ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူနာအမျိုးသမီးငယ်တဦးကို ဆေးရုံဝန်ထမ်းနှစ်ဦး မတော်မတရားပြုကျင့်


ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့က အူအတက်ပေါက်လို့ ရန်ကုန်ပြည်
သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံတဲ့ အသက်နှစ်ဆယ်ဝန်းကျင်ရှိ
အမျိုးသမီးတစ်ဦး ကို ဆေးရုံဝန်ထမ်းတွေဖြစ်ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆို
တဲ့သူတို့နှစ်ဦးဟာ အဲဒီအမျိုးသမီးငယ်လေးကို မတော်မတရားပြုကျင့်ကြ
တယ်လို့ ဆိုပါတယ်။

 အဲဒီကိစ္စနဲ့ပက်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေက အမျိုးသမီးငယ်လေးအတွက် တာဝန်ယူဆောင်ရွက်ပေးမယ်လို့ သိရှိရပါတယ်။ အဲဒီအမျိုးသမီးငယ်ကို ဆရာ၊
ဆရာမတွေနဲ့နီးတဲ့ အခန်းကိုပြောင်းရွေ့ထားပြီး တာဝန်ရှိသူမှ အပ အခြားဘယ်
သူ့ကိုမှ သွားလာခွင့်မပြုဘူးလို့သိရှိရပါတယ်။ ကျူးလွန်ခဲ့ကြတဲ့ ဇော်သက်နဲ့ 
ခင်မြင့်ဆိုသူနှစ်ဦးကို အလုပ်မှထုတ်လိုက်ပြီလို့လဲဆိုပါတယ်။ 

လွန်ခဲ့နှစ်လလောက်ကလဲ ဘိုကလေးကနေ ဆေးရုံလာတက်သူ ဆင်းရဲနွမ်းပါးတဲ့ 
လူနာကို ခွဲစိတ်မှုမပြုခင် ငွေကျပ်သုံးသောင်းတောင်းလို့ လူနာရှင်ဘက်က အဲဒီငွေ
ကျပ်သုံးသောင်းမပေးနိုင်တာကြောင့် ဆေးကုသမှုမခံယူတော့ဘဲ ဆေးရုံက
 ပြန်ဆင်းသွားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက BurmaVJ 
ကိုပြောပြခဲ့ပါတယ်။

ဘားမားဗီဂျေ 
ဓါတ်ပုံ (KiKi)
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူနာအမျိုးသမီးငယ်တဦးကို ဆေးရုံဝန်ထမ်းနှစ်ဦး မတော်မတရားပြုကျင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူနာအမျိုးသမီးငယ်တဦးကို ဆေးရုံဝန်ထမ်းနှစ်ဦး မတော်မတရားပြုကျင့် Reviewed by သစ်ထူးလွင် on 17:51 Rating: 5

67 comments:

Anonymous said...

ဘာလဲဟ....အလုပ်ထုတ်၇ုံနဲ.ကျေနပ်ရမှာလား...........
ဘာလို.ထောင်မချတာလဲ....
နှမချင်းမစာနာတဲ.ကောင်တွေကို

phyoe said...

ဘာ အဲဒီလူနှစ်ယောက်ကို အလုပ်မှထုတ်လိုက်ပြီ ဟုတ်လား တရားလိုက်တာဗျာ အဓ္ဓမ မူက ဥပဒေက အဲဒီလောက်ပဲလား ဗျာ ပုဒ်မ တွေ ဘာတွေမတတ်တော့ဘူးလား တကယ်တမ်း သာ အဲဒီကောင်မလေး နေရာ မှာ သူတို့ သားသမီး တွေဆိုဘယ်လို ဆုံးဖြတ်မလဲ?

saisai said...

အမှန်တရားတွေကို အခုလိုဖော်ပြပေးတဲ့  လူအများသိပြီးဝိုင်းဝန်းပြောဆိုကြမှ နောက်ဒါမျိုးတွေ ပပျောက်လာမှာ ဖြစ်ပါတယ်။

မောင်မောင် said...

အဒီနှစ်ယောက်ကို သေဒိဏ်ပေးလိုက်ကွာ..ဗမာပြည်မှာ ဒီလောက်ထိ အသိတရားတွေ မဲ့နေကြပြီလား..တောတွင်းစိတ်ဓါတ်တွေနဲ.ပြည့်နှက်နေတဲ့ မြို.တော်ရန်ကုန်ကြီးပါလား

twttaygn said...

ရှက်စရာအရမ်းကောင်းတယ်ဗျား။ စိတ်တော်တော်ပျက်ပါတယ်။ အကျင့်တွေပျက် သီလတွေပျက်နဲ့ တော်တော်ရင်လေးစရာကောင်းပါတယ်။
ဘယ်လို ပြုပြင်ကြမှာလည်း ကျနော်တို့နိုင်ငံ အကျင့်ပျက်မှုတွေ၊
လူအများစုရဲ့ စိတ်နေစိတ်ထား အယူအဆတွေကို မြှင့်တင်ဖို့။ တိတိကျကျ အရေးယူဖို့ ထိပ်ပိုင်းခေါင်းဆောင်များမှ စံပြ ပြုပြင်ကြရန် အလျင်အမြန်လိုအပ်နေပြီဟု သုံးသပ်ရပါသည်။

အောင်သာယာ said...

ဝဋ်ကြွေးတွေ. .ပြုသူအသစ်(ယူ) ခံရသူအဟောင်း(ပေးဆပ်)
ဝဋ်ကြွေး ကုန်တဲ့ ဘဝ ကိုမြန်မြန်ရောက်အောင် ကြိုးစားနိုင်ကြပါစေ

my love said...

အော် ဒုက္ခရောက်နေသူကို မေတ္တာနဲ့ကူညီရမယ့်အစား ယုတ်မာလိုက်ကြတာနော် နှမချင်းမှကိုယ်ချင်းမစာနာ စိတ်ဓာတ်တွေက ခွေးလောက်မှအဆင့်မရှိပဲ ဆေးရုံမှာဝန်ထမ်းဖြစ်သေးတာ အံ့ပါရော

Anonymous said...

ဒီကောင် ၂ ကောင်က ဆေးရုံမှာ ဘာလုပ်တဲ့ အကောင်တွေလဲ အလုပ်ထုတ်ပြစ်ရုန်နဲ့ ပြီးမလား . . ဒါ မဒိမ်းမှု လွယ်လွယ်နဲ့ ဖြေရှင်းပြီးသွားရင် ဒီလိုကောင်တွေ နောက်လဲ ဆက်လုပ်နေအုံးမှာပဲ . . ထောင်ထဲကို နှစ်ရှည်ထည့်ပြစ်ရမယ် . . ဒီသတင်းကို ဆက်လိုက်ပေးပါအုံး ကိုသစ်ရေ . . ဒီလို အမှု မျိုးကို ရွံလွန်းလို့ ပါ . . သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒီလို ကောင်တွေကို လွှတ်ပေးလိုက်သေးလားမသိဘူး . . ဒါမျိုးကို တစ်သက်တစ်ကျွန်း ပို့ သင့်တယ် . .

Anonymous said...

ဒီကောင် ၂ ကောင်က ဆေးရုံမှာ ဘာလုပ်တဲ့ အကောင်တွေလဲ အလုပ်ထုတ်ပြစ်ရုန်နဲ့ ပြီးမလား . . ဒါ မဒိမ်းမှု လွယ်လွယ်နဲ့ ဖြေရှင်းပြီးသွားရင် ဒီလိုကောင်တွေ နောက်လဲ ဆက်လုပ်နေအုံးမှာပဲ . . ထောင်ထဲကို နှစ်ရှည်ထည့်ပြစ်ရမယ် . . ဒီသတင်းကို ဆက်လိုက်ပေးပါအုံး ကိုသစ်ရေ . . ဒီလို အမှု မျိုးကို ရွံလွန်းလို့ ပါ . . သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒီလို ကောင်တွေကို လွှတ်ပေးလိုက်သေးလားမသိဘူး . . ဒါမျိုးကို တစ်သက်တစ်ကျွန်း ပို့ သင့်တယ် . .

Dugong said...

အဲလိုကိစ္စမျိုးကို အလုပ်ထုတ်လိုက်ရုံနဲ့ပြီးရောလား ။ ဘာမှအရေးမယူကျတော့ ဘူးလား။ ဒါတောင် လူအရှင်လတ်လတ်ကြီးနော် ... သေပြီးသား မသာတွေကိုတောင် ဒီ ခွေးတွေ လုပ်ချင်တာလုပ်ကျတာ မကြာခဏ ကြားရတယ်။ အဲလို ခွေးမျိုးတွေကို အသေသတ်ပစ်တာတောင် အပြစ်က မကျေဘူးဗျ ။ ထွီ !!!

ေ၇ာသမမွှေ said...

မိုက်၇ိုင်းလိုက်တာ ဘာတွေဖြင့်ကုန်ပီလဲ လုပ်ချင်တာလုပ်လို့၇ပီပေါ့ ပါ၇ိုက်၁၀၀၀ကျပ် မီးပူကပ်၃၀၀၀၀၀ကျပ် ကားတိုက်သတ် အမှူးပျောက် ဟှိုနှိုက်ဒီနှိုက် အလုပ်ဖြုတ် ဟားဟားဟား

Bravo said...

မိုက်ရိုင်းချက်ကတော့ ကမ်းကုန်ပဲ။ ဘာပြောရမှန်း စကားတောင်ရှာမရဘူး။
အစ္စလန်ဘာသာလို အဲဒီကောင်တွေလူပုံရှေ့ထုတ်ပြီး သူတို့ကျူးလွန်သလို ပြန်အကျူးလွန်ခံခိုင်းဖို့ကောင်းတယ်။

လွင်ပြင် said...

လူစိတ်မရှိတဲ့ကောင်တွေကို အလုပ်ကထုတ်ပစ်ရုံပဲလား....
ဘယ်မှာလည်း မြန်မာနိုင်ငံတရားဥပဒေ တဖြည်းဖြည်းနဲ့ မင်းမဲ့တိုင်းပြည်ဖြစ်လာတဲ့မြန်မာပြည်....
အောက်တန်းကျလိုက်တဲ့မြန်မာပြည်...

ပုဂံစစ်သည် said...

ငွေနဲ့ပတ်သက်လို့ကတော့ ရန်ကုန်ပြည်သူ့ဆေးရုံမှမဟုတ်ဘူး တစ်နိုင်ငံလုံးပဲ၊ ပိုက်ဆံမတတ်နိုင်ရင် လူ့ဘဝကိုစွန့်ရမယ့် ကျုပ်တို့ပြည်သူ့ရဲ့ဘဝ၊ ရွာကလူတွေဆိုပိုတောင်ဆိုးသေး၊ အကြင်နာ၊ ဂရုဏာ မဲ့နေတဲ့ ဆရာမတွေက ၉၀% နှုန်းလောက်ရှိတယ်။ ဒီ့ထက်ဆိုးတာက ဆရာဝန်တွေ အကြင်နာတရားခေါင်းပါးရင် ပိုဆိုးတယ်။ ဘာမဟုတ်တဲ့ သန့်ရှင်းရေးသမားတွေရဲ့ အအော်အငေါက်ကခံရသေး၊ ဘယ်တော့မှများ ပြည်သူ့ဘဝအေးချမ်းမလဲမသိဘူး။

win said...

အဲဒါပဲဗျ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အခွင့်အရေး တွေဆုံးရှုံးနေဆိုတာ...
ဟိုသွားလည်း အန်တရယ် ရှိ ဒီမှာလည်းမလုံခြုံ
အပြစ်ပေးခံရတာကနောက်မှ
ဒူးနဲ့မျက်ရည်သုတ်ရသူတွေက မနည်းလှပဲ

မင်းမြတ် said...

အလုပ်ထုပ်ပစ်ယုံနဲ့မရဘူးလေ။ ဥပဒေနဲ့အညီအရေးယူရမှာပေါ့ ဒါ ၃၇၆ မုဒိန်းမှုပဲ။ တယောက်ထဲမဟုတ်ပဲ ၂ ယောက်ကပူးပေါင်းကျူးလွန်တာဖြစ် တဲ့အတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးဖို့လိုတယ်။ အစိုးရ၀န်ထမ်းဖြစ်သူများ ကကျူးလွန်တဲ့အမှုတွေကိုဒီလိုပြီးစလွယ်လုပ်ပစ်လို့မရဘူး၊

မောင်ငွေ said...

သူတို့ကြောင့် ဆေးရုံကြီးတစ်ခုလုံးမကဘူး၊ ဆေးလောကကြီးပါထိခိုက်စေခဲ့ပါတယ်။ အလုပ်ထုတ်ယုံနဲ့ မပြီးသင့်သေးပါ။ နောက်လူများ သူတို့လိုမလုပ်ရဲအောင် အစိုးရပိုင်းကလည်း ထပ်ပြီး အရေးယူပေးသင့်ပါတယ်။

Lion King said...

အလုပ်ထုတ်ပစ်လိုက်ရုံနဲ့မက တရားဥပဒေအရအရေးယူပါ။
အသပြာဆရာဝန်တွေရှိသလို စေတနာဆရာဝန်တွေလဲရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက် (မဆလခောတ်)ကတောင် ရေနံမြေရှိတဲ့နယ်မြို့လေးမှာ
ဆေးရုံတက်ရင် ထမင်းပါကြွေးတယ်။ နေ့လယ်နွားနို့၊ ကြက်ဥ ပါကြွေးတယ်။ ဆေး၊ ဆေးရုံစရိတ်အလကား၊ဆရာဝန်ကြီးတွေ
ကလဲတော်ကြတယ်။ အခုကတော့ငွေမရှိရင် သေဖို့ဘဲရှိတယ်။

jack said...

တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ အလုပ်ထုတ်ပြစ်လိုက်ရုံနဲ့ ပြီးသွားမှာလား သူတို့ ကိုအရေးမယူတော့ဘူးလား ... ကောင်မလေးဘက်ကဘယ် လောက်နစ်နာ လိုက်သလဲ ဗိုက်ခွဲပြီးတာဖြင့်မကြာသေးဘူး ... တော်တော်နှမချင်းမစာနာတဲ့ ကောင်တွေ ဒီထက်ပိုပြီးအရေးယူသင့်ပါတယ် ........

Speedcomputer said...

အလုပ်ထုတ်ရုံနဲ့ အဲဒီကိစ္စက ပြီးသွားတာဘဲလား။

mon lay said...

ခွေးတွေပဲ လူတော့မဖြစ်နိုင်ဘူး ခွေးနဲ့နှိုင်ရင်ခွေးသိက္ဒာကျနေအုံးမယ် မင်းတို့မှာညီအမ မရှိဘူးထင်တယ် မိုက်ရိုင်းလိုက်တဲ့ကောင်တွေ

Myanmar said...

အလုပ်ထုတ်ရုံနဲ့ ပီးရောလားဗျာ ..။ နောင်လူတွေ သင်္ခန်းစာရအောင်ပြောသင့် လုပ်သင့်တယ်လို့ထင်တယ်

tintin said...

ဟ..ဒီလောက်ကြီးမားတဲ့ပြစ်မှုတစ်ခုကို အလုပ်ဖြုတ်တဲ့ပြစ်ဒဏ်နဲ့ ပြီးရောလားဗျာ။
လုပ်ကြပါဦးဗျာ...
ကျုပ်တို့မြန်မာပြည်က ပြည်သူတွေကို ကယ်ကြပါဦး
နိုင်ငံကို ဘယ်လိုအုပ်ချုပ်နေကြတာလဲ ... လုပ်ကြပါဦး...
စင်္ကာပူနိုင်ငံမှာဆိုရင် မိန်ကလေးက သဘောမတူရင် လက်ကိုင်တာတောင် တိုင်လို့ရတယ် ဆိုတာ ကြားဘူးပါတယ်
ကျုပ်တို့နိုင်ငံမှာတော့ဘယ်လိုတွေဖြစ်ကုန်ပြီလဲ.....
ဟား ...... တော်တော်ကိုစိတ်ပျက်ဖို့ကောင်းနေပြီဗျာ ....

Anonymous said...

အမှုမှန်ရင်......အမှုမှန်ရင်......
အလုပ်ထုတ်တာနဲ့ တင်ပြီးရောလား ?????
ရာဇ၀တ်မှု မဟုတ်ဘူးလား ?????

Theodo said...

အလုပ်ထုတ်ရုံပဲလား???? ဥပဒေအရရောအရေးမယူကြ၀ူလား???
မြို.လည်ခေါင်ကဆေးရုံကြီးတောင်ဒီလောက်အောက်တန်းကျနေဘီလား???
ဒီမိုကရေစီနဲ.မြန်မာပြည်သာူးတွေနဲ.တောင်တွေ.ကြဦးမှာပဲ :Sad:

tat said...

အဲဒီဇော်သက် နဲ့ ခင်မြင့် ဆိုတဲ့ တိရိစ္ဆာန် နှစ်ကောင်ကို ဟိုဟာဖြတ်ပြီး..
ကုန်းကုန်းလုပ်ပြစ်လိုက်ဗျာ..ခွေးတိရိစ္ဆာန်တွေ..လူနာတောင်မရှောင်ဘူး
လူနာတောင်..ခွဲစိတ်ခန်းက သေလုမြောပါးထွက်လာတဲ့လူနာကိုမှ မတော်
မတရား လုပ်တဲ့ကောင်တွေ..လူက မွေးတာမှဟုတ်ရဲ့လား..ခွေးမသားတွေ
သတ်ပြစ်ဗျာ ရှုပ်တယ်..အလုပ်ထုတ်ရုံနဲ့တော့ ..မတရားဘူးနော်
ဥပဒေအတိုင်း သာ အပြစ်ပေးစေချင်တယ်..

baganwiki said...

ဒီလိုကိစ္စက အလုပ်ကနေ ထုတ်ရုံလောက်နဲ့ မပြီးသင့်လောက်ဘူး ထင်ပါတယ်။

lwannaymie said...

အလုပ်ထုတ်ရုံနဲ့ပြီးရောလား...မြန်မာနိုင်ငံမှာဥပဒေမရှိလို့လား...ဘယ်လိုအရေးယူတာလဲ။ ရဲစခန်းမှာအမှု့ဖွင့်ရမှာပေါ့။
ဒီကိစ္စကိုဆုံးဖြတ်တဲ့သူမှာ၊နှမ...မရှိလို့လား။

နီယို said...

ဘယ်လိုမတရားပြုကျင့်ကြတာလဲဗျ....မဒိန်းကျင်တာလားဘာလားလဲမသိဘူးလေ...သေချာအောင်မေးကြည့်တာပါ.....

tkm said...

အဲလိုကောင်မျိုးတွေ အသေသတ်ပစ်ရမှာ
ဆရာဝန်တွေလည်း..လူနာတွေတော့ငှဲံ့ညာသင့်ပါတယ်
ငွေဆေးရုံကြီးလားဟင်

Anonymous said...

ငွေတောင်းတာအားမရလို့ လူပါအစစ်တောင်းနေတာလား

Rainbow Worrior said...

အဲဒီကောင်တွေကို တရားစွဲဆိုခြင်းပြုလုပ်နိုင်ရန် အမှုဖွင့်သင့်ပါသည်။ မုဒိန်းမှု၊ လာဘ်ပေးလာဘ်ယူမှု၊ မူးယစ်ဆေးဝါးမှုတို့ကို ပြစ်မှုထင်ရှားပါက ချွင်းချက်မရှိ သေဒဏ်အပြစ်ပေးနိုင်ရန် လွှတ်တော်တွင် အဆိုပြုချက် တင်သွင်းသင့်ပါသည်။ သေဒဏ်အပြစ်ပေးခြင်းသည် လူသားခြင်းမစာနာဟု ဆိုနိုင်သော်လည်း ထိုသို့အပြစ်ပေးခံရမည်ကို ကြောက်လျှင် ထိုအလုပ်များကို မလုပ်စေရန် သေဒဏ်သည် မဖြစ်မနေ ထားရှိချမှတ်သင့်သော ပြစ်ဒဏ်တစ်ခုဟု ယုံကြည်ပါသည်။ အထက်ပါကိစ္စများနှင့် ပတ်သက်၍ ယခုလက်ရှိသတ်မှတ်ထားသော ပြစ်ဒဏ်များသည် ပေါ့လျော့နဲပါးလွန်းသည်ဟု ယုံကြည်ပါသည်။

Alfie said...

ဒီတိုင်းပြည်မှာ မင်းမဲ့ စရိုက်တွေ ရှိနေသေးပါလားကွ
ဒီကောင်တွေကို အထက်က လူတွေ ဘာတွေကြည့်နေကြတာလဲ ၊
မင်းတို့ တွေက ကိုယ့်အိပ်ထဲပဲ ပိုက်ဆံထည့်နေကြတာမို့လား ငါလိုးမ သားတွေ မင်းတို့ အထက်မှာ စာမတက်တဲ့ လူတွေ ရှိနေ သရွှေ့ ငါတို့ တိုင်းပြည်ဘယ်လောက်လုပ်လုပ် ကောင်းတော့မှာမဟုတ်ဘူး ၊ ဖာသည်နိုင်ငံသာ ဖြစ်မှာပါ ဗိုလ်ချုပ် ပြောသောစကားမှန်နေတယ် အဖေရေ။

jerry said...

လုံးဝမဖြစ်သင့်ပါဘူး

burma said...

မုဒိနးတော့ မုဒိန်းပဲ ဒါပေမယ့် ပါးစပ်နဲ့ဆိုတော့ ဘာပုဒ်မတပ်မလဲမသိဘူးနော်

honey said...

မုဒိန်းမှုကိုဘာလို့အလုပ်ထုတ်ရသလဲ။
ရဲစခန်းကိုပို့ရမှာ။ဆေးရုံကဆရာဝန်တွေ
အားပေးအားမြောက်ဖြစ်နေပြီ။
ရန်ကုန်ဆေးရုံကြီးမှာအဆိုးဆုံး
နစ့်စ်..၀န်ထမ်း...တွေအပေါက်ဆိုး
လူနာစိတ်ဆင်းရဲပြီးရောဂါထပ်ဆင့်တိုးနေတာ
ရန်ကုန်ပြည်သူ့ဆေးရုံကြီးပဲ..
ဂွမ်းအရက်ပျံကအစ၀ယ်ခိုင်းတယ်။
ဘာတခုမှအလကားမပေးဘူး။
လှူထားတဲ့ဆေးတွေကိုလည်း
မရှိဆင်းရဲသားတွေအတွက်လည်းမဖြစ်လာဘူး။
ဆေးရုံကိုလှူကြတာသတင်းတွေထဲပါတာပဲရှိတယ်။
ဘယ်တွေေ၇ာက်လို့ဘယ်သူ့ကိုယ်ကျိုးအတွက်သုံးနေကြသလဲ
အဖြေရှာကြစေချင်တယ်။
ထိရောက်တဲ့အလှူဒါနထိရောက်တဲ့ဆေးကုသမှုကို
ကိုယ်တိုင်ကိုယ်ကျလှူကြစေချင်တယ်။
ဝန်ထမ်းကုလားတွေဆို
တခါဝင်တခါပေးတခါထွက်ပြန်ဝင်တခါထပ်ပေး
ထမိန်ခ၇မ်းနဲ့ခလေးဆေးရုံကအာယားမတွေ
ပိုဆိုးအကြိမ်ကြိမ်တောင်းနေတာပဲ
ဆယ်ခါပေးပြီးတခါမပေးနိုင်ရင်မောင်းထုတ်တယ်။
လူနာတယောက်ဆေးရုံေ၇ာက်လာပြီဆို
မရှိရှိတာရှာဖွေချေးငှားပြီးဆေးရုံလာကြသူတွေများတယ်။
အပူပိုက်ဆံကိုမဆရားတောင်းနေကြတယ်။
ကယ်ကြပါ...အကျင့်ဆိုးတွေကိုဖျောက်ပေးကြပါ။

morine said...

တော်တော်ဆိုးတဲ့အပြုအမူဘဲ သေဒဏ်ပေးသင့်တယ် နှမချင်းမစာနာတဲ့သူတွေ

Alan said...

ဒါက မုဒိန်းမှုမြောက်နေနိုင်တယ်၊ ရဲကိုတိုင်၊ ရဲလက်မအပ်ပဲ အလုပ်ထုတ်ပစ်လိုက်တဲ့တာဝန်ခံအရာရှိမှာ accessory to rape case ပဲ။ သူပါထောင်ကျမှာကိုမသိဘူးလား၊ ဆေးရုံအုပ်ကြီးမှာလဲတာဝန်ရှိတယ်။ ကျန်းမာရေးဝန်ကြီးမှာလဲတာဝန်ရှိတယ်။ တိတိကျကျအရေးယူရမဲ့ကိစ၁စဖြစ်ပါတယ်။ - သန်းထွဋ်

Unknown said...

ဆေးရုံကြီးလည်းဟောင်နွမ်းနေပြီ ဆေးရုံဝန်ထမ်းတွေလည်းအကျင့်စုတ်ပြတ်နေပြီ အသစ်ပြန်ဆောက် လူတွေလည်းအသစ်ပြန်ခန့်ပါ...

Hana said...

သတင်းကလဲ ပေါ့ပျက်ပျက် နိုင်လိုက်တာ... ကျူးလွန်တဲ့ သူကို အလုပ်ကထုတ်တယ်ဆို တာ ဘာ ကြီးပါလိမ့်... အမျိုးသမီးတစ်ဦးကို အလိုမတူ စော်ကားလို့ အပြစ်ဒဏ်ပေးတယ်ဆိုတာ.. ဒါမျိုး မဟုတ်တာ .. သူငယ်တန်းကလေး က အစသိတယ်...အခု ဖတ်ရတဲ့ သတင်းက တွေးစရာတွေ အများကြီးပေးထားတယ်...
၁။ ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီးမှာ ဒါမျိုးပြစ်မှုကျူးလွန်နိုင်လောက်အောင် အခွင့်အရေးရှိနေသလား
၂။ ဆရာ၊ ဆရာမ တွေနဲ့ နီးတဲ့ နေရာ တာဝန်မှ အပ မည်သူမျှ မသွားလာရ နေရာဆိုတာ ဘာကိုဆိုလိုတာလဲ .. ကာယကံရှင်ကို နှုတ်ပိတ်ချင်တဲ့ သဘောလား
၃။ သာမန် အရပ်ဒေသ တစ်ခုမှာထက် ပိုပြီး အမျိုးသမီးတွေ အတွက် လုံခြုံမှု ပိုရှိရမဲ့ ဆေးရုံလိုနေရာမျိုးမှာ အခုလို ရာဇ၀တ်မှု ကျူးလွန်ခွင့် ရသွားတာ ... ကာယကံရှင် လူနာဘကမှ ဆေးရုံမှ (တာဝန်ရှိတွေ) တောင်းဆိုတဲ့ အခကြေးငွေ မပေးနိုင်လို့ ဖြစ်ချင်ရာဖြစ် ပြစ်ထားတဲ့ ပုံစံ လုံးဝဖြစ်နေတယ်...

ဒါ ဗမာနိုင်ငံရဲ့ အဓိကမြို့တော် ရန်ကုန် ရဲ့ တစ်ခုတည်းသော နိုင်ငံတော် ဆေးရုံကြီးမှာ ဖြစ်ပျက်နေတာပါ...
ကဲ Admin ရေ တွေမိတာလေးတွေ တင်လိုက်တာပါ... ဖော်ပြခြင်း/မဖော်ပြခြင်း ကတော့ editor တွေရဲ့တာဝန်ပေါ့လေ..

Unknown said...

ဒီသတင်းကို အပြီးထိပြီးအောင် လိုက်စေချင်ပါသည်။ အမှန်အတိုင်းလည်းသိချင်ပါသည်။ တကယ်လို့ ဒါဟာ အဖြစ်မှန်ဆို၇င်တော့  ဒီအတိုင်းကြီးအပြစ်ပေးရာမှာ စဉ်းစားစရာတွေအများကြီးရှိနေပါတယ....ပြီးတော့ သတင်းတွေဖော်ပြရမှာလည်း သေသေချာချာဖော်ပြပေးစေချင်တယ်...မီဒီယာဆိုတာ တကယ့် တကယ်မှာအ၇မ်းအေ၇းကြီးလို့ ပါ...ကျွန်တော့ အမြင် ဒီသတင်းက နည်းနည်းပေါ့ နေမလားလို့ ....တကယ့် အဖြစ်မှန်ဆို၇င်တော့ အပေါ်က comment တွေအတိုင်းအပြစ်ပေးရမှာပါ....

zaw said...

အလုပ်ထုတ်တယ် ဆိုတော့ ပြစ်မှုကထင်ရှားနေပြီ....အလုပ်ထုတ်ပိုင်ခွင့်ရှိတဲ့သူက ..အမှုကြီးတခု ထပ်ကျုးလွန်လိုက်ပြီ.... ပညာတတ်တွေ မှားပြီးရင်းထပ်မမှားမိပါစေနဲ့.........

aung naing said...

ရန်ကုန်ဆေးရုံကြီးမှာအလုပ်သင်ဆရာဝန်တွေဘဲရှိတော့တယ်၊သူတို့ကဘဲအကုန်လိုက်လုပ်ပေးနေရတယ်၊သူနာပြုမရှိ၊ဆရာဝန်မရှိ၊ဆေးမရှိ၊ဆေးကုစရာပိုက်ဆံမရှိလို့အသေခံရသူတွေပြည်သူတွေဝဠ်ကြွေးဆပ်နေရတာ၊ဒီဘ၀တော့ဒီမျှနဲ့ကြေပါစေတော့ဗျာ၊စစ်အာဏာရှင်တွေရေ၊

ဇင်မင်း2010 said...

ပာုတ်ပါတယ်ဗျာရက်စက်လိုက်တာနော်။

thein said...

မောင်မောင်ပြောတာ မှန်တယ်.....

raincloud235 said...

သက်ဆိုင်ရာ အထက်အရာရှိ များအားလုံး ဟာအောက်လက်ငယ်သားဝန်ထမ်းတွေကိုသေသေချာချာမအုပ်
ချုပ်ပဲ ငွေရဖို့ ပဲကြည့် နေလို့ မဖြစ်သင့်တာတွေဖြစ်ကုန်တာ
အဲဒီ ခွေးနှစ်ကောင်ကို ထောင် ထဲပို့ ပေးကြပါ

ktm said...

သြော် အဲတာ အစိုးရဆေးရုံလေ ပိုက်ဆံမရှိလို့များ အလကားရမယ်ထမင်နဲ့ ငွေလမ်းခင်းနေရတာ ရှိသမျှပိုက်ဆံ မကုန်ကုန်အောင်တောင်းတက်ကတဲ့အပြင် ဆရာဝန်များသည်လည်း လူနာများကို ၀တ်ကျေတန်းကျေသာ ဆက်ဆံတက်ကြပါသည်။ ပိုက်ဆံမရှိတဲ့လူမမာဆို လှည့်တောင်မကြည့်ချင်ကြပါ အကယ်၍ ပိုက်ဆံချမ်းသာသော လူနာဖြစ်ပါက ဆရာဝန်များ ၀င်လာမဆဲတစ်သဲသဲနှင့် ဂရုစိုက်လိုက်ကြတာများ ဘေးကုတင်က သူဆင်းရဲလူမမာကိုမှ အားမနာ. ၀န်ထမ်းများသည်လည် လွန်စွာမိုက်ရိုင်းကျ၍ လူမမာများကို ခွေးပြောဝက်ပြောပြောကြ တက်ကြပါသည်။ဒီတက်မကျစိုးရွားလာသော ပြည်သူလူထုကိုပါစော်ကားတဲ့အကျင့်ပျက်ဝန်ထမ်းကို အဲလောက်လေးပဲ လုပ်ရတယ်လို့ တော်တော်စောက်သုံးမကျတဲ့ဆေးရုံအုပ် ဒင်းကိုပါ အဓ္မကျင့်လိုက်ရမှာ သူ့သမီးသာဆိုဒီလိုနေမှာမဟုတ်ဘူး ဒင်းကိုလုံးဝမကျေနပ်ဘူး ဟိုအကောင်တွေက သူ့ယောက်ဖမို့လား သူကဒီအတိုင်းလွှတ်ပေးလိုက်ရအောင် မသာတွေ..........

ep said...

ဥပဒေရဲ့ အထက်မှာ ရုပ်ရှင်မင်းသမီး ရှိတယ် ---
ဥပဒေရဲ့ အပေါ်မှာ ပဲခူးက တရားသူကြီး ရှိတယ် ---
ဥပဒေထက် မြင့်တာ ရန်ကုန်ဆေးရုံကြီးက အလုပ်သမား ရှိတယ် ---

ziwasoe144 said...

၎င်းတို့အားအမှုဖွင့်လျှင်ကျန်အမှုများပါ
အကုန်ပေါ်မည်။ ထို့ကြောင့်ရာထူးမှအနား
ပေးလိုက်သည်။
ပုံ-

ဆေးရုံအုပ်ကြီး

Unknown said...

ကဲဗျာ....လူတွေကတော့ အမျိုးမျိုးပြောကုန်ကြပြီ......။
ခေတ်မှီဖွံဖြိုးတိုးတက်သောစည်းကမ်းပြည့်ဝသော...လဒ်စားမှူကင်းမဲ့သော
အာဏာပါဝါမပြသော..လူသားချင်းစာနာတတ်သော..ဒီမိုကရေစီနိုင်ငံတော်
ကြီးကို..တက်ညီလက်ညီတည်ဆောက်ကြပါစို့ဗျာ......။အထက်ကပြော
သွားကြတာနဲ့ကျနော်ပြောစရာမကျန်တော့လို့ပါ..။မြန်မာနိုင်ငံသူနိုင်ငံသား
အပေါင်းဘေးဘယာကင်းဝေးလို့ ကိုယ်စိတ်နှဖြာချမ်းသာသုခရကြပါစေ။

Anonymous said...

အော်..ကျွန်တော်တိုနိုင်ငံမှာလူနာတောင်စိတ်မချရပါလား..လူစိတ်မရှိတဲကောင်တွေ

Anonymous said...

မဒိန်းမှု ကိုအလုပ်ထုပ်လိုက်တာနဲပြီးရောလား ပြည်သူတွေကိုတော်တော်ကာကွယ်ပေးတဲဥပဒေဘဲ

moon said...

ကျွန်တော်တို့ပြည်သူ ပြည်သားတွေအတွက် ဥပဒေဆိုတာရှိသေးရဲ့လားဗျာ

Michael Yang said...

လူစိတ်မရှိတဲ့ကောင်တွေကိုအလုပ်ထုတ်ရုံနဲ.ပြီးရောလား ? သတ်ပစ်ရင်တောင်မကျေနပ်ဘူး

lamin said...

တော်တော်မိုက်ရိုင်းတဲ့ကောင်တွေပဲ ဒီလိုလူမျိုးက သေဒဏ်ပဲချသင့်တယ်။

snowiceman said...

ဒီလို လူတွေကြောင့် မြန်မာနိုင်ငံ သိက္ခာကျတယ်။
အမှန်တကယ်ဆိုရင် ဒီလူနှစ်ယောက်ကို မှတ်မှတ်သားသားဖြစ်အောင် လုပ်သင့်တယ်။မလုပ်ဖြစ်ခဲ့ရင် နောက်ကျရင် ဒီထက်ဆိုးတာတွေ ဖြစ်လာနိုင်လို့ပါ။လူဆိုတာလူလိုကျင့်ရတယ် ဒီလူတွေလူစိတ်ဓာတ်တွေပျောက်ဆုံးနေပြီ ဒီလိုလူမျိုးမလွှတ်ပေးသင့်ဘူး။
ပြီးတော့ ငါတို့ ယောက်ျားတွေ သိက္ခာကျတယ်။
ပြီးတော့ ဆေးရုံတဲ့ ဒီဆေးရုံမှမဟုတ်ပါဘူး ငွေမက်လွန်းနေတာ။
ဘယ် ပြည်သူ့ဆေးရုံဖြစ်ဖြစ် ဒါမျိုးတွေ အနည်းနဲ့အများရှိနေတာကိုက
မြန်မာနိုင်ငံမှာ မဖြစ်သင့်တာပါ။ သူနာပြုတွေဆိုကြောက်နေရတာ
အနီကိုလည်း ကြောက်ရ၊ အပြာကိုလည်းကြောက်ရ၊ သန့်ရှင်းရေးကိုလည်း ကြောက်ရ အားလုံးကြောက်နေရတာကိုက မဟုတ်တာပါ။

dateba.myo said...

ဒီလိုလုပ်ရပ်တွေ မှအရေးမယူရင် ဘယ်လိုမှအရေးယူမှာလဲ???ပြောင်းလဲလာတာဘာတွေလဲ..????
ကြည်.နေကြမှလားဗျာ။

လမင်းမောင်မောင်(အလွမ်းလူသား) said...

အဲဒီကောင်နှစ်ကောင်ကို တစ်ခါးတည်းသတ်ပစ်ရမှာ
ဘာလဲအလုပ်ထုတ်ရုံလေးက။
နှမချင်းကိုယ်ချင်းမစာနာဘူး။
ခွေးတိရိစ္ဆာန်ကောင်တွေ။

တညိ့တိုးသူ said...

ဒါဟာ မဒိန်းမှုပါ။ ပြီးတော့ နေမကောင်းလို့  ပြည်သူ့ ဆေးရုံမှာဆေးကုသမှုခံယူဖို့ ရောက်လာပြီးမှ ဒီလို ဖြစ်တာဆိုတော့  တော်တော်ကို ဂရုစိုက် ဆုံးဖြတ်ပေးရမှာ - အခုတော့ ဒါနဲ့ ပဲ ပြီးသွားတယ်ဆိုတော့  ဘယ်လို တောင် ရှံ့ ချရမယ်တောင် မသိဘူး။ ဒီလို ပဲ မဒိန်းကျင့် လိုက်၊ အလုပ်က ထုတ်လိုက်နဲ့ ဆိုရင် ရန်ကုန်ဆေးရုံကြီးတော့ ရှေ့လျောက် တော်တော် အလုပ်များဦးမယ်။ မြန်မာအမျိုးသမီးများကို မြန်မာပြည်တွင်းမှာ စော်ကားတာ မြန်မာအာဏာပိုင်များဘာမှမတတ်နှိင်လို့ လက်မှိုင်ချနေကြသည်ပေါ့ . .

Dr.Shwebo said...

၎င်းကိစ္စကို ထိရောက်စွာ အရေးယူသင့်ပါသည်၊ သို့မဟုတ်လျှင် ရန်ကုန်ဆေးရုံကြီး နာမည်ပျက်ပါလိမ့်မည်၊ အချို့သော ဆေးရုံဝန်ထမ်းများမှာ အထက်ဖော်ပြပါ အတိုင်း ငွေပေးမှလုပ်သည်ဆိုတာ မှန်ပါသည်။ ဆရာဝန်တိုင်း၊ ၀န်ထမ်းတိုင်းတော့ မဟုတ်ပါ၊ စရိတ်မျှပေး ဆေးရုံသာ ဖြစ်ပါသည်၊ အခမဲ့ဆေးရုံဟု ရေးမထားပါ၊ ၀န်ကြီးဌာနမှလည်း လုံလောက်သော ဆေးဝါးများ မရရှိတော့ အခုလို အခက်အခဲ အမျိုးမျိုးနဲ့ ကြုံနေကြရခြင်း ဖြစ်ပါသည်။ လူစိတ်မရှိတဲ့ ၀န်ထမ်းနှစ်ဦးကို တာဝန်ရှိသူ များမှ အလုပ်ယုံ အရေးယူခြင်းကတော့ မဖြစ်သင့်ပါ၊ ထိရောက်စွာ စုံစမ်း အရေးယူသင့်ပါသည်။

Truth Seeker said...

အမျိုးသမီးရေးရာအဖွဲ့ ဘာလုပ်နေသလဲ

aung naing said...

ကျနော်တို့ဆွေမျိုးသားခြင်းမျိုးဆက်တွေဒီလိုမဖြစ်ရအောင် အခုအုပ်ချူပ်နေသောစစ်အာဏာရှင်တွေကိုဖယ်ရှားကြစို့လားဗျာ၊ပြည်သူတွေစည်းလုံးညီညာရင်ဒီစစ်အာဏာရှင်တွေမခံနိုင်ပါဘူး။

yamin said...

သတင်းမှန်ရင်တော့ တော်တော်မိုက်ရိုင်းတာပဲ...။ ထိုက်သင့်တဲ့ အပြစ်ပေးသင့်တယ်..။ ဆေးရုံက ဘယ်နေရာမှာလဲ..။ ဆေးရုံဆိုတာက တခြားလူနာတွေ မရှိဘူးလား..။ သိသလောက်တော့ လူပြတ်တဲ့နေရာတော့မဟုတ်ဘူးထင်တယ်...။

kozay said...

ဆေး၇ံဆိုတာ humanright အများဆုံးရှိရမဲ့နေရာပါ။ဒီလိုနေရာမှာတောင်
လူမဆန်နေရင် တခြားနေရာကမသမာမှုတွေ ဦးသိန်းစိန်သိနိုင်အောင်
president!don't have stallite?လို့မေးချင်ပါတယ်

yamin said...

သတင်းမှန်တယ်ဆိုရင်တော့ တော်တော်ကို မိုက်ရိုင်းတဲ့ကောင်တွေ..။ ထိုက်တန်တဲ့ အပြစ်ပေးသင့်ပါတယ်...။ ဆေးရုံဘယ်နေရာမှာဖြစ်တာလဲ..။ဆေးရုံက အဲသလောက်လူပြတ်လား...။ ဆေးရုံက တာဝန်ရှိသူတွေ ဒီအတိုင်းပဲ မသိချင်ယောင်ဆောင်နေကြလား...။ ထိထိရောက်ရောက်အရေးယူပေးပါ..။

virus zaw said...

အမြင်မတော်တဲ့လူများခင်ဗျား ၀ိုင်းဝန်းပြီး သင်းကွပ်ပေးကြပါခင်ဗျား.....

yannaing said...

သေဒဏ်ပေးရင်တစ်ခါပဲသေရမှာ....အသက်ရှင်ပြီးဘ၀သေအောင်လုပ်ပစ်ရမှာဗျ....အဓိကကျူးလွန်ခဲ့တဲ့ဟာကိုအက်ဆစ်လောင်းပြီးအရင်းကနေဖြတ်ပစ်သင့်တယ်...ပြီးရင်ဒီအယုတ်တမာတဏှာရုးနှစ်ကောင်ကိုရှေးတုန်းကလိုတံကျင်လျှိုပြီးမြို့လယ်ကောင်မှာကားစင်တင်လည်ပင်းမှာသူတို့လုပ်ခဲ့တဲ့အကြောင်းအရာကိုစာဆွဲပေးထားရမှာ....မြန်မာပြည်ဥပဒေမှာဒီလိုရွံစရာကောင်းတဲ့ပြစ်မှုတွေကိုရက်ရက်စက်စက်ပြစ်ဒဏ်သတ်မှတ်ပေးဖို့လိုကိုလိုအပ်နေပြီ.....

Powered by Blogger.