စည်ပင်သာယာ ဈေးသည်တွေဆီက အခွန် မတရားကောက်ခံနေ (ရုပ်/သံ)

 
ရန်ကုန်တိုင်း တွံတေးမြို့ မြို့မဈေးအနီး ဈေးရောင်းနေကြတဲ့ ဈေးသည်တွေဆီက စည်ပင်သာယာ က အခွန်မတရားတိုးမြင့် ကောက်ခံနေတာကြောင့် ဈေးသည်တွေမှာ အခက်တွေ့နေကြပါတယ်။
ဈေးသည်တွေဟာ အဆင့်အတန်းခွဲခြားတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ စည်ပင်သာယာ ၀န်ထမ်းအချို့ရဲ့ ပြောဆိုဆက်ဆံမှုတွေကို ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် ဈေးအနီးမှာရှိတဲ့ ဆိုင်ကယ်ကယ်ရီသမား တွေနဲ့ ဈေးလာဝယ်တဲ့ ဆိုင်ကယ်သမားတွေ ဆီကလည်း ဘီးခွန်ဆိုပြီး အခွန်ကောက်ခံမှုတွေလည်း ပြုလုပ်နေကြပါတယ်။
ဘားမားဗီဂျေ
တွံတေးမြို့ မြို့မဈေးအနီး ဈေးရောင်းနေကြတဲ့ ဈေးသည်များ
စည်ပင်သာယာ ဈေးသည်တွေဆီက အခွန် မတရားကောက်ခံနေ (ရုပ်/သံ) စည်ပင်သာယာ ဈေးသည်တွေဆီက အခွန် မတရားကောက်ခံနေ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 01:22 Rating: 5

11 comments:

minsoeaung said...

စည်ပင်ကတော့မပြောချင်ဘူး။သိတ်လွန်တာဘဲ။
သူတို့အရမ်းကဲတယ်။
ကောကခံလို့ရတာတွေကလည်းစည်ပင်အုပ်ချုပ်ရေးက
ဝေစုတောင်းသေး။ တာမွေကျောက်မေမြာင်းဈေးမှာလည်း
ပြေစာမှာ ခဲနဲ့ ၅၀၀ ထပ်ရေးကောက်တယ်။ဘာမှန်းမသိ
ဘူး။ပေးရတာဘဲ။ပေးလိုက်ကြပါတွံတေးရယ်။
မသထာရေစာတွေ။

Bravo said...

စည်ပင်ရဲ့ မူလမိခင်လုပ်ငန်းဟာ မြို့ရွာ စည်ပင်သန့်ရှင်းဖို့ပါ။ အထက်ပါ ရုပ်သံကိုကြည့်ခြင်းအားဖြင့် ဈေးခွန်ကိုသာ အဓိကထားပိုမိုကောက်ခံနေပြီး လမ်း၊ရပ်ရွာ သန့်ရှင်းရေးလုပ်ဖို့ ဝန်ထမ်းများမှာ ဘာဖိအားမှမရှိတာကိုတွေ့ရပါတယ်။ တိုးတက်ချင်ရင် တာဝန်ကျေအောင် ကိုယ်တိုင်တတပ်တအား ပါဝင်လုပ်ဆောင်ပါ။ ပါးစပ်ကအော်ပြီးလက်မောင်တန်းရောနှောဆန္ဒပြနေယုံနဲ့မရဘူး။

phyo1980 said...

ဒီစည်ပင်ဝန်ထမ်းတွေဆိုတာ သူတို့ကိုယ်တိုင်လည်းတန်ဖိုးမရှိဘူး...ပြည်သူကိုလည်းတန်ဖိုးမဲ့ အောင်လုပ်နေတယ်။စည်ပင်ကကားမောင်းတဲ့ကောင်တွေဆိုကားတွေကဘရိတ်မမိဘူး၊မောင်းချင်သလိုမောင်းတာ..တိုက်မိရင်ထွက်ပြေးသွားကော။စမ်းချောင်းကစည်ပင်ရုံးဆိုမြို့လည်ကောင်မှာအမှိုက်ကားတွေထားချင်သလိုထားရပ်ချင်သလိုရပ်တာ။ဘယ်ကိုတိုင်တိုင်ဘယ်သူမှအရေးမယူဘူး။ကတ္တရာလမ်းအောက်ကရေပိုက်ပေါက်လို့စည်ပင်ကို စာတင်တော့လာလုပ်တာ..ရပ်ကွက်ကကတ္တရာလမ်းအလယ်ကိုမဖေါက်ဘဲ
လမ်းဘေးဂျွင်းစက်ကပိတ်ခိုင်းတာ ပိုက်ဆံမပေးလို့လမ်းအလည်တည့်တည့်ကိုဖေါက်သွားတာ ဂျိုင့်ကိုဖြစ်ကော။ဒါတွေကိုသူတို့ကထိမ်းသိန်းရမှာ။တိုင်းပြည်ကိုသူတို့ကချစ်ရမှာ။

cherish said...

အင်း မြန်မာတွေ ဘယ်အလွှာ၊ ဘယ်နေရာက ဖြစ်ဖြစ် ဥပဒေကို ဒီထက်ပိုပြီး နားလည်အောင် လေ့လာဖို့ အချိန်တန်ပြီ။ ခုတော်တော်များများ ဖြစ်ရပ်တွေ ကြည့်ရတာ လုံးဝနားမလည်လို့ (သို့) နားလည်မှုအားနည်းလို့ ခံနေရတာများတယ်။

Soe said...

ဒါဟာ စနစ်ဆိုးကြောင့်ပါ ခေါင်ကအစမိုးမလုံတော့ အောက် ခြေမှာလည်း
ဖြစ်ချင်တိုင်းဖြစ်နေတာ နေ၇ာတိုင်းမှာ အကြောင်းအမျိုးမျိုး ခေါင်းစဉ်
အမျိုးမျိုးနဲ့ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ကြည့်ယင် အားလုံးဟာ
ယိုယွင်းပျက်စီးနေပါပြီ ဒီအတိုင်းပဲ ဆက်သွားနေမှာလား ပြုပြင်မလား
ဆိုတာကတော့ ဒီစနစ်ဆိုးကို ပြုပြင်နိုင်တဲ့သူကို ပြည်သူတွေအားလုံးက
ဝိုင်းဝန်းပံ့ပိုး ကူညီမှ သာ ဒီစနစ်ဆိုးအောက်က ၇ုန်းထွက်နိုင်မှာ ပါ

Soe said...

ဒါဟာ စနစ်ဆိုးကြောင့်ပါ ခေါင်ကအစမိုးမလုံတော့ အောက် ခြေမှာလည်း
ဖြစ်ချင်တိုင်းဖြစ်နေတာ နေ၇ာတိုင်းမှာ အကြောင်းအမျိုးမျိုး ခေါင်းစဉ်
အမျိုးမျိုးနဲ့ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ကြည့်ယင် အားလုံးဟာ
ယိုယွင်းပျက်စီးနေပါပြီ ဒီအတိုင်းပဲ ဆက်သွားနေမှာလား ပြုပြင်မလား
ဆိုတာကတော့ ဒီစနစ်ဆိုးကို ပြုပြင်နိုင်တဲ့သူကို ပြည်သူတွေအားလုံးက
ဝိုင်းဝန်းပံ့ပိုး ကူညီမှ သာ ဒီစနစ်ဆိုးအောက်က ၇ုန်းထွက်နိုင်မှာ ပါ

Anonymous said...

ရန်ကုန်မြို.တော်စည်ပင်ကလူတွေရူးနေလားမသိ .... (30-1-12) ...VOICE JOURNAL .. စာမျက်နှာ (၁၁) မှာ ” အထပ်မြင်.အဆောက်အအုံဆောက်လျှင်ကားပါကင်ပါမှ ခွင်.ပြုမည်၊” .... (၂၂-၃-၁၂) နေ့ထုတ်ဂျာနယ်များမှာတော့ အထပ်မြင်.အဆောက်အအုံဆောက်လျှင်ကားပါကင်ပါမှ ခွင်.ပြုမည်“ ဟူ သည့် အမိန့်အား ရုပ်သိမ်း “ ဟု ရေးသားဖော်ပြကြသည် ။ ယခုတစ်ဖန် အထပ်မြင်.အဆောက်အအုံဆောက်လျှင်ကားပါကင်ပါမှ ခွင်.ပြုမည်၊” ပြန်လည်အမိန့်ထုတ်ပြန်သဖြင့် ရန်ကုန်မြို့နေပြည်သူများမှာ မိမိတို့အိမ်များ ယိုယွင်းပျက်စီးသဖြင့် အသစ်ပြန်လည်ဆောက်လုပ်ရာတွင် မြေညီထပ်များအား ကားပါကင်ထည့်သွင်းရေးဆွဲကြရပြန်သည် ။ .............. ရန်ကုန်မြို့ ရှိ မြေကွက်များ၏ 70% ခန့်မှာ (25ပေ x 50ပေ ) နှင့် (30ပေ x ၅၀ပေ ) ကြားတွင်ရှိကြသည် ။ အဆိုပါမြေကွက်များကို ကန်ထရိုက်တိုက်ဆောက်လျှင် hall type ဆောက်သည်ဖြစ်စေ 2ခန်းတွဲဆောက်သည်ဖြစ်စေ ကားပါကင်အဖြစ်သုံး၍မရကြောင်း ကားများရှေ့ နောက်တန်းစီ၍ ၀င်ရပ်လျှင် ပြန်ထွက်ဖို့အဆင်မပြေနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ၊ မြေရှင်များ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ ရှင်းလင်းတင်ပြနေသည့်ကြားမှ မြေကွက်ဘယ်လောက်သေးသေး မြေညီထပ်ကားပါကင်လုပ်ရမည်ဟု ရန်ကုန်မြို့တော်စည်ပင်မှ မတ်လကုန်တွင် အမိန့်ပြန်ထုတ်သည် ။ .... နားမလည်နိုင်ပါ ။

ziwasoe144 said...

လစဉ် မြေညီဆိုင်ခန်းတွေကို သန့်ရင်းရေးခွန်
၁၆၀၀ိ/- ကောက်ပါတယ်၊ အမှိုက်ကားလဲမလာဘူး၊
အမှိုက်လှည်းပေါ်တင်ရင်လဲပိုက်ဆံထပ်ပေးရတယ်၊
ဘယ်သွားပစ်ရမှန်းလဲမသိဘူး၊ ရက်ရက်စက်စက်
ပြောလဲ ပြုံး နေတာဘဲ၊ ဘယ်လောက်ပြောပြောမနာဘူး၊
၁၆၀၀ ရရင်ပြီးရော၊ တကယ်လို့.........
၁၆၀၀၀ လောက်ပေးလိုက်မယ်ဆိုရင်......
အော် တစ်ခုကျန်ခဲ့လို့ ပြောရဦးမယ်
YCDC ကကောင်မတွေ ကုလားမယားတွေ
ဖြစ်ကုန်ပါပေါ့လား

naywinhan said...

စည်ပင်ဆိုတာ............ဘာလဲ
စည်ပင်ဆိုတာ..........ယူနီဖောင်း ၀တ်ပြီး လိုက်တောင်းစားနေတဲ့ လိုက်စင် ရ သူတောင်းစား အဖွဲ့ ကြီး ပါ ပဲ..........

Anonymous said...

မြို.တော်ဝန် ပညာရှိ မင်း ခင်ဗျား ၊ ........................(၂၅ပေx၅၀)မြေကွက် မှာ တိုက်ဆောက်၇င် စည်ပင်ဥပဒေအတိုင်း တဖက် ၁ပေ (ပေါင်း ၂ပေ) ချန်၇ပါတယ်၊ လှေခါးခွင်ကလည်း သတ်မှတ်တဲ.အကျယ်ထက် ကျဉ်းဆောက်လို.မ၇ပါ ၊ ရှေ.မျက်နှာစာ တိုင် ၄တိုင်နှုတ် ရင် .... အ၀င်အထွက် ၆ပေ၆လက္မ အကျယ်ဘဲကျန်ပါတယ် ၊မျက်နှာစာ ၂၅ပေ မပြည်.၇င် ၆'-၆" မပြည်.ပါ၊ ကားသေးတွေတောင် ... BACK မှန်ပါ၇င် ကားဝင်မဆန်.ပါ၊ မြေညီကားပါကင် ဥပဒေအား မြေကွက်အလိုက် ပြန်ထုတ်ပြန်ပေးပါခင်ဗျား ။။။။။။။။။ ကားတွေတန်းစီ ၀င်ရပ်ရင် ... ရှေ.ကားထွက်လိုပါက.. ဘယ်လိုထွက်၇မှာလည်း ... ညွှန်ကြား စေလိုပါတယ်

ကောင်းကောင်း said...

နိုင်ငံတစ်နိုင်ငံ၊ မြို့တစ်မြို့ရဲ့ စည်ကားမှုက ဈေးပဲ၊ နိုင်ငံတစ်ကာမှာလည်း လမ်းဘေးမှာရောင်းတဲ့ဈေးသည်တွေရှိပါတယ်။ မြန်မာနိုင်ငံမှာ မရှိလို့ လမ်းဘေးဈေးရောင်းတယ်၊ ဒါကိုအခွန်ကောက်တယ်။ ပြီးတော့ သူတို့ဖမ်းချင်ရင် ဘာဥပဒေ၊ ညာဥပဒေရှိလို့ဆိုပြီးဖမ်းတယ်၊ အခုလည်း မတရားအခွန်ကောက်တယ်၊ ကောက်လို့ဝရင် ဖမ်းတယ်၊ တစ်ချို့ဈေးသည်တွေ စည်းကမ်းမရှိတာလက်ခံပါတယ်။ နိုင်ငံတော်ကလည်း စည်းကမ်းကို လိုက်လျောညီထွေအောင် သတ်မှတ်၊ ဈေးသည်တွေကလည်း စည်းကမ်းလိုက်နာ၊ မလိုက်နာရင် ဒဏ်ရိုက်၊ စည်းကမ်းတွေကို အများသိအောင်ကြေငြာ ဒါဆိုပြီးပြီပဲ။ ကောက်ခံမယ့်အခွန်နှုန်းကိုလည်း အများသိအောင်လုပ်အုန်း။

Powered by Blogger.