ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား

ငပလီကမ်းခြေ၏ ရေမိုင် ၁၅ မိုင်အကွာရှိ ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးညွှန့်များမှာ တစ်နာရီလျှင် တစ်ကြိမ်တက်လာလျှက်ရှိနေကြောင်း သတင်းရရှိသည်။
7Day News Journal
----------------------------------------------
 သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ထိုကျွန်းကို ဒေသခံများက ကျွန်းနံ့သာဟု ခေါ်ကြပြီး သံတွဲကမ်းခြေနှင့်မဝေးလှကာ၊ ကျွန်းအနီးပင်လယ်ပြင်ထဲမှ ပြာမှုန်များ လေထဲသို ပေလေးငါးဆယ်ခန့်အမြင့်အထိ ထိုးတက်နေသည်ကိုမြင်ရကြောင်းသိရသည်။
 Popular Myanmar News Journal
ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား Reviewed by သစ်ထူးလွင် on 17:16 Rating: 5

10 comments:

အိတုတ် said...

နွေခေါင်ခေါင်မိုးသီးတွေလည်းကျ မီးတောင်တွေလည်းပေါက် နဲ့ ဘာတွေဖြစ်နေပြီးလည်းနော်

Anonymous said...

ကျေးဇူးဗျာ.. အဲဒီကျွန်းနံသာက မီးတောင်မှန်းခုမှသိရတယ်။ ကမ္ဘာကြီး ဘာတွေဖြစ်နေပြီလဲမသိ..

ကျော်လင်းနိုင် said...

ကောင်းတဲ့ အတိတ်နိမိတ်လား မကောင်းတဲ့ အတိတ်နိမိတ်လားတော့ မသိဘူး....:(

ကိုကို said...

အဲ့ဒါမင်းဆိုးမင်းညစ်ရှိလို့ပေါ့ကွ.

fairydaffodil said...

အင်း..သဘာဝဘေးအန္တာရာယ်ကြီးက ရှောင်လို့လဲ မလွတ်..ကြာလေ ကြာလေ ပိုးဆိုးလာပါလား....လူတွေလဲ အကုသိုလ် အလုပ်တွေကင်းပြီး ကုသိုလ်တွေနဲ့ နှစ်သစ်မှာ ပျော်မွေ့နိုင်ကြပါစေ...

Tri Asian Taste said...

ဟ... အိတုတ်ရ အဲဒါဟိုဒင်းဖြစ်တာပေါ့ဟ..... နင်တော်တော်အတာဘဲ.. ငါလည်းတိတိပပ ပြောမတတ်ဘူး......

tat said...

မြေပေါ်မြေအောက် ပြောင်းလည်းနေပါလားနော်

ကြိုးကြာ said...

အမှန်ပါပဲလောကကြီးဘာတွေဖြစ်နေပြီလဲမသိဘူး။...ဘုရားကပြနေတာလောကကြီးအကြောင်းကို။

ဟိန်းထက်စိုး said...

ငပလီမှာနေထိုင်သောသူများ ဘေးကင်းကြပါစေ

သားချောလေး said...

ကျေးဇူးပါပဲဗျာ သတင်းထူးလေး သိ၇လို့...

Powered by Blogger.