မြန်မာ့လေကြောင်းလိုင်းမှ ပြည်တွင်း မော်လမြိုင်-ကော့သောင် ခရီးစဉ်ကိုတစ်ဦးတည်းပြေးဆွဲတော့မည်

မတ်လ(၂၈)ရက် ရက်စွဲဖြင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ 

မော်လမြိုင်-ကော့သောင်-မော်လမြိုင် ညအိပ်ခရီးစဉ်ကိုမြန်မာ့လေကြောင်းလိုင်း

(MyanmaAirway)တစ်ခုတည်းသာ ပျံသန်းခွင့်ပြုမည်ဟု စာထွက်လာသည် ဟု 

လေကြောင်းလိုင်းနှင့်နီးစပ်သူတဦးထံမှသိရှိရပါသည်။

   ၎င်းမှပြောဆိုရာတွင် မြန်မာ့လေကြောင်းလိုင်းကို (၂၀၁၂)ခုနှစ်ဧပြီလ(၁) ရက်နေ့မှ

စပြီး မိမိဘတ်ဂျက်ဖြင့်ရပ်တည်ရမည်ဟုအထက်အဖွဲ့အစည်းမှညွှန်ကြားထားကြောင်း

 ပြောပါသည်။

ထို့ပြင်မြန်မာ့လေကြောင်းဖွံ့ဖြိုး တိုးတက်ရေးအတွက်၊၎င်း ခရီးစဉ်တွင်မြန်မာ့လေကြောင်း

လိုင်းတခုတည်းကိုသာ ပျံသန်းခွင့်ပြုမည်ဟုလည်းသိရပါသည်။

   မြန်မာနိုင်ငံတွင်ပြည်တွင်းပုဂ္ဂလိက လေကြောင်းလိုင်း (၅)ခုရှိပြီး ဒေါ်လာသန်းနှင့်ချီ၍

အရှုံးခံ တည်ထောင်ထားခြင်းဖြစ် သော်လည်းပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့

 လေကြောင်းလိုင်းကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ ကြောင်းတွေ့ရှိရပါသည်။

မြန်မာ့လေကြောင်းလိုင်းအနေဖြင့် ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရမည်ဟု ဆိုသော်

လည်း ဈေးကွက်တွင်လွတ်လပ်စွာပြိုင်ဆိုင်ရမည့်အစား ယခုကဲ့သို့ ပို့ဆောင်ရေး

ဝန်ကြီးဌာန  အောက်ရှိ လေကြောင်းဦးစီးဌာနမှ လုပ်ပိုင်ခွင့်အား အသုံးချသွားခြင်းဖြစ်

သည်ဟုပြောဆိုပါသည်။

 အဆိုပါကိစ္စသည် လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမည့် ပြည်တွင်း၊ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအတွက်မေးခွန်းထုတ်စရာဖြစ်လာနိုင်ပါသည်။

Myanmar News Now
မြန်မာ့လေကြောင်းလိုင်းမှ ပြည်တွင်း မော်လမြိုင်-ကော့သောင် ခရီးစဉ်ကိုတစ်ဦးတည်းပြေးဆွဲတော့မည် မြန်မာ့လေကြောင်းလိုင်းမှ ပြည်တွင်း မော်လမြိုင်-ကော့သောင် ခရီးစဉ်ကိုတစ်ဦးတည်းပြေးဆွဲတော့မည် Reviewed by သစ်ထူးလွင် on 10:30 Rating: 5

2 comments:

Anonymous said...

ရှုံးမှာပေါ့ ၀ိုင်းခိုးနေကြတာကိုး .. ခရီးသည်တွေဆီက ကီလိုပိုလို့  ပေးရတဲ့ငွေ ဘာအထောက်အထားမှ ခရီးသည်ပြန်မရဘူး.. အဲဒီပိုက်ဆံ တွေ ဘယ်ရောက်သွားလဲ.. ပြီးရင် လေယာဉ်နဲ့  မမျှ တင်လိုက်တဲ့ ဂဏန်းပုံး.. ပုဇွန်ပုံး.. အဲတာတွေအတွက်ကော ရတဲ့ပိုက်စံတွေ နိုင်ငံတော်ကို ၀င်လို့ လား.. ဒီကြားထဲ လေယာဉ်မှူး ငတ တွေကို ဆီခိုးသေးတယ်.. နဲတောင်နဲသေးတယ် ရှုံးတာ...

Anonymous said...

.လောဘအိုးကြီးတွေ..အစိုး၇အဖွဲ့ ထဲ..ရှိသေးတယ်..ပို့ ဆောင်ရေးဝန်ကြီး လဲအတူတူ...Myanmar Airways ကို SunFar Agent နဲ့ ပေါင်းပြီး အခုလုပ်စားနေတယ်...SunFar ကို Airline အားလုံးက သွေးစုပ်ဖုတ်ကောင် လို့ ခေါ်တာ...သူကို အကူအညီတောင်းတဲ့ Airline တိုင်း မွဲသွားတာချည်းပဲ....သူက အပေးကြမ်း ပြီး အပေါင်းကြမ်းတယ်...

Powered by Blogger.