ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်ပ ခရီးစဉ် အမေရိကန်ကြိုဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၂၄) နှစ်အတွင်း ပထမဆုံး နိုင်ငံရပ်ခြား ခရီး စတင်မယ့်အပေါ် အမေရိကန်အစိုးရ က ကြိုဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လအတွင်း နော်ဝေး နဲ့ဗြိတိန်နိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ထား ပါတယ်။ ဘယ်နိုင်ငံကို ဦးဆုံးသွားမလဲဆိုတာမသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်
နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Mark Toner က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်ရှိခဲ့တုန်းကလည်း
ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း
ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးကိုဦးဆုံးသွားရောက်ဖွယ်ရှိတယ်လို့
လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲဆုကို
ဒေါ်အောင်ဆန်းစုကြည် ဟာ ကိုယ်တိုင် လာရောက်လက်ခံယူမှာ
ဖြစ်တယ်လို့ နော်ဝေးနိုင်ငံကပြောပါတယ်။

အလားတူ အမေရိကန် လွှတ်တော်အမတ်တွေကလည်း အမြင့်ဆုံး အရပ်သားဆု ဖြစ်တဲ့ ကွန်ဂရက် ရဲ့ရွှေတံဆိပ် ဆု လက်ခံဖို့
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားပါတယ်။

စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှလေ့လာရေးဌာန အကြီးအကဲ မစ္စတာမိုက်ကယ် မွန်တက်စာနို က အခုလို ပြည်ပခရီးစဉ် အစီအစဉ်ဟာ
ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ပြန်လာခွင့်ပြုလိမ့်မယ် ဆိုတာ ယုံကြည် စိတ်ချရပြီလို့ အထင်အရှားပြသလိုက်တာပါ၊ မြန်မာနိုင်ငံရဲ့
နောက်ထပ် တိုးတက် ပြောင်းလဲမှုတစ်ရပ် လည်း ဖြစ်ပါတယ် လို့ပြောဆိုပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်
ကိုလည်း လာမယ့် မေလမှာ အမေရိကန်ပြည်ထောင်စု ကို လာရောက် လည်ပတ် ဖို့ ဖိတ်ကြားလိုက်ပါတယ်။ ဦးဝဏ္ဏမောင်လွင် ဟာ ကုလသမဂ္ဂ ကို လာရောက်ခဲ့ပေမဲ့ အခုလို အမေရိကန်အစိုးရက ဖိတ်ကြားတာဟာ ပထမဆုံးဖြစ်ပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်ပ ခရီးစဉ် အမေရိကန်ကြိုဆို ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်ပ ခရီးစဉ် အမေရိကန်ကြိုဆို Reviewed by သစ်ထူးလွင် on 09:11 Rating: 5

6 comments:

Mother Land Inn 2 said...

အမေရိကန်ကလည်း ဘာမှအကြောင်းမသိပဲ လူမိုက်မြှောက်ပေးနေပြန်ပြီ

Anonymous said...
This comment has been removed by the author.
Anonymous said...

ဘာပဲဖြစ်ဖြစ် ကောင်းတဲ့လက္ခဏာပါ

Ni Ni said...

အမေ အခုလို ကမ္ဘာ က ခေါင်းဆောင်တွေ အလေးအမြတ်ထား ဖိတ်ကြားလို့ အလည် သွားရမှာ ဂုဏ်ယူ ၀မ်းမြောက် မိပါတယ်အမေ ။ မြန်မာနိုင်ငံအတွက်လည်း အမေ့ စွမ်းပကားတွေနဲ့ ကောင်းသတင်း တွေ ဆောင်ကျဉ်း လာလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ် အမေ ။
ဒါပေမယ့် အမေရယ် .. အမေ မြန်မာပြည်ကြီးနဲ့ခဏတာ ခွဲခွာဝေးနေရမှာ ကို တွေးရင်း အားတော့ ငယ်မိတယ် အမေရယ် ။ အမေ ရှိနေလို့ မြန်မာပြည် သားတွေ ခွန်အား ရှိနေခဲ့တာပါ အမေ ရယ် ။ တစ်သက်လုံး အမေ့ကို အားကိုး အတူနေလာခဲ့ပြီး တစ်ခါမှ မ မခွဲဘူးတာ ကိုး အမေရဲ့ ။ အမေ မရှိလို့ မဖြစ်ပါဘူး အမေရယ် ။ ။

Anonymous said...

နိုင်ငံတကာကလက်ရှိအစိုးရကို
ကတိတောင်းပေးပါ။ကျမတို့ချစ်တဲ့
ဗမာအမျိုးသမီးအမေစုကို
မျိုးချစ်ရမယ်ပြောပြောနေတဲ့စစ်အာဏာရှင်များ
အမေစုကိုချစ်ကြပါ။
အဖေဗမာအမေဗမာ
အမေစုလည်းဗမာစစ်စစ်
ဗမာပြည်ကပြည်သူတွေကလည်းထာဝရ
နွေးထွေးသောလက်အစုံနဲ့ကမ်းလင့်နေတယ်။
အမေပြန်လာမဲ့နေ့ကိုမျော်နေမှာပါ။
တပ်မတော်ဖခင်ကြီးရဲ့တဦးတည်းသောသမီး...
အကြွေစောစွာဖခင်မဲ့ဘ၀ကိုဖြတ်သန်းလာ
ရတဲ့အမေ့ကိုထာဝစဉ်မေတ္တာများပေးပါ။
တပ်မတော်သားများအားလုံး
ထားသင့်သည့်မေတ္တာတရားပါ။

Anonymous said...

ကမ္ဘာ့အလည်မှာ တင့်တင့်တယ်တယ် နဲ့  အရာဝင်ဖို့  ဒီလို လူမျိုးနဲ့ ဒီလို အရည်အချင်းတွေ ရှိဖို့ လိုတယ်ဆိုတာ . . . သိစေချင်သည် . . အထူးသဖြင့်တော့ ဟန်ဆောင်မွေးယူ၍ မရသော မျိုးချစ်စိတ်ဓါတ်ရှိဖို့ လိုအပ်သည် . . . .

မြန်မာကို ကမ္ဘာက အသိအမှတ်ပြုစေခဲ့သည့် အထင်ကရ ပုဂ္ဂိုလ်များထဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် နံပါတ် ၃ ယောက်မြောက်ဖြစ်လိမ့်မည်လို့ ယုံကြည်မိပါသည် . .

၁- ဗိုလ်ချုပ် အောင်ဆန်း (မြန်မာ့လွတ်လပ်ရေးကို အသက်အရွယ်နှင့် မမျှအောင် ထူးထူးချွန်ချွန် ရယူပေးခဲ့သူ - စိတ်ဝင်စားသူတိုင်း ဒီလင့်ခ်မှာ ၀င်ပြီး အသေးစိတ်ဖတ်နိုင်ပါတယ် - http://www.lubo601.com/2012/03/blog-post_28.html#more)

၂- ဦးသန့် ( ကုလသမဂ္ဂ အတွင်းရေးမှူးရာထူးကို ၁၀နှစ်ဆက်တိုက် တာဝန်ယူခဲ့ရသည့် ပထမဆုံးသော မြန်မာနိုင်ငံသား - စိတ်ဝင်စားသူတိုင်း ဒီလင့်ခ်မှာ ၀င်ပြီး အသေးစိတ်ဖတ်နိုင်ပါတယ် http://www.lubo601.com/2012/04/blog-post_632.html#more)

၃- ဒေါ်အောင်ဆန်းစုကြည် (မြန်မာ့ဒီမိုကရေစီကို စတင် မွေးဖွားပေးခဲ့သူ၊ မြန်မာကို ကမ္ဘာက ပြန်လည်အသိအမှတ်ပြု အရာသွင်းစေခဲ့သ - နောင်တစ်ချိန် သမိုင်းဝင်မည့် လူတစ်ယောက် ထူးခြားသည်က ပထမဆုံးသော မြန်မာအမျိုးသမီးဒီမိုကရေစီခေါင်းဆောင်) . .

Powered by Blogger.