မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ လျော့နည်းနေတယ်ဆိုပြီးတော့

ဧပြီလ ၂၅ ရက်နေ့ ယနေ့ အလုပ်လျှောက်လွှာအား ၀ိုင်းကြည့်နေသူများကိုတွေ့ ရစဉ်

ဧပြီလ၂၅ ရက်နေ့ ၂၀၁၂
    (၂၅-၄-၂၀၁၂) နေ့က နေပြည်တော်ပျဉ်းမနား ဗိုလ်တောက်ထိန်လမ်းမပေါ်ရှိ အသစ်ဖွင့်လှစ်လိုက်မည့်ကမ္ဘောဇ ဘဏ် အတွက် လုပ်သား စုစုပေါင်း (၂၀)လောက် လိုအပ်သဖြင့် အလုပ်လျှောက်လွှာများ ဝေငှရာ အလုပ်လျှောက်လိုသူ အင်အားများ အဆမတန် များပြားနေသဖြင့်  ဘဏ်တစ်ဝိုက်ရှိ ဗိုလ်တာရာလမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု နာရီဝက်အကြာဖြစ်ပြီးပြီး ဘဏ်အဆောက်အဦးရှိ ရှေ့ ၀င်မှန်တံခါးပင် တိုက်မိ ပြီး ကွဲအက်သွားအောင်ပင် အလုပ်လာလျှောက်လိုသူ များပြားလာခဲ့ကြောင်း သိရသည်။


    ``အလုပ်လျှောက်လွှာတင်ရက်မဟုတ်ပါဘူး။ အလုပ်လျှောက်လွှာ ဝေတဲ့ရက်မှာကို ဘဏ်ရှေ့က ဗိုလ်တောက်ထိန်လမ်းမတစ်ခုလုံး ယာဉ်ကြောတောင်ပိတ်ဆို့သွားတယ်။ အမှန်တကယ် ဘဏ်အနေနဲ့လူလိုတာက (၂၀)ကျော်ကျော်ပါပဲ လျှောက်လွှာလာယူတာတွေက အဆမတန်ပါပဲဗျာ။ နေ့လည် (၁၀)နာရီနောက်ပိုင်းက အဆိုးဆုံး လူများချိန်ပဲ တိုးကြဝှေ့ကြနဲ့ပေါ့´´ ဟု အလုပ်လျှောက်လွှာ  သွားယူသူ လူငယ်တစ်ဦးက ပြောဆိုသည်။

    လျှောက်လွှာသွားယူသူ အမျိုးသမီးတစ်ဦးကလည်း ``ဒီလောက်မထင်ထားပါဘူး လူတွေက ပိတ်ညှပ်သပ်နေတယ်။ လျှောက်လွှာတွေ ဝေပြီလို့လဲ ကြော်ငြာလိုက်ရော ဘဏ်အဆောက်အဦးထဲ တိုးဝှေ့ပြီးဝင်လိုက်ကြတာ လူဝင်ပေါက်က မှန်တခါးတောင် ကွဲထွက်သွားလို့ ဘဏ်က တာဝန်ရှိသူက လျှော် လျှော် နင်တို့အားလုံးကြောင့်ဖြစ်ရတာ စုလျှော်ကြဆိုလို့ အလုပ်တောင်မရကြသေးဘူး အလျှော်က အရင်ဆိုတော့ ကျမတို့တောင် စိတ်ပျက်သွားတယ်´´ဟု ယင်း၏ အတွေ့အကြုံကို ရင်ဖွင့်လာသည်။


    ဆက်လက် ယင်းက ပြောဆိုသွားသည်မှာ ``တလောက အစိုးရရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်တစ်နိုင်ငံလုံးမှာ အလုက်လက်မဲ့ဦးရေ ရာခိုင်နှုန်း (၂၀)ကျော်ပဲရှိတဲ့အတွက် တစ်ခြားနိုင်ငံတွေနဲ့စာရင် မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ အနည်းဆုံးလို့ သိရပါတယ်။ ဒါဆို ကျမ ပြန်မေးပါရစေ အဲသည့် ရာခိုင်နှုန်း (၂၀)ကျော်ထဲက အများစုက နေပြည်တော်ဒေသတွင်းနေထိုင်သူတွေလားလို့---´´


နေပြည်တော်သတင်းထောက် (Myanmar News Now)
အလုပ်လျှောက်လွှာ
မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ လျော့နည်းနေတယ်ဆိုပြီးတော့ မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ လျော့နည်းနေတယ်ဆိုပြီးတော့ Reviewed by သစ်ထူးလွင် on 16:04 Rating: 5

8 comments:

ကြိုမောင်ဟန် said...

ကိုယ့်ဆရာ ကိုသိန်းစိန်ရေ နောက်စကား ပြောရင် စာ၇င်းအမှန် သိမှပြော ပေါ့ နော့်

Nyein Chan said...

ဘာ!!! မြန်မာနိုင်ငံမှာအလုပ်လက်မဲ့ဦးရေ ရာခိုင်နှုန်း(၂၀)ဟုတ်လား ၊ ဘိုးတော်ဘုရားလက်ထပ်ထဲက ကောက်ထားတဲ့စာရင်းလား၊ ခင်ဗျားတို့ရဲ့ အသုံးမကျတဲ့ ပညာရေးကြီးက တစ်နှစ် တစ်နှစ် မွေးထုတ်ပေးလိုက်တဲ့ ဘွဲ့က ပညာမတက်ကျောင်းသားတွေ အလုပ်လက်မဲ့ ၊ မိဘလုပ်စာထိုင်စားနေရတာတွေ လက်ညှိုးထိုးမလွဲဘူး ၊ သနားစရာအရမ်းကောင်းတယ်၊ သူတို့ခမျာမှာ အလုပ်တစ်ခုရဖို့ စာကလေးအစာရှာသလို ပျာယာတွေခက်ပြီး ရှာနေကြရတာ၊ နေရာ(၂၀)အတွက် လူ(၂၀၀)လောက်က လျှောက်နေကြတဲ့ အခြေအနေက (၂၀)ရာခိုင်နှုန်းလားဗျာ

san san said...

မြန်မာနိုင်ငံမှာ အလုပ်မရှိလို့ပြည်ပထွက်ပြီး အလုပ်လုပ်တဲ့သူတွေများလို့ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံသားမရှိတဲ့နိုင်ငံမရှိသလောက်ဖြစ်နေဘီ

Neophyte said...

အလုပ်လက်မဲ့ စာရင်းက မမှားပါဘူး... ဘာကြောင့်လည်းဆိုတော့ ... အလုပ်လက်မဲ့ တွက်တဲ့ formula မှာ အလုပ်ကို တက်ကြွစွာ ရှာဖွေနေသူသည် ရှာဖွေ ချိန် ၆ လ ကျော် သည် ထိ အလုပ် ရှာ မတွေ့ မှ သာ အလုပ် လက်မဲ့ စာရင်းထဲ ထည့်သွင်းတာပါ... အလုပ်ရှာ ဖွေ သည်ကို ရပ်တန့် လျင်သော လည်းကောင်း... အလုပ် မရှိလို့ အလုပ် မရှာ သေးဘူးဆိုသူ များကို အလုပ် လက်မဲ့ စာရင်းထဲ့ ထည့်သွင်း သတ်မှတ်ချင်း မရှိပါ။။ ဒါက နိုင်ငံတကာ သတ်မှတ်ထားတဲ့ economics မှာ သင်ရတဲ့ definition ပါ။ ဒါကြောင့် ကျွန်တော၏ အထင်မှာ ဂဏန်းသည် မှားယွန်းချင်း မရှိဟု ယူဆပါသည်။

cherish said...

Thanks for your sharing Neophyte :P

ktm said...

ဂဏန်းကတော့ မှန်တယ်ထားပါဦး စာရင်းကမှန်နိုင်မယ်မထင် ဘယ်ဟာကိုဘယ်လိုကောက်ပီး ဖော်ပြပါသလဲ

ktm said...

ဒီလောက်ရှားပါးပီး ငတ်နေတာတောင် အလုပ်ကိုတက်ကြွစွာမရှာဖွေရင် လမ်းဘေးဈေးရောင်းဖို့ပဲရှိတယ်ဟေ ရှာနေကြတာပဲ မရနိုင်ကြတာက အရည်အချင်းမပြည့်မှီကြတာရော အလုပ်အကိုင်ရှားပါးတာရေပါမယ်ထင်ပါတယ်.... သူ့ရဲ့ စာရင်းကိုမှန်မမှန်တော့မသိဘူး အပြင်မှာတကယ်အလုပ်ရှားပါတယ်ဆိုတာတော့ မှန်နေပါတယ်........

longlongagolove@gmail.com said...

အလုပ်ကောင်းကောင်းရတဲံ သူအများ စုက မကင်းရာ မကင်းကြောင်းလူတွေဘဲ အလုပ်ရနေတာလေ.....တော်တဲ့ တတ်တဲ့ လူတွေကို မြောင်းထဲမှာ.....ရထားတဲ့ ဘွဲံနဲ့အလုပ် ကို တော်တော်ရှာ၇တာ....တချို့အရာ၇ှိတွေက ပညာမတတ်ဘူး....ပိုက်ဆံပေးပြီး အောင်လာတဲ့လူတွေ ကဲ ဒီတော့ ငါတို့ နိုင်ငံတိုးတက်ပါ့မလား........
၂၀၁၃ မှာတော့တိုးတက်မယ်လို့တော့ထင်တယ်....

Powered by Blogger.