ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုသည့် စာသား များကို ပြင်ဆင်ပေးရန် အဆိုတင်သွင်းခြင်းမရှိ

အစားထိုးပြောင်းလဲထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကတိသစ္စာပြုနေကြစဉ်။ (The Express Times)
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အကြံပြုထားသော လွှတ်တော် ကိုယ်စားလှယ် ကျမ်းသစ္စာ ကျိန်ဆိုသည့် စာသား များကို ပြင်ဆင်ပေးရန် အဆိုတင်သွင်း သွားမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ ကိုယ်စားလှယ် ဦးရေ အများဆုံး ရရှိထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ဧပြီလ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော် မကျင်းပမီ ပြောကြားသည်။

ပထမကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် စတင် ပြုလုပ်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။

နေပြည်တော်၌ ယနေ့ စတင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ တစ်နာရီခန့်သာ ကြာမြင့်ခဲ့ပြီး မွန်းလွှဲ ၂နာရီခန့်တွင် ပြီးဆုံး သွားခဲ့ကြောင်း ယနေ့ အစည်း အဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင် စေလိုသည့် စကားရပ် များကို ဆွေးနွေးခြင်း မပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

အလားတူ ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပခဲ့သော အမျိုးသား လွှတ်တော် အစည်း အဝေး မှာလည်း နံနက် ၁၁ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် ၂၀ဦး ကျမ်းသစ္စာကျိန်ဆိုခြင်း၊ မေးခွန်းများ ဖြေကြားခြင်း အစီအစဉ်တို့ကို ပြုလုပ်ခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရှိရသည်။

 The Voice Weekly
ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုသည့် စာသား များကို ပြင်ဆင်ပေးရန် အဆိုတင်သွင်းခြင်းမရှိ ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုသည့် စာသား များကို ပြင်ဆင်ပေးရန် အဆိုတင်သွင်းခြင်းမရှိ Reviewed by သစ်ထူးလွင် on 16:44 Rating: 5

4 comments:

ဇာမဏီ said...

ဒီ ယူနီဖောင်းကြီးတွေမြင်ရင် တိုင်းပြည်ကောင်းကျိုးဆောင်ရွက်
ပါ့မယ်လို့ သေအောင် ကျိန်ပြော ယုံကို မယုံတတ်တော့တာဗျို့ ။
ခွင့်လွှတ်ပါဗျာ ....တိုင်းပြည်ကို အမှန်တကယ်ကာကွယ် ချစ်မြတ်
နိုးကြတဲ့ တပ်မတော်သားကြီးများကို တောင်းပန်ပါတယ် ။

Loune Loune said...

ပါလေရာ ငပေါ တွေ

Unknown said...

အမှန်ဆိုရင်တော့ ဒီယူနီဖောင်းကြီးဟာ အရမ်းကျက်သရေရှိတဲ့ ၀တ်စုံကြီးပါ။
ဒို့ဗိုလ်ခူပ် အောင်ဆန်းတောင် ၀တ်ဆင်ခဲ့သေးတာပဲ။ဒါပေမဲ့ အခုကြတော့
အိမ်မွေးခွေလောက်တောင် (မိမိနိုင်ငံ ကို)ဟုတ်ပါဘူး သခင်ကို၊ မသိသူတွေ ၀တ်ဆင်ခဲ့သောကြောင့် ဒီယူနီဖောင်းကြီးရဲ့ ပါဝါတွေကို လူတွေကအယုံကြည်ကင်းမဲ့လာတယ်။
ဒီဝတ်စုံကြီးကိုဝတ်ဆင်ပြီး မိမိနိုင်ငံ၊
လူမိုးကိုချစ်တဲ့ တပ်မတော်သားတွေ၊ကြီးတွေ
ကို ကျနော်မဆိုလို။ ခွင့်လွတ်ပါရန်တောင်းပန်ပါသည်။

Anonymous said...

အောင်မလေး...ကြောက်စရာကြီး
ရုပ်ရည်ရူပကာကိုကချစ်မွေးမပါပါဘူး။
ဘယ်တင်သွင်းမလဲ..တိုင်းပြည်ကိုဘယ်လို
ကောင်းအောင်လုပ်ရမလဲဆိုတာပညာမတက်တော့
ဘာမှသိပုံမရပါ။

Powered by Blogger.