ကျမ်းသစ္စာ ကျိန်ဆိုသော စကားရပ် ပြင်ဆင်ပေးရန် အစီအစဉ်မရှိဟု သမ္မတကြီး ဦးသိန်းစိန် ပြောကြား

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုယ်စားလှယ်များ ဘက်က တင်ပြထားသော မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သော စကားရပ်နှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် အစီအစဉ်မရှိကြောင်း သတင်းထောက်များသို့ပြောဆိုလိုက်
သည်။

မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်လာရန်ကို ကြိုဆိုပါကြောင်း သို့ရာတွင် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော လွတ်တော်အမတ် နေရာရယူ၍ လွှတ်တော်တက်ရေး မတက်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပေါ်တွင်သာ မူတည် ပါကြောင်း သတင်းထောက်များသို့ ပြောဆိုခဲ့သည်ဟု AFP သတင်းဌာနက ရေးသားသည်။

NLD ပါတီက ကိုယ်စားလှယ်များ ပြင်ဆင်စေလို့သည့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရသည့် စာသားများမှာ လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများတွင် သာမက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရကြောင်း၊ အခြေခံ ဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်၌သာ ပြင်ဆင်ခွင့် ရှိပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြု၍ ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်ပြီး အချို့သော ပြဋ္ဌာန်းချက်များဆိုလျှင် လူထု ဆန္ဒခံယူပွဲပါ ပြုလုပ်ပေးရမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ထို့သို့ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို နိုင်ငံတော် သမ္မတရုံးနှင့် အခြေခံဥပဒေ ခုံရုံးတို့က လုပ်ပိုင်ခွင့် မရှိဘဲ ပြည်ထောင်စု လွှတ်တော်ကသာ လုပ်ပိုင်ခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။
The Voice Weekly
ကျမ်းသစ္စာ ကျိန်ဆိုသော စကားရပ် ပြင်ဆင်ပေးရန် အစီအစဉ်မရှိဟု သမ္မတကြီး ဦးသိန်းစိန် ပြောကြား ကျမ်းသစ္စာ ကျိန်ဆိုသော စကားရပ် ပြင်ဆင်ပေးရန် အစီအစဉ်မရှိဟု သမ္မတကြီး ဦးသိန်းစိန် ပြောကြား Reviewed by သစ်ထူးလွင် on 16:34 Rating: 5

5 comments:

Lion King said...

ဘာဘဲဖြစ်ဖြစ်...
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲမှာမြင်ချင်ပါတယ်။

ဇာမဏီ said...

လူထုဆန္ဒခံယူပွဲ လုပ်လိုက်လေ ကြာသလားလို့ .။
၂၀၁၅ ထိစောင့်မနေဘဲ အထွေထွေပြည်လုံးကျွတ် ရွေးကောက်
ပွဲပါ ကျင်းပလိုက် ခုချက်ချင်း ကြာသလားလို့ ။ဘယ်လိုလဲ
ဖွတ်မင်းများ ၊ သတ္တိရှိသလား၊ကိုယ့်ကိုကိုယ် ယုံကြည်သလား ။
ကိုယ့်ကိုကိုယ် မယုံကြည်ကြလို့ အဲဒီ အခြေခံ ဥပဒေ ဆိုတာကြီး
ကို ဖက်တွယ် ကာကွယ်နေကြတာ မဟုတ်ဘူးလား။။ ဟင်းဟင်း
လွန်တာရှိရင် ၀န္ဒာမိပါ။

အမေစုကို ချစ်တဲ့သား said...

သူတို့လုပ်ရပ်တွေမဟုတ်တာကိုသိမှာဆိုလို့ထင်ပါတယ်

ryanhla said...

ကျမ်းသစ္စာ ကျိန်ဆိုရသည့် စာသားများမှာ လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများတွင် သာမက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံမည့်သူများသိထားသင့်သောအချက်ဖြစ်ပါသည်။
အခြေခံဥပဒေကိုကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေလေးစားလိုက်နာရမည်ကပြည်သူများ၏တာဝန်ဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များသည်ထိုအခြေခံဥပဒေကြောင့်ဖြစ်လာခဲ့ကြသူများ။ပြည်သူများကိုကိုယ်စားပြုသူခေါင်းဆောင်များဖြစ်ကြသည့်အားလျော်စွာထိန်းသိမ်းစောင့်ရှောက်သင့်သူများဖြစ်ပါသည်။
အပြင်မှာမပြောဘဲလွှတ်တော်ထဲမှာပြောရမည့်အရာများဖြစ်ပါသည်။ဒီလိုလုပ်ချင်လို့ဝင်လာကြတာဆို။

Anonymous said...

ပြည်သူ့အကျိုးအတွက်လုပ်မှာဆိုရင်လွှတ်တော်ထဲမြန်မြန်ဝင်ပြီးလုပ်ကြပါ။
မိမိပါတီတစ်ခုလိုချင်တာမရတာနဲ့ဒီလိုလုပ်နေမယ်ဆိုရင်ပြည်သူကိုစော်ကားရာ
ကြပါတယ်။

Powered by Blogger.