တောင်ငူNLDကိုယ်စားလှယ်လောင်းကား လေးဂွဖြင့် ပစ်ခံရ


မတ်လ၂၉ရက်နေ့ ညနေပိုင်းက တောင်ငူမြို့ တွင်းမှာမဲဆွယ်ဟောပြောနေစဉ် 
 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်ရဲ့ ကားကို
 လေးဂွဖြင့် အပစ်ခံရသဖြင့် ကားရှေ့လေကာမှန်ကွဲသွားခဲ့ပါတယ်။
ဘားမားဗီဂျေ

ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်
တောင်ငူNLDကိုယ်စားလှယ်လောင်းကား လေးဂွဖြင့် ပစ်ခံရ တောင်ငူNLDကိုယ်စားလှယ်လောင်းကား လေးဂွဖြင့် ပစ်ခံရ Reviewed by သစ်ထူးလွင် on 23:04 Rating: 5

5 comments:

အမြင်သစ် said...

၂၀၁၀ တုန်းကလိုဘဲ ကြိုတင်မဲမသမာမှုတွေနဲ့ အဆုံးသတ်သွား
ဖို့သေချာသလောက်ရှိပါတယ်ဗျာ။ မြန်မာပြည်ကြီးကို တော်တော်
စိတ်ကုန်နေပါပီ။

ခင်မျိုးချစ် said...

ကမ္ဘာမှာတော့ ကလေးကော လူကြီးပါ Angry Bird game ကစားတဲ့အခါ လေးဂွနဲ့ပြစ်တယ်။ ဒို့မြန်မာပြည်မှာတော့ အပြင်မှာ တကယ်ပြစ်ကစားကြတာ။ အားလုံးခရီးသွားရင် Helmet ဆောင်းသွားရမလိုဖြစ်နေပြီ။ နောက်ဆို ရွေးကောက် ပွဲကိုယ်စားလှယ်တွေအတွက် ရှေးခေတ် စစ်သူကြီးတွေလို စပါယ်ရှယ်ဝတ်စုံတွေ ၀တ်သွားရမယ်ထင်တယ်။ ရဲတွေကလည်း ဘာမှအရေးမယူပေးတော့ ကိုယ့်ဘာသာ ကာကွယ်ရမှာပဲ။ တကယ်တော့ အရေးမယူပဲ ဟိုဘက်လှည့် မသိချင်ယောင်ဆောင်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ် အဆင့်ဆင့်မှာ တာဝန်ရှိပါတယ်။ အပြစ်ကျူးလွန်သူကို အကာအကွယ်ပေး ထားတဲ့သူတွေလည်း ပြစ်မှုကျူးလွန်သူနည်းတူ အပြစ်ရှိပါတယ်။ ကံနှင့် ကံ၏အကျိုးကို ယုံကြပါ။ သိပ်ကြောက်ဖို့ကောင်းတယ်။

မြန်မာ့မြေ said...

လောက်လေးနဲ့ပစ်တာ လူတော့ဟုတ်မယ်မထင်ဘူး

supergunner said...

ပစ်ပါစေဗျာ..ပစ်ပါစေ.လူကိုမထိသာကံကောင်းတာပေါ့.ဗျား
ဟဲဟဲ သူတို့ အလှည့်ကျမှဘာနဲ့ ထိမလည်းတွေ့ ကြသေးတာပေါ့.
ဘယ်မလဲ ဥပဒေစိုးမိုးရေးဆိုတဲ့ပုလိပ်တွေ. ဘယ်မာဆက်.ဘယ်ဘိကို
ဆက်ကြေးတောင်းနေလည်းမသိ. ဝေါ်ကီတော်ကီတစ်လုံးနဲ့ ဂျော်လကီးတွေကို
အီစီကလိထုနေတယ်ထင်တယ်.

aung naing said...

သမ္မတဦးသိန်းစိန်တို့ဦးေ၇ွှမန်းတို့ဦးတင်အေးတို့ခင်ဗျားတို့ပြောတဲ့တရားမျှတမှု့ဆိုတာဒါလားဗျာ၊ခင်ဗျားတို့မရှက်ဘူးလား၊ဒီပုံစံအတိုင်းမတရားမှုတွေလုပ်နေရင်တော့ပြည်သူတွေကငြီမ်ခံနေမှာမဟုတ်တော့ဘူး၊

Powered by Blogger.