တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အိမ်ဖော်မလေး ၏ ပြောပြချက် (ရုပ်/သံ)

ပဲခူးမှ မီးပူဖြင့် အကပ်ခံရသည့် အိမ်ဖော်မလေး၏ နောက်ဆက်တွဲ သတင်းအချက်အလက်များ။ အိမ်ဖော်မလေး မအေးယုအောင် ကိုယ်တိုင်ပြောပြထားတဲ့ --- (ရုပ်/သံ) ဘားမားဗီဂျေ မှ တင်ဆက်ထားတာပါ။
 နောက်ဆက်တွဲ သိရသည့် သတင်းအချက်အလက်များနှင့် ပတ်သတ်၍ ပဲခူးမြို့ ဒုတိယမြို့ နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်းကို ပဲခူးကနေ တောင်တွင်းကြီး မြို့နယ်တရားရုံးသို့ လက်ရှိရာထူးအတိုင်း ပြောင်းရွှေ့ပေးလိုက်သည်ဟု သိရပါသည်။ အခု မီးပူနှင့် အကပ်ခံလိုက်ရသည့် မိန်းခလေးမှာ ပျောက်ဆုံးနေသည်ဟု သတင်းထွက်ပေါ်နေပြီး မိန်းခလေး၏ မိဘများကိုလည်း ရေနွေးပူလောင်သည်ဟု ပြောကာ အမှုမဖွင့်ရန်လည်း ငွေပေးပြီး ခြိမ်းခြောက်ထားသည်ဟု သိရပါသည်။ အခု လက်ရှိအခြေအနေအရ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ နေအိမ်ကို ပိတ်ထားပြီး တရားရုံးနှင့် ဌာနဆိုင်ရာများက ယင်းအမှုကိစ္စ လိုက်ပါဆောင်ရွက်နေသူ လမ်းပြကြယ် ဦးအေးမြင့်အား သတင်းဆက်မတင်ရန် လာရောက် တောင်းပန်နေကြောင်းလည်း သိရှိရပါသည်။
 
ဒီသတင်းနဲ့ ပါတ်သတ်တဲ့ Myanmar News Now မှ ဖော်ပြချက်များကို အောက်မှ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
ပဲခူးမြို့ဒုတိယမြို့နယ်တရားသူကြီးကတော်မှ အိမ်ဖော်မိန်းကလေးကိုရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုကို အမှုမဖွင့်ရဲ ....
မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး

(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှ          မပြောပြရန်အမျိုးမျိုးခြိမ်းခြောက်ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊
 နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများက       တွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်းငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ                              ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သော် လည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။
  ရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုခံခဲ့ရတဲ့ အိမ်ဖော်မိန်းကလေး မအေးယုအောင်  ရဲ့ မိခင်
 ဒေါ်ကြူ (ကျောက်ကြီးမြို့နယ် နေသူ)အား  နှိပ်စက်ခဲ့သူ ပဲခူးမြို့ ဒုတိယမြို့နယ်တရားသူကြီး
ကတော် ဒေါ်ဖြူဝင်းသက် မှ တဆင့်ဖုန်းဖြင့် ဧပြီလ (၅)ရက်နေ့ က ဆက်သွယ်ဖုန်းပြောလာ
ပါတယ်။

"ဖုန်းထဲမှာ ကောင်မလေး ဘာမှ မဖြစ်ဘူး ကောင်းကောင်းမွန်မွန် ပဲ ...အဲဒီအတွက် ဘာမှ

 စိတ်မပူပါနဲ့ လို့ ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူသို့ပြောကြားခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒေါ်ကြူက သမီး ဘာမှ မဖြစ်ဘူးဆိုရင် သမီးနဲ့ တွေ့ချင်တယ် ဖုန်းပြောချင်ပါတယ်။
 လို့ ပြောတဲ့ အတွက် အေးယုအောင် ကို မိခင်ဖြစ်သူ ဒေါ်ကြူနဲ့ ဖုန်း ပေးပြောပါတယ်။
ကလေးမလေး က ငိုနေပါတယ်တဲ့...ပြီးတော့ သမီးဆီကို လိုက်မလာပါနဲ့နော် သမီးဆီကို လိုက်မလာပါနဲ့နော် ဆိုပီး ငိုပဲငိုနေပါတယ်တဲ့...နောက်ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူကို
လိုက်မလာဖို့ ကျမတို့လည်း ပဲခူးမှာ ရှိမှာ မဟုတ်ဘူး နေပြည်တော် (သို့) ရန်ကုန် (သို့)
နယ်မြို့ တစ်ခုခု မှာ ရှိနေမှာ ဖြစ်တဲ့ အတွက် လိုက်မလာနဲ့လို့ သာ ပြောပါတယ်...နောက် အခု ကောင်မလေး ရတဲ့ ဒဏ်ရာက ဆီပူပေါက်လို့ ရတဲ့ ဒဏ်ရာ ဖြစ်ကြောင်း ပြောပြီး ဖုန်းကို ချလိုက်ပါတယ်။"

မအေးယုအောင် ရဲ့ မိခင်ဒေါ်ကြူ နဲ့ သွားရောက်တွေ့ ဆုံခဲ့သူတဦး က Myanmar News Now

ကို ပြန်လည်ပြောခဲ့တာဖြစ်ပါတယ်။ 
 
 
တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အိမ်ဖော်မလေး ၏ ပြောပြချက် (ရုပ်/သံ) တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော  အိမ်ဖော်မလေး ၏ ပြောပြချက် (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 09:44 Rating: 5

34 comments:

နှလုံးသားလှုပ်ခတ်သံကဗျာများ said...

မတရားမှုတွေ ပပျောက်အောင် မတရားမှုတွေကို ထုတ်ဖော်ကြပါ ထုက်ဖော်ရဲကြပါ။

ကိုဖြိုး said...

ရဲတွေဘာလုပ်နေလဲ...တ၇ာသူကြီးတွေဘာလုပ်နေလဲ....မတရားစားဖို့ပဲတွေးနေကြလားဗျာ...

Minn Aung said...

မတရားသူကြီတွေရဲ့ မတရားလုပ်ရပ်တွေပဲ။ ကဲမောင်သိန်းစိန်ဘယ်လိုရှင်းပေးမတုံး ဆိုတာပြည်သူတွေစောင့်ကြည့်နေပါတယ်

moesattnay said...

ကလေးသနားပါတယ်

မောင်မှန် said...

လွှတ်တော်ဥက္ကဌဆိုတဲ့သူက ဘာမှလုပ်မပေးဘူးလား၊ သူကလည်းမဟုတ်တာလုပ်ထားတော့ တရားသူကြီးဆိုတဲ့ကောင်တွေနဲ့တွေ့ရင် ပြန်စီရင်ချက်ချခံရမှာ ကြောက်ပုံရတယ်..သမတကြီးတို့ ကြံ့ဖွတ်တို့ ခင်ဗျားတို့တည်ထောင်ထားတဲ့ စနစ်ကြီးက လူယုတ်မာတွေ ကြိုက်သလောက် မဟုတ်တာလုပ်လို့ရတဲ့ စနစ်ကြီးဖြစ်နေတယ်၊ ပြည်သူ့ရဲ့ထောက်ခံမှုရချင်ရင် အောက်ကစ မတရားတာတွေ့ရင် ဥပဒေနဲ့ ပြင်းပြင်းထန်ထန်အရေးယူပေးပါချင်ဗျာ...

Cinderella said...

သားသမီးချင်းကိုယ်ချင်းမစာလုပ်တုန်းကလုပ်ပြီးကိုယ့်အလှည့်ကျ‌တော့
ေ ကြာက်တတ်လိုက်တာ...အစိုးရက‌ရောဒီလိုမတရားမှုကိုအ‌ရေးမ
ယူဘဲမသိကျိုးကျွန်ပြုပီးနယ်ေ ပြာင်း‌ပေးတယ်ဆို‌တော့..အဲဒြီဖူဝင်းသက်
ဆိုတဲ့မိန်းမကတကိုယ်လုံးပုံ‌ပေးပြီးလာဘ်ထိုးထားလို့ဘြဲဖစ်ရမယ်...။

ကိုစော said...

ဒီ ကလေးမလေးဟာ ဘ၀ ကံ အကြောင်း မလှခဲ့လို့ သူ တပါးအိမ် မှာ အိမ်ဖော် အဖြစ် အလုပ်လုပ် နေခဲ့ရတာပါ။ အိမ်ဖော် ဆိုတာ သူများစိတ် နဲ့ မိမိကိုယ် နေနေ ရတာပါ။
သူတို့ဟာလည်း ခံစားတတ် နားလည်တတ် သူတွေပါ။ မီးပူ နဲ့ အကပ် မခံရမှီ ဘယ်လို ဖြစ်ခဲ့သေးလည်း မသိနိုင် ပေမဲ့ ကလေးမ လေးဟာ အကြောက်တရား အားငယ်မူ့ တွေနဲ့ နေခဲ့ရတာ သိသာပါတယ် ။ ပွင့်ထွက်နိုင်တဲ့ အချိန်မှာ မျက်ရည်တွေ ဒလဟော ကျလာတော့ တာဘဲ ။ ကိုယ်ချင်းစာမိပါတယ် ကလေးမလေးရေ

ဒီလူ said...

"လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ".. .မြန်မာတွေဗြဟ္မစိုရ်တရား ခေါင်းပါးလာကြပြီလား... ဒီမိုကရေစီလူ့အဖွဲ့အစည်း မြန်မာ့လူ့အဖွဲ့အစည်း ကောင်းမွန်ဖွံ့ဖြိုး တိုးတက်လာဖို့ မိဘပြည်သူ လူထုတစ်ရပ်လုံးမှ ၀ိုင်းဝန်းအားဖြည့် ကူညီစောင့်ရှောက်ပေးကြပါ...မတရားမှုကို ၀ိုင်းဝန်းဖော်ထုတ်ပြီး ဥပဒေလက် အပ်နှံပေးကြပါ...ယဉ်ကျေးသောဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ ဆိုးသွမ်းသော ရိုင်းစိုင်းသော ယုတ်မာသော မတရားအခွင့်ထူးခံသော နိုင်လိုမင်းထက်ပြုမူလိုသော ဥပဒေမှောင်ရိပ်ခိုသော ဥပဒေအထက်မှပစားပေးခံရသော...စသော...စသော...အတိတ်၏ အရိပ်...စနစ်ဆိုး၏အမွေခံယူလိုသော...လူပုဂ္ဂိုလ်၊အမူအကျင့် အားလုံး...အားလုံး...တို့အတွက် နေရာလုံးဝ(လုံးဝ)မရှိပါ... ပြည်သူများမှ တရားဝင်ခန့်အပ် တာဝန်ပေးခြင်းကို ခံယူထားသော အစိုးရ၊လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်သူ့ဝန်ထမ်းများ ခင်ဗျား...ပြည်သူများအတွက် စွမ်းစွမ်းတမံ အလုပ်ကြွေးပြုကြပါ... ပြည်သူများအနေဖြင့်လည်း ကောင်းမွန်သောလူ့အဖွဲ့အစည်းနှင့်လျော်ညီသော ပြည်သူတို့ကျင့်အပ်သည့် ပြည်သူ့နီတိ စည်းကမ်းများကို ကျင့်သုံးလျက် ပါဝင်အားဖြည့်ပေးကြပါ...

ဝေဖန်ရေးသမား said...

ကဲ ကောင်းကြသေးရဲ့ လား လူ့ အခွင့်အရေးကော်မရှင်တို့ ၊အမျိုးသမီးရေးရာ ကော်မတီတို့  ၊ လူသားချင်းစာနာထောက်ထားရေးအဖွဲ့ တွေ ဘာလုပ်နေကြလဲ

ကိုယ်တော်ချော said...

ဒီလိုပြေးလို့ လွတ်ရိုးလား " ဖြူဝင်းသက်"

ဖိုးသား said...

ဒီအမှုက ဒီအတိုင်းပဲပြီးသွားလို့မဖြစ်ပါ ဒီအတိုင်းသာပြီးသွားပါက နောက်ဆိုဒါ့ထက်ဆိုးတာတွေကြားလာရနိုင်ပါတယ် မြန်မာနိုင်ငံမှာ တရားသူကြီးတွေ မတရားလုပ်နေမှတော့ တရားဥပဒေဘယ်လိုလုပ်စိုးမိုးမှာလဲ ..............

Unknown said...

ဒီမိုကရေစီဆိုတာ
ဥပဒေပြင်ပမှာရပ်တည်နေစီးမြောနေတဲ့အရာမဟုတ်ပါဘူး
ဥပဒေပြင်ပမှာ ဥပဒေရဲ့အထက်မှာ
ဘယ်သူမှမရှိဘူးဆိုတဲ့စကားဟာအလကားဖြစ်ပေါ်လာတာမဟုတ်ဘူးလေ
ဒါတွေဟာသိရင်ဒါတွေကိုလိုက်နာရင်ဒီလိုမျိုးတွေဖြစ်လာစရာတောင်မရှိဘူးလို့
မြင်ပါတယ် ပြီးတော့တရားမျှတစွာပြုလုပ်သင့်တယ်ဆိုတာပါပဲ
အထက်လူကြီးတွေမှမလိုက်နာရင်အောက်အောက်လူတွေဘယ်လိုလုပ်ဥပဒေကိုလိုက်နာမလဲဗျာ

22zaw said...

ဦးအေးမြင့်(လမ်းပြကြယ်) ခင်ဗျာ
အဲဒီကိစ္စ မှာဝင်ရောက်ကူညီနေတယ်ဆိုလို့ဝမ်းသာပါတယ်။
ဒါပေမဲ့ ကလေးမလေး အဲဒီမိသားစုလက်ထဲမှာ ရှိနေဆဲဆိုတာသိရ
တော့စိတ်မကောင်းဖြစ်ရပါတယ်။ လွတ်မြောက်ဖို့ကဘာတွေလိုအပ်နေပါလဲ? စာချုပ်သက်တမ်းမပြည့်လို့လျှော်ကြေးပေးရမှာကြောင့်လား?
သူ့မိသားစု လတ်တလောစားဝတ်နေရေးခက်နေတာလား?
တရာစွဲဖို့က ငွေလိုအပ်နေပါသလား?
ကျေးဇူးပြုပြီးအခြေအနေ အမှန်ကိုရှင်းပြပါခင်ဗျာ။
ငွေလိုအပ်နေတာဆိုယင် လည်းပို့ပေးလို့ရမည့် ထိထိရောက်ရောက် ရိုးသာစွာကူညီမည့်သူ တစ်ဦးဦး ရဲ့ လိပ်စာ
မှတ်ပုံတင် စသည်တို့ ကို ဒီ web site မှာတင်ပေးစေချင်ပါသည်။
ဒီလောက်ရက်စက်တဲ့ ကိစ္စ နယ်ပြောင်းယုံလောက်အပြစ်ပေးတာ
တော့ မဟုတ်သေးဘူး။ ပထမဆုံး ကလေးမလေး အဲဒိမိသားစု
လက်ကလွတ်အောင် ကြိုးစားစေချင်ပါတယ်။
လေးစားစွာဖြင့်

ဧနဒီ said...

သနားစရာသမီးလေးရယ်။ သြော်....လူတွေ..လူတွေ။ တကယ်ကိုနိုင်ရာစား လောကကြီးထဲမှာ လူက လူကို လူလိုကိုမမြင်ကြတော့ပါလား။ လမ်းပြကြယ် ဦးအေးမြင့်တို့ကိုလဲ အနူးအညွတ်တောင်းပန်ပါတယ်။ လုပ်ပေးနိုင်သမျှတွေ မြင်တွေ့နေရတဲ့အတွက်လဲ တကယ်ကို သာဓုခေါ်ပါတယ်။ ဒီသမီးလေး အေးယုအောင်အမှုကိုလဲ တရားသဖြင့်လေးပြန်ခံစားနိုင်အောင် ကူညီပေးပါလို့ ထပ်ပြီးအနူးအညွတ်တောင်းဆိုပါရစေ............။ ။

Aung Soe Oo said...

အန်ကယ်ဦးအေးမြင့်ခင်ဗျာ ဒီလိုမျိုးလူးသားချင်းအကြင်နာတရားမဲ့တဲ့အမှုမျိုးကို ပြည်သူတွေသိအောင်ဆက်လက်ပြီးတင်ပြပေးသွားပါလို့မေတ္တာရပ်ခံပါတယ် မိဒီယာတွေတိုးတက်လာတာနဲ့အမျှလူတွေရဲ့မတရားမှုတွေ ကောက်ကျစ်မှုတွေ လိမ်ညာမှုတွေဟာ သိသာထင်ရှးလာခြင်းအားဖြင့်အထိုက်အလျှောက်တော့လျော့နည်းသွားမယ်လို့ယုံကြည်နေပါတယ်

Unknown said...

အခုလို ကူညီပေးတဲ့ဦးအေးမြင့်(လမ်းပြကြယ်)ကို အထူးလေးစား
ပါကြောင်းပြောကြားလိုပါတယ်။မြန်မာနိုင်ငံမှာ မတရားမှူတွေကို အခု
လိုထုတ်ဖေါ်ခွင့်ရပြီး မျက်စေ့ အမြင်ကျယ်လာတဲ့အတွက် တကယ်
ကောင်းမွန်တဲ့ လုပ်ရပ်တခုဖြစ်ပါကြောင်း ပြောကြားလိုပါတယ်
အင်တာနက်ပေါ်က ကျယ်ကျယ်ပြန့်ပြန့်ပြောခွင့်ရကြသလို ဥပဒေ
အရ အရေးတယူရှိလာတာကိုလဲ နိုင်ငံတော်သက်ဆိုင်ရာအဖွဲံ့အစည်း
များကိုကျေးဇူးတင်ပါကြောင်း..ပြောကြားအပ်ပါတယ်။

xiaopaing said...

သားသမီးချင်းကိုယ်ချင်းမစာတဲ့အဲ့ကောင်မကိုမီးပူနဲ့ပြန်ကပ်ကြည့်ပါလား နင့်တို့တွေလုပ်ချင်တိုင်းလုပ်ပြီးနယ်ပြောင်းမိန့်ပဲကျတာကတော့ဆားမပါတဲ့ဟင်းလိုဖြစ်နေမှာပေါ့ ဆက်မလိုက်နဲ့လို့ပြောတဲ့သူကရောသူ့သမီးဖြစ်ကြည့်ပါလား မင်းဒီလိုတောင်ပြောနိုင်မှာမဟုတ်ဘူး ဥပဒေအတိုင်းမင်းတို့ကကူညီပြီးဖြေရှင်းရမှာကွ

Philip Kotler said...

အာဒါဆိုရင် ဒါစာ ပြန်ပေးဆွဲထားပြန်ပြီပေါ့ဗျာ အမျိုးသမီးရေးရာဆိုတဲ့ ဗိုလ်စားပဲတွေစုလုပ်နေတဲ့ အဖွဲ့ဘာလုပ်နေလဲ ဒါမျိုးကိုတော့မကာကွယ်တော့ဘူးလား ဒီခလေးသာ မင်းတို့ ရင်သွေးဆိုရင်ဘယ်လိုနေမလဲ ဦးအေးမြင့် ကျေးဇူးတင်ပါတယ် အရမ်းလေးစားပါတယ် လောကမှာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ထားသင့်၊ ရှိသင့်တာက ကိုယ်ချင်းစာတရားပါ ဦးအေးမြင့်ကိုထာဝစဉ်လေးစားလျှက်

kyawminmin said...

အထက်က22zaw ပြောတာထောက်ခံပါတယ် ကျနော်တို့သနားနေရုံနဲ့တော့
ကရုဏာမမြောက်သေးဘူးထင်တယ် လမ်းပြကြယ်ဦးအေးမြင့်ခင်
22zawပြောသလို ဒီကလေးဒီမိသားစုကလွတ်မြောက်ဖို့အတွက်
ဘာတွေလိုအပ်နေပါသလဲ သစ်ထူးလွင်ဝက်ဆိုက်ကနေအခြေအနေ
အမှန်ကိုတင်ပြပေးပါ တရားစွဲဖို့ ငွေလိုအပ်တယ်ဆိုရင်လဲသစ်ထူးလွင်ကနေ
ပွင့်လင်းစွာအကူအညီတောင်းပါ မတရားတဲ့အမှု လူမဆန်တဲ့လုပ်ရပ်
တွေကို ခေါင်းမလွှဲနိင်တဲ့ကျနော်တို့လိုလူငယ်တွေအဝေးကနေတတ်စွမ်း
သမျှကူညီပါမည်


လေးစာစွာဖြင့်

Youth said...

သြော်...သနားစရာညီမလေးရယ်။ ကိုယ့်ညီမလေးနဲ့ ယှဉ်ပြီးကိုယ်ချင်းစာသနားမိပါတယ်။ စိတ်မကောင်းလိုက်တာဗျာ။ ညီမလေးတော်တော်ခံစားရမှာဗျာ...ပြီးတော့ရင်ဘက်ကဒဏ်ရာအမာရွတ်ကလည်းရုပ်ဆိုးကျန်ခဲ့မှာ.. .တ်ာတော်လူစိတ်ခေါင်းပါးတဲ့ဟာမကြီးပဲ။ အကြင်နာတရားကင်းမဲ့လိုက်တာ...ထိထိရောက်ရောက်အရေးယူးပေးကြပါခင်ဗျာ...။

feels said...

၁၅နှစ်ဆိုတော့ မိဘအုပ်ထိန်း အောက်မှာဘဲရှိသေးတယ် .. သူ့ အမေဘာဖြစ်စေချင်လဲ .. အဲဒီအတိုင်း လုပ်ပေးရမှာဘဲ..

aungthusoe said...

ခင်ဗျားတို့ပြောတဲ့ဒီမိုကရေစီကဒါလား...........?ဟားးးးးးးးးးးးးးးးးးးးးးးးး
ဒီမိုကရေစီရဲ့အရသာကိုငါတို့ဘယ်ချိန်ခံစားရမှာလဲ။တရားသူကြီးကတော်လား။မတရားသူကြီးရဲ့ကတော်လား။သူကိုဘာလုပ်ကြမှာလဲ။ ဒီတိုင်းကြည့်နေမှာလား
ထိရောက်တဲ့အပြစ်မပေးတော့ဘူးလား။ကောင်မလေးဖတ်မှဘယ်သူမှမရပ်တည်
ကြဘူးလား။ဘာလဲ ခင်ဗျားတိုကိုယ်တိုင်ကအပြစ်နဲ့မလွတ်လို့အရေးမယူရဲတာ
လား။တစ်ချိန်ကခင်ဗျားတို့ရဲ့အပြစ်တွေပေါ်ကုန်မှာကျောက်လို့လား....

မောင်အေးချမ်း said...

သနားပါတယ်...ကူညီပါရစေဆိုတဲ့သူများ ဘယ်ရောက်နေကြပါလိမ့်...

nayzinlatt said...

ကမ္ဘာကြီးဟာလည်နေသရွှေ့အစဉ်သရွှေ့သန်ပြန်တက်ရောက်မှုတွေရှိနေအုံးမှာပါ
ပြန်ခံစားဖို့သာပြင်ဆင်ထားကြပါ

မှိုင်း said...

ကလေးမလေးခမျာ ဘယ်လောက်တောင်ကြောက်နေရှာမလဲဗျာ ... ။
စေတနာ့ဝန်ထမ်း ညီအစ်ကိုတို့ရေ ...ကလေးမလေးကို သူ့မိဘဆီပြန်ရောက်အောင် အရင်ဆုံးဆောင်ရွက်ပေးလိုက်ကြပါဗျာ ... ။

shwebochokyi said...

ရက်စက်လိုက်ကြတာ..ရက်စက်လိုက်ကြတာ..စာနာစိတ်မရှိကြတော့ ဘူးလား

မီးအိမ် said...

အာဏာရှိသောသူနှင့် လူ့ကျင့်ဝတ်သည် အဆင့်အတန်းရှိသောအနေအထားရှိရပါသည်၊ လူကျင့်ဝတ် နိမ့်ပါးသောသူအား ထိုက်တန်သောပြစ်ဒဏ်ချပေးပါ၊ လုံးဝလက်မခံပါဘူး၊

မျိုးချစ်လူငယ် said...

ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက် ရဲ့အိမ်မှာတောင် ဒီလိုမတရားမှု၊ ရက်စက်မှုတွေရှိနေတာ ဘာကြောင့်လဲ၊
ရာထူးအရှိန်အ၀ါနဲ့ ဥပဒေကို မသိကျေးကျွန်ပြုတာ တာဝန်သိလူကြီးများ အမြန်ဆုံး ဆောင်ရွက်ဖြေရှင်းပေးစေလိုပါတယ်။
တိုင်းပြည်မှာ ရာထူးအရှိန်အ၀ါတွေနဲ့ ရမ်းကားနေတဲ့လူတွေ အများကြီး ဖြစ်နေသေးတာ ဥပဒေ ပြဌာန်းချက်၊ ဥပဒေ လွဲမှားမှုတွေရှိလို့ပါ။
မဟုတ်တာ လုပ်ထားတာချင်း တူနေတော့ ဘယ်သူမှလဲ ဥပဒေနဲ့ အရေးမယူရဲ ဘူးထင်ပါရဲ့။

စည်သူ said...

လမ်းပြကြယ် ဦးအေးမြင်.ကိုဘဲ အားကိုးပါတယ်။ အများအတွက် စံပြဖြစ်အောင် လုပ်ပြပေးပါ၊

ဇင်မွန် said...

ပဲခူး အမှတ် (၂)၇ဲစခန်းမှုး -- ဥပဒေအတိုင်း -- ထိထိေ၇ာက်ေ၇ာက်---မှန်မှန်ကန်ကန် --- မြန်မြန်ဆန်ဆန် -- လုပ်ပေးပါ ၊

bone said...

ဦးအေးမြင့်(လမ်းပြကြယ်)ရဲ့တင်ပြချက်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ၊အဲ့ဒီ့ဖြူဝင်းသက်ဆိုတဲ့မိန်းမယုတ်ကလူကမွေးတာတော့မဖြစ်နိုင်ဘူးထင်တယ်နော်...

The Nature Myanmar said...

သတင်းခေါင်စဉ်
၁။ တရားဥပဒေကို မရင်ဆိုင်ရဲသဖြင့် မြန်မာတရားသူကြီး ထွက်ပြေးခြင်း...

၂။ ထိုကျက်သရေ မရှိသော တရားသူကြီးများ ဂုဏ်သိက္ခာကျမှာစိုး၍...
သတင်းမဖြန့်ပါရန်...လမ်းပြကြယ် ဦးအေးမြင့်ကို ခြေသလုံးဖက်၍ တောင်းပန်နေကြခြင်း...

စောင့်ကြည့်ရမည့် သတင်းများ
၁။ အသက် ၁၈နှစ် မပြည့်သေးသော မြန်မာအိမ်အကူ မိန်းကလေးအား မြန်မာတရားဥပဒေက ကာကွယ်စောင့်ရှောက်မှု ပေးနိုင်၊ မပေးနိုင်...

၂။ ကူညီပါရစေလို့ ပြောနေကြသူများ...တကယ် ကူညီ၊ မကူညီ...

ဦးအေးမြင့်နှင့် တကယ်ကူညီကြသူများ အားလုံးကို ဦးညွှတ် အလေးပြုပါတယ်...

Myint Zu Zu said...

ထိုင်းနိုင်ငံ မဟာချိုင် နေ ၄င်းအမျိုးသမီး ဖခင်နှင့်ဆွေမျိုးနီးစပ်တော်သူ( ဦးဘ)
နာမည်ဝှက်ကသူရဲ့ တူမလေးအတွက် ထိုအမှုကို တရားဥပဒေနည်းလမ်းအတိုင်း အရေးယူဆောင်ရွက်သွားပါက လက်ခံမည်ဖြစ်ကြောင်း သို့ မဟုတ်ပါက မိမိသည်ထောင်ထွက်သမားဆိုတော့ ထောင်ထဲပြန်ဝင်ရန်အမှန်တရားအတွက်မို့ မမူတော့ပါကြောင်းထိုတရားသူကြီး ရဲ့ ဇနီးကို လည်း ပြည်တွင်းပြည်ပသတင်းမီဒီယာမှနေ၍ တာဝန်ကျသောမြို့ နာမည်များကိုအမြဲတမ်းတင်ပြပေးပါရန် တောင်းဆိုလိုက်သည်။(၄င်းရွားသားတစ်ဦးရဲ့ အဆို ဖြစ်သည့်အတွက်သတင်းမှန်မမှန်အတည်မပြုနိုင်သေးပါ)

yehuttin said...

စားဝတ်နေရေးအတွက်ရိုးရိုးသားသားရရာအလုပ်နဲ့လုပ်ကိုင်စားသောက်သူဖြစ်သည့်အပြင်မိန်းခလေးတယောက်အားဤသို့ပြုကျင့်ရန်မသင့်ဟုထင်မြင်ပါသည်။ဗုဒ္ဒဘာသာဝင်ဖြစ်ခဲ့လျှင်ဒေါသကိုထိန်းနိုင်ရန်ကြိုးစားပါ။လောဘဟူသောအလိုရမက်ကြောင့်ဒေါသဖြစ်၏ဒေါသကြောင့်မောဟဖြစ်စေသည်။မိန်းမဖျက်လျင်ပြည်ပျက်သည်ဟူသောစကားရှိပါသည်။မိမိခင်ပွန်းသည်မိမိကြောင့်ဂုဏ်အသရေမညိုးနွမ်းစေပါနှင့်။ဒီမိုကရေစီအရေးကိုအလေးထားသူဖြစ်ပါကဤသို့သောမတရားမူများကိုရှောင်ကြဉ်ပါ။ယခုလုပ်ရပ်အားစက်ဆုပ်စွာရှုံချပါသည်။မိမိသာဆိုလျင်မည်ကဲ့သို့ခံစားရမည်နည်း။တွေးကြည့်ပါ။

Powered by Blogger.