွတ်တာလေးတွေတွေ့ဖူးပါတယ်။မီဖိုကလည်း ဖိုခနောက်သုံးလုံးနဲ့ဆိုတော့ မီးဖွားမီးစတွေက အပြင်ကိုထွက်လာတာပဲ။အမိုးကလဲ ထန်းရွက် ၊ အင်ဖက် ၊ သက်ငယ် ဓနိ နဲ့ သင်ဘောင်းရွက်ဖြစ်တော့ အန္တရာယ်ရှိတာပေါ့။ဒါတောင်သစ်တောက ဖမ်းရင်ဒုက္ခ အာဖရိကလို မြေကြံအိမ်လေးတွေ ဆောက်ရမည့်ကိန်းရောက်နေပြီထင်တယ်။

that said...

ပြည်ပ မှာရောက်နေတဲ့ NLD ထောက်ခံသူတွေ( တက်ကြွလှုပ်ရှားသူတွေ )တက်နိုင်ရင် ၀င်းကုန်းရွာအတွက် အလှူခံဖို့ လှုပ်ရှားပေကြပါလို့ တိုက်တွန်းပါတယ်။

Powered by Blogger.