ညစာစားပွဲဖြင့်ဂုဏ်ပြုဧည့်ခံ (ရုပ်/သံ)


၉-၄-၂၀၁၂ နေ့ ညနေ ၆း၀၀နာရီ မှ ၉း၀၀ နာရီအထိ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ခြံဝင်းတွင် NLD အောင်နိုင်ရေးတွင် ပါဝင် လှုံဆော်စည်းရုံးပေးခဲ့ကြသော ဂီတ၊ရုပ်ရှင် အနုပညာ ညီအစ်ကိုမောင်နှမများအား ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင် ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံကျွှေးမွေးခဲ့ပါတယ်......
ဘားမားဗီဂျေ မှ ရိုက်ကူးတင်ဆက်ထားတာပါ။
ညစာစားပွဲဖြင့်ဂုဏ်ပြုဧည့်ခံ (ရုပ်/သံ) ညစာစားပွဲဖြင့်ဂုဏ်ပြုဧည့်ခံ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 07:15 Rating: 5

7 comments:

khin lwin said...

ရဲတိုက် ကို ပိုပြီး ဂုဏ် ပြုသင့် ပါတယ်။

အမြင်သစ် said...

မြင်ကွင်းက အင်မတန်ကြည်နူးစရာကောင်းပါတယ်။ ဒီထက်မက
အနုပညာရှင်များ ပါဝင်လာကြဖို့မျှော်လင့်ပါတယ်။ အပြောင်းအလဲ
ကို လက်မခံနိုင်သေးတဲ့ လက်ရှိအာဏာရလူတစ်စုကတော့ ပိတ်
ပင်တာတွေတားမြစ်တာတွေ လုပ်လာနိုင်ပါတယ်။သင်္ကြန်မှာသီချင်း
မဆိုရတာတို့ဘာတို့။ ဒါတွေကိုဂရုမစိုက်စေချင်ပါဘူး ပြည်သူချစ်တဲ့
အနုပညာရှင်များခင်ဗျား။ဒီအတားဆီးတွေကိုအခိုက်အတန့်လို့သဘောထားစေချင်ပါတယ်။သမိုင်းမှာကျန်ရစ်ခဲ့မှာပါ။ ပြည်သူအများကချစ်ခင်နေမှာပါ။ပြည်သူအများစုကခင်ဗျားတို့ဘက်မှာရှိတယ်ဆိုတာ အခုမြင်တွေ့ရတဲ့အနုပညာရှင်များကို လေးလေးနက်နက်ပြောချင်
ပါတယ်။မပါဝင်ရသေးတဲ့အနုပညာရှင်များကိုလဲ ပါဝင်ကြဖို့တိုက်တွန်းလိုပါတယ်။ တိုင်းပြည်အရေးဟာ ခင်ဗျားတို့အရေးပါ။

အမြင်သစ် said...

ကိုလူမင်းနှင့်ဇနီး၊ကိုဝေဌုကျော်၊ကိုဝိုင်း၊အာကြီးနှင့်ဇနီး၊ မသျှီ၊ အနဂ္ဂ
နဲ့ သာသာဝင်း၊ မကဗျာ၊ ဇေယျာသော် ၊ မခိုင်နှင့် အမျိုးသား၊
ခင်ဗျားတို့ကိုပြည်သူတွေက သမိုင်းမှာ ကဗည်းထားပြီးဂုဏ်ပြုလိုက်
ပါပြီ။ ပြည်သူတွေကိုယ်စား လေးလေးနက်နက်ပြောပါရစေ။(ရဲတိုက်
နဲ့ ချစ်သုဝေ က ဒီပွဲမှာ မတွေ့ရဘူး) ခရီးလွန်နေတယ်ထင်တယ်။

Tenissary said...

ပြည်သူချစ်သောအနုပညာရှင်လား
ဒါမှမဟုတ်
အာဏာရှင်တွေ အတွက်အနုပညာရှင်လား
ပြည်သူတွေကိုချစ်သော၊ ပြည်သူတွေကလဲချစ်သော ပြည်သူ့ အနုပညာရှင်တွေဟာ ပြည်သူတွေရဲ့ ခံစားချက်၊ ရင်ခုန်သံကိုသိပါတယ်။ အထွေအထူးပြောစရာ၊ တိုက်တွန်းစရာမလိုပါ။

tun win said...

တို့အစိုးရက အသိအမှတ်မပြုပေမယ့် ပြည်သူနလုံးသားမှာ..ဒီအနုပညာ ရှင်တွေဟာ ..သမိုင်းတွင်ခဲ့မှာပါ...လေးစားပါတယ်..

ဖြိုးသီဟ said...

အနုပညာရှင်ကိုကိုမမတွေကပြည်သူတွေကိုချစ်တော့ပြည်သူတွေကလည်းရင်ကချစ်တာထက်ခုလေးစားမူပါပိုတိုးလာပြီဘယ်သူတွေဘာပဲပြောပြောသမိုင်းမှာရေးခံကြမှာလားအဆဲခံရမှာလားဆိုတာည်ြသူတွေကအမှတ်တွေပေးသွားမှာပါ

Anonymous said...

ပြည်သူလူထုအတွက် အမှန်တကယ် ကျေးဇူးဆပ်ခြင်းပါပဲ။ ပြည်သူကို ချစ်တဲ့ အနုပညာရှင်တွေ ပြည်သူရဲ့ ချစ်ခင်၊ လေးစားမှုကို အခိုင်အမာ ပြန်ရလိုက်ပါတယ်...

Powered by Blogger.