ရွှေလီမှ လျှပ်စစ်ဓာတ်အားဝယ်မည်

ရန်ကုန်၊ ဧပြီ ၁၀

တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းတည်ဆောက်ခဲ့သော ရွှေလီရေအား လျှပ်စစ်စီမံကိန်း၏ တာဘိုင်စက်တစ်လုံးမှ ထွက်ရှိသည့် လျှပ်စစ်ဓါတ်အားများကို ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓါတ်ဖူလုံရေး အတွက် ရည်ရွယ်ပြီး အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားသည်။

အဆိုပါရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် လျှပ်စစ်တာဘိုင် ခြောက်လုံးရှိပြီး လောလောဆယ် နှစ်လုံး ဝယ်ယူထားပြီး နောက်ထပ်တစ်လုံးထပ်မံ၍ အမြန်ဆုံး ဝယ်ယူသွားမည် ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။

“ရန်ကုန်မှာ မီးမရှိရင်ဖြစ်တတ်တဲ့ ဒုက္ခတွေကိုကျွန်တော်တို့သိပါတယ်။ ဒါကြောင့် လျှပ်စစ် လုံလုံ လောက်လောက် ပေးနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းကဆက်လက်ဆိုသည်။

 The Voice Weekly
ရွှေလီမှ လျှပ်စစ်ဓာတ်အားဝယ်မည် ရွှေလီမှ လျှပ်စစ်ဓာတ်အားဝယ်မည် Reviewed by သစ်ထူးလွင် on 07:23 Rating: 5

29 comments:

ဖိုးသား said...

အော် ................ အံ့ရော အံ့ရော လျှက်စစ်တွေပိုနေလို့ရောင်းစားတာပါဆိုတဲ့ လျှက်စစ် ၀န်ကြီးရဲ့ ဖြေရှင်းချက်ကလေးကြားချင်ပါတယ် .....................

Cho said...

ခိုးထားတဲ့ ငွေတွေကို အကြောင်းရှာ စာရင်းဖျောက်လို့ရပြီပေါ့..

bb said...

ကိုယ့်တိုင်းပြည်ထဲမှာ ထုတ်တဲ့ လျှပ်စစ်ကို ကိုယ့်ပြည်သူတွေ သုံးဖို့ ဘယ်သူ့ဆီက ပြန်ဝယ်ရမှာလဲ
လူကြားလို့တောင် ကောင်းကြသေးရဲ့လား
အဲလို ၀ယ်ပေးမယ်ဆိုတဲ့အတွက် ကျေးဇူးပြန်တင်ကြရမှာလား
အဲလိုပြောရဲ လုပ်ရဲတာ အရှက်မရှိ မျက်နှာပြောင်တိုက်တယ် ခေါ်တယ်

ကိုဇော် မင်း said...

အော် တယ်ခက်ပါလား ပိုလို့ရောင်းတာပေါ့လို့ (တရုတ်တွေဆီမှာ )

Numega said...

ကိုယ့်နိုင်ငံက ထွက်တဲ့စွမ်းအင်ကို တိုင်းတပါးသားဆီက ပြန်ပြီးဝယ်ရတာဆိုတော့
အမြော်အမြင် ကြီးမားစွာနဲ့ကို တည်ဆောက်ခဲ့ရတာပဲ။
ဆောက်တုံးကလည်း ရိတ်၊ ဆောက်ပြီးတော့လည်း ရိတ်ပေါ့။

မောင်ဆင်ကြီး said...

ဟား ဟား ........ ကျုပ်တို့ အစိုးရမင်း များ တော်လိုက် ကြတာနော်.. ဗျူဟာ ကလဲ မိုက်မှမိုက် .... ခုပိုလိုက် .....ခုမပိုလိုက်နဲ့ ... တော်လိုက်ကြတာနော်.. ကမ္ဘာပေါ်မှာ ဘယ်အစိုးရ ကမှ မရှိတဲ့ ဗျူဟာတွေနဲ့ ...အမျိုးမျိုးပြောနေ..လုပ်နေတဲ့ အစိုးရမဟုတ်ပါ.... ခုတစ်မျိုး တော်ကြာတစ်မျိုး အစိုးရအဖွဲ့ပါ ...ဒါမှ တို့ မြန်မာ (တို့ဗမာ) မြန်မာ ဟေ့ မြန်မာ(ဗမာဟေ့ ဗမာ) လို့ တောင် ကမ္ဘာကို ကြွားရမလိုတောင် ဖြစ်နေပြီ...:P

pyaponthu said...

လုပ်လိုက်ရတဲ့ရေ အားလျှပ်စစ် တရုတ်ယူလို့ကုန်ဘီး။ခုတော့ တရုတ် က နေရင်းထိုင်ရင်းအမြတ် ၂ခါရတယ်။ကောင်းလိုက်ပါတဲ့ အုပ်ချူပ်သူတို့ရဲ့ ဦးဏှောက်။ဆက်ပြီးလုပ်ကြပါ။မြန်မာပြည်သူားတွေ ကိုပြည်ပထွက်ပြီး သူတောင်းစားလုပ်ခိုင်းနေရတယ်။

Anonymous said...

ပိုနေလိုရောင်းစားရတယ်ဆို

Ebonie said...

ရွှေလီရေအားလျှပ်စစ်ဟာတကယ်တော့ ကျွန်တော်တို့နိုင်ငံပိုင်ထဲမှာလာလုပ်ထားတဲ့အရာပါ ရှက်စရာကောင်းလိုက်တာ ကိုယ့်နိုင်ငံမှာကျူးကျော်လုပ်ထားတဲ့ အရာကို နိုင်ငံကပြန်ဝယ်ရတယ်တဲ့၊ လုပ်တုန်းက ပိုက်ဆံကျတော့နိုင်ငံတော်ကမရဘူး ခွေးတွေစားသွားတယ်
မတရားလိုက်တာ

gemuk said...

ဟိုကောင်ပြောတော့ ပိုနေလို့ေ၇ာင်း၇တာပါဆို

Myo Chit said...

မီတာ ခ ထပ်တိုးကောက်ဘို့ ခွင် ဖန်လိုက်ကြပြန်ပြီ ၊ တတ်လည်းတတ်နိုင်ကြပါပေတယ် ဖွတ် အစိုးရ ရယ် ။

အရှိအတိုင်း said...

အံ့ပါရဲ့ ဗျာ...ကိုယ်နိုင်ငံက လျှပ်စစ် ကိုယ်ပြန်ဝယ်ရတယ်လို့..ဟဟ

သားငယ်လေး said...

မြန်မာပြည်က ရတဲ့ လျှပ်စစ်တွေ တခြားကိုရောင်း။ ရောင်းထားတဲ့ လျှပ်စစ်တွေ အမြတ်ပေးပြီးဝယ်။ အံ့ရော အံ့ရော စီမံခန့် ခွဲမှု အရမ်းကောင်းတာပဲ။ ဒီပုံနဲ့ အကြွေးတွေ အမြန်ဆပ်နိုင်တော့မှာပဲ။

Bravo said...

စဉ်းစားတတ်ကြရင် ရှက်ဖွယ်အတိပါ။
ဠာနဆိုင်ရာမှာ တာဝန်ယူနေကြတဲ့ ဝန်ကြီးများရဲ့ ဘာ plan မှမရှိကြတာကို အထင်းသား၊ အရှင်းသားမြင်နိုင်ပါတယ်။

ကိုစော said...

ဒီ သတင်းကို လျပ်စစ် ၀ံကြီး ဇော်မင်း ကြေညာ ရမှာ မဟုတ်ဘူးလား ဘာလို့ တခြားတယောက် ကပြောတာ လဲ

ပုဂံစစ်သည် said...

မိုးများမှမီးလာတဲ့ဘဝ မိုးမများတော့ တရုတ်ဆီကပြန်ဝယ်ရတဲ့ဘဝ၊ ဒီလူတွေပြုတ်မှပဲ မီးကတစ်နိုင်ငံလုံး လာမယ့်ကိန်းဆိုက်တော့မယ်ထင်တယ်။

Anonymous said...

ရီရတယ်..ဟား...ဟား

111111 said...

တော်တော်ကောင်းတဲ လုပ်ရပ်ပါပဲဗျာ......... ကိုယ်နိုင်ငံက လျှပ်စစ်ကို သူများကိုရောင်း အမြတ်ပေးပြီ ပြန်ဝယ်.... အင်းတော်တော် ကိုကောင်းတာပဲဗျာ........ ခွီး တော်တော်ကို တိုးတက်ဦးမဲ နိုင်ငံပဲ တော်တော်ကောင်းတဲ စီးပွားရေး ဦးနှောက်ပဲ ကျန်မားချမ်းသာပါစေဗျာ... (ကျိန်ဆဲရင်လဲ မျောက်ပုံပြင်ထဲကလို ဖြစ်ဦးမယ်ဗျာ.......)

Unknown said...

ရှက်ဖို့ကောင်းလိုက်တာ ကြားလို့မှမတင့်တယ် ဦးဆောင်ကောင်းလိုက်ကြတဲ့ တကယ့်ဦးနှောက်တွေကွာ ဒါနဲ့များ အရှက်မရှိ ဟိုဝန်ကြီးဝင်လုပ် ဒီဝန်ကြီးဝင်လုပ် ဘာအဆင့်မှလဲမရှိပဲနဲ့ မင်းတို့ရဲ့အရည်အချင်းကိုတော့ မင်းတို့ပထွေးကြီး တရုတ်ကနောက်ကွယ်မှာ ဟာသထုတ်ပြီးရယ်စရာလုပ်နေကြမှာတော့သေချာတယ်....မင်းတို့ကြံ့ဖွတ်တွေကအရှက်မရှိပေမယ့် ငါတို့လိုပြည်ပမှာရောက်နေကြတဲ့သူတွေအဖို့တော့ မျက်နှာမပြရဲအောင် သောက်ရှက်ကွဲနေကြရပြီ.....မင်းတို့ရဲ့နိုင်ငံတော်ကိုဦးဆောင်ပြီတော့ချောက်ထဲရောက်တဲ့အထိတွန်းချနိုင်တဲ့ ဦးနှောက်တွေကြောင့်လေ..........

ပြည်ချစ်သား said...

စကားမစပ်..ဒါနဲ့ ဦးဇော်မင်းပြောတော့ကိုယ့်နိုင်ငံမှာပိုလျှံလို့ ရောင်းတာဆို
ခုကြတော့တယုတ်ဆီကပြန်ပြီးဝယ်မယ်ဆိုတော့...၀န်ကြီးဦးဇော်မင်းရှက်တတ်
ရင်တော့..နုတ်ထွက်သင့်ပြီထင်တယ်..ပြောလိုက်တော့မြန်မာပြည်မှာသူလောက့်သိတဲ့သူမရှိဘူးတဲ့....ကိုတတ်ပါ့ကြီးဘဲဦးဇော်မင်းပိုက်ဆံနဲ့ စိုက်ဝယ်သင့်တယ်

Anonymous said...

ဘယ်လောက် သောက်သုံးမကျလဲဆိုတာ
ကိုယ့်တိုင်းပြည်ကထွက်တဲ့ လျှပ်စစ်ကို
ကိုယ်ပြန်ဝယ်သုံးနေရပြီ
မင်းတို့အဖေ တယုတ်ကြီးက . .နေတာ
ခါးမှာ ဆီပုလင်းလေးချိပ်ထား
မောင်ဇော်မင်း မင်းအားရရင်
မင်းလူတွေကို အလှည့်ပေးလိုက်အုံး သိလား

Yo Yo said...

အရှုံးနဲ့ရောင်းပြီးအမြတ်ပေးပြန်ဝယ်ရမယ်
( အရှုံးဆိုတာနိုင်ငံရဲ့အရှုံးပြောတာနော်၊ သူတို့ကတော့သောက်သောက်လဲသောက်ကျိုးနည်းမြတ်တယ်)
လူကြားလို့မှမကောင်းဗျာ။ရှက်တတ်ရင်အနည်းဆုံးလျှပ်စစ်ဝန်ကြီးလောက်တော့နုတ်ထွက်သင့်တယ်။ ဒါပေမယ့်ဦးပိုင်နဲ့ပေါင်းပြီး Digital meter ရောင်းစားရမယ့်ခွင်ရှိနေသေးတော့ဆင်းလို့မဖြစ်သေးဘူးလေ။

ဘိုထိန် said...

ကိုယ်ပိုင်တာသူများကိုအရင်ရောင်းစားပီမှ ပြန်ဝယ်သုံးမယ်?
သောက်ရမ်းလန်းတယ်ကွာ .. market သဘောတရား အသစ်တွေပေါ့နော်..
( ဖယောင်းတိုင်ပဲ ဝယ်လိုက်ပါ သောက်ရူးတွေရယ် ..2015 မှာ မင်းတို့လဲ သုံးဦးမှာပဲ... ခုကတည်းက ငါတို့ အတွက်လဲ မီးထွန်းလို့ ရတာပေါ့ ..)

cherish said...

“ရန်ကုန်မှာ မီးမရှိရင်ဖြစ်တတ်တဲ့ ဒုက္ခတွေကိုကျွန်တော်တို့သိပါတယ်။ ဒါကြောင့် လျှပ်စစ် လုံလုံ လောက်လောက် ပေးနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းကဆက်လက်ဆိုသည်။
ကြိုးစားဆောင်ရွက်နေပါတယ်၊ သင့်လျော်သောကာလတွင် စီစဉ်ပေးပါ့မယ်။ အမြန်ဆုံး အကောင်ထည်ဖော်ပေးပါ့မယ် ဆိုတဲ့ စကားလုံးတွေနောက်မှာ တိကျတဲ့ အချိန်ကာလ ကန့်သတ်ချက်တွေပါမလာရတာ ဘာကြောင့်များပါလိမ့်နော်။

အိုးဝေ said...

ဆရာတွေ ဆရာတွေ...

MYANMAR MINERAL said...

လျှပ်စစ်စွမ်းအင်အတွက်တာဝန်အရှိဆုံးဦးဇော်မင်းသိက္ခာရှိရှိနုတ်ထွက်သင့် ပါသည်။

Anonymous said...

မြန်မာပြည်မှာ လျှပ်စစ်မီး မရှိ တဲ.မြို.တွေအများကြီးပါ ၊ နိုင်ငံခြားငွေ ၇အောင်ေ၇ာင်းလဲ အချိန်တန်ကြွေးတင်မှာဘဲ ၊ မီးမသုံးလိုက်၇တာဘဲအဖတ်တင် မှာပါဗျာ ။

စည်သူ said...

ထိုင်း ကို GAS တွေ အငမ်းမ၇ေ၇ာင်းသဗျ ၊ အဲ ... ၇န်ကုန်မှာ မီးဖိုသုံး gas (LPG) ဈေးတွေ အ၇မ်းတက်တော. -- ထိုင်းက gas မ၀င်လို.တဲ. ---- ၊ ပြည်တွင်းမှာ gas က လူတိုင်းမသုံးနိုင်တော. ---ကုန်ပြီလေဗျာ ... သစ်တောတွေ ၊ ခုလည်း --- လျှပ်စစ်ေ၇ာင်းမလို.တဲ. ၊

ratkhunswe said...

တရုတ်တွေနဲ့ ခပ်လှမ်းလှမ်းနေတာ အကောင်းဆုံးပဲ။ နိုင်ငံ့တော်ရဲ့ သံယံဇာတတွေလည်း ဒီကောင်တွေဖျက်ဆီးလို့ အတော်ကိုပါးကုန်ပြီ။ သူတို့လာရင်းနှီးမြှပ်နှံလို့ နိုင်ငံတော်က ဘာနည်းပညာမှ မရဘူး။ လုပ်သားတွေကိုလည်း သူတို့နိုင်ငံက တပါတည်း ခေါ်လာတယ်။ သူတို့ဆီက ခိုးဝှက်တဲ့ပညာ သူများနည်းပညာကိုခိုး သူများဦးနှောက်ကိုဖောက်စား အလွန်အတ္တကြီးလွန်းစေတဲ့ ပညာလောက်ပဲ ရလိမ့်မယ်။ ရှေးဆက်ပြီး ဒီကောင်တွေနဲ့ အရောတ၀င်မနေတာ အကောင်းဆုံးပဲလို့ မြင်မိပါတယ်။

Powered by Blogger.