အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲမပေး ဖြစ်တော့ကြောင်း သိရ


4502 
မတ်လ ၃ ရက်နေ့က မန္တလေးမြို့သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား မြို့ခံလူထု နှစ်သိန်းခန့်က ကြိုဆိုခဲ့သည်ကို တံခွန်တိုင်အ၀ိုင်းမှ တွေ့မြင်ရစဉ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲမပေး ဖြစ်တော့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သတင်းရရှိပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမပေးဖြစ်တော့ခြင်းနှင့် ပတ်သက်၍ အဖွဲ့ချုပ်မှ ဦးသိန်းဦးက “အခက်အခဲ ရှိလို့ပါ။ သန်းခေါင်စာရင်း ပြောင်းရမှာ ဖြစ်တဲ့အတွက် အခက်အခဲရှိလို့ပါ။ ဒါကြောင့် မဲမပေး ဖြစ်တော့တာပါ” ဟု ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲများတွင် လစ်လပ်နေရာ ၄၈ နေရာလုံး၌ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီး တွင် လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲများ ကို ကျင်းပပေးမည် ဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည့် မဲဆန္ဒ နယ်များမှာ ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ် ၄၀၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒ နယ်နှစ်နယ်တို့ ဖြစ်ကြသည်။
EMG
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲမပေး ဖြစ်တော့ကြောင်း သိရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲမပေး ဖြစ်တော့ကြောင်း သိရ Reviewed by သစ်ထူးလွင် on 15:23 Rating: 5

9 comments:

Killer said...

သန်းခေါင်စာရင်းပြောင်းတာအဲ့ဒိလောက်ခက်လားဗျာ... အမေစုမို့လို့ ခက်တာနေမယ်.... ( အစိုးရက လွယ်တဲ့အရာမှန်သမျှ ခက်အောင်လုပ်တတ်တယ်.. )

ladyjune said...

အန်တီစု က အသက်67 နှစ်အထိ ကိုယ်တိုင်လွတ်လပ်စွာ မဲမပေးခဲ့ဘူးဘူးဆိုထားတဲ့အတွက် အခု လွတ်လပ်စွာခွင့်ကြုံပေမဲ့.ပေးခွင့်မရတဲ့အတွက်များစွာ စိတ်မကောင်းဖြစ်ရပါသည်.သန်းခေါင်စာရင်းပြောင်းတာ အခက်အခဲရှိတယ်ဆိုတော့ ဟုတ်ပါတယ်။သန်းခေါင်စာရင်းနဲ့ ပက်သက်ပြီးတခြားအရေးကြီးတာလုပ်ရအုံးမယ်ဆိုတာကို နားလည်ပါသည်.(မမြင်နိုင်သေးသောအရာများရှိသည့်အတွက်)အရေးကြီးတာကိုဦးစားပေး သင့်တာပါ.ရှင်းပြပေးသော NLD ကိုကျေးဇူးတင်ပါသည်.အန်တီရေ.နောက်3နှစ်ဆိုရင် ပေးရအုံးမှာပါ.. အန်တီကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ..ဘေးအန္တရာယ် ကင်းဝေးပါစေ..

ဦးပြောင် said...

သူတို့လူတွေကျတော့ VIP ဆိုပြီး လုပ်ချင်ရာ လုပ်လို့ရတယ်။

hla min said...

်ဝ ပြောင်းတာ အီရမ်း လွီ တာပဲ
တီရက် နှီရက် ပဲ ကြာလယ်
ဘီလို ဖြစ်ကြ တာ လီး...........?

Anonymous said...

ကော့မှူးမှာမဲမပေးဖြစ်တာအကြောင်းရှိလို့ ဖြစ်မယ်လို့ထင်ပါတယ်..စောစေက
အိမ်ထောင်စုလူဦးရေစာရင်းကို ပြောင်းထားပြီးပြီလိုသိရပါတယ်..အခုကဘယ်လိုဖြစ်လို့ လ၀ကမလုပ်ပေးလို့လား... လ၀ကကအထက်လူကိုကြောက်နေလို့လား.. ကျွန်တော်တို့ သိတာက လက်ရှိနေရပ်ကအထွက်စာနဲ့ ပြောင်းမဲ့ကော့မှူးလ၀ကမှာဝင်လို့ရပါတယ်..
တခြားအကြောင်းရှိမရှိမသိပါ..ကျွန်တော်အနေနဲ့မမြင်နိုင်သေးသောအရာ/
မမှီသောအတွေးအခေါ်နှင့် နိုင်ငံရေးပရိယာယ်ရှိလို့သာ ဖြစ်မှာပါ..အမေဒေါ်စု
ကျန်းမာချမ်းသာဘေးဘယာဝေးကွာပါစေလို့...

kiddykid said...

ခက်ချင်တဲ့သူဆိုခက်တယ်...လွယ်ချင်တဲ့သူဆို..ရုံးကိုတောင်သွားစရာ
တောင်မလိုပါ။

AUSTIN said...

အမေစုသန်းကောင်စာရင်းမပြောင်းတာအကောင်းဆုံးပါပဲ...........
အခုပဲကြည့်၊ကြံ့ဖွံ့တွေကသေသူတွေမဲပေးခိုင်း၊တစ်ခြားမြို့ရွာတွေ
ရဲ့အိမ်ထောင်စုစာရင်းတွေဟိုပြောင်းဒီပြောင်းနဲ့မဲခိုးဘို့လွယ်သွား
မယ်..

မောင်ငွေ said...

အမေစုက အရှေ့ကဆင်းလာတဲ့ အသားဝါတွေလို ငွေနဲ့မပေါက်လို့ သန်ခေါင်စာရင်းပြောင်းရတာခက်နေတာနေမှာပါ..။

saw 00 said...

ေ၇ တာရှည် မြို့နယ် ဆွာမြို့ မှာတာဝန်ထမ်းဆောင် နေတဲ့ မြန်မာသစ်လုပ်ငန်း က ဆွာအထိုင် ၀န်ထမ်းတွေ ကြ တော့ မဲပေးဘို့ ဆိုပြီး ယာယီ သန်ခေါင် စာရင်း နေပြည်တော် ကို ပြောင်း ထားတယ် ၊အဲဒါကြတော့ လွယ်ပါလား။

Powered by Blogger.