သမ္မတကြီးဦးသိန်းစိန်နှင့်မဲခေါင်ဒေသနိုင်ငံ့အကြီးအကဲများ ဂျပန်ဘုရင်မင်းမြတ်၏ လက်ဖက်ရည်ပွဲတက်ရောက်

တိုကျိုဧပြီ ၂၀
ဂျပန်နိုင်ငံတိုကျိုမြို့သို့ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်အပါအ၀င် မဲခေါင်နိုင်ငံများမှ ခေါင်းဆောင်များသည် ဧပြီ၂၀ရက် ညနေ ၃နာရီ ၂၀မိနစ်က ဂျပန်ဘုရင့်နန်းတော်သို့သွားရောက်ကာ လက်ဖက်ရည်ဧည့်ခံပွဲသို့တက်ရောက်ခဲ့ကြသည်။ သမ္မတဦးသိန်းစိန်နှင့် မဲခေါင်ဒေသနိုင်ငံအကြီးအကဲများသည် တည်းခိုရာ ဟိုတယ်နယူးအိုတာနီမှဘုရင့်နန်းတော်သို့သွားရောက်ရာတွင် အခြားဝန်ကြီးများနှင့် ဌာနဆိုင်ရာအရာရှိများမပါဝင်ဘဲ နိုင်ငံ့အကြီးအကဲများသီးသန့်သာ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။သတင်းမီဒီယာများသတင်းရယူရာတွင်လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်မှ ကန့်သတ်မှုများပြုလုပ်ထားသည်ကိုတွေ့ရှိရသည်။
သမ္မတဦးသိန်းစိန်နှင့် မဲခေါင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများသည် ယနေ့ဧပြီ၂၀ရက်မွန်းလွဲပ၁၂နာရီက ဂျပန်စီးပွားရေးလုပ်ငန်းအဖွဲ့ KEIDANREN နှင့် ဂျပန်ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းJCCI တို့က တည်ခင်းသည့် နေ့လယ်စာစားပွဲသို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။ထိုနေ့လယ်စာစားပွဲသို့ သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဒုတိယ၀န်ကြီးနှင့် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းနာယက ဦးအောင်ကိုဝင်း၊ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ တက်ရောက်ခဲ့ကြသည်။
ယနေ့ညပိုင်းတွင် ဧည့်သည်နိုင်ငံ့အကြီးအကဲများအား ဂျပန်ဝန်ကြီးချုပ်က ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံရန်ရှိကြောင်းသတင်းရရှိသည်။
 
မဲခေါင်ဒေသနိုင်ငံအကြီးအကဲများ တည်းခိုရာ ဟိုတယ်နယူးအိုတာနီမှ ဘုရင့်နန်းတော်သို့ထွက်ခွာရန်ပြင်ဆင်နေစဉ်။

Yangon Media Group 
သမ္မတကြီးဦးသိန်းစိန်နှင့်မဲခေါင်ဒေသနိုင်ငံ့အကြီးအကဲများ ဂျပန်ဘုရင်မင်းမြတ်၏ လက်ဖက်ရည်ပွဲတက်ရောက် သမ္မတကြီးဦးသိန်းစိန်နှင့်မဲခေါင်ဒေသနိုင်ငံ့အကြီးအကဲများ ဂျပန်ဘုရင်မင်းမြတ်၏ လက်ဖက်ရည်ပွဲတက်ရောက် Reviewed by သစ်ထူးလွင် on 17:29 Rating: 5

3 comments:

ZAWAUNG said...

ဂျပန်ဘုရင် က မျောက်လွဲကျော် ချီးနဲ့လုပ်ထားတဲ့ လဘက်ရည်ကို ဦးသိန်းစိန်နဲ့အဖွဲ့ကိုတိုက်ပြီး ဧည့်ခံတယ်ဆိုပဲ..

mon lay said...

ကောင်းင်းသွားကောင်းင်းစားခဲ့နော်ဘဘဦဦးတို့သူတို့နဲ့အဆင်ပြေအောင်ပြော
လမ်းသွားရင်ဘယ်ညာကြည့်တိုးတက်ပြီးသားသူတို့နိုင်ငံကိုအတုခိုးနိုင်အောင်
ကြိုးစားနော်.. အားလုံးအဆင်ပြေပါစေ...

shwe man thar said...

ဟေ.ဇော်အောင်၇။..
ဂျပန်တွေကဒို.ဆီကလူကြီးတွေလဘက်၇ည်အ၇မ်းကြိုက်တယ်လို.ကြားလို.နေမှာပါ။
တိုးပေးတဲ.လစာကိုလဘက်၇ည်ဘိုးနဲ.သေတောင်မလဲတဲ.ပန်ကာအောက်က
သဒေါင်းဇားတွေ၇ှိနေကြောင်းသိလို.ကွ။

Powered by Blogger.