ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်သတင်းစာရှင်းပွဲ

ရန်ကုန်မြို့ပြည်ထဲဝန်ကြီးရုံးဟောင်း(ယ္ခုပါတ်စ်ပို့စ်ရုံး) သတင်းတပ်ဖွဲ့ရုံးခန်းတွင် သတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဝင်းနိုင်ထွန်း ဦးဆောင်သောအဖွဲ့မှ ယနေ့နေ့လည်(၂)နာရီတွင် မီဒီယာများအားသတင်းစာရှင်းပွဲပြုလုပ်ခဲ့သည်။ 

၂၀၀၃ခုနှစ် ဒီပဲရင်းလုပ်ကြံမှုအရေးအခင်းတွင် စစ်ထောက်လှမ်းရေးမှ ဦးခင်ညွှန့်အမိန့်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ခဲ့ရသည်ဟု ဘန်ကောက်စ်ပို့သတင်းစာသို့ပြောဆိုခဲ့မှုကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးဟောင်းတဦးက ဦးခင်ညွှန်သည် ဒီဲ့ရင်းအရေးအခင်းနှင့်ပါတ်သက်ပြီး မည်သည့်သတင်းဌာနများသို့ ပြောကြားခြင်းမရှိခဲ့ကြောင်းကို ဦးခင်ညွှန် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပြီးချိန်တွင် မီဒီယာသို့ပြောကြားခဲ့သော" ကျတော်နိုင်ငံလုပ်ဖို့အစီအစဉ်မရှိပါဘူး" ဆိုသည့်စကားကိုကိုးကားပြောဆိုခဲ့ကြောင်းသတင်းရရှိသည်။
 
ဘန်ကောက်ပို့စ်ဆိုတာ သြဇာကြီးမားတဲ့မီဒီယာတခုဘဲဗျာ….
. မပြောဘဲနဲ့တော့ ရေးမယ်မထင်ဘူးဗျ။ သတင်းမီဒီကျင့်ဝတ်အရလေဟု ပြည်တွင်းသတင်းထောက်က သူ့ရဲ့အမြင်ကိုပြောပြခဲ့သည်။ ဦးခင်ညွှန့် ဒီပဲရင်းအရေးအခင်းကို ထုတ်ပြောလိုက်တော့ နိုင်ငံရေးအသိုင်းရော၊ပြည်သူတွေကြားရော အတော်လေးကို အံ့သြသွားကြတာ၊ နောက်ရက်သိပ်မကွာဘဲ သာနာဘောင်ဝင်သွားတယ်ဗျာ….ဦးခင်ညွှန့်ပြန်အဖမ်းခံရမှာစိုးလို့ ပဇင်းတက်သွားပြီဆိုတဲ့စကားတွေ နေရာအနှံမှာပြောနေကြကြောင်းဆက်လက်ပြောပြပါသည်။
 
နိုင်ငံရေးအသိုင်းအဝန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်တွေဟာ သင်ပုန်းချေရေးလမ်းစဉ်နဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းကို သွားနေတဲ့အချိန် ဦးခင်ညွှန်ရဲ့ ယ္ခုလိုအစဖေါ်အတိတ်ကိုမီဒီယာကနြေေ
ပာလိုက်ခြင်းဟာ မြန်မာ့နိုင်ငံရေးအတွက်ကြီးမားတဲ့အနှောင့်အယှက်တခုဖြစ်နိုင်တယ်လို့ သုံးသပ်ကြကြောင်းသိရသည်။
 
ယ္ခုသတင်းစာရှင်းလင်းပွဲဟာ ထူးခြားမှုတခုဖြစ်တာကအမှန်ပါ။ ပြောခဲ့တဲ့ကာယကံရှင်က အများတွက်ဆကြသလို ပြောဆိုပြီးသာသနာ့ ဘောင်ဝင်ရောက်သွားပြီး သတင်းတပ်ဖွဲ့ကဗိုလ်မှူးဟောင်း
တဦးကဦးခင်ညွှန့်ကိုယ်စား ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်သတင်းစာရှင်းပွဲတခုအဖြစ်တင်ပြလိုက်ရပါသည်။

 Myanmar News Now

 (ပုံမှာ ယနေ့ ၁၁.၄.၂၀၁၂ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထဲရေးရုံးဟောင်းအတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်အား တွေ့ရစဉ်)

ဓာတ်ပုံ- ဥက္ကာကိုကို (
7Day News Journal)
ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်သတင်းစာရှင်းပွဲ ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်သတင်းစာရှင်းပွဲ Reviewed by သစ်ထူးလွင် on 16:37 Rating: 5

22 comments:

sean said...

ဇီးရိုး ကွန်မန့်ပါ မပြောကြတာအကောင်းဆုံးပါဘဲ ...အကောင်းတွေမျှော်လင့်ချင် နေလို့ပါ...

a said...

ဘာတွေလဲ၊နောက်ဆုံးအရွယ်တွေထိလိမ်တုံး၊ညာတုံးလှည့်တုံး၊ခင်ညွန့်ဘာတွေလုပ်ခဲ့လည်းဆိုတာမေ့သွားပုံရတယ်၊ရောက်မဲ့နေရာကိုတွေးမိလို့သွေးပျက်သွားတာလား။

sean said...

ဇီးရိုး ကွန်မန့်ပါ မပြောကြတာအကောင်းဆုံးပါဘဲ ...အကောင်းတွေမျှော်လင့်ချင် နေလို့ပါ...

Your sister said...

ဘာကြောင့် သတင်းတပ်ဖွဲ့မှ ရဲမှူးက သတင်းစာရှင်းလင်းပွဲလုပ် ရတာလဲ ..ဗိုလ်ချုပ်ခင်ညွန့်က အရပ်သားဖြစ်နေပြီလေ.. အရပ် သားတစ်ယောက်ကိုယ်စား ရဲကဘာကြောင့်ရှင်းပေးရတာလဲ..။ ပါခဲ့တဲ့လူတွေ.. အိပ်မပျော်ဖြစ်နေကြပြီလား..။အဲဒါကြောင့် ချက်ချင်း ရဲကိုသတင်းစာရှင်းလင်းပွဲလုပ်ခိုင်းတာပေါ့..။

Myanmar said...

တစ်ခုလောက်များ ပြောခဲ့ပါရစေ အပြစ်ဒဏ်ကို ရှောင်ခြားချင်လို့ သာသနာ့ဘောင်ဝင်တယ်လို့ပြောရအောင် ဒါဆိုရင် ဘုရားရှင်တော်ထားခဲ့တဲ့သသနာက အပြစ်ရှိသူတွေခိုးအောင်ရာဖြစ်မနေပေဘူလား၊ တကယ်လို့ သာသနာ့ဘောင်ဝင်ရင် အပြစ်လွတ်တယ်လို့ပြော၇အောင် ဦးဝီရသူစသည့်ဆရာတော်တွေ ဘာလို့များ ထောင်ထဲရောက်ပါလီမ့်..။

Myanmar said...

တစ်ခုလောက်များ ပြောခဲ့ပါရစေ အပြစ်ဒဏ်ကို ရှောင်ခြားချင်လို့ သာသနာ့ဘောင်ဝင်တယ်လို့ပြောရအောင် ဒါဆိုရင် ဘုရားရှင်တော်ထားခဲ့တဲ့သသနာက အပြစ်ရှိသူတွေခိုးအောင်ရာဖြစ်မနေပေဘူလား၊ တကယ်လို့ သာသနာ့ဘောင်ဝင်ရင် အပြစ်လွတ်တယ်လို့ပြော၇အောင် ဦးဝီရသူစသည့်ဆရာတော်တွေ ဘာလို့များ ထောင်ထဲရောက်ပါလီမ့်..။

The Nature Myanmar said...

ခင်ဗျားတို့ကသာ သတင်းစာရှင်းလင်းပွဲလုပ်တယ်...
ဦးအောင်လင်းထွဋ္ဋ်ကတော့ ဟုတ်မှန်ကြောင်း ၀န်ခံထားတာ ဘယ်လိုလုပ်မလဲ...သူကကေါ သတင်းစာ ရှင်းအုံးမှာလား...
ဒါပေမဲ့ ခုအချိန်မှ ခင်ဗျားတို့ ထုတ်ပြောတာ မရိုးသားဘူးဗျ...
လွှတ်တော်တက်ကြတော့ဗျာ...နိုင်ငံတည်ဆောက်ကြတော့မယ်...
နောက်ထက် တိုင်းပြည်မှာ ဒါမျိုးမဖြစ်စေချင်ဘူးလို့ သတိပေးထားတယ်...
တိုင်းပြည်ကို နောက်ပြန်လှည့်ဖို့ လုပ်ရင်တော့...ဘယ်သူမဆို နိုင်ငံသားအားလုံးရဲ့ အမုန်းကို ဆွေစင်မျိုးဆက် ခံရလိမ့်မယ်....

Minn Aung said...

ထောလှမ်းရေး ပါးစပ်တွေပီသပါပေ့ အံ့ရောပဲ

Anonymous said...

ဦးခင်ညွန့် ဒီစကားကို ပြောခဲ့သည်ဖြစ်စေ မပြောခဲ့သည်ဖြစ်စေ ဒီဖြစ်စဉ်ဟာ မြန်မာ့နိုင်ငံရေးအတွက် သိပ်အရေးကြီးတယ်။ လက်ရှိအာဏာရအစိုးရကော ယခင် အနားယူသွားတဲ့ ပုဂ္ဂိုလ်တွေကိုကော မေတ္တာရပ်ခံလိုတာက တိုင်းပြည်မျက်နှာကိုသာ ကြည့်ပြီး သဘောထားကြီးကြီးဖြင့် ရှေ့ဆက်ကြပါ။ ထိုင်းက နာပေါ်ဒုတ်ကျစေတဲ့ အစကိုဆွဲပြီး မြန်မာ့နိုင်ငံရေးကို ၀င်နှောက်တာဘဲ။ ဒါ တော်တော်ကို အကြံပက်စက်တယ်။ မြန်မာဆင်းရဲလေ ထိုင်းက ၀မ်းသာလေ အကျိုးမြတ်များများရလေဆိုတာ သူတို့အတွက် မွေးရာပါ ပြဌာန်းထားတဲ့အသိဘဲ။ နောင် ဒါမျိုးတွေ ဒီထက်ဆိုးတဲ့အဖြစ်မျိုးတွေ ကြုံလာဦးမှာ သတိကြီးကြီးဖြင့်သာ ရှေ့ဆက်ကြပါ။ မြန်မာအပေါ် အတွင်းကောက် ကောက်တဲ့လူမျိုးထဲမှာ ထိုင်းက အမြဲတန်း နံပတ် ၁ ဆိုတာ မမေ့ကြနဲ့။

Myanmar said...

ခက်တော့လဲခက်သား ပြည်တွင်းမှာ ပြောတဲ့လူလဲလူကိုယ်တိုင်ကြီး၇ှိနေပါလျှက်ကနဲ့ ကာယကံ၇ှင်ကို ကျော်ပီး ငါ့စကားနွား၇လျှောက်ပြောနေကြတယ်။ ၇ှင်းချင်၇င်လွယ်လွယ်လေး ပြောတဲ့လူေ၇ာ ဗျူးတဲ့လူေ၇ာ နှစ်ယောက်လုံးပြည်တွင်းမှာ၇ှိတဲ့ တနည်း၇န်ကုန်မှာဘဲ၇ှိနေကြတဲ့ သာမန်ပြည်သူတွေထဲက ပြည်သူနှစ်ဦးပါ။ ၇ှင်းနေတာကို ၇ှုပ်အောင်လုပ်တာ၇ဲ့ သဘောက အမှန်ကို အမှား၊ အမှားကို အမှန်လုပ်ချင်တဲ့အခါမှာ ဖြစ်တတ်တဲ့သဘောတွေပေါ့ဗျာ။ ။

စစ်ကိုမုန်း said...

ဘန်ကောက် ပို့(စ) ကို လှမ်းပြီး confirm လုပ်လိုက်ရင် ပြီးပါပြီ... သတင်းဌာနကြီးတခုပဲ.... မမှန်ပဲနဲ့ မရေးနိုင်ပါဘူး.. ဒါပေမယ့် ဦးခင်ညွန့်ရဲ့ အင်တာဗျူးကတော့ ပြုပြင်ပြောင်းလဲ ရေး လုပ်နေတဲ့အချိန်အတွက် အလွန်အန္တရယ်များတဲ့ ကိစ္စပဲ..

Bravo said...

အဲဒါကြောင့်ပြောကြတာ မိုးလုံးပြည့်မုသာဝါသာဆိုတာ သူတို့မှအစစ်ဆိုတာ။
တကယ့်ကို သပွတ်အူလိုရှုပ်ရှက်ခပ်နေအောင်ကို အလိမ်အခေါက်တွေ များလွန်းပါပေတယ်။

ကိုယ်တော်ချော said...

ဘာတွေမှန်းကို မသိဘူး ရှုပ်နေတာပဲ

cherish said...

ကိုလေးဖြူပြီးတော့ ဦးခင်ညွန့်ပေါ့

purewhite said...

လက်ရှိတိုင်းပြည်ကောင်းစားတော့မယ့်အရိပ်အယောင်ပြနေပြီ။ အနီးကပ်ဆုံးအိမ်နီးချင်းများကိုသတိထားကြပါ။ အမေစုကိုယ်တိုင်တောင် ဒီကိစ္စကိုမေ့ထားခဲ့တာ။ မြန်မာလူမျိုးတွေကို သူတို့ရဲ့ကျွန်အဆင့်လောက်ပဲ သဘောထားချင်တဲ့အိမ်နီးချင်းတိုင်းပြည်တွေကို သတိထားကြရအောင်။ သူများလှည့်ကွက်တွေထဲမပါသွားဖို့သတိထားကြပါ။ သူတို့တိုင်းပြည်တွေမှာရောက်နေတဲ့ ကျွန်မတို့နိုင်ငံသား အလုပ်သမားတွေကို ဒီနိုင်ငံကို ပြန်ခေါ်နိုင်ဖို့အတွက် ၀ိုင်းဝန်းကြိုးစားကြရအောင်ပါ။ သမ္မတကြီးနဲ့ အမေစုတို့ရဲ့တိုင်းပြည်တိုးတက်ရေးအကောင်အထည်ဖော်နေချိန်မှာ ဘယ်လိုအကြောင်းကြောင့်မှ လမ်းကြောင်းသွေဖယ်သွားမှာမျိုးကို မလိုလားပါ။

ကိုကို said...

စစ်အစိုးရကအမြဲတမ်းလိမ်နေကြ၊သူတို့ပြောတဲ့ဟာတွေကို
လူထုကပြောင်းပြန်ကောက်ရမယ်ဆိုတာ.ဖေါ်မြူလာပဲ.
ဦးခင်ညွန့်ကမပြောဘူးဆိုတော့.ဖေါ်မြူလာအရ.ပြောခဲ့တာအမှန်ပဲ.
အမေစုကိုသတ်ဖို့လုပ်ခဲ့တာ.သန်းရွှေပဲဆိုတာဝန်ခံလိုက်တာပဲ
စစ်ဗိုလ်လုပ်နေပီး.ဂဌုန်သန်းရွှေဖြစ်မှာ.ခုမှကြောက်မနေကြနဲ့.

ဘကြီးမောင် said...

စဉ်းစားဖို့ရှိနေပြီ....ဦးခင်ညွှန့်အတွက် ပြည်ထဲေ၇းက ဘာလို့ဝင်ပြီးရှင်းပေး ရတာလဲ..နောက်ကွယ်မှာ ဦးခင်ညွှန်အာဏာရှိနေတဲ့ သဘောလား..(သို့) သူတို့ လုပ်ခဲ့တာကို ဦးခင်ညွှန်က ဖွလို့ပြန်ပြီးထိမ်းတဲ့ သဘောလား၊ကာယကံ ရှင်က နှစ်ယောက်၊(၁) ဦးခင်ညွှန့် (၂) ဦးမြင့်ရွှေ တစ်ယောက်ယောက်က အမှန်အတိုင်း ၀န်ခံလိုက်ရင် ရှင်းသွားမယ်...သူတို့ ပြောတဲ့ အတိုင်းမှန်ခဲ့တယ်ဆိုရင်တော့ ဦးသန်းရွှေတို့ အုပ်စုတွေကတော့ သေပြီဆရာပဲ........သေချာတာတစ်ခုကတော့ ဒီသတင်းကို NLD နိုင်မှာ ထုတ် လိုက်တာဆိုတော့ အင်း..........စဉ်းစားကြ....စဉ်းစားကြ....???????

lwannaymie said...

ဒီသတင်းကရှင်းရှင်းလေးပါ...အဖြေကနှစ်မျိုးဘဲထွက်ပါတယ်။
(၁)ဒီသတင်းမဟုတ်ဘဲ...ဘန်ကောက်ပို့စ်ကသတင်းထည့်ရင်...သူတို့ကို...တရားစွဲပြရပါမယ်...သတင်းစာရှင်းလင်းပွဲလုပ်စရာကိုမလိုပါဘူး။
(၂)ဒီသတင်းအမှန်ဆိုရင်...ခင်ညွှန့်က...(သူဟာကယ်တင်ရှင်ဖြစ်ပြီး၊...အမေစုနဲ့လက်ရှိ...သန်းရွှေလက်ကျန်လူတွေ၊စိတ်ဝင်ကွဲသွားနိုင်ပါတယ်။)
နှစ်မျိုးလုံး...သုံးစားလို့မရတဲ့...အမှိုက်ကိစ္စပါ။ ရှင်းရှင်းလေးပါ၊အဲဒါအဖြေဘဲ။
ဒါနဲ့...(ခင်ညွှန့်က...လက်ရှိသာမန်လူပါ၊ ဘာ့ကြောင့်...သတင်းတပ်ဖွဲ့မှ...ဒုရဲမှုးကြီးဝင်းနိုင်ထွန်းက...ရှင်းပေးရတာလဲ...တခုခုမှားနေပြီ....?????)
(မှတ်ချက်--မည်သူ့ဘက်မှမလိုက်ပါ။)

မြတ်စန္ဒာ said...

ဦးခင်ညွန့် ထုတ်ပြန်တဲ့ ဒီပဲယင်းလုပ်ကြံမှုမှာ ထောက်လှမ်းရေးက အမေစုကို ကယ်တင်လိုက်ရတယ်ဆိုတာမှန်ပါတယ်။ ကျွန်တော်တို့ အတွင်းလူများ ဒီသတင်းကို သိကြပါတယ်။ ဦးခင်ညွန့်ကို ဖြုတ်ရတဲ့ အချက်ထဲမှာ တစ်ချက်အပါအ၀င်ပါ။ နောက်တစ်ချက်ကတော့ ဒုချုပ်ဦးအေးရဲ့ တပည့်များ ဗိုလ်ချုပ်ထွန်းကြည်တို့ အဖွဲ့ကို ဖြုတ်ခြင်းကတော့ ဒုတိယအချက်ပါ။-------

Anonymous said...

ဒီကိစ္စဘယ်သူ့လက်ချက်ဆိုတာစဖြစ်ဖြစ်ချင်း
စဉ်းစားတက်တဲ့ပြည်သူတိုင်းသိကြပါတယ်။
အမေစုမှာရန်သူဆိုလို့ဆန့်ကျင်ဘက်စစ်အာဏာရှင်
တွေပါပဲ။မြန်မာပြည်သူတွေကိုနာကျင်ထိခိုက်မှု
ဘာကိုမှမလုပ်ထားတဲ့အမေစုကိုမုန်းတဲ့သူမရှိလို့
တထစ်ချပြောရဲတယ်။ဒီအတွက်ပြည်သူပို့သတဲ့မေတ္တာနဲ့
အမေမသေခဲ့တာပါ။မြန်မာနိုင်ငံမှာအင်အားကြီးတဲ့
စစ်အာဏာရှင်တွေကသာအရာရာလုပ်ကြံနိုင်စွမ်း
ရှိနေတော့ခံခဲ့ရတာအမေစုကိုယ်တိုင်လည်း
သိနေတယ်။သို့သော်အမေဟာပြည်သူ့မျက်နှာတခုနဲ့
အရာရာခွင့်လွတ်နားလည်သီးခံခဲ့လို့စစ်အာဏာရှင်
တွေဥပက္ခာပြုလို့မရနိုင်တော့ပါ။ယနေ့အမေ့ကို
လက်ကမ်းပေးနေရပြီလေ...
လက်နက်ကိုင်စစ်အာဏာရှင်တွေကို
အမေစုကမေတ္တာတရားနဲ့အနိုင်ယူနေပြီမို့
အမေ့မေတ္တာဆူးပါစေ....
ဒီကိစ္စဟာအမေသည်ပြည်သူတွေအတွက်
အသက်ပါရင်းခဲ့သူလို့သမိုင်းမော်ကွန်းထိုးပေးနိုင်ပါစေ...

luthaar said...

သန်းရွှေခင်ညွန့် ကိစ္စ။ အမေစု က လိုက်ပိုက်ကြည့်နေရုံ-ဒါက ဒုတိယကိစ္စလို့မြင်ပါတယ်။ ပထမကိစ္စက ဦးသိန်းစိန်-ဒေါ်စု ရှေ့ဆက်မဲ့ လမ်းကြောင်းဖြောင့်ဖြူးဖို့ -အဲဒါဦးစားပေးရမယ်။ ဒုတိယကိစ္စက သူတို့ နှစ်ဦးသာလျှင် ဘယ်သူအထုပ်ဖြေမလဲ စောင့်ကြည့်ရုံပဲ။

Anonymous said...

ဦးခင်ညွန်.ကိစ္စက သေးသေးတော.မဟုတ် .... သူ.ဆီကသိမ်းပြီးဝေစုခွဲယူထားတာတွေပြန်ပေးပြီး ... သူ.ကိုပြန်ယူမလား ... သူ.ကိုအစဖျောက်မလား ? ... တခုခု လုပ်ဖို.ရှိမှာပါ ၊ သူသိထားတဲ. အရင် CASE တွေကအများကြီး ပါ .....

Powered by Blogger.