ကင်ဂျုံအွန်း လူထုကို ပထမဦးဆုံး မိန့်ခွန်းပြောကြား

မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအွန်းဟာ လူထုရှေ့ကို ပထမဦးဆုံး အကြိမ် ထွက်လာပြီး ပြုံရမ်းမြို့ လူထုကြီးကို မိန့်ခွန်း ပြောကြားသွားရာမှာ ရန်သူတွေဟာ အဏုမြူဗုံး သုံးပြီး မိမိတို့တိုင်းပြည်ကို ခြိမ်းခြောက်နေတာတွေဟာ ကုန်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
အမျိုးသားရေး ဂုဏ်သိက္ခာက
 ပိုအရေးကြီး ကြောင်း ပြောကြားခဲ့
နောက်ပြီး စစ်တပ်ဟာ နည်းပညာတွေနဲ့ အင်အားတောင့်တင်း ခိုင်မာနေရင် နယ်ချဲ့သမားတွေ ဝင်ရောက် ချယ်လှယ်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။
မစ္စတာကင်ဟာ သူ့အဖိုးဖြစ်သူ မြောက်ကိုရီးယားကို တည်ထောင်သူ ကင်အီဆွန်းရဲ့ ရာပြည့်ပွဲ အတွက် ကြီးမားလှ စစ်ရေးပြ အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူက ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်း၊ ဒီထက် ပိုအရေးကြီးတာကတော့ အမျိုးသားရေး ဂုဏ်သိက္ခာဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်ကတော့ မြောက်ကိုရီးယားတို့ဟာ ဒုံးပျံတစင်းပစ်လွှတ်ရာ မအောင်မမြင် ဖြစ်ပြီး ပျက်ကျသွားခဲ့ပါတယ်။
အခု စစ်ရေးပြပွဲမှာတော့ ဆေးရောင်ချယ်ပြီး ပုံဖျက်ထားတဲ့ ဒုံးကျဉ်တလုံးကို ပြသခဲ့ရာ ဒါဟာ မြောက်ကိုရီးယားတို့ရဲ့ နောက်ထပ် ပိုမြိုကြီးမားတဲ့ လက်နက် ဖြစ်ပုံပေါ်တယ်လို့ အကဲခတ် တွေက ပြောပါတယ်။
ဒီဒုံးကျဉ်ဟာ တကယ်အစစ် ဖြစ်ခဲ့ရင်တော့ ဘယ်လို အသုံးပြုနိုင်မယ်ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

ဘီဘီစီ
ကင်ဂျုံအွန်း လူထုကို ပထမဦးဆုံး မိန့်ခွန်းပြောကြား ကင်ဂျုံအွန်း လူထုကို ပထမဦးဆုံး မိန့်ခွန်းပြောကြား Reviewed by သစ်ထူးလွင် on 05:08 Rating: 5

8 comments:

Min Nyo Syn said...

တိုင်းပြည်ကို ပြည်သူတွေကို ဆင်းရဲတွင်းထဲပို့နေတဲ့အစိုးရ..
ပြည်သူတွေငတ် ချင်ငတ်ပါစေ စစ်တပ်အင်အားတောင်တင်းရေးသာအဓိက လုပ်ဆောင်နေတဲ့အစိုးရ ဟာ ဘာအမျိုးသားရေးဂုဏ်သိက္ခာတွေများ ရှိတယ်ထင်နေလဲ ကင်အီဆွန်း ရယ် .. မေးချင်လှတယ်..
ဖွတ်ကနဲ ရေထဲကျ သွားတဲ့ နည်းပညာတွေကို တရုတ်နဲ့ရုရှားဆီကနေ ဘယ်လိုများရလဲဆိုတာ ဂုဏ်သိက္ခာရှိရှိရှင်းပြပါလား.....

Min Nyo Syn said...

တိုင်းပြည့်နဲ့ ပြည်သူတွေကို ဆင်းရဲတွင်းထဲ အငတ်ဘေးထဲ တွန်းပို့နေတဲ့ အစိုးရ တစ်ခုက ဘယ်လို အမျိုးသားရေး ဂုဏ်သိက္ခာကိုများ လိုချင်နေတာလဲ ကင်အီဆွန်း ရယ်လို့မေးလိုက်ချင်မိတယ်...
ရေထဲကို ဖွတ်ဆို ပြုတ်ကျသွားတဲ့ ဒုံးပျံ ကြီးရဲ့ နည်းပညာတွေကတော့ တရုတ်နဲ့ရုရှဆီကနေ အဲဒီ ဂုဏ်သိက္ခာတွေနဲ့လဲယူလိုက်တာများလား ....

တို့ခေတ် said...

ခပ်ပေါပေါပါဘဲ။ မင်း ကိုယ့်လူမျိုးတွေ ဘာဖြစ်နေလဲ ကိုယ့်တိုင်းပြည်ဘာဖြစ်နေလဲ ကြည့်ပြီးမှ စကားကြီး စကားကျယ် ပြော မင်းတို့လို စစ်အာဏာရှင်တွေကိုေ-ာက် ထင်မကြီးဘူး။

mg mg said...

ဒီကောင် အန္တာရယ်ကောင်

mg mg said...

ဒီကောင် အန္တရယ်ကောင် . မျက်စိကန်းအောင်လုပ်ထားတော့ ဒီစကားတွေ ပြောရဲတာ မစမ်းပါဘူး မသိရင်တော့ ဟုတ်သလိုလိုဘဲ . ဟ ဟား ဟား.. သနားပါတယ် သူ့ ပြည်သူတွေ...

ပုဂံစစ်သည် said...

မြောက်ကိုရီးယားတော့မသိဘူး။ တောင်ကိုရီးယားလူမျိုးတွေကတော့ ကျုပ်တို့လူမျိုးတွေကို ဆက်ဆံပုံက နှိမ်တယ်ဗျ၊ ဇာတ်လမ်းထဲကဟာကြည့်ပြီးတော့ ဒီလူမျိုးတွေကိုယဉ်ကျေးတယ်လို့ မထင်လိုက်နဲ့၊ အလကား အမေရိကား အထောက်အပံ့ နဲ့ချမ်းသာလာတဲ့နိုင်ငံက ဖင်ခေါင်းကျယ်နေ၊ သတ္တိကျတော့ တစ်စက်မှမရှိဘူး၊ ဒီလူမျိုးတွေကိုတော့ ကျုပ်ရွံမိတယ်၊ ကောင်းတဲ့လူတော့ရှိပါတယ်။ နည်းတယ်၊ သူတို့ကလဲပြောပါတယ် သူတို့လူမျိုးတွေရိုင်းကြောင်းကို ဝန်ခံတယ်၊၊

အောင်ဖြိုး said...

ပုဂံစစ်သည် ပြောတာကိုထောက်ခံပါတယ်ဗျာ

Kyaw said...

right မှန်လိုက်တာ ကိုပုဂံရာ.. တောင်ကိုရီးယားတွေ ဇာတ်ကားတွေမှာသာ ယဉ်ကျေးပြလိုက်ကျတာ သူတို့လောက်ယဉ်ကျေးတဲ့လူမျိုးမရှိတော့ဘူးထင်ရတယ်.. အပြင်နဲ့များ တက်တက်စင်လွဲ.... အရမ်းမိုက်ရိုင်းတဲ့လူမျိုးတွေ.... စကားပြောရင် အဆဲမပါရင် စကားမဖြစ်သလိုပြောနေကြတဲ့သူတွေ... ကင်ချီဆိုတာ ဇာတ်ကားထဲမှာပဲစားပြနေကြတာ အပြင်မှာ စားတောင်မစားဘူး ဘာလို့လည်းမေးတော့ ကြက်သွန်ဖြူစော်နံလို့တဲ့ ဒီကလူတွေကတော့ ကိုရီးယားအစားအစာ ဟဲ့ဆိုပြီး အားရပါးရမကောင်းလည်း အံကြိတ်စားနေကြတာ မြင်ပြီး စိတ်လေပါတယ်ဗျာ....ရေလိုက်လွဲတဲ့နေရာ ကျုပ်တို့မြန်မာကလူတွေ ထိပ်ဆုံးကဗျို့

Powered by Blogger.