ဦးခင်ညွန့်ရဲ့ပြောဆိုချက်အပေါ် ဒီပဲယင်း ဖြစ်ရပ်တုန်းကအတူရှိနေခဲ့တဲ့ဦးတင်ဦးရဲ့ပြောဆိုချက်(အသံဖိုင်)

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ၂၀ဝ၃ ခုနှစ် မေလ ၃၀ ရက် ဒီပဲယင်း ဖြစ်ရပ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ် ကနေ ထောက်လှမ်းရေးတွေက ကယ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကိုကယ်တင်ခဲ့တယ်လို့ပြောတဲ့ ဦးခင်ညွန့်ရဲ့ပြောဆိုချက်အပေါ် ဒီပဲယင်း ဖြစ်ရပ်တုန်းကအတူရှိနေခဲ့တဲ့ဦးတင်ဦးရဲ့ပြောဆိုချက်(အသံဖိုင်)
BBC
ဦးခင်ညွန့်ရဲ့ပြောဆိုချက်အပေါ် ဒီပဲယင်း ဖြစ်ရပ်တုန်းကအတူရှိနေခဲ့တဲ့ဦးတင်ဦးရဲ့ပြောဆိုချက်(အသံဖိုင်) ဦးခင်ညွန့်ရဲ့ပြောဆိုချက်အပေါ် ဒီပဲယင်း ဖြစ်ရပ်တုန်းကအတူရှိနေခဲ့တဲ့ဦးတင်ဦးရဲ့ပြောဆိုချက်(အသံဖိုင်) Reviewed by သစ်ထူးလွင် on 14:51 Rating: 5

31 comments:

KoTOE said...

ဒီပယင်းမှာဖြစ်ေ နတာကို ရန်ကုန်က သိနေတယ် ဆိုကတည်းက
ကြိုတင်ကြံစည်ထားတာ သေချာနေပြီ။
DASSKကို ရဲစခန်းက ကယ်ထုတ် လာတယ် ဆိုတော့...ရဲစခန်းရောက်အော င် မောင်းမပြေးနိုင်ရင်၊ ဘယ်သူက ကယ်မှာလဲ??
လွတ်သွားတယ် သိလို့ အမြတ်ထုတ်လိုက်တာလား.....
ရေကြီးနေလို့ ကျားဥပုဒ်စောင့် လိုက်တာလား
စဉ်းစားစရာတွေ............................
သေချာတာ တစ်ခုကတော့...သန်းရွှေနဲ့ ကြံ့ဖွံ့ (နအဖ)တွေ...စနစ်တကျ ကြိုတင်ကြံစည် ယုတ်မာ ရိုင်းစိုင်းမှု တစ်ခုဆိုတာပါဘဲ။

မှတ်ချက်။ ၊ ကိုတင့်ထူးလွင်ေ၇....ကျနော့်ဆီမှာ...ဒီပယင်းပဏာမအစီရင်ခံစာရှိတယ်...ဘယ်လိုတင်ရမလဲပြောပြပါလား

ှဲKaung said...

ဘဘဦးတင်ဦးပြောသွားတာ အရမ်းကောင်းပါတယ်။

Tomahawk said...

Many Thanks for this post, Ko Thit....
ကဲပရိတ်သတ်ကြိးရေ၊ဒါဆိုရင်အဖြေကရှင်းပါတယ်နော်။
အားလုံးသောပြည်သူတွေဘယ်သူ့စကားကိုယုံကြည်ပါသလဲ။
ဦးတင်ဦးနဲ့ခင်ညွန့်၊ရိုးသားဖြူစင်တဲ့လူနဲ့
မိုးလုးံပြည့်မုသာဝါဒလူလိမ်။

shwe man thar said...

ဗျို.ကိုသစ်။
ီဒီကလိုင်းအစုတ်အပြတ်တွေကအသံဖိုင်တွေဗီဒီယိုဖိုင်တွေဖွင်.၇တာကြက်သေ၇
တုံးလွန်းလို.ဖြစ်နိုင်၇င်သတင်းအကျင်းလေးဖြစ်ဖြစ်အောက်ကထဲ.ပေပါလားဗျာ။
အခုလဲနားထောင်မ၇လို.ဘဘဦးတင်ဦးကဘာတဲ.လဲ။

Ramanya said...

ဟဲ ဟဲဟဲဟဲ ဟဲဟဲ ဟဲ...ဘဘဦးတင်ဦး ရယ်နေပြီး။ ကျွန်တော်တို့တတွေ သဘောပေါက်သွားပြီး။

jitttoo said...

ဖြေသွားတာတင်မဟုတ်ဘူး။ ရယ်သွားတာလေးကပါ သိပ်ကောင်း။

အမြင်သစ် said...

သိပ်ကောင်းတယ်ဗျာ။ ဦးခင်ညွန့်ပြောတာတွေကို လိမ္မာပါးနပ်စွာငြင်းသွားတာဘဲ။ဘာကိစ္စခုမှဒီအစကိုပြန်ဆွဲထုတ်ပြောရတာလဲလို့တောင် ပြန်မေးခွန်းထုတ်ထားသေးတယ်။ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကတော့ဒီကိစ္စတွေကိုမေ့ထားလိုက်ပါပီတဲ့။လက်စားချေဖို့ဆိုတာတော့ဝေလာဝေးပေါ့။ခုလက်ရှိအချိန်မှာအမေစုရဲ့လုံခြုံရေးဟာစိုးရိမ်ရေမှတ်လို့ပြောလို့ရနိုင်သေးတယ်လို့ဆိုနိုင်တဲ့အနေအထားပါဦးတင်ဦးပြောသွားပုံကို အကဲခတ်ရတာ။လုံခြုံရေးတာဝန်အရှိဆုံးက လက်ရှိအစိုးရပါလို့ ဆိုပေမယ့် ယုံလို့မရသေးပါဘူး ဘဘဦးတင်ဦးခင်ဗျာ....

ChOcOlAtE said...

ရှင်းလင်းပျက်သားတဲ့ လေသံနဲ့ အပြောအဆိုပါ။ အချက်တိုင်းကို တွေဝေမှုမရှိ ရှင်းခနဲလင်းကနဲ ထင်သာမြင်သာအောင် ပြန်လည်ဖြေကြားသွားနိုင်ပါတယ်။ ဘယ်စကားကိုမှ ဝေ့လည်ကြောင်ပတ်ဖြေသွားတာမတွေ့ ရပါဘူး။ လူထုကိုခေါင်းဆောင်မှုပေးနိုင်တဲ့ NLD ပါတီမှာ ဒီလိုရိုးသားပျက်သားမှုတွေရှိတယ်ဆိုတာ သိနိုင်ပါတယ်။ NLD ကို လေးစားပါတယ်ဗျား။

thihathuya said...

ဘဘတို့ဘက်ကဒီလို.သုံးသပ်ပြတဲ့အတွက်ကျေးဇူးပါ.ဒါမှဝါ၀ါမြင်တိုင်းရွှေ.ထင်နေတဲ့လူတွေအဖြူအမဲသဲကွဲမှာပါ .နို့မဟုတ်ရင်ဘူးသီးမှအရီးတော်ချင်သူပြောသမျှ..(ဘဘပြောသလိုအခုချိန်မှာဒါတွေပြောနေစရာမလိုတော့ပါဘူး).ဟုတ်လှပြီထင်ပြီးလေးစားဂုဏ်ယူသာဓုခေါ်နေသူတွေအတွက်အပိုတွေဖြစ်နေတယ်ဆိုတာသိလာမှာပါ.အမှန်တရားကိုသက်ဆိုင်ရာလူကြီးတွေဘ၀နဲ့ရင်းပြီးသိကြပါတယ်..ငြင်းမရပါဘူး

Anonymous said...

သတင်းအသစ်တစ်ခု နားထောင်ရတာပေါ့

Anonymous said...

ယုံရမှာလားမောင်ခင်ညွှန်ရဲ့

Anonymous said...

ယုံရမှာလားမောင်ခင်ညွှန်ရဲ့ 

lwannaymie said...

ခင်ညွှန့်...အမေစုကိုအတင်းကြီးလိုက်ကပ်နေတယ်။ ဟား...ဟား...ဟား...(ဆင်သားရည်ကိုဆိပ်သားရည်နဲ့ဖုံးမနေနဲ့)။ (သန်းရွှေရဲ့လက်ရုံး၊ကျွန်...ကွန်ပြူတာစက်ရုပ်လူသား...ဆိုတာ၊ခင်ညွှန့်ဘဲ)။ အဲဒီခေတ်က...သူ့ကိုအကြောက်ရဆုံးဘဲ(ငါအပါဝင်)။ မဟုတ်မခံလူတော်တွေကို...ညညလာခေါ်သွားပြီး၊(မလွှတ်ရင်အထဲမှာသေ)၊ပြန်လွှတ်ရင်ရူးပြီ(သို့)ဘဝပျက်သွားတဲ့သူတွေအများကြီးဘဲ။ အဲဒီခေတ်ကခင်ညွှန့်ဆိုတာမရှိခဲ့ရင်..သန်းရွှေ(နှစ်၂၀)အာဏာမမြဲဘူး၊စစ်တပ်တောင်သူ့ကိုကြောက်တယ်၊အဲဒါလူတိုင်းသိတယ်။ ကောင်းတဲ့သူဆိုတာ၊သမ္မတကြီးလိုလူစားမျိုးပါ(အာဏာရှိတဲ့အချိန်မှာပြည်သူကိုသနားတယ်၊စာနာတယ်၊ကောင်းမဲ့နည်း...လမ်းကိုဆွဲယူတယ်)။ ခင်ညွှန့်သားတွေဆိုလဲ...လယ်ဘယ်စစ်ရာထူးခြင်း..တောင်အသေကြောက်ရတယ်။ ဒါကြောင့်သန်းရွှေက(ကိုယ်မွေးတဲ့...မျောက်ကလူဝံဖြစ်လာလို့၊လက်ထိပ်ခတ်လိုက်တာပါ)...သူ့တပည့်တွေကိစ္စကြောင့်ကနည်းနည်းပါ။ သူ့တပည့်တွေဆိုးတာ၊သူ့ဦးနှောက်ထက်တဲ့ခြေဖျားတောင်မမှီပါဘူး။ ခင်ညွှန့်...ခင်ဗျား...ရိုးသားတယ်ဆိုရင်၊ပြည်သူတွေအတွက်၊တစ်သက်လုံး...ဘုန်းကြီး...အပြီးဝတ်ပါ...ငါနဲ့ပြည်သူအားလုံး၊ယုံနိုင်လိမ့်မှာပါ။ (မှတ်ချက်---မမုန်းပါ..မေ့ပြစ်ဖို့မဟုတ်)။

Zarni Bwar said...

ထောက်လှမ်းရေးတွေက တော်တော် သက်စွန့်ဆံဖျား ကယ်ထုတ်သွားတာပဲနော်။ ဒေါ်စုတို့ ရဲစခန်းကိုရောက်မလာနိုင်ရင် ဘယ်လိုလုပ်မလဲ။ ရီစရာကြီး။ ဖတ်ကြည့်ကြပါအုံး။

ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်"

Anonymous said...

ဘဘပြောတာမှန်တယ်

Salai Kyaw Kyaw said...

အသံဖိုင် ဖွင့် လို့မရလို့ ကျေးဇူးပြုပြီး ဘယ်လိုဖွင့်ရမှာလဲ ကူညီပါအုံး
လေးစားလျှက်
ဆလိုင်းကျော်ကျော်

nandar said...

ဒါဆိုဘာလို့ထောင်ချတာကိုမတားခဲ့တာလဲ။ အမေစုမို့ခွင့်လွတ်နိုင်ခဲ့တာ။ ပြည်သူတွေအတွက် မို့ဆိုတာရှင်းနေတာဘဲ။ တွေးလေ အမေ့ ကိုမြတ်နိုးလေပါဘဲ။ အမေကျန်းမာပါစေ။ အဝေးရောက်သမီးအမြဲကန်တော့ပန်းဆင်လျက်ပါအမေ။

win tun said...

ဦးခင်ညွန့်ကို တခုလောက်ဖြည့်စွက်ပီး ပြန်မေးဘို့ မီဒီယာတွေကို
တောင်းဆိုချင်တာက..
(၁)တွင်း(၂) ဗိုလ်တင်ဦး ရဟတ်ယာဉ် ပျက်ကျရတဲ့ ကိစ္စရယ်..
(၂)အဲဒီထဲက ကံကောင်းထောက်မစွာ လွတ်လာခဲ့ကြသူများရဲ့
လက်ရှိ အခြေနေရယ်...
(၃)လွတ်လာသူများ ဘယ်မှာ ဘယ်လို ရှိနေကြတယ် ဆိုတာရယ်..
သူတို့ နဲ့ တွေ့နိုင်ဘို့ ဘယ်လိုလုပ်ရမလဲ ဆိုတာရယ်...
(၄)တွင်း(၂) ဗိုလ်တင်ဦး ရဲ့ အိမ်မှာ ပါဆယ်ဗုံးပေါက်ပီး...
သမီး သေဆုံးသွားရပုံနဲ့ ဘယ်လိုဘယ်ပုံ အရေးယူဆောင်ရွက်ခဲ့လဲ ဆိုတာရယ်...
(၅)တွင်း(၂) ဗိုလ်တင်ဦး ကမ္ဘာအေးမှာ စွယ်တော်လာအဖူး...
ဗုံးပေါက်တဲ့ ကိစ္စ တွေရယ်ကို..
မီဒီယာများက မေးပေးစေချင်ပါတယ်...
နောင်တ တရား အကျွတ်တရား ရလို့
ဘဝမှာ ပထမဦးဆုံးအကြိမ် ဒုလ္လဘရဟန်းဘောင်တောင် ဝင်နေမှပဲလေ...
တကယ်သာ... ရိုးဂုဏ် နဲ့ ပြည့်ဝပါတယ်ဆိုရင်...
နောင်အနာဂတ် မြန်မာပြည်ကို မွေခံထိုက်ကြမယ့်...
သားကောင်းရတနာများ မ အ ရ အောင်...
မေးခွင့် မေးနိုင်ခွင့်ရှိသူများကလဲ မေးပေးစေချင်ပါတယ်...
ဖြေမယ့်သူကလဲ...
ရိုးဂုဏ်ကို တန်ဘိုးထားသောအားဖြင့်...
ရှင်းခဲ့ ဖြေကြား ခဲ့စေချင်ပါတယ်....

bo choke baw gyi said...

တစ်ခုတော.ပြောပါရစေခင်ဗျာ။လူကြီးတွေအားလုံးက သင်ပုန်ချေပြီး ကျေနပ်တယ်ဆိုအုံးတော.၊သွေးချောင်းစီးလောက်အောင် အသတ်ခံလိုက်ရတဲ. အသက်ပေါင်းများစွာအတွက်တော. ဘယ်လိုများစဉ်းစားထားကြပါသလဲ။ နဲနဲလောက်တော. စဉ်းစားသင့်တယ် ထင်ပါတယ်။

Anonymous said...

လောကမှာ ချစ်သူရှိရင်...မုန်းသူရှိသည်...
ဗိုလ်ချုပ်အောင်ဆန်းကို တစ်နိုင်ငံလုံးနီးပါးချစ်ခဲ့ကြသည်။
သို့သော် မုန်းသူများလည်းရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူများ ချစ်ကြသည်။ သို့သော်...မုန်းသူများလည်းရှိကြသည်။ ဒီပဲယင်းအရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ် အလွန်စိုးရိမ်းခဲ့ရတာ မှန်သည်။ ဦးခင်ညွန့်ကယ်တင်သည်ဆိုတာလည်း မှန်သည်။ သို့သော် တာဝန်အရသာ ဖြစ်လိမ့်မည်.. စေတနာရှိတာ မရှိတာကတော့ ကာယကံရှင်သာ သိလိမ့်မည်... ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် တစ်ခုခုဖြစ်ခဲ့ပါက ဆိုးရွားသော သမိုင်းတရာခံဖြစ်ကြမည့်သူများမှာ ဦးခင်ညွန့်အပါအ၀င် စစ်ခေါင်းဆောင်များသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ထုတ်သွားဟန်တူသည်။

အမြင်သစ် said...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်၂၀၀၃ခုနှစ်ဒီပဲယင်းအရေးအခင်းတွင် နိုင်ငံရေးအရကြီးမားသောအမှားကြီးတခုကိုဦးဆောင်ကျူးလွန်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်က ရပ်စဲခဲ့သော အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်တွင် မဖြစ်မနေ ပြန်လည် ကျင်းပခဲ့ရသည်။အမျိုးသားညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် လက်ရှိသမ္မတ ဦးသိန်းစိန်ကို ခန့်အပ် တာဝန်ပေးခဲ့သည်။ ထိုစဉ်က သမ္မတဦးသိန်းစိန်သည် နအဖအတွင်းရေးမှူး(၂) နှင့်စစ်ရေးချုပ်တာဝန်ကိုယူနေရသူဖြစ်ပါသည်။အလားတူ၂၀၀၄ခုနှစ်အမျိုးသားညီလာခံတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမျိုးသားညီလာခံ ပြန်လည်ဝင်ရောက်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ယူ စေ့စပ်ဆွေးနွေးခဲ့ရသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ထောင်ချပြီး ဒီပဲယင်းအရေးခင်းကို ဦးဆောင်ခဲ့သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ဒု ဥက္ကဋ္ဌ၊ နအဖအတွင်းရေးမှူး(၁)၊ လေကြောင်းရန်ကာကွယ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း(ကွယ်လွန်)ကိုဝန်ကြီးချုပ်တာဝန် ပေးခဲ့သည်။ ထိုစဉ်က နအဖ ဒု ဥက္ကဋ္ဌနှင့် ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး မောင်အေးအားဗိုလ်ချုပ်ကြီးခင်ညွန့်ကိစ္စတွင် ခေါ်ယူ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ သတိပေးခဲ့ပြီးနောက် စစ်တပ်၏ ကွပ်ကဲမှုကို ညှိနှိုင်းကွပ်ကဲရေးမှူး၊ လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းမှ တာဝန်ယူကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ တိုက်ရိုက်တင်ပြခြင်းဖြင့် နိုင်ငံတော်အာဏာကို ထိန်းကျောင်းသွားခဲ့သည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး၊ ၂၀၀၈ ခုနှစ် နာဂစ် လေမုန်းတိုင်း ပြဿနာများပြီးနောက် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့၏ နိုင်ငံအပေါ် ရှုမြင်ပုံအမြင်များနှင့် ပတ်သက်၍ တိုးတိုးတိတ်တိတ် သတင်းများဖြစ်ပေါ်ခဲ့သေးသည်။ ယင်းကိစ္စများ ကိုင်တွယ်မှုအပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တည့်တည့် မဝေဖန်ဝံ့သော်လည်း ထိုကိစ္စများသည် ဦးအောင်သောင်း(လက်ရှိငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်) ကြောင့်ဟု အားလုံးက မှတ်ချက်ပြုကြောင်း သိရသည်။

KoTOE said...

အန်ကယ်ကြီးက...ဗိုလ်အောင်ဒင်လိုရယ်ပြလိုက်တာဘဲ..

Anonymous said...

စစ်ထောက်လှမ်းရေးတွေဟာ နှစ်ဖက်ချွန်မကဘူး
ဘယ်နှစ်ဖက်ချွန်နေမှန်းကို မသိတာ
အခြေအနေအချိန်အခါကို အသုံးချ
ကိုယ်ကျိုးရှာတက်ကြတယ်
မျက်စိကိုသေချာကြည့် မျက်ပေတုန်းနဲ့
မျိုးမစစ် တယုတ်ကပြား ခင်ညွန့်
ဘယ်တော့မှမယုံနဲ့

ကျော်သူဦး said...

အာဏာရှိခဲ့ကြတဲ့အာဏာရှင်တိုင်းဟာ မိမိအာဏာကိုတည်မြဲရေး
အတွက် မိမိကိုယ်ကိုယ် ခြံစည်းရိုးခတ်ကြတာ ဟာ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်လျှင်
တွေနိုင်ကြမည်ထင်ပါသည်။ ထိုအခါ ခလုပ်ကန်သင်းဟူသမျှ အကုန်ရှင်းကြတော့တာပဲလို့ ယူဆမှိပါတယ်။ ဒါတွေအားလုံးဟာလည်း အာဏာရှင်တိုင်း ရှေးခေတ်က ဘုရင်တွေရောသုံးခဲ့ကြတယ်လို့ယူဆမှိပါတယ်
အဲဒီ ခေတ်စနှစ် အတွေးအခေါ် အယူအဆ လုပ်ပုံကိုင်ပုံတွေကို မကြိုက်ကြလို့ ကျွန်တော်တို့ ပြည်သူတွေဟာ ဒီမိုကရေစီ ကို ရယူကြဖို့ ကြိုးစားကြတာ ဟာ အမှန်ဆုံးလို့ထင်ပါတယ်။ အတိတ် သမိုင်းဟာ ကျွန်တော်တို့ သင်ခန်းစာယူဖို့ နဲ့ ပြုပြင်ကြဖို့ ပဲလို့ ယူဆမှိ
ပါတယ်ခင်ဗျား။

Anonymous said...

ရယ်သံလေးကို ကြိုက်လွန်းလို
ထပ်ခါထပ်ခါ နားထောင်ပြီး
ဘာသာပြန်ကြည့်လိုက်တာ
သောက်ကျိုးနဲ ရယ်ရတယ်ဗျာ

(၂၀၁၂ ခုနှစ်အတွက်
အပြောင်မြောက်ဆုံး ဟာသ)

Than Htay said...

နေ၀င်းရဲ့ကျောင်းသားသမဂ္ဂဗုံးခွဲတာရယ်..
အခု..ဒီပဲရင်းလုပ်ကြံမှုရယ်က..သမိုင်းမှာဖျောက်ဖျက်လို့မရပါ..
သမိုင်းအမှန်မှတ်တမ်းတင်သူတွေ. စာပေသမားတွေ..သတင်းစာဆရာတွေ..
ကာယကံရှင်တွေက..အမှန်ကိုဖေါ်ထုတ်မှတ်တမ်းတင်သင့်ပါတယ်..
အခုအချိန်မှာစောသေးရင်လည်း..သေချာတဲ့ အထောက်အထားတွေကိုတော့စုဆောင်းထားသင့်ပါတယ်..

Unknown said...

ဦးတင်ဦး ဦးခင်ညွန့် သူတို့ကတစ်မှောင့် ဟိုဘက်ကူးချင် ဒီဘက်ကူးချင်နဲ့
ခင်ဗျားတို့ ကဏ္ဍက ပြီးသွားပြီ မသိကြဘူးလား
သူများတွေ ရှေ့သွားဘို့လုပ်နေကြတာ ခင်ဗျားတို့က ပြသနာလုပ် နောက်ဆုတ်ချင်တာလားဦးသန်းရွှေ ဦးမောင်အေးတို့နောက်လိုက်ကြ
ဒီမှာလာပြီး နာမည်ကောင်းယူချင်နေသေးတယ်
ဖေါ်ထုတ်ပါ အရေးယူပါ နဲ့ သေနတ်အောက်ပြန်သွားချင်နေပုံရတယ်

Unknown said...

ဒီသတင်းဖြစ်ပေါ်နေတာဟာ ပုပ်နေတဲ့ဟာ ကြာတော့ပေါ်သလိုမျိုး ဟုတ်လို့ကြော်တာဖြစ်ပါတယ်။ နိုင်ငံရေး လှည့်ကွက်တွေကြားမှာတော့ တော်တော်အရုပ်ဆိုး အကျည်းတန်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒီပဲယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အမေစုကို ထောက်လှမ်းရေးတွေကယ်တင်ခဲ့ခြင်း ဟုတ်/မဟုတ်ဆိုတာ အမေစုကိုယ်တိုင် အသိဆုံးဖြစ်ပါတယ်။ ဒီလောက်အသက်အန/တရာယ်များတဲ့အထဲမှာ စွန့်စွန့်စားစား ၀င်ရောက်ပြီး ကားနဲ့ရန်ကုန်အထိ မနားတမ်းမောင်းပို့ခဲ့တဲ့ တပ်ဖွဲ့ဝင်အဟောင်းတွေရှိပါသေးတယ် တစ်ချို့လည်း ထောင်ကျတဲ့အထဲ ပါသွားကြပါတယ်။ ဘယ်ပုံဘယ်နည်းကြောင့် ကယ်တင်ခဲ့တယ်ဆိုတာကိုတော့ ဗိုလ်ချုပ်ကြီးနဲ့ အမေစုတို့ ကိုယ်တိုင်အသိဆုံးဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးသတိရှိကြဘို့ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ ဒီမှာတင်ခဏရပ်တန့်ထားကြဘို့ အထူးမေတ/တာရပ်ခံပါတယ်။ ဒီမိုကရေစီ အာရုံဦးရောင်ခြည်လေးတောင် မသန်းခင် မုန်းတိုင်းမ၀င်စေချင်ဘူး ၊ နိုင်ငံရေးအသိရှိပြီး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဘို့ အထူးမေတ/တာရပ်ခံအပ်ပါသည်

sithuaung said...

ဘဘ နောက်ဆုံးပြောသွားတဲ့ စကားလုံးတွေ လေယူလေသိမ်း အဖြတ်အတောက် အရမ်းနားထောင်ကောင်းလို့  ကြက်သီးတောင်ထတယ်ဗျာ...
စစခြင်း ရယ်တဲ့လေသံလေးက လဲအရမ်းမိုက်တယ်...စကားလုံးအများကြီးကိုကိုယ်စားပြုသွားတာပဲဗျ...

minsayarpar said...

ဦးခင်ညွန့်ကို မေးပေးပါ။ ၁။ အာဏာရှိစဉ်က အမှန်တရားကို လုပ်ဖို့ရည်ရွယ်ချက် မရှိတာလား လုပ်လို့မရတာလား။ ၂။ အာဏာလက်ထဲမရှိမှ ဖော်ကောင်လုပ်တာ ဘာသဘောလဲ ပြည်သူ့အချစ်ကို ရချင်တဲ့ သဘောလား ၃။ ပြည်သူ့အတွက် ဘာတွေ လုပ်ပေးချင်တဲ့ ဆန္ဒများ ရှိပါသလဲ။

ko Naing said...

လုပ်စားတာတွေတော်ပါတော့........မောင်ခင်ညွန်.ရေ. ဘယ်လိုဖားဖား နေရာတနေရာ မရနိုင်တော့ပါဘူး....

Powered by Blogger.