သတ္တုတွင်း ဝန်ကြီးဌာနက The Voice ဂျာနယ်ကို တရားစွဲမည်ဟုဆို

ဝန်ကြီးဌာနများ ငွေကြေးအလွဲသုံးစားပြုမှု ဖြစ်ပေါ်နေသည်ဟု ရေးသားဖေါ်ပြခဲ့သည့်
ပြည်တွင်းထုတ် ဂျာနယ်တခုဖြစ်သော The Voice ဂျာနယ်ကို သတင်းမမှန်မကန် ဖေါ်ပြသည်ဟုဆိုကာ တရားစွဲဆို မည်ဟု သတ္တုတွင်း ဝန်ကြီးဌာနက နိုင်ငံပိုင် ကြေးမုံသတင်းစာမှ တဆင့် ဗုဒ္ဓဟူးနေ့တွင် တုန့်ပြန်လိုက်သည်။

The Voice ဂျာနယ်၏ ယခုလ ၁၂ ရက်နေ့ထုတ် သတင်းတွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာန ပိုင်ဆိုင်သည့် မုံရွာကြေးနီ စီမံကိန်း၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ရောင်းချခဲ့ရာ ငွေပေးချေ မှု၌ ဦးပိုင်လီမိတက်က ပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတခုက ပေးချေသည်ဟု ရေးသားထားသည်။

ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ အဆိုပါ ရောင်းဝယ်မှုဖြစ်စဉ်များကို သတ္တုတွင်း ဝန်ကြီးဌာနက ငြင်းဆိုလိုက်ပြီး “The Voice ဂျာနယ်တွင် ဖေါ်ပြပါရှိသကဲ့သို့ ငွေကြေး အလွဲသုံးစားမှုနှင့် ငွေစာရင်းလိမ်လည်မှု၊ ဖုံးကွယ်မှု၊ ထိမ်ချန်မှု၊ လွှဲပြောင်း ဖေါ်ပြမှု လုံးဝမရှိခဲ့” ဟု ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည်။



သို့သော် The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကမူ ယင်းတို့ရေးသားသည့် သတင်းမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်မှ အောက်လွှတ်တော် ငွေစာရင်းကော်မတီသို့ ပေးပို့သော စာမျက်နှာ ၃၆ မျက်နှာပါ အစီရင်ခံစာပါ အချက်အလက်များကို ရယူရေးသားထားခြင်းဖြစ်ပြီး တိကျ ခိုင်လုံသည်ဟု မဇ္ဈိမကို ပြောသည်။

“ဒီသတင်း အချက်အလက်တွေ အားလုံးကလည်း ခိုင်မာတယ်၊ ကျနော်တို့မှာ အထောက်အလားလည်း ရှိတယ်။ စာရင်းစစ်ချုပ်ရုံးရဲ့ ၃၆ မျက်နှာရှိတဲ့ အစီရင်ခံစာအားလုံး ကျနော်တို့အားလုံး ရထားတယ်။ ကျနော်တို့ ရေးထားတာက အစီရင်ခံစာ အသေးစိတ်တောင် ကျနော်တို့ ရေးမထားဘူး။ အသေးစိတ်က ဒီ့ထက် ပြင်းထန်တယ်။” ဟု ဦးကျော်မင်းဆွေက ပြောသည်။

သတ္တုတွင်း ဝန်ကြီးဌာနကမူ ယင်းတို့၏ဌာနနှင့် စပ်လျင်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ၊ သတ္တုတွင်း ဝန်ကြီးဌာန ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုလည်း တုန့်ပြန်ထားသည်။ ထို့အပြင် “မမှန်မကန် စွပ်စွဲဖေါ်ပြရေးသားမှုသာ
ဖြစ်သည့် အတွက် The Voice ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်” ဟု ကြေးမုံသတင်းစာတွင် တုန့်ပြန်ဖေါ်ပြထားသည်။

ဝန်ကြီးဌာန၏ တုန့်ပြန်မှုနှင့် ပတ်သက်၍ “ကျနော်တို့ကတော့ ပြေပြေလည်လည်ပဲ သွားချင်ပါတယ်။ ဝန်ကြီးဌာနနဲ့ ကျနော်တို့ဆိုတာ ရန်သူတွေမှ မဟုတ်တာ။ အပြန်အလှန် ကူညီပေးရမယ့် လူတွေဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေက လည်း ပြည်သူအတွက် အလုပ်လုပ်တယ် ပြောသလို ကျနော်တို့လည်း အတူတူပါပဲ။” ဟု ဖေါ်ပြထားသည်။

သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးမှာ ဦးသိန်းထိုက်ဖြစ်ပြီး သူသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ ကိုယ်စားပြု ရန်ကုန်တိုင်း ဒဂုံ (ဆိပ်ကမ်း) မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။

The Voice ဂျာနယ်၏ ယခုလ ၁၂ ရက်နေ့ထုတ် အတွဲ (၈) အမှတ် (၁၃) တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာနများသည်
ငွေကြေး အလွဲသုံးစားပြုမှုများ၊ ငွေစာရင်း မမှန်မကန် ဖေါ်ပြမှုများ ရှိနေသည်ဟုလည်း ရေးသားဖေါ်ပြထားသည်။

The Voice ရေးသားသည့် သတင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံပိုင် သတင်းစာများ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂,၅၀၀ ကျော်ကို အလွဲသုံးစားပြုလုပ်ကြောင်း စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးတွေ့ရှိသည်ဟု ရေးသား ထားသည်။

အမှတ် (၁) စက်မှုဝန်ကြီးဌာနသည်လည်း မီးထိုးဆီ ဂါလံ နှစ်သိန်းကျော်ကို ပြင်ပသို့ လွှဲပြောင်းရောင်းချခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုဝန်ကြီးဌာနများ၏ ကျပ်သိန်းပေါင်း ထောင်ချီ အရှုံးပေါ်
နေခြင်းများကိုလည်း အမြတ်ငွေ ရရှိသည်ဟု လိမ်လည် ဖေါ်ပြခြင်းများ ရှိနေသည်ဟု The Voice ဖေါ်ပြထားသည်။ ဝန်ကြီးဌာနများ၏ ငွေကြေး အလွဲသုံးစားပြုမှုများသည် ယခင် အစိုးရလက်ထက် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဟုလည်း The Voice က ဖေါ်ပြထားသည်။

အဆိုပါ ဝန်ကြီးဌာနများ၏ ငွေကြေးအလွဲသုံးစားပြုမှု အချက်အလက်များ အားလုံးသည် The Voice က ရရှိထား
သော ပြည်ထောင်စု စာရင်းစစ်ချုပ်မှ အောက်လွှတ်တော် ငွေစာရင်းကော်မတီသို့ ပေးပို့သည့် အစီရင်ခံစာအတိုင်း
ဖြစ်သည်ဟု ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

အဆိုပါ သတင်းဖေါ်ပြမှုနှင့် ပတ်သက်၍ စာပေစိစစ်ရေးက ခွင့်မပြုကြောင်းလည်း “ကျနော်တို့က စိစစ်ရေးတင်ဖို့
နောက်ကျနေတယ်။ အဲဒီသတင်းရတဲ့အချိန်မှာ ကျနော်တို့ နည်းနည်းလေး မိုးချုပ်သွားတယ်။ မိုးချုပ်သွားတော့ တင်ချိန်မရဘူး။ ဒီသတင်းက ခိုင်လုံတယ် မှန်ကန်တယ် တိကျတဲ့အတွက် မနက်မှ စာပေစိစစ်ရေးကိုတင်တယ်။ သူတို့ဘက်ကတော့ ခွင့်မပြုဘူးလို့ပဲ ပြောကြပါစို့။” ဟု ဦးကျော်မင်းဆွေက ပြောသည်။

ချင်းမိုင် (မဇ္ဈိမ) ။        ။ 
သတ္တုတွင်း ဝန်ကြီးဌာနက The Voice ဂျာနယ်ကို တရားစွဲမည်ဟုဆို သတ္တုတွင်း ဝန်ကြီးဌာနက The Voice ဂျာနယ်ကို တရားစွဲမည်ဟုဆို Reviewed by သစ်ထူးလွင် on 15:08 Rating: 5

18 comments:

kokhent said...

သူရဦးင်္ရှေမန်း နှင့်တကွ ပြည်ထောင်စုစါရင်းချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ၊အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နှင့် ပြည်တွင်းမီဒီယာ အားလုံး ကျေးဇူးတင်ပါတယ်..အယ်ဒီတာချုပ်ဦးကျော်မင်းဆွေ အောင်မြင်ပါစေ.. The Voice ( Weekly ) ဂျာနယ် ခိုင်ခံ့ အောင်မြင်မှု့များ ပြည့်စုံပါစေ။

Killer said...

The Voice Journal မှန်တာအကုန်သိတယ်... သက်သေခိုင်လုံအောင် ရှာထားဗျာ... အလွဲသုံးစားမှုတွေကိုသိရဲ့နဲ့ ထိုင်ကြည့်နေရတာ ကြာပါပြီ... တရားစွဲရင် အင်းစိန်ထောင်မဆန့်ဘူးဖြစ် သွားမယ်...

ရာရာ said...

အမှန်အတိုင်းရေးရင် မကြိုက်တာအရိုးစွဲနေလို့ပါ။ သတ္တုတွင်းဝန်ကြီးဌာနတစ်ခုတည်းမှာမှမဟုတ်ပါဘူး...။ ကျန်ဝန်ကြီးဌာန အားလုံးနီးပါးလည်း အလွဲသုံးစားမှုတွေ ရှိနေတာပါပဲ။ အားလုံးသိနေကြပါတယ်။ The Voice ဂျာနယ်လို အချက်အလက်ခိုင်ခိုင်လုံလုံနဲ့မပြောနိုင်ကြလို့ပါ။ ဒါကိုရှက်ရမ်းရမ်းပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်...ဆိုလို့ကတော့ ပိုပြီးအရှက်ကွဲဖို့သာဖြစ်မှာပါပဲ။ အမှန်တရားများအား The Voice ဂျာနယ် ဆက်လက်ဖေါ်ဆောင်နိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်။

မောင် said...

တကယ်တရားစွဲမယ်တဲ့လား
လွတ်လပ်တဲ့ တရားစီရင်မှုသာဖြစ်ခဲ့ရင်
ညောင်မြစ်တူးရာကနေ ဥ မျိုးစုံပေါ်လာတော့မှာဘဲ..

ဗွိုင့်စ်က ပြည်သူတွေအတွက် ရပ်တည်တယ်ဆိုတာ ပြည်သူတွေယုံတယ်။

အဲဒီအစိုးရ၀န်ကြီးဌာနက ပြည်သူတွေအတွက်ဆိုတာ ..

ဝေဖန်ရေး said...

ဒီ ၀န်ကြီးဌာန မှ မဟုတ်ဘူး ၀န်ကြီးဌာန အားလုံး သူခိုးတွေ ပဲ။

Anonymous said...

Long Life Ko Kyaw Min Swe, Long Life the Voice.

Re-Sue to U Thein Htike, the thief

အလင်းသစ် မီဒီယာ said...

သူတို့တွေအလွဲသူံးစားလုပ်နေတာကကြာနေပါပြီ...ပြီးခဲ့တဲ့၂၀၁၁ တုန်းကတောင်ကျွန်တော်နေတဲ.မလေးရှားကို ခဲ ကုန်ကြမ်းနဲ့ သတ္တုရိုင်းတွေေ၇ာင်းဖို.စပ်ခဲ့တာက တောင် ၁၀ တောင်၇ှိတယ်ဆိုပြီးတော.လေ။။ကျွန်တော့ကို ကြားပွဲစားလုပ်ခိုင်းခဲ့သေးတယ်။။။

shein said...

ဒီလိုမျိုး အလွဲသုံးစားလုပ်နေမှုတွေကို ဖော်ပြပေးနိုင်တဲ့ The Voice ကို ကျေးဇူးတင်ပါတယ်။ နောက်လည်း ဒီထက်အောင်မြင်တိုးတက်ပါစေ။
ဒီလိုမျိုးစောင့်ကြည့်ဖော်ပြပေးနေမယ်ဆိုရင် အစိုးရက ကြိုက်သလို ချယ်လှယ်နိုင်တော့မှာ မဟုတ်ပါဘူး။
ပြည်သူတွေအားလုံး အမှန်တရားဖက်က ရှိနေမှာပါ။

Anonymous said...

စာ ရင်းစစ်ချုပ် က တော. ရှား ရှားပါးပါး...လက် ချိုးရေ လို. ရ တဲ.လူ ထဲ က လူ တစ် ယောက် လို. ပဲ ထင်ပါ တယ်။ အရင် အစိုး ရ လက် ထက် က တည်း က..သူ. အလုပ် ကိုသူ လုပ် နေ ခဲ. တာပါ။ခု သမ္မတသစ် လက် ထက် မှာသူ. အ နေ နဲ. ပိုပီးလွတ် လွတ် လပ် လပ် လုပ် ကိုင်ခွင်. တွေ ကြောင်. လွတ်တော်ထဲ ရောက် သွား တဲ.ဆ/မ၀န် ကြီး ဋ္ဌာ နကိစ္စတွေ..ပဆင ကိစ္စတွေ ကိုကြည်. ရင်တွေ. နိုင်ပါ တယ်။ဦး သန်းေ၇ွှလက် ထက် က တည်း က...၄လပတ် အစည်းအဝေး တွေ ဆိုရင်...၀န်ကြီး ဋ္ဌာ န ပေါင်းစုံက၀န် ကြီး တွေ စာရင်းစစ်ချုပ်ယူ လာ တဲ.၀န်ကြီးဋ္ဌာနပေါင်းစုံစစ်ဆေး တွေ.ရှိချက်အစီ ရင် ခံ စာ ဖိုင် အထူ အပါး ကို ကြည်. ပီး..ထိုင် ခုံနေရာ မပျောက် အောင်ဆိုင်ရာ ပိုင် ရာတွေ ကိုပူ ဇော်ပသကြရ တယ် လို.ကိုပြောစမှတ် ဖြစ် ခဲ. ပါ တယ်

Chit San Maung said...
This comment has been removed by the author.
nationalism said...

HELLO ,သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းထိုက်
CAN U CLARIFIED IN THESE CASE ?
I MEAN , IF The Voice WIN CAN U RESIGN YOUR POSITION OR NOT ?

mgmgsann said...

Voice Journal Chief Editor,

စာနယ်ဇင်းထဲကသူ၇ဲကောင်းအဖြစ် မှတ်သားခဲ့တဲ့
"သူလိုလူ" ထဲက ဦးချစ်မောင် ကို အပြင်မှာတွေ့လိုက်၇သလိုပါဘဲ
ခင်ဗျားတို့ဟာ ကျနော်တို့ပြည်သူတွေအတွက်တော့ ကလောင်နဲ့ေ၇ှ့တန်းကနေ ပြည်သူ့တွက်တိုက်ပေးနေတဲ့ တကယ့်သူ၇ဲကောင်းတွေပါ
" In 1909, The World exposed a fraudulent payment of $40 million by the United States to the French Panama Canal Company. Rodin's bust of PulitzerThe federal government lashed back at The World by indicting Pulitzer for criminally libeling President Theodore Roosevelt and the banker J.P. Morgan, among others. Pulitzer refused to retreat, and The World persisted in its investigation. When the courts dismissed the indictments, Pulitzer was applauded for a crucial victory on behalf of freedom of the press."
၁၉၀၉ ခု၇ဲ့ ဒေါ်လာသန်း၄၀ ဟာ မြန်မာပြည်ကအခု လောလောဆယ်မှာ ပြည်သူတွေ၇ဲ့ငွေကို ခိုးနေတဲ့သူတွေနဲ့ယှဉ်လို့၇ပါတယ်
အခုခြိမ်းခြောက်တဲ့ ဝန်ကြီးနဲ့ သတင်းစာကို အသေ၇ဖျက်မှုနဲ့ တ၇ား၇ုံးမှာ Voice Journal ကတ၇ားပြန်ဆွဲလို့ ဂျာနယ် ကိုလျော်ကြေးပေး၇၇င် ဒီသတင်းကို ပူလစ်ဇာဆုပေးဖို့တင်ကိုတင်သင့်တယ်

မိုးမခ said...

စာရင်းစစ်တွေကလည်း မှန်မှန်ကန်ကန်ဖော်ထုတ်သင့်ပါတယ်။
ဧည့်ခံကျွေးမွေးတာတွေ မဆန့်မပြဲစား လက်ဆောင်ယူ နှုတ်ဆိတ်နေတာမျိုး မလုပ်သင့်ပါဘူး။ အမှန်အတိုင်းစိစစ် မရစ်နဲ့ တွေ့တဲ့ အတိုင်းရေး အဲဒီလိုသာ လုပ်မယ်ဆိုရင် စာရင်းစစ်တွေကို ရွံကြောက်ကြီးတွေလဲ မဖြစ်တော့ဘူးပေါ့။
စာရင်းစစ်ရုံးတွေလဲ သန့်ရှင်းတဲ့ အဖွဲ့ဖြစ်သင့်ပါတယ်။
တချို့ အဖွဲ့အစည်းတွေဆို ကောင်းကောင်းလုပ်ကိုင်နေတဲ့ လူတွေရှိတယ်။ ဒါပေမယ့် ရစ်တာခံရတာဘဲ။ စာရင်းတွေကိုကြည့်လိုက်တာနဲ့ လာဘ်စားလား မစားလား သိသာနေတာဘဲလေ။ ဒါပေမယ့်လဲ ရစ်တာဘဲ(လိုအပ်ချက်အရ စာရွက်စာတမ်းတွေ တောင်းဆိုတာကိုမဆိုလိုပါ) လုပ်ငန်းသဘာဝက စစ်ဆေးရမှာဘဲ ဒါပေမယ့် out of scope ဖြစ်တာကို ပြောတာပါ။
အဲဒါကြောင့် စာရင်းစစ်တွေဆို ဌာနဆိုင်ရာတွေက ဖားနေကြပြီး စိတ်ထဲက အရမ်းချဉ်ကြတယ်။

tharzaw said...

အသည်းလူလု အူနုကျွဲခတ် ...
ဒဲ့ထိတော့ ဆတ်ဆတ်ခါအောင်နာ

Ar Ga said...

ကောင်းတယ် ကောင်းတယ် ။ တ၇ား၇ုံးမှာပြောကြတော့မှ နောက်ထပ် ခိုးထားတာတွေကို တ၇ားဝင် ပြောပြလို့၇မှာ ။ ပြည်သူလူထုနဲ့ ၀န်ထမ်းတွေကလည်း ခိုးတဲ့ သတင်းတွေ အချက် အလက်တွေ ပေးကြမှာပါ ။ ကြည့်ကြသေးတာပေါ့ ။မြန်မြန် တ၇ားစွဲပါစေ ..

OZI said...

The voice, accept the challenge as you have 36 pages strong hold issued by auditor general.
Ministry of Mine may accuse not by its standing by its shame.
Its shame will be shaming soon.

Publish the subsequent AG reports in your journal.

Our country must be democratic society after sweeping out the said culprits and redundancy.
The subordinates be cautious not to be a victims of the sophisticated officials. U Shwe Mann may have chance to fulfill salary increment in the next budget.

kokomaung said...

တော်တော်ညံ.ပါ.လား ၀န်ကြီးရယ် စားပါးမ၀သေးဘူး။
သူကများတရားစွဲမလို.တဲ.။လုပ်လိုက်လေ။
ခင်ဗျားတို.ပြောတဲ.အသရေဖျက်တယ်ဆိုတာကို ကျုပ်ကနားမလည်တာ။

AeWin said...

စာ၇င်းစစ်ချုပ်၇ုံးဆိုတာ...တတိယပါတီဘဲ... အစိုး၇ဘက်ကော..စစ်ဆေးခံဘက်ကော ..ဘက်မလိုက်၇ဘူး..တ၇ားသောဘက်ကို သွား၇မယ် စစ်၇မယ် မှန်တာကိုေ၇း၇မယ် သန်.၇ှင်း၇မယ် တည်ကြည်၇မယ်..ဒီလို.လုပ်လို.လဲ ခုကိစ္စကပေါ်ပေါက်လာတာဖြစ်တယ်..ခုဖြစ်တဲ.ကိစ္စ ကဘယ်သူကမှန်တယ်မှားတယ်လို. မပြောချင်ဘူး...မှားတဲ.လူကဘယ်သူလဲ လူတိုင်းသိနေတယ်.အခိုစစ်ဆေးခံတွေကို ဦးပိုင်ကိုေ၇ာင်းတာ စာ၇ွက်ပေါ်မှာေ၇ာင်းတာေ၇ာင်း၇တဲ.ငွေတွေဘယ်ေ၇ာက်လဲ ဘာလောက်၇ှိလဲ သေချာမသိလိုက်ဘူး..ကောင်းမယ်လို.ထင်တာတွေေ၇ာင်းတာ.....ဦးပိုင် ၇ဲ.ပိုင်ဆိုင်မူကို အေ၇းကြီးကိစ္စတစ်၇ပ်အနေနဲ.စစ်ဖို.တောင်းဆိုချင်...နောက်တစ်ခုက ၀န်ကြီးအဟောင်း ကော အသစ်ကော ပိုင်ဆိုင်မူစစ်ဆေးချင်တယ်...ကျွန်တော်က ယုံကြည်ချက်မိုးတိမ် ဖြစ်ပါတယ်

Powered by Blogger.