NLD ကိုယ်စားလှယ်လောင်း ဟောပြောပွဲ ကျင်းပတဲ့ အိမ်ရှင်ကိုမြို့နယ် ကြံ့ခိုင်ရေးရုံးမှာ ခေါ်စစ်မေး

ပုသိမ်-မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် -မျိုးမင်းထွန်း (YPI)

ငါးသိုင်းချောင်းမြို့နယ်ခွဲကင်ပွန်းချဉ်ကုန်းကျေးရွာတွင် NLDကိုယ်စားလှယ်လောင်း ဒေါက်တာလှမြတ်သွေး ဟောပြောပွဲ ကျင်းပခွင့်ပေးခဲ့သည့် အိမ်ရှင်ဦးလှမြင့်အား  မတ် ၂၉ ရက် နေ့နံနက်ပိုင်းတွင် နေအိမ် မှရေကြည်မြို့ရှိ ကြံ့ခိုင်ရေး
ရုံးတွင် ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ကာယကံရှင် ကပြောသည်။

ကင်ပွန်းချဉ်ကုန်းရွာခံတစ်ဦးက ‘ ဒေါက်တာလှမြတ်သွေး တို့လာဟောတာက ၂၁ ရက်နေ့ကပါ၊ အဲ့ဒါကို မနေ့ကမှ ဦးလှမြင့်ကို ကြံ့ခိုင်ရေးရုံးကို မေးစရာရှိလို့ဆိုပြီးခေါ်သွားတာ၊ ရွာကလူတွေက မသိကြတော့  ဖမ်းသွားတယ်ထင်ြပီး အရမ်း
ကြောက်နေကြတယ် ’ ဟုတ်ပြောပြသည်။

 ခေါ်ဆောင်ခံရသူ အိမ်ရှင်ဦးလှမြင့်က ‘မနက်၁၀နာရီကဆိုင်ကယ် ၂ စီးနဲ့လူ ၃ ယောက်လာခေါ်တာ ခေါ်တုန်းကလည်း ကျွန်တော့သမီးက ကျောင်းဆရာမ ဆိုတော့ သူ့ကိုအလုပ်ပြုတ် သွားချင်လားဆိုပြီးပြောတယ်၊ ကျန်တဲ့လူ၂ယောက်ကတော့ ဘယ်သူတွေမှန်းမသိဘူး၊ နောက်၁ယောက်ကတော့ ကျွန်တော်တို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးပါ’ ဟုပြောသည်။

ဦးလှမြင့်အား နံနက်ပိုင်းတွင် ရေကြည်မြို့ရှိ ကြံ့ခိုင်ရေးရုံးသို့ ခေါ်ဆောင်သွားပြီး “မင်းတို့က လာဖို့ဖိတ်တာလား သူတို့က ဘာသာသူတို့ လာတာလား” စသဖြင့်မေးမြန်းခဲ့ပြီး နေ့လယ်၁၂နာရီခန့် တွင်နေအိမ်သို့ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု သူကပြောပြသည်။

ငါးသိုင်းချောင်းမြို့နယ်ခွဲရှိ ကျေးရွာအုပ်စုများတွင် NLDပါတီလိုလားသူရွာခံများမှာ ခြိမ်းခြောက်မှုများနှင့်ကြုံ တွေ့နေရပြီး ၂၆ ရက်နေ့ကလည်း ရွေးတောက်ကျေးရွာအုပ်စု အင်္ကျီလက်ရွာတွင် မဲရုံမှုးဦးထွန်းရီမှ NLD ပါတီလိုလားသူ ရွာခံ ဦးကျော်လှိုင် အိမ်ပေါ်တက်ကာ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည် ဟု ဦးလှမြင့်က ပြောသည်။

ငါးသိုင်းချောင်းမြို့နယ်ခွဲ(ရေကြည်-၂) မှ NLDပါတီကိုယ်စားလှယ်လောင်း အဖြစ်လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၌  ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာလှမြတ်သွေး ကတော့ အဆိုပါကိစ္စများနှင့် ပတ်သက်၍ ‘ကျွန်မတို့ မြို့ကတောသူတောင်သားအများစုဆိုတော့ SBတို့ ရဲတို့ ဘက်ကနည်းနည်းလေး ခြောက်လိုက်တာနဲ့တင် လုံလောက်ပြီဆိုတာ ပြိုင်ဘက်ပါတီက သိထားတယ်၊ ဒါကြောင့် သူတို့လည်း လုပ်တယ်နောက်ပြီး SB တို့ နယ်ထိန်းတို့ နဲ့လည်း ပေါင်းပြီးလုပ်နေတာ’ ဟုပြောပြသည်။

ထို့အတွက်ကြောင့်သူမ၏ဟောပြောပွဲကျင်းပရာတွင်အခက်အခဲများ ဖြစ်ပေါ်နေပြီးလာရောက်နားထောင်လို သော်လည်း လာရဲသူနည်းပါးကြောင်းပြောပြသည်။


ယခုကြားဖြတ်ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာလှမြတ်သွေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးတင်စိုး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ဦးအေးကျော်တို့မှ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်သည်။
ရေကြည်-၂ မဲဆန္ဒနယ်တွင်  မြို့ပေါ်ရပ်ကွက်၆ရပ်ကွက်နှင့် ကျေးရွာအုပ်စု၃၈အုပ်စုရှိကာ မဲပေးခွင့်ရှိသူ ၆သောင်းခွဲကျော်ရှိပြီး မဲရုံ ၅၃ ရုံ ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ် ကော်မရှင်ရုံးမှ ထုတ်ပြန်ထားသည်။      ။
Yangon Press International 
NLD ကိုယ်စားလှယ်လောင်း ဟောပြောပွဲ ကျင်းပတဲ့ အိမ်ရှင်ကိုမြို့နယ် ကြံ့ခိုင်ရေးရုံးမှာ ခေါ်စစ်မေး NLD ကိုယ်စားလှယ်လောင်း ဟောပြောပွဲ ကျင်းပတဲ့ အိမ်ရှင်ကိုမြို့နယ် ကြံ့ခိုင်ရေးရုံးမှာ ခေါ်စစ်မေး Reviewed by သစ်ထူးလွင် on 14:59 Rating: 5

12 comments:

tharzaw said...

ငါးသိုင်းချောင်းမြို့နယ်ခွဲကင်ပွန်းချဉ်ကုန်းကျေးရွာသူ/သားများခင်ဗျား ...
အကြောက်တရားလုံးဝမထားကြပါနဲ့ခင်ဗျား ...
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က
အကြောက်တရားဖယ်ရှားဖို့ အမြဲတမ်းဟောပြောနေပါတယ်။
လုံးဝမကြောက်ပါနဲ့။
ကြံ့ဖွတ်ကခေါ်တိုင်းလည်း သွားစရာမလိုပါဘူး။
ဒါဟာ ဥပဒေနဲ့ မညီညွတ်ပါဘူး။

ပုဂံစစ်သည် said...

ဒါတွေက တကယ်မကြပ်မတ်သေးဘူး ဆိုတာထင်ရှားနေတာပဲ။ တကယ်ဆိုရင် ဒီလိုလူတွေကို လက်တွေ့အရေးယူလေ၊ တကယ်မှမလုပ်ပဲနဲ့ ဒီမိုကရေစီဖော်ဆောင်မယ်တဲ့။ တော်တော်ရယ်စရာ ကောင်းတဲ့သူတွေပဲ။

justic said...

ဦးတင်အေး၊ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ ဘယ်လိုလုပ်ကြမလဲ
ကိုယ့်ဇာတ်ကို မနိုင်တော့ဘူးလား။ ဆရာမနိုင် နှစ်ဆောင်ပြိုင်ဇာတ်ကြီးဖြစ်နေပြီ
ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြတာနော။ အရင်လို လိုရာဆွဲရေးလို့ရတဲ့ခေတ် မဟုတ်တော့ဘူးဆိုတာတော့ သတိပြုမိစေချင်တယ်။ ခင်ဗျားတို့ သမိုင်းမလှဘဲ ဖြစ်သွားလိမ့်မယ်နော။

justic said...

သမိုင်းကအစကတည်းက မလှဘဲနဲ့။

တို့ခေတ် said...

ကင်ပေတိုင် တွေ နဲ့တူတယ် ခေတ်သစ် ဖွတ်ကင်ပေတိုင်တွေ သူတို့ အလိုရှိရင် လာလာခေါ်ကြတယ် အရင်က ည မှ လာခေါ်တာ။ အခု နေ့ခင်းကြောင်တောင် လာခေါ်နေပြီ။

175ivan said...

ကြံဖွံ့ရုံးက လက်ရှိအာဏာပိုင်အုပ်ချုပ်ရေးရုံးမဟုတ်ပါဘူး။ဆင့်ခေါ်ခွင့်မရှိပါဘူး။ ခေါ်ယူခြိမ်းခြောက်ရင် ဥပဒေအရတရားစွဲဆိုနိုင်ပါတယ်။ အင်း... ဥပဒေကလည်း ပါးရိုက်ရင်တောင်တစ်ထောင်ပဲကျတယ်ဆိုတော့လည်း......

Aung Soe Oo said...

မြန်မာပြည်မှာဒီလောက်တောင်လွတ်လပ်ခွင့်မရှိတော့ပါလားဗျာ
ကိုယ်ကြိုက်တဲ့ ဧည့်သည်ကို ကိုယ်ဖိတ်ပိုင်ခွင့်မရှိတော့ပါလား...

tkm said...

ငါတို့ရွာမှာလာချိန်းချောက်ကြည့်ပါလား
ခေါင်းပြတ်သွားမယ်.....

Unknown said...

သီးခံလိုက်ကြပါခင်ဗျာ ခွေးရူးကပိုကြောက်ရလို့ပါ မဲပေးရင်တော့ ကိုယ့်သဘောပဲပေါ့

supergunner said...

ရွာသူရွာသားအပေါင်းတို့ .လူညီလျင် ခြောက်လို့ မရပါ.မညီလျင်တော့
ခံပေရော..ကြံဖွတ်ကြီးကအဲလိုမျိုးဒင်းတို့ ရုံးမှာစစ်မေးလို့ မရပါ.အဲဒါတွေကို
ရဲလည်းတိုင်မနေနဲ့ .ဗျာအတူတူနဲ့ အနူနူတွေ 88ကျောင်းသားတွေကိုတိုင်
သူတို့ ကပြည်သူအကျိုးကိုသယ်ပိုးချင်နေတာ.မတရားတာရှိရင်သူတို့ ကိုတိုင်
သူတို့ ကဆက်လက်ပြီးတော့ ပုလိပ်တို့ ဘာတို့ ကိုဆက်တိုင်လိမ့်မယ်ဗျို့ 

မောင်မောင် said...

ဒီပုံစံနဲ. ကမ္ဘာကို ဖိတ်ခေါ်နေသေးတယ်..ရှက်စရာကောင်းလိုက်တာ..

မေဦးကျော် said...

အခု ဒီသတင်းကို ဖတ်ပြီး ပြည်သူအားလုံး အဓိက လုပ်ရမှာက အသိဥာဏ် နိုးကြားအောင် လုပ်ရမယ် ... စာဖတ်ရမယ် .... နားတွေစွင့် မျက်စိတွေဖွင့် .... အဲဒီလို အသိတရား ဥာဏ်ပညာတွေ ဖွံ့ဖြိုးနေရင် ဘယ်သူဘာပြောပြော ... ချင့်ချိန်စဉ်းစားတတ်ပြီး သူတပါးပြောတာ ဆိုတာ လုပ်တာတွေကို မှန်မှားဆုံးဖြတ်နိုင်ပြီး ဘယ်ဟာကို ကြောက်ရမယ် ... ဘယ်ဟာကို ကြောက်စရာမလိုဘူးဆိုတာ .... သိပြီး ကိုယ့်လုပ်ရမယ့်အလုပ်ကို ရဲရဲဝံ့ဝံ့ လုပ်နိုင်မှာပေါ့ ... တို့မြန်မတွေ ဥာဏ်နည်းပါးလို့ သူများခိုင်းရင် စွယ်ရင် ... အကြပ်ကိုင်ရင် ငုံ့ခံတတ်တတ်စိတ်တွေ ၀င်နေတာ .... ယုတ်ညံ့တဲ့စိတ်ဓါတ်နဲ့လုပ်ဆောင်တာမှန်သမျှ ဘယ်တော့မှ လိုရာပန်းတိုင်မရောက်ဘူး .... ကြံ့ဖွတ်တွေ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး .... ဒါပေမယ့် တို့တွေ စာတတ်ရမယ် ... ... ။

Powered by Blogger.