မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအဖွဲ့ရုံးဖွင့်လှစ်

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအဖွဲ့ရုံးကို ယနေ့ဧပြီလ၂၈ ရက် မွန်းလွဲ ၃နာရီခွဲက ရန်ကုန်တိုင်းဒေ သ ကြီး ဗဟန်းမြို့နယ် အင်းယားမြိုင်လမ်း ခြံအမှတ် ၄၅ မှာဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ အဆိုပါရုံးဖွင့်ပွဲကို မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ မစ္စစ် ကက်သရင်း အက်ရှ်တန်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့်ဇနီးတို့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ယခုဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးနှင့်ပက်သက်၍ လက်ရှိတွင် ဌာနေကိုယ် စားလှယ်အဖြစ်ခန့်အပ်ထားခြင်းမရှိသေးသလိုရုံးအဖွဲ့တာဝန်ခံအနေဖြင့်လည်း ခန့်အပ်ထားခြင်းမရှိသေးကြောင်း သိရသည်။
Popular Myanmar News Journal
မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအဖွဲ့ရုံးဖွင့်လှစ် မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအဖွဲ့ရုံးဖွင့်လှစ် Reviewed by သစ်ထူးလွင် on 01:28 Rating: 5

1 comment:

saw said...

အခုအခါမှာ မြန်မာနိင်ငံမှာ နိင်ငံခြားရင်းနှီးမြှပ်နှံမူတွေများပြားလာပါတယ်.ဒီလိုများလာတာ ပာာနိင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပိုများလာပါတယ်.ဒါတွေအားလုံးက အမေ့ရဲ.ကျေးဇူးတွေကြောင့်ပါ.အစကတည်းကသာ အစိုးရက အမေ့ကို လုပ်ပိုင်ခွင့်ပေးခဲ့ရင် မြန်မာနိင်ငံသားတွေ အခြားနိင်ငံတွေမှာ အလုပ်လုပ်စရာမလိုဘဲ အိုးမကွာအိမ်မကွာနဲ့အလုပ်ရလွယ်မှာ.တစ်ကိုယ်ကောင်းဆန်တဲ့သူတွေကြောင့် စီးပွားရေးကျဆင်းရတာပါ.အမေ့ရဲ.ကျေးဇူးကြောင်.ပြည်ပရင်းနှီးမူများပြားလာလို့ အမေ့ကို ကျေးဇူးတင်ပါတယ်.

Powered by Blogger.