သမ္မတ ဦးသိန်းစိန် ပြောဆိုချက်ပေါ် နားလည်မှုလွဲမှာခြင်းဖြစ်နိုင်ကြောင်း

ဂျပန်နိုင်ငံတွင်ယနေ့ နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ဦးသိန်းစိန်က လွှတ်တော်တွင် ကျမ်းသစ္စာကျမ်းဆိုသည့်စာသားကို ပြင်ရန် သူ့တွင် အစီအစဉ်မရှိဟု ပြောခဲ့သည်မှာ မဟုတ်ကြောင်း ထိုသို့လုံးဝမဖြေခဲ့ကြောင်း၊ ထိုသတင်းစာရှင်းလင်းပွဲသို့ ကိုယ်တိုင်ကိုယ်ကျတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။ ထိုသို့ရေးသားခဲ့သော နိုင်ငံတကာ သတင်းအချို့မှာ နားလည်မှုလွဲမှာခြင်းဖြစ်နိုင်ကြောင်း ယင်းကပြောသည်။

ထိုရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက "ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကိုဝင်ရောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ အချို့သောကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ၀င်ရောက်လို့မရနိုင်ဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်ပေါ်နေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်တော့ သူ့အနေနဲ့လွှတ်တော်ထဲကိုဝင်လာနိုင်မှာလဲ၊ လွှတ်တော်အစည်းအဝေးကိုတက်ရောက်နိုင်မှာလဲ"ဟုမေးမြန်းခဲ့ရာ သမ္မတ ဦးသိန်းစိန်က "ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ထဲကိုဝင်မလာတာ သူ့ရဲ့ သဘောဆန္ဒပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကြီးကတော့ သူ့ကိုကြိုဆိုနေပါတယ်"ဟုသာပြန်ဖြေခဲ့ခြင်းဖြစ်သည်ဟု သူပေးပို့သော အသံဖိုင်အရ သိရသည်။ အမေးအဖြေများကို စကားပြန်မှတစ်ဆင့် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

Popular Myanmar News Journal
သမ္မတ ဦးသိန်းစိန် ပြောဆိုချက်ပေါ် နားလည်မှုလွဲမှာခြင်းဖြစ်နိုင်ကြောင်း သမ္မတ ဦးသိန်းစိန် ပြောဆိုချက်ပေါ် နားလည်မှုလွဲမှာခြင်းဖြစ်နိုင်ကြောင်း Reviewed by သစ်ထူးလွင် on 17:08 Rating: 5

10 comments:

Red Dragon News said...

ဒီ လို မျိုး စစ်သား အရည် ခြုံ တွေ က သူတို့ ကို ထိ ခိုက် မည် ဘယ်
ဥပဒေ ကို မှသေ သွားရင် တောင်း ပြောင်းပေ မှ မ ဟုတ် ဘူး။

ပုံ သိန်းစိန်

Anonymous said...

မြန်မြန်လာလို့ရအောင်ပြင်ပေးပါလား
သမ္မတကြီးရယ်..ကျမတို့ပြည်ူတွေရဲ့လိုလားချက်ကို
လိုက်လျောပေးပါလား။ဒီအတွက်ကျေးဇူးမမေ့ပါဘူး။
ကျမတို့အတွက်ပေးဆပ်အနစ်နာခံနေတဲ့
အမေစုအတွက်အချိန်တွေနှောင်းအောင်မလုပ်ပါနဲ့။
ကျမတို့ပြည်သူတွေကိုသားသမီးအရင်းသဖွယ်
ကာကွယ်စောင့်ရှောက်စေချင်တာပါ။
ဥပဒေကိုတော့လေးစားလိုက်နာကြစေချင်ပါတယ်။
ကျမတို့ပြည်သူတွေမညံ့ပါဘူး။
ဘယ်သူတွေကောင်းလဲဘယ်သူတွေစေတနာ
အရင်းခံထားသလဲကောင်းကောင်းကြည့်တက်ပါတယ်။

ဇာမဏီ said...

သမ္မတကြီးခင်ဗျား ။။ နိုင်ငံတကာ ဆန်ရှင်က တစ်နှစ်ပဲ အစမ်း
ဖြုတ်လိုက်တာနော်။ ရာသက်ပန်မဟုတ်သေးပါဘူးခင်ဗျ။ အခုလို
လေး နိုင်ငံတကာ အလယ်မှာ မျက်နှာပန်းလေး စပြီးပွင့်ခွင့်ရတာ
ဟာ ဘယ်သူကြောင့်ဆိုတာ အားလုံးအသိပါနော။

ဖိုးသား said...

ကြိုဆိုပါတယ် ဆိုရင် ပြင်စရာရှိတာပြင်ပေးလိုက်ရင်ရပြီပဲ ခုဟာက တစ်ဖက်က လာပါလာပါ ခေါ်ပြီး ကျန်တစ်ဖက် တုတ် (ဒုတ်) ကိုင်ခေါ်သလိုဖြစ်မနေဘူးလား ?

Golden Tiger said...

သမတ ဦးသိန်းစိန် ကို တိုင်းမ် magazine ရဲ့ လူသားတွေအပေါ် သြဇာအလွမ်းမိုးဆုံး ထိပ်တန်း ၁၀၀ စာရင်းမှာ ထည့်သွင်းထားတာကို ဘယ်မြန်မာသတင်းတွေမှာမှ မတွေ့ ရတာကတော့ နည်းနည်းအံ့သြမိတယ်

မြန်မာနိုင်ငံသားတွေ အတွက်သူ ကြိုးတန်းပေါ်မှာ လျှောက်ရင်း ကြိုးစားနေတာကိုတော့ မြန်မာပြည်က အတိုက်အခံတွေ အားလုံးအသိအမှတ်ပြုသင့်တယ်လို့ ထင်တယ်၊

Loune Loune said...

အင်း...မီးစတဘက် ရေမှုတ်တဘက် တွေပါလားနော်

Unknown said...

ခင်ဗျားကြီး တစ်နှစ်တာ ပြည့်သွားတယ် ပြစရာဘာမှကိုမရှိသေးဘူး။ ဘာစိမံကိန်းမှ လဲမချနိုင်ဘူး။ တစ်နှစ်လုံး ဘာတွေလုပ်ခဲ့လဲ။ ဘာတွေစဉ်းစားခဲ့လဲ။ အချိန်မလောက်သေးဘူးလား။ အကြံပေး ဘယ်နှစ်ယောက် ထပ်ခန့်အုံးမှာလဲ။ သမ္မတဆိုတဲ့ လူကြီးကို အားကျလို့ရအောင် လုပ်ပြခဲ့အုံး။ ၅ သိန်းသွင်းပြီး ၅၀ ယူတာဘဲ မြင်လို့ရသေးတယ်။ အဲ့ဒါ တစ်နှစ်လုံး ခင်ဗျားလုပ်ခဲ့တာတွေဘဲ။

hm said...

ပြည်သူ့အတွက်စာသားပြန်ပေးလိုက်တာသိပ်အပန်းမကြီးဘူးထင်တယ်..ဒီယုန်မြင်လို့ဒီချုံထွင်တာမဖြစ်စေချင်ဘူး

tapaungthi said...

ဖိုးသားပြောတာမှန်တယ် အဲဒီလိုဖြစ်နေပါတယ်

အလဲ့ ဂိုးဒမ်းတိုင်းဂါးကလည်းမှန်သဟဲ့

Blogger said...

ဒေါ်အောင်ဆန်းစုကြည်ကပြည်သူတွေကို ချစ်တယ်ဆိုရင် ပြည်သူတွေရောက်စေချင်တဲ့နေရာကို ရောက်အောင်သွားပါ။

Powered by Blogger.