ကျမ်းသစ္စာစကားရပ် ပြင်ဆင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

လာမယ့် ဧပြီလ ( ၂၃) ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် လို့ မပြင်ဆင်သေးသရွေ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် မတက်နိုင်သေးကြောင်း ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေမှာ
ဖေါ်ပြခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာအက်အေ ရဲ့ ဒီမိုကရေစီခရီးကြမ်း ကဏ္ဍ မှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တာကတော့ -

"ဒီလိုပါ။ လွှတ်တော်မတက်ဘူးလို့ ကျမတို့က ပြောတာ မဟုတ်ပါဘူး။ ဒီကျမ်းသစ္စာဆိုပြီးမှ လွှတ်တော်တက်မယ်။ ဒီ ကျမ်းသစ္စာမှာ ဒီစကားပြောင်းဖို့ ဆိုတာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက စာသားအတိုင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ အခက်အခဲ မရှိဘူးလို့တော့ မျှော်လင့်ပါတယ်။"

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဦးဥာဏ်ဝင်း ဟာ ဒီကနေ့ နေပြည်တော် ကို သွားရောက်မှာဖြစ်ပါတယ်။
ဒါ့ပြင် အစိုးရအဖွဲ့တွင်းနဲ့ လွှတ်တော်တွင်းမှာ အပြောင်းအလဲကို မလိုလားသူတွေရှိနေတယ်ဆိုတဲ့ အပြောအဆိုတွေ ပေါ်ပေါက်နေတာ
ကြောင့် လွှတ်တော်တွင်း ၀င်ရောက်တဲ့အခါ ဘယ်လိုရင်ဆိုင်မလဲလို့ အာအက်အေက မေးမြန်းရာမှာ -

"ပြုပြင်ပြောင်းလဲရေးကို ဘာဖြစ်လို့ မလိုလားလဲ ဆိုတဲ့ မေးခွန်းကို ကျမတို့ ပထမ အဖြေရှာဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းတော့ ရှိရမှာပေါ့။ ဒီအကြောင်းကို မသိဘဲနဲ့ ဒီဟာကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့က လွှတ်တော်ထဲ
ရောက်သွားတယ် ဆိုလို့ရှိရင် အမျိုးမျိုးသော အမြင်တွေနဲ့ ထိတွေ့နိုင်ခွင့်ရှိမယ်လို့ မျှော်လင့်ထားတယ်။ ဒါမှလည်း ဘယ်လို အဖြေတွေကို မှန်မှန်ကန်ကန် ရှာလို့ရမလဲဆိုတာ ဆုံးဖြတ်လို့ ရမှာပါ။"

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမားရှိနေကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်တွင်း သတင်းမီဒီယာတွေရဲ့ ကျေးဇူး ကလည်း အတော်ကြီးကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
 
RFA
 
ကျမ်းသစ္စာစကားရပ် ပြင်ဆင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့် ကျမ်းသစ္စာစကားရပ် ပြင်ဆင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့် Reviewed by သစ်ထူးလွင် on 09:12 Rating: 5

5 comments:

ko pwa said...

ပြသာနာတွေ တော့ မတက်တော့ဘဲ ကိုယ့်ဘက်ကလဲ လျော့သင့်တာ လျော့ကြရင်ကောင်းမယ်ဗျာ. တောင်းသမျှပေးနေလို့ လိုချင်တာ အကုန်ရမှ ပေါင်းမယ့် အစား ညှိနှိုင်းလုပ်ကြရင် ကောင်းမယ်ဗျာ မဟုတ်ရင် ကျွန်တော်တို့ ပြည်သူတွေပဲ စိတ်ညစ်ရမယ် မဟုတ်လို့ ဘာမှ မပေးတော့ဘူး အကုန်ပြန်သိမ်းမယ်ဆိုရင် ပြည်သူပဲ ဒုက္ခရောက်မှာပါ. အမေရိကန်ဝင်လာလို့ အီရတ်လို ဖြစ်ကုန်ရင်လဲ ဘယ်တော့ ဘယ်နား ဗုံးပေါက်မလဲ ဆိုပြီး တထိတ်ထိတ်နဲ့ မနေချင်ဘူးဗျာ

Unknown said...

အမြင်မတူ သဘောထားကွဲလွဲတာတွေကို ကျွန်တော်တို့ မျက်နှာချင်းဆိုင်
ဖြေရှင်းကြရမယ်.
ကုန်ဆုံးခဲ့တဲ့အချိန်တိုင်းအတွက် ကျွန်တော်တို့ အားလုံး တာဝန်ယူရဲရပါမယ်.
သဘောထားကြီးစွာနဲ့ ညီညွတ်စွားနဲ့ ခွန်အားတွေအပြည့်နဲ့
ကျွန်တော်တို့မှာခက်ခဲခဲ့တဲ့သင်ခန်းစာတွေ အများကြီးရရှိထားပြီးဖြစ်ပါတယ်.
အဆုံးမှာ ကျွန်တော်တို့ တွေအမှားတွေကို ပယ်ဖျက်ပီး..အမှန်တွေကိုသာဖြစ်အောင်
ကြိုးစားကြ၇မယ်.
ဆန့်ကျင်ဖက်အဖွဲ့အစည်းမှ လူကြီးမင်းအချင်းချင်းလဲ အလေးထားကြဖို့ မျှော်လင့်ပါတယ်.
ဒီနေ့အချိန်ဟာ အပြစ်ရှာနေရမယ့်အချိန်မဟုတ်တော့ပါဘူး.
အမှားတွေကို ၇ှာကြပါ..တောင်းဆိုမှုတွေကို သိဖို့ကြိုးစားကြပါ.
လူကြီးမင်းတို့တွေ အဲဒီလိုအမှန်ပဲ ဆောင်ရွာနိုင်ပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်.
ကျွန်တော်တို့ကြားမှာ ဘာကိုမှဖုံးကွယ်ထားဖို့ အကြောင်းမရှိပါဘူး.
ဒီနေ့အချိန်မှာ မတူတာတွေကို ဘေးမှာထားပါ.
ခေါင်းတွေအားလုံးအပေါ်ကို မော့ဖို့အချိန်ကျပါပြီ
ဒီအတွက် မြန်မာနိုင်ငံဟာ ဆုလဒ်တစ်ခုကို ရရှိမှာမလွဲအသေအချာပါပဲ

ဇောက်ထိုး said...

ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးအမြင်ပေါက်နေသူပါပဲ။ ဘာဖြေဖြေ အလွန်အံဝင်ဂွင်ကျပါပဲ။

lwannaymie said...

အမေစုလုပ်သမျှ...အားပေးနေတယ်။
(သေခြာတာက...ငါ့ထက်တော်တယ်။)

chartake mglay said...

မပြင်ပေးလိုမရဘူးနော်မင့်တိုစည်းမျဉ်ကိုငါတိုပြည်သူတွေလက်မခံနိုင်ဘူးအမေးစုကအမျော်အမြင်ကြီတယ်နော်မပြင်ပေးဘူးဆိုရင်လွတ်တော်ထဲမှာဘာမှပြင်ဆငိလိုရမှာမဟုတ်ဘူးအဲဒါကိုသိလိုNLDကိုပြင်ခိုင်းနေတာမလုပ်ပေးဘူးဆိုရင်မတက်နဲ့အမေးပြည်သူတွေနဲ့တောင်ဆိုမယ်အဲဒီလူးတွေကမပြောချင်တောဘူးဗျာ

Powered by Blogger.