ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅)

မရမ်းကုန်းမြို့နယ်ရှိ မဲရုံတွင် လူအများလာရောက်မဲပေးစဉ်။
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရှိ အလက(၅)ကျောင်းတွင် လူအများ လာရောက် မဲပေးနေကြစဉ်။ အဆိုပါမဲရုံတွင် မဲရုံ အမှတ်(၁)(၂)(၃)(၄)(၁၃)ဲ ရုံ(၅)ရုံ ဖွင့်လှစ်ထားကြောင်း သိရသည် ။ "၂၀၁၀တုန်းကနဲ့ အခု မဲပေးရတာ အတူတူပါပဲ၊ ၂၀၁၀တုန်းကတော့ အလုပ်တခု အနေ့နဲ့လာပေးဖြစ်တယ်။ အခုကတော့ ကိုယ်အသိ စိတ်ဓာတ်နဲ့ကိုယ် လာပေးဖြစ်တာပါ"ဟု မဲလာေ၇ာက် ပေးခဲ့သည့် အသက်(၅၀) အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။သူကတော့ NLDကို မဲပေးခဲ့သည်ဟု ဆိုသည်။
By: Popular Myanmar News Journal

မင်္ဂလာတောင်ညွန့်မြို့နယ်၊ပုသိမ်ညွန့်ရပ်ကွက်၊မဲရုံများမြင်ကွင်
By: National League for Democracy

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးအရှေ့ရပ်ကွက်တွင် မဲရုံ ၄ ရုံ၌ လာရောက်မဲပေးသူ အမျိုးသမီး ၁၂ ဦးအား ကျပန်းမေးမြန်းရာ ၁၁ ဦးက NLD အားမဲပေးခဲ့သည်ဟု ဖြေကြားကြပြီး ကျန်တစ်ဦးက ပြည်ခိုင်ဖြိုးအား မဲပေးခဲ့သည်ဟု ဖြေကြားသည်။

နေပြည်တော်ခရိုင် ဇမ္ဇူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် မဲရုံအမှတ်( ၂၇၊ ၂၈) နှစ်ရုံတွင် မဲပေးရမည့်သူများမှာ ACE ကုမ္ပဏီမှ ဖြစ်ပြီး၊ မဲဆန္ဒရှင် ၂၃၀၀ ရှိသည်။ ယနေ့နံနက် မဲပေးကြရာ၌ ကိုက် ၅၀၀ အကွာ၌ လာရောက်မဲပေးသူ ကုမ္ပဏီဝန်ထမ်းများအား တစ်ဦးလျှင် ငွေတစ်ထောင်၊ ရေသန့်တစ်ဗူးနှင့် ထမင်းတစ်ထုပ် ဝေငှကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီမှ ဒေါ်စန္ဒာမင်းမှ ယခုကဲ့သို့ မလုပ်သင့်ကြောင်း ပြောဆိုပြီး၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းဌေးကမူ "၄င်းကုမ္ပဏီက သူ့ဝန်ထမ်းတွေကို မနက်စာ ကျွေးနေကျမို့လို့ ကျွေးတာပါ"ဟု ပြန်လည်ဖြေကြားသည်။
ACE ကုမ္ပဏီမှ အသက် ၂၀ အရွယ် အမျိုးသားဝန်ထမ်း တစ်ဦးကမူ ပြည်ခိုင်ဖြိုးကို မဲပေးခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။
 7Day News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅) ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅) Reviewed by သစ်ထူးလွင် on 08:45 Rating: 5

10 comments:

အမြင်သစ် said...

ကြံ့ဖွတ်ကို မေးပေးခဲ့သူများသည် သမိုင်း၏တရားခံများထဲတွင်
တစ်ရောက် အပါအ၀င်ဖြစ်ပေတော့မည်။

eint said...

တစ်နိုင်ငံလုံးအတိုင်းအတာကို သူတို့ မပြိုင်နိုင်ပါဘူးကွာ....ဘာcompanyဘဲ ဖြစ်နေပါစေ. အချိန်တန်ရင် မာလကီးယား သွားမှာပါ...

ငွေသော်တာ said...

ထမင်းထုပ် တာ မြင်တယ် ဝရင်းတုတ် မမြင်ဘူးနဲ့  တူတယ်....ဖွတ်ကို မဲပေးနေတဲ့ သူတွေ....တော့  နာတော့  မှာပဲ....

skynat said...

ငွေတစ်ထောင် ရေသန့်ဘူးတစ်ဘူး ထမင်းတစ်ထုပ် နဲ့ ငါတို့ တိုင်းပြည်ကို ဒီကောင်တွေပဲ ပေးပြီး အုပ်ချုပ်ခိုင်းအုံးမှာလား ကြည့်လုပ်ကြပါအုံး
တစ်ချိန်က အင်္ဂလိပ်ကျွန် .... ဂျပန်ကျွန်..... အခုက စစ်ထွက်ဘီလူးကျွန် ပြီးရင် တရုတ်ရဲ့ ဝါးမြိုမှု့ကို ခံ၇တော့မှာ မိဘပြည်သူများ စဉ်းစားကြည့်ကြပါဗျာ

tkm said...

နင်တို့ကလည်းခေါင်းကိုမရှိကြတာ
သူတို့ကတခါပဲကျွေးမှာ..
တိုင်းပြည်တိုးတက်အောင်လုပ်ပေးမှာမဟုတ်ဘူး
အဲဒီကောင်ကိုလည်ဖြစ်မယ်

ငွေသော်တာ said...

ACE ကုမ္ပဏီ ကဝန်ထမ်းတွေ ထမင်းထုပ်တာ မြင်တယ် ...နောက်ကြောက ဝရင်းတုတ် မမြင်ကျဘူး...အော်....သနားစရာတွေပါလား........ကိုယ့် အသိစိတ်ဓါတ်နဲ့  ရဲရဲဝန့် ဝန့်  သတ္တိရှိရှိ ဆုံးဖြတ်ပြီးတော့  ခင်ဗျားတို့  ကျွန်တော်တို့  တိုင်းပြည်ရဲ့  အနာဂါတ်ကို လှပအောင်ဖန်းတီးဖို့ က အခု ပေးနေတဲ့  မဲဟာ...တစ်ကယ့်  တန်ဖိုးရှိတဲ့  စစ်မှန်တဲ့  မဲကို ပေးဖို့  အသဲခြားက မဲတစ်ပြား ကို ပြည်သူတွေနဲ့  မကွဲခြားဘဲ စည်းလုံးညီညွတ် စွာနဲ့  ဒီမိုကရေစီ ဆိုတဲ့  လမ်းကို လျှောက်လှမ်းကျပါစို့ .....

ကျော်ထိုက် said...

မင်းတို့ ace က ခုပဲကောင်းတာ..နောင်အတွက် ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး ကွ..

မန်းလေးသား said...

ACE မှာလုပ်နေတဲ့သူတွေ ထမင်းတစ်နပ်စားပြီး နှမတွေ ၊ အမတွေ ပေးကြရမှာမသိဘူးလား.. အဲဒီမှာလုပ်နေတဲ့သူတွေထဲများ ငါ့သူငယ်ချင်းရှိရင် ငါမြန်မာပြည်ပြန်ရောက်တဲ့နေ့ သတ်ပစ်မယ်...

KoTOE said...

ကြံ့ဖွံ့ တို့ ရေ..................
ရွှေ...အကြောင်း..ဖရောင်းသက်သေတဲ့
အခုတော့.....ဖရောင်းမဲလက်မှတ်တွေက...သက်သေပြနေပြီလေ

"သမိုင်းတစ်ခေတ်...သူတို့ ဖွင့်လှစ်
ကလိမ်ကကျစ်....တို့ ကြံ့ဖွံ့ "

KoTOE said...

ကြံ့ဖွံ့ တို့ ရေ..................
ရွှေ...အကြောင်း..ဖရောင်းသက်သေတဲ့
အခုတော့.....ဖရောင်းမဲလက်မှတ်တွေက...သက်သေပြနေပြီလေ

"သမိုင်းတစ်ခေတ်...သူတို့ ဖွင့်လှစ်
ကလိမ်ကကျစ်....တို့ ကြံ့ဖွံ့ 

Powered by Blogger.