နေအိမ်အတွင်း ဗလီဆောက်ဖို့ ကြိုးပမ်းသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံများ ဝိုင်းဝန်းဖြိုဖျက်



By ဇာဏီ၊ မတ်လ ၃၀ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဘုရားနီ ဘုရားအနီးရှိ အိမ်တအိမ်အတွင်း ဗလီ ဆောက်လုပ်ရန် ကြိုးစားသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံ လူဦးရေ တသောင်းခွဲ ဝန်းကျင်ခန့် လာရောက် ဖြိုဖျက်နေသည်လို့ မြို့ခံပြည်သူတဦးက ဘားမားဗီဂျေ မီဒီယာကို သတင်းပေးပို့ပါသည်။

အခုလို ဖြစ်ပွားနေသည့် ပြဿနာအပေါ် ကျောက်ပန်းတောင်းမြို့နယ် နိုင်ငံရေး အသိုင်းအဝိုင်းက ပြောနေကြတာကတော့ “ အရင်တုန်း ကတည်းက ကျောက်ပန်းတောင်းက  လူမျိုးခြားကုလား လက်မခံတဲ့ မြို့ ဖြစ်တယ်၊ ညအိပ်ညနေတောင် လက်မခံဘူး။ အပြင်ဘက်မှာ ထွက်နေတဲ့အသံက ကျောက်ပန်းတောင်းမှာ ကုလားတွေ ဗလီ ဆောက်တယ်ဆိုပြီး သတင်းရလို့ မြို့ခံတွေ စုပေါင်းပြီး ဝင်ဖျက်နေတာ၊ လူထုက တသောင်းခွဲလောက် ရှိတယ်၊ ကားအစီး ၁၀၀ လောက် ရှိသွားပြီ၊ တကယ်က ကုလားနဲ့ ဘုန်းကြီးနဲ့ ပြဿနာဖြစ်တယ်ဆိုပြီးတော့ အသံထွက်နေတာ" ဟု မြို့ခံ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

"ကျောက်ပန်းတောင်းမှာ  မြို့လူထုရော သံဃာရော လက်မခံတာ ဖြစ်တဲ့အတွက် ဗလီဆိုတာ မရှိဘူး။ အဲဒီအိမ်မှာ ဗလီ ခိုးဆောက်တယ်ဆိုပြီး အရင်သုံးလေးနှစ်တုန်းက ပြဿနာ တခါဖြစ်ပြီးပြီ။ အခုထပ်ပြီး အဲဒီအိမ်မှာပဲ ကုလားတွေက ကန်ထရိုက်ငှားပြီး ဗလီ ခိုးဆောက်တဲ့အတွက် အိမ်ကို ဝိုင်းဖျက်နေကြတာပါ။ အခုကိစ္စက  ကျန်တဲ့ ပယောဂ မပါဘဲ ကျောက်ပန်းတောင်းမြို့ခံတွေရဲ့ ဆန္ဒအရ ဖြစ်တာဆိုတော့ အဲဒီအပေါ်မှာတော့ မှားတယ် မှန်တယ်လို့  ဦးဇင်းအနေနဲ့ မပြောချင်ပါဘူး" ဟု ကျောက်ပန်းတောင်းမြိုခံ သံဃာတပါးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

ဒီကနေ့ ည ၉း၀၀ နာရီအချိန်မှာတော့ ကျောက်ပန်းတောင်းမြို့ခံလူထုဟာ အဆိုပါအိမ်ကို ဖြိုဖျက်ခဲ့ပြီးနောက် လူစုကွဲသွားကြပါသည်။ အဲဒီလိုဖြစ်ပွားပြီးနောက် ဒေသခံ အာဏာပိုင်တွေက အဆိုပါ အိမ်အနီးအနားတွင် လာရောက်စောင့်ကြပ်နေသည်ကို တွေ့ရတယ်ဟု မြို့ခံတဦးက ပြောပါသည်။
ဘားမားဗီဂျေ
နေအိမ်အတွင်း ဗလီဆောက်ဖို့ ကြိုးပမ်းသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံများ ဝိုင်းဝန်းဖြိုဖျက် နေအိမ်အတွင်း ဗလီဆောက်ဖို့ ကြိုးပမ်းသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံများ ဝိုင်းဝန်းဖြိုဖျက် Reviewed by သစ်ထူးလွင် on 02:57 Rating: 5

4 comments:

COBRA said...

very good.

nationalism said...

GOOD VERY GOOD .

ko sai said...

အော်ဒါကျတော့တစ်ယောက်မှ comment မပေးကြပါလား......ကောင်းပါတယ်....တိုင်းရင်းသားပေါင်းစုံနေတဲ့နေရာမှာ ဒီလိုမင်းမဲ့စရိုက်လုပ်လို့ ရလား....

ko pwa said...

ကျောက်ပန်းတောင်းသားတွေကို ချီးကျူးဂုဏ်ပြုပါတယ်. ရဲရဲတောက် မြန်မာစစ်စစ်တွေပါ. ကျန်တဲ့မြို့တွေမှာ ရှိပြီးသားမို့မပြောလိုတော့ ပေမယ့် မရှိသေးတဲ့မြို့မှာ တော့ မလုပ်ပါစေနဲ့.. လိုအပ်ရင် လာရောက်သွေးစည်းပါ့မယ်.. နောက်ဆုံးအခြေနေ ပြောပေးပါဦး

Powered by Blogger.