ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၆)

လားရှိုးမြို့၊ ဗျုဟာလမ်းမကြီးပေါ်ရှိ အမှတ်(၁၆)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် နံနက် ၅ နာရီ ၅၀က မဲရုံအတွင်း ဖယောင်းတိုင်မီးများဖြင့် မဲရုံတာဝန်ရှိသူများ အလုပ်စနေကြပြီဖြစ်သည်။ မဲရုံကို ခြောက်နာရီတွင်စဖွင့်ပြီး ၁၀ မိနစ်အကြာတွင် ပထမဆုံးရောက်ရှိလာသူမှာ ရှမ်းအမျိုးသားဝတ်စုံပြည့်ဝတ်ဆင်ထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းစံမင်းဖြစ်သည်။ ပထမဆုံးမဲပေးသူဖြစ်ပြီး မဲရုံတာဝန်ရှိသူများကိုလိုက်လံနှုတ်ဆက်ကာ ပြန်ထွက်လာသည်။ ““ကြိုတင်မဲ ၁၀ မဲရှိတယ်လို့ပြောတယ်။ ကျွန်တော် ကဒ်ပြား ကိုးခုပဲတွေ့ခဲ့တယ်”” ဟု မဲရုံပြင်ပရှိ သတင်းထောက်များအား ပြောသည်။ ထို့နောက် တခြားမဲရုံများသို့ လိုက်ခံကြည့်ရှုရန် စူပါရုဖ်ဗင်ကားလေးကို မောင်းနှင်၍ ထွက်ခွာသွားသည်။

ဓာတ်ပုံ- သန်းဌေး


နေပြည်တော်ခရိုင် ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှကျေးရွာတွင် အသက် (၁၃) နှစ်အရွယ် မြစ်ကြီးနားမှ လာရောက်သော ကလေးငယ်တစ်ဦးသည် မဲရုံ၌ မဲပေးနေသည်ကို ဗီဒီယိုကင်မရာဖြင့် ရိုက်ယူရာ၌ ကျေးရွာကော်မရှင်ဥက္ကဋ္ဌ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးတင်မိုးအောင်က အဆိုပါ ကင်မရာအား ကလေးထံမှ သိမ်းယူလိုက်ပြီး ၄င်း၏ အုပ်ထိန်းသူအား ဆင့်ခေါ်ထားကြောင်းသိရသည်။ ကော်မရှင်ဥက္ကဋ္ဌက 7Day News ၏ မေးမြန်းမှုကို ယင်းကိစ္စအား မြို့နယ်ကော်မရှင်ထံ တင်ပြသွားမည်ဖြစ်ပြီး ကင်မရာကိုလည်း မြို့နယ်ကော်မရှင်ထံ အပ်နှံသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 7Day News Journal

ပခုက္ကူမြို့ပေါ်အတွင်း ကောက်ခံထားသည့် ကြိုတင်မဲအရေအတွက်သည် လက်ခံနိုင်သည့် အခြေအနေတွင်ရှိကြောင်း ပခုက္ကူ NLD မှ သိရသည်။ ပခုက္ကူမြို့တွင် မဲရုံအများဆုံးနှင့် မဲပေးနိုင်သည့် လူဦးရေ ၇၈၄၈ ဦးရှိပြီး အမှတ်(၃) ရပ်ကွက်တွင် ကြိုတင်မဲ ၁၂၈ မဲသာရှိကြောင်း NLD မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"တခြားနေရာတွေမှာလည်း ကြိုတင်မဲက ဆယ်ဂဏန်းလေးတွေလောက်ပဲရှိတယ်" ဟု အဆိုပါပုဂ္ဂိုလ်ကဆက်လက်ပြောသည်။

-------------------------------------------------------------------------------------

နယ်စပ်စည်ပင်ဝန်ကြီးက သတင်းမီဒီယာများအား မဲရုံမှ ကိုက် ၅၀၀ အကွာမောင်းထုတ်

 ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၂၀ မိနစ်


နေပြည်တော် ဇမ္ဗူသီရိ မဲရုံ ၁/၁  အထက ၅ မဲရုံတွင် သမ္မတဦးသိန်းစိန် မဲလာထည့်မည်ကို သတင်းမီဒီယာများ စောင့်ဆိုင်လျှက်ရှိကြရာ နယ်စပ်စည်ပင်ဝန်ကြီး ဦးသိန်းညွန့် မဲလာထည့်အပြီး စောင့်ဆိုင်းနေကြသည့် မီဒီယာများအား ကိုက် ၅၀၀ အကွာအဝေးအတွင်း ရောက်ရှိနေသဖြင့် ဖယ်ရှားကြရန် ပြောဆိုသွားသည်ဟု YPI သတင်းထောက်မှ သတင်းပေးပို့သည်။
လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ လည်းယင်းမဲရုံတွင် မကြာမီ မိနစ်ပိုင်းက မဲထည့်ပြီးစီးသွားပြီဖြစ် သည်။
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၆) ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၆) Reviewed by သစ်ထူးလွင် on 08:52 Rating: 5

2 comments:

zawmin said...

ကျေးဇူးကမ္ဘာပါပဲကိုသစ်ထူးလွင်ရေ အခုလိုအချိန်နဲ့တပြေးညီတင်ပေးတဲ့အတွက်အရမ်းကိုကျေးဇူးတင်ပါတယ်.....

KoTOE said...

တပ်မတော်ဗိုလ်ဟောင်းကြံ့ဖွံ့ အပေါင်းတို့ ...
သင်တို့ မတရားအာဏာသိမ်းပိုက်အုပ်ချုပ်မှုကြောင့်...ကျုပ်တ့ို့ တိုင်းပြည်ကြီးသည်...အနူတစ်ရာစုပ်သည့်...သရက်စေ့ပမာ...ချွတ်ခြုံကျခဲ့ရပါပြီ။
သို့ ပေငြားလည်း....သင်တို့ နှင့်သင်တို့ မိသားစုများမှာ...ဆယ်သက်စားမကုန်ချမ်းသာနေကြပြီဖြစ်နေကြပါပြီ။
သို့ ပေမဲ့...ယနေ့ ထက်တိုင်...ဆက်လက်ခိုးရန်ရည်ရွယ်လျှက်...ယခုကြားဖြတ်ရွေးကော်ပွဲတွင်...မသမာမှုများပြုနေကြပြန်ပြီ။
တော်ပါတော့...တော်ကြပါတော့...ကြေနပ်ကြပါတော့...တိုင်းပြည်ကိုသိပ်ချစ်ပါတယ်ဆိုတဲ့...ဗိုလ်မှူးကြီးတို့ု..ဗိုလ်ချုပ်ကြီးတို့ .....
လေးစား...ရိုကြိုး..ရွံရှာစွာ....တောင်းပန်အပ်ပါတယ်၊

Powered by Blogger.