လူတစ်ဦး ဒေါ်လာ ၁ သောင်းစီ ရောင်းဝယ်ခွင့်ပေးနေတဲ့ အစီအစဉ် ပြန်ပျက်သွားပြီ

ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလဲကောင်တာတွေကနေ လူတစ်ဦး ဒေါ်လာ ၁ သောင်းစီ ရောင်းဝယ်ခွင့်ပေးနေတဲ့ အစီအစဉ် ပြန်ပျက်သွားပြီလို့ သိရပါတယ်။ ဒီကနေ့ ဧပြီ ၂၃ တနင်္လာနေ့ သိမ်ဖြူလမ်း ငွေလဲကောင်တာမှာ အ၀ယ် တစ်ဒေါ်လာ ၈၁၄ကျပ်၊ အရောင်း ၈၂၈ ကျပ် သတ်မှတ်ထားပေမယ့် လာရောင်းသမျှကို မ၀ယ် တော့ဘဲ ကောင်တာပိတ်ချင်တဲ့အချိန် ပိတ်ထားတယ်လို့ သိရပါတယ်။ အင်းဝ၊ CB နဲ့ MOB ဘဏ်တို့က လူတစ်ဥိးဆီကနေ ဒေါ်လာ ၅၀၀ စီဝယ်ယူပြီး မြ၀တီနဲ့ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဘဏ်ကတော့ ဒေါ်လာ၂၀၀ စီ၊ ကမ္ဘောဇဘဏ်က ၁၀၀ စီဘဲ ၀ယ်ယူတယ်လို့ သိရပါတယ်။

ဒီဗွီဘီ
လူတစ်ဦး ဒေါ်လာ ၁ သောင်းစီ ရောင်းဝယ်ခွင့်ပေးနေတဲ့ အစီအစဉ် ပြန်ပျက်သွားပြီ လူတစ်ဦး ဒေါ်လာ ၁ သောင်းစီ ရောင်းဝယ်ခွင့်ပေးနေတဲ့ အစီအစဉ် ပြန်ပျက်သွားပြီ Reviewed by သစ်ထူးလွင် on 17:14 Rating: 5

7 comments:

FAMILY KARUNAR said...

အော် အနိစ္စ အနိစ္စ အနိစ္စ

aungmyinttun said...

အလကား ဘာတွေမှန်းလဲမသိဘူး ကလေးစကားကျနေတာပဲစကားကိုလွယ်လွယ်ပြောပြီး လွယ်လွယ်နဲ့ပြန်ပြီးပျက်ပြယ်တယ်ဆိုတော့ မထူးပါဘူး ထမိန်ဝတ်ထားဘို့ပဲကောင်းတယ်

zawlinaung said...

ဒီလိုပါဘဲ...မြန်မာပြည်မှာ နှစ်မျိုးဘဲရှိတယ်လေ။အခုတစ်မျိုး...တော်ကြာတစ်မျိုး...တဲ့

Tatine Mhawe said...

ကိုသစ်ထူးလွင်ရေ ဘယ်တုန်းက ဒေါ်လာတစ်သောင်းရောင်းဝယ်ခွင့် ရခဲ့လို့လဲဗျာ....Tatineတို့ ဖေဖေါ်ဝါရီလတုန်းက သိမ်ဖြူငွေလဲကောင်တာတွေကို ရောက်ခဲ့တုန်းကလည်း အခုကိုသစ်ထူးလွင်ပြောသလိုပါဘဲ.....ဟိုကောင်တာက ၃၀၀၊ ဒီကောင်တာက ၂၀၀၊ ဟိုကောင်တာက အဝယ်ပိတ်သွားပြီ၊ ဒီကောင်တာက ၁၀၀ ဘဲဝယ်တော့တယ်နဲ့ Tatineတို့များဒေါ်လာလေး ၁၀၀၀ ရောင်းရဘို့အရေးကို ကောင်တာ၎ခုလောက်တန်းစီရတာနဲ့ ၄နာရီလောက်ကြာသွားတယ်။ ဒီကြားထဲ ဒေါ်လာငွေစက္ကူတွေမှာအစက်အပျောက်တို့၊ အစွန်းအထင်းတို့၊ နွမ်းနေတာတို့ ပါရင်လဲလို့မရခဲ့ပါဘူး......Tatineတို့တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်လးတွေကိုပြောပါတယ်.....ဦးသိန်းစိန်အစိုးရအဖွဲ့လို ပါးစပ်ကိုဖင်ဖြစ်အောင်တော့ မပြောရဲပါဘူး...တော်ကြာဟိုဟာတွေ ပြောင်းပြီးပြီလဲပြီးပြီနဲ့ ရုပ်ဝတ္ထုတွေပြောင်းလဲတာကလွဲလို့ လူတွေရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာကတော့ ဘာတခုမှထူးထူးခြားခြား ပြောင်းလဲတာမတွေ့ရသေးပါဘူး...အဲဒီတော့ဗျာ ထမင်းစားနေတဲ့ ပါးစပ်ကGood & Clean Goverment လို့ပြောပြောနေပြီး အလုပ်နဲ့ကထိရောက်အောင်မလုပ်နိုင်ဘဲ အပြောတွေသာများများနေတော့ ထမင်းစားနေတဲ့ ပါးစပ်က --ဖြစ်တော့တာပေါ့ဗျာ...၊၊

Unknown said...

အစကတည်းက100/200လောက်ပဲပေးလဲတာပါကြေညာထားတဲ့10000ဆိုတာစာဘဲ၇ှိတဲ့လေအမိန့်ပါဘယ်ဘဏ်မှ500လဲပေးတာမကြားဘူးပါဘဏ်တွေကအမိန်ထုတ်တဲ့လူထက်ပါဝါပိုကြီးတယ်လို့ထင်ပါတယ်

ppw said...

ဒါဆို ဒီသဘောက မြန်မာနိုင်ငံမှာ ဒေါ်လာတွေ တော်တော်ကို ပိုလျှံတယ့် သဘောပြနေတယ်။ ဘာလိုလဲ ဆိုတော့ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေတယ်။

kokomaung said...

ဘဏ်တွေက သူတို. လက်ထဲက ကျပ်ငွေလက်ကျန်နဲ. ဒေါ်လာ လက်ကျန်ကို ချိန်ပြီး ၀ယ်ရောင်းလုပ်ကြတာပါ၊

Powered by Blogger.