ဟန်းဖုန်းတစ်လုံးကြောင့် လူသတ်မှု မှ အာမခံ ရရှိသွားတဲ့ နေပြည်တော်ကဖြစ်ရပ်

 နေပြည်တော် ဥတ္တရသီရိ၊ သရက်တောကျေးရွာအုပ်၊ ပိုးစာတောကျေးရွာ တွင် (၂၃.၃.၂၀၁၂)နေ့က ဖြစ်ပွားခဲ့သော လူသတ်မှုမှ တရားခံများကို အမှုမှ အာမခံပေးခွင့်
မရှိပဲ တက်ရှိန်းစခန်းမှူးရဲအုပ်အောင်ဝင်းထံ တရားခံများ၏ ဆွေမျိုးအသိုင်းအ၀ိုင်းမှ
ထောက်ပံမှုအသီးသီးနှင့် ဟန်းဖုန်းတစ်လုံးပေးလိုက်မှုကြောင့် တရားခံများအား အာမခံပေးလိုက်ကြောင်း သေဆုံးသူ၏ ဆွေမျိုးအသိုင်းအ၀ိုင်းများက ပြောဆိုသည်။


ဖြစ်စဉ်မှာ (၂၃.၃.၂၀၁၂)နေ့ ညပိုင်းက နေပြည်တော်ဥတ္တရသီရိ၊ သရက်တော
ကျေးရွာအုပ်၊ ပိုးစာတောကျေးရွာနေ ဇင်မင်းပိုင်မှာ နေအိမ်တွင်ရှိနေစဉ် ယင်း၏
သူငယ်ချင်းဖြစ်သူ ဖိုးတုတ် (၂၅)နှစ်၊ (ဘ)ဦးထွန်းဝေ နေပြည်တော်ဥတ္တရသီရိ၊
သရက်တောကျေးရွာအုပ်၊ ပိုးစာတောကျေးရွာနေနှင့် နေပြည်တော်ဥတ္တရသီရိ၊
သရက်တောကျေးရွာအုပ်၊ မသိမ်ကျေးရွာနေ တင်နိုင်ဦးတို့ အကြိမ်ကြိမ်လာရောက်
 ခေါ်သဖြင့် ဇင်မင်းပိုင်းလည်း ယင်းတို့နှင့်အတူ ဆိုင်ကယ်တစ်စီးတည်းစီးနင်းပြီး
မသိမ်ရွာဘက်သို့ လိုက်သွားကြောင်း၊ နောက်တစ်နေ့မနက် (၈း၀၀)အချိန်ခန့်တွင်
 ယင်း ဇင်မင်းပိုင်မှာ ရွာနှစ်ရွာကြားရှိ လမ်းဘေးတွင် စူးဝင်ဒါဏ်ရာ (၅)ချက်၊ ခေါင်းကွဲဒါဏ်ရာနှစ်ချက်တို့ရရှိပြီး သေဆုံးနေကြောင်းသိရသဖြင့်
ဇင်မင်းပိုင်၏ မိဘများက တက်ရှိန်းရဲစခန်းသို့ အမှုဖွင့်ခဲ့ကြောင်း သိရသည်။

    တက်ရှိန်းရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်ဝင်းနှင့်အဖွဲ့က ဇင်မင်းပိုင်အား ခေါ်ဆောင်
သွားသော ဖိုးတုတ်နှင့် တင်နိုင်ဦးအား ဖမ်းဆီးစစ်ဆေးရာ ကွင်းဆက်တရားခံအဖြစ် ၀ဲကျော်(ခ)နေထက်လင်းအား ဖမ်းဆီးရမိပြီး ၀ဲကျော်(ခ)နေထက်လင်း၏ ထွက်ဆိုချက်
အရ အခင်းဖြစ်ပွားစဉ်က ၀ဲကျော်(ခ)နေထက်လင်းက ဇင်မင်းပိုင်အား တံပိုးကြီးတုတ်ဖြင့်
ရိုက်ပြီး ဖိုးတုတ်ဆိုသူက ယင်းဆိုင်ကယ်ထိုင်ခုံအောက်တွင်ပါသော စကေဘာဖြင့်
ထိုးခဲ့ကြောင်း ထွက်ဆိုသဖြင့် ရဲစခန်းမှူးက သွေးများစွန်းကျန်ရစ်နေသော သက်သေခံ
 တံပိုးကြီးဒုတ်အား သိမ်းဆည်းခဲ့ပြီး ယင်းပြစ်မှုကျူးလွန်သူတို့အား ဖမ်းဆီးသွား
ခဲ့ကြောင်းဆို၏။

    အဆိုပါ အမှုအတွက် စစ်ဆေးဆောင်ရွက်နေချိန်တွင် ဖိုးတုတ်၏ ဦးလေးတော်
စပ်သူ ကောက်ကြီး (ခ)ဇော်မင်းထွန်း (၃၈)နှစ်ခန့်က အမှုစစ်အရာရှိ တက်ရှိန်းစခန်းမှူး သွားလာလှုပ်ရှားသမျှ ကားဖြင့် အကြိုအပို့ ပြုလုပ်ပေးခြင်း၊ အထောက်အပံ့များပေးခြင်း၊
 ငွေကြေးများပေးခြင်း စခန်းမှူးအား နေပြည်တော် ငါးသိန်းတန် CDMA ဖုန်းတစ်လုံး
 ပေးခြင်းတို့ ပြုလုပ်ရာ ၀ဲကျော်(ခ) နေထက်လင်း၏ ထွက်ဆိုချက်မှာ မခိုင်လုံကြောင်း
ယင်းထံမှ သိမ်းဆည်းထားသော သွေးများပေနေသည့် တံပိုးကြီးတုတ်မှ သွေးများသည် လူသွေးများမဟုတ် နွားသွေးများသာဖြစ်ကြောင်း သတင်းလွှင့်ခဲ့သည်။ အမှန်တကယ်တော့ တံပိုးကြီးတုတ်အား သက်ဆိုင်ရာ မှုခင်းဌာနမှ ယင်းအကြောင်း (စစ်ဆေးတွေ့ရှိချက်)ကို တစုံတရာပြန်ကြားမှု မရှိသေးပါ။

    ရဲစခန်းတွင် အဆိုပါ အမှုနှင့် ချုပ်နှောင်ထားသူများ (22.4.2012)နေ့တွင် အမှုမှ အာမခံ ပေးသည်ဟုဆိုကာ ပြန်လည်လွှတ်ပေးထားသည်ကို တွေ့ရသဖြင့် သေဆုံးသူ
ဇင်မင်းပိုင်ဘက်မှ မိဘဆွေမျိုးများက များစွာ မကျေမနပ်ဖြစ်နေသည်ကို သိရသည်။

      ``သေတဲ့သူကသေသွားတာတော့ အမှန်ကို အမှန်တိုင်းဖြစ်စေချင်တာပါ။ ပြီးတော့ တရားခံဘက်က ပြစ်မှုကျူးလွန်စဉ်ကသုံးတဲ့ သက်သေခံပစ္စည်းအပ်ထားသလို ၀န်ခံထွက်ဆိုချက်တွေလည်း ပေးထားပြီးသားပါ။ ဒါကိုတောင် ဒီလိုလူသတ်မှုမျိုးက
တရားခံကိုတောင် အာမခံပေးထားတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်နေတယ်ဗျာ´´ ဟု သေဆုံးသူ၏ ဦးလေးတော်စပ်
သူက ပြောဆိုသည်။

နေပြည်တော်သတင်းထောက် (Myanmar News Now)
ဟန်းဖုန်းတစ်လုံးကြောင့် လူသတ်မှု မှ အာမခံ ရရှိသွားတဲ့ နေပြည်တော်ကဖြစ်ရပ် ဟန်းဖုန်းတစ်လုံးကြောင့် လူသတ်မှု မှ အာမခံ ရရှိသွားတဲ့ နေပြည်တော်ကဖြစ်ရပ် Reviewed by သစ်ထူးလွင် on 15:53 Rating: 5

13 comments:

tapaungthi said...

အော် လပ်ပေးလပ်ယူတွေရှိသေးတယ်နော်
သေဆုံးသူက စခန်းမှူးကို လာခြောက်မှာကြိမ်းသေတယ်
စခန်းမှူးကြီးရေ အိပ်ရင်သတိထားတော့ ..။ တံပိုးကြီးတုတ်လာလိမ့်မယ်.

Anonymous said...

တရားဥပဒေစိုးမိုးရေးဟာတစစနဲ့ပိုစိုးလာပြီ၊
ဒီအတိုင်းဆက်လွတ်ထားပေးရင်တော့၊
ထိမ်းမနိုင်သိမ်းမရဖြစ်လာတော့မယ်၊
သမတကြီးတို့၊ လွှတ်တောဥကဌကြီးများဒီအတိုင်းပဲကြည့်နေတော့မလား

zay mg said...

ဒီလိုမျိုးအမှု.တွေ ရှိနေတုန်းပဲဗျာ...
တကယ်တမ်း နစ်နာရတဲ့သူတွေ ဘက်မှာ ပြောဆိုးထားတာက
အမှု.မှန်ပေါ်ပေါက်ရေးပါတဲ့....။
အမြန်ဆုံးအမှု.မှန်ပေါ်ပေါက်ပါစေဗျာ။ကိုသစ်ရေ...ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျွန်တော်လဲကူးယူဝေမျှလိုက်ပါတယ် အကို။

soe said...

တရားဥပဒေမှာပြဌာန်းထားတာက အခုလို အမှုဖြစ်တဲ့ ပုဒ်မ ၃၀၂ လူသတ်မှုဟာ အာမခံပေးခွင့်ရှိတဲ့ အမှုအမျိုးအစားထဲမှာပါဝင်ခြင်းမရှိပါဘူး.. ဘာအတွက်ကြောင့် အာမခံပေးပါအလဲ???ဟန်းဖုန်းအတွက်ကြောင့် အာမခံပေးပါအလား?? မေးခွန်းတွေမေးရမလို ဖြစ်နေပါပြီ..ထက်ထက်မိုးဦးရဲ့ အမှုမှာ ၁ ထောင်ပေးရင်ပါးရိုက်လို့ရတယ်..အခုအမှုမှာကြတော့ ဟန်းဖုန်းတစ်လုံးပေးရင် လူသတ်လို့ရတယ်ဆိုတာမျိုးတွေ ဖြစ်နေပြီလား..အဲဒီလိုဥပဒေဝန်ထမ်းတွေက ဥပဒေကိုတရားမျှတစွာနဲ့ဆောင်ရွက် မပေးရင်တော့ ဥပဒေစာအုပ်တွေကို ခေါင်းအုံးပြီးအိပ်၊ ပြဌာန်းချက်တွေကို ဂူသွင်းပြီးသာအပြီးတိုင်သဂြိုလ် လိုက်ကြပါတော့လား..ဒီလိုကိစ္စမျိုးတွေကို အခုလက်ရှိရဲချုပ် တာဝန်ယူထာတဲ့ ရဲချုပ်ကျော်ကျော်ထွန်း ကရောမသိတာလား မသိဟန်ဆောင်နေတာလား...ဒါတွေကိုဖြေရှင်းမပေးတော့ဘူးလား..မေးပါရစေ ခင်ဗျာ....
သြော်..မေနေလို့.....စခန်းမှူး အောင်ဝင်းကို မေမြို့ ၂၁ မိုင်မှာရှိတဲ့ဇီးပင်ကြီးက သင်တန်းကျောင်းမှာ..စခန်းမှူး မွန်းမံသင်တန်းကို ပို့လိုက်ကြပါအုံး တာဝန်ရှိသူတွေ....တရားဥပဒေတွေကိုမေ့နေတယ်ထင်လို့ပါ

ဖိုးစလုံး said...

ရဲတွေလည်း ရဲအလုပ်မလုပ်ဘူး...မြန်မာနိုင်ငံမှာ ငွေပေးရင် လူလည်းသတ်လို့ရတယ် ထောင်မကျဘူး။ အေး တစ်ခုတော့ ရှိတယ် နိုင်ငံရေး မလုပ်နဲ့ တစ်သက်လုံး ထောင်ထဲက ထွက်ရမှာ မဟုတ်ဘူး။

tertee said...

နေပြည်တော် မှာလဲလူမိုက်တွေ တယ်ပေါပါလား

ပြည်ချစ်သား said...

အပြောကတော့ရွေမန်းဘဲနော်
အခုချိန်ထိတရားဥပဒေစိုးမိုးတာ ဘာတစ်ခုမှမတွေ့ 
ရသေးဘူး

newman said...

မြန်မာပြည်ဘာမှမပြောင်းလဲသေးပါဘူး။ နိုင်ငံတကာကတော့မြန်မာအစိုးရရုပ်ရှင်ရိုက်ပြတာကိုကြည့်ပြီးလက်ခုတ်သံတွေပေးနေကြတယ်။ နောက်ပြန်မလှည့်ပါဘူး။အရင်အတိုင်းပါပဲ။ အားလုံးအရင်အတိုင်းပါပဲ။

Anonymous said...

မြန်မာပြည်ရဲ့ တရားရေးမဏ္ဍိုင်ကြီးက စောင်း၊ ရွဲ့၊ စုပ်ပြတ်သပ်နေပြီ..

naywinhan said...

ဖုန်းပေးပြီး လူသတ် လို့ ရ တယ်ဆို ရင် အဲ့ဒီစခန်း မှူး ကို သတ်ခြင်တယ် ဗျာ.................သူ့ မိန်း မကို ပါသတ် လို့ ရတယ်ဆို နောက် တစ်လုံး ပေးခြင် လိုက်တာဗျာ.ယ

ziwasoe144 said...

ပြောင်းတော့ပြောင်းတာပေါ့၊ ဒါပေမဲ့ မပြောင်းဘူး။

myatnoethu said...

မတရားမလုပ်ကြနဲ့ နော်........ကိုယ့်အလှည့်ဆိုတာရှိတယ်....မေ့မထားကြနဲ့ုအုံး

pyisoe said...

ဒီဘက်က ငါးသိန်းတန်ဟန်းဖုန်းပေးရင် ဟိုဘက်က တန်းသိန်း(၁ဝ-သိန်း)ပေးရမှာပေါ့။ ဒါမှ ကောသလမင်းကြီးအိပ်မက်အတိုင်း ခေါင်းနှစ်လုံးနဲ့ နှစ်ဘက်လှည့်စားတဲ့ နွားကြီးမျိုးဖြစ်ရမှာလေ။ ခေတ်ကိုက အဲလိုခေတ်မျိုး။ သူ့အိပ်မက်က ဒီနိုင်ငံအတွက်များ မက်ပေးလေရော့သလား။ အသံတူ အကြောင်းကွဲ ဒါမျိုးချည်းပဲ။

Powered by Blogger.